ႏႈတ္ခမ္းနီဆိုးျခင္းေၾကာင့္ ရလာႏုိင္တဲ့ေကာင္းက်ိဳးေတြ

ဘာ့ေၾကာင့္ေကာင္းတာလဲဆိုတာေတာ့ ေအာက္မွာဖတ္ၾကည့္ေပးပါဦးေနာ္။

(၁) ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိေစပါတယ္။
ဘယ္ေလာက္ပဲ မ်က္ႏွာေျပာင္ႀကီးနဲ႕ဆံပင္ကုိ ဖြာလန္ႀကဲပါေစဦး၊ ႏႈတ္ခမ္းနီေလးနဲ႕ ဆိုေတာ့ သိပ္ရုပ္မပ်က္ေတာ့ဘူးေပါ့။ အလွမျပင္ခ်င္ဘူးလား၊ ရတယ္ ႏႈတ္ခမ္းနီေလး ေကာက္ဆိုးလုိက္ရံုပဲ။

(၂) ဘယ္ခြက္က ကုိယ့္ခြက္လဲဆိုတာ အလြယ္တကူရွာႏုိင္ပါတယ္။
ေကာ္ဖီေသာက္ရင္း စကားေျပာၾကတယ္ဆုိပါစို႕။ ေျပာတာၾကာတဲ့အခါ ကိုယ့္ခြက္က ဘယ္ခြက္လဲ မသိေတာ့တာမ်ိဳးေတြျဖစ္တတ္ပါတယ္။ အဲ့ဒီ့အခါ ကိုယ့္ႏႈတ္ခမ္းနီအေရာင္ စြန္းေနတဲ့ ခြက္ကိုရွာလုိက္ရံုပါပဲ။ (ဒါကအခြီ)

(၃) သူငယ္ခ်င္းနဲ႕ စိတ္ေကာက္ရင္လည္းအသံုးဝင္ပါတယ္။
သူငယ္ခ်င္းနဲ႕ရန္ျဖစ္ထားလုိ႕ ျပန္မေခၚခ်င္ပါေစဦး။ ေၾသာ္ အျပင္သြားတိုင္း ငါ့ကုိ သူ႕ႏႈတ္ခမ္းနီ ေပးဆိုးထားတာပဲေလဆိုၿပီး ေတြးလုိက္တာနဲ႕ သူငယ္ခ်င္းကို စိတ္ဆိုးေျပသြားေရာ။

(၄) ကုိယ္ဘယ္လုိမုဒ္ဝင္ေနလဲ ေဖာ္ျပလုိ႕ရပါတယ္။
ဒီေန႕ေတာ့ လန္းေနတယ္၊ ခပ္မိုက္မိုက္ေလးလုပ္ခ်င္တယ္၊ ဒီေန႕ေတာ့ သိပ္မလန္းဘူး ဆုိတာမ်ိဳးကို ႏႈတ္ခမ္းနီအေရာင္ကေန ေျပာလို႕ရပါတယ္။ မိန္းကေလးသူငယ္ခ်င္းေတြကေတာ့ ဒီကမဘာျဖစ္ေနၿပီ ဆိုတာမ်ိဳးကုိ အေရာင္ၾကည့္ရံုနဲ႕ တန္းသိႏုိင္ပါတယ္။

(၅) ႏႈတ္ခမ္းနီကုိေပါ့ေသးေသးေတာ့ မေအာက္ေမ့နဲ႕။
ကိုယ္က နာမည္ႀကီးတံဆိပ္မွႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ သံုးႏုိင္စြဲႏုိင္တယ္ဆိုတာ ၾကြားစရာမလုိပဲ သိသြားေရာ။ ေယာက်္ားေလးေတြကလည္း ႏႈတ္ခမ္းနီဆိုးတဲ့သူနဲ႕ မဆိုးတဲဲ့သူဆို ႏႈတ္ခမ္းနီဆိုးတဲ့သူကို ပိုႀကိဳက္ၾကတယ္တဲ့။ ေဂ်ာ့ဝါရွင္တန္ႀကီးေတာင္ ႏႈတ္ခမ္းနီဆုိးပါတယ္တဲ့။

ကဲ ဒီေလာက္္ဆုိရင္ ပ်ိဳေမတို႕လည္း ႏႈတ္ခမ္းနီရဲ႕ေကာင္းက်ိဳးေတြ သိေလာက္ေရာေပါ့ေနာ္။
TAGS: BEAUTY
====
Unicode
ဘာ့ကြောင့်ကောင်းတာလဲဆိုတာတော့ အောက်မှာဖတ်ကြည့်ပေးပါဦးနော်။

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေပါတယ်။
ဘယ်လောက်ပဲ မျက်နှာပြောင်ကြီးနဲ့ဆံပင်ကို ဖွာလန်ကြဲပါစေဦး၊ နှုတ်ခမ်းနီလေးနဲ့ ဆိုတော့ သိပ်ရုပ်မပျက်တော့ဘူးပေါ့။ အလှမပြင်ချင်ဘူးလား၊ ရတယ် နှုတ်ခမ်းနီလေး ကောက်ဆိုးလိုက်ရုံပဲ။

(၂) ဘယ်ခွက်က ကိုယ့်ခွက်လဲဆိုတာ အလွယ်တကူရှာနိုင်ပါတယ်။
ကော်ဖီသောက်ရင်း စကားပြောကြတယ်ဆိုပါစို့။ ပြောတာကြာတဲ့အခါ ကိုယ့်ခွက်က ဘယ်ခွက်လဲ မသိတော့တာမျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီ့အခါ ကိုယ့်နှုတ်ခမ်းနီအရောင် စွန်းနေတဲ့ ခွက်ကိုရှာလိုက်ရုံပါပဲ။ (ဒါကအခွီ)

(၃) သူငယ်ချင်းနဲ့ စိတ်ကောက်ရင်လည်းအသုံးဝင်ပါတယ်။
သူငယ်ချင်းနဲ့ရန်ဖြစ်ထားလို့ ပြန်မခေါ်ချင်ပါစေဦး။ သြော် အပြင်သွားတိုင်း ငါ့ကို သူ့နှုတ်ခမ်းနီ ပေးဆိုးထားတာပဲလေဆိုပြီး တွေးလိုက်တာနဲ့ သူငယ်ချင်းကို စိတ်ဆိုးပြေသွားရော။

(၄) ကိုယ်ဘယ်လိုမုဒ်ဝင်နေလဲ ဖော်ပြလို့ရပါတယ်။
ဒီနေ့တော့ လန်းနေတယ်၊ ခပ်မိုက်မိုက်လေးလုပ်ချင်တယ်၊ ဒီနေ့တော့ သိပ်မလန်းဘူး ဆိုတာမျိုးကို နှုတ်ခမ်းနီအရောင်ကနေ ပြောလို့ရပါတယ်။ မိန်းကလေးသူငယ်ချင်းတွေကတော့ ဒီကမဘာဖြစ်နေပြီ ဆိုတာမျိုးကို အရောင်ကြည့်ရုံနဲ့ တန်းသိနိုင်ပါတယ်။

(၅) နှုတ်ခမ်းနီကိုပေါ့သေးသေးတော့ မအောက်မေ့နဲ့။
ကိုယ်က နာမည်ကြီးတံဆိပ်မှကြိုက်နှစ်သက်သူဆိုရင်တော့ သုံးနိုင်စွဲနိုင်တယ်ဆိုတာ ကြွားစရာမလိုပဲ သိသွားရော။ ယောကျ်ားလေးတွေကလည်း နှုတ်ခမ်းနီဆိုးတဲ့သူနဲ့ မဆိုးတဲဲ့သူဆို နှုတ်ခမ်းနီဆိုးတဲ့သူကို ပိုကြိုက်ကြတယ်တဲ့။ ဂျော့ဝါရှင်တန်ကြီးတောင် နှုတ်ခမ်းနီဆိုးပါတယ်တဲ့။

ကဲ ဒီလောက််ဆိုရင် ပျိုမေတို့လည်း နှုတ်ခမ်းနီရဲ့ကောင်းကျိုးတွေ သိလောက်ရောပေါ့နော်။
TAGS: BEAUTY

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...