လူ ၄ ေယာက္၊ တခုခုလုပ္ဖုိ႔ က်ေနာ့္ၿခံ၀င္းထဲ လာတာလားမသိဘူး – ဦးေအာင္စုိး (႐ုပ္သံ)

လူ ၄ ေယာက္၊ တခုခုလုပ္ဖုိ႔ က်ေနာ့္ၿခံ၀င္းထဲ လာတာလားမသိဘူး – ဦးေအာင္စုိး (႐ုပ္သံ)

 ဇန္န၀ါရီ ၂၉ ရက္ေန႔က ရန္ကုန္ေလဆိပ္မွာ ဦးကိုနီကို လုပ္ႀကံခဲ့တဲ့ ၾကည္လင္းကို ေနာက္ကြယ္ကေန ႀကိဳးကိုင္ခဲ့တယ္လုိ႔ သံသယရွိသူ ဗက (ေခၚ) ဦးေအာင္ဝင္းေဇာ္အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ဦးေအာင္စိုးက သူ႔ရဲ႕လံုၿခံဳေရးအတြက္ အခက္အခဲႀကံဳေနရတယ္လို႔ ေျပာဆိုလိုက္ပါတယ္။
ဦးေအာင္စိုးဟာ ၾကည္လင္းနဲ႔ ျမင့္ေဆြတို႔ကို မႏၲေလး အိုးဘိုေထာင္မွာ သိကၽြမ္းခဲ့တဲ့အတြက္ အခုလို အမႈကြင္းဆက္ကို ထုတ္ေဖာ္ေျပာဆိုႏုိင္ခဲ့တာပါ။
ဦးေအာင္စိုးဟာ လက္ရွိအခ်ိန္မွာ ဆံပင္ညႇပ္ဆရာအျဖစ္ အလုပ္လုပ္ကုိင္ေနၿပီး ေထာင္တြင္းအေတြ႔အႀကံဳေတြကိုလည္း စာအုပ္ေရးသားထုတ္ေဝခဲ့ပါတယ္။
ဦးကိုနီကို လုပ္ႀကံမႈျပႆနာမွာ ပါဝင္ပတ္သက္လုိက္တဲ့အတြက္ လက္ရွိအခ်ိန္မွာ လံုၿခံဳေရးအခက္အခဲ ျဖစ္ေပၚခဲ့တာပါ။
ဦးကိုနီကို လုပ္ႀကံမႈမွာ သံသယရွိသူကို ခန္႔မွန္းႏုိင္ခဲ့တာဟာ ႏုိင္ငံျခား သံတမန္တဦးကို သတ္ျဖတ္ေပးဖုိ႔ု႔ ဦးေအာင္၀င္းေဇာ္ ေခၚ ဦးျမင္႔ေဆြက ၂၀၁၆ ခုႏွစ္မွာ သူ႔ကို လာေရာက္ကမ္းလွမ္းခဲ့ဖူးတာေၾကာင့္ ျဖစ္တယ္လို႔ ဦးေအာင္စိုးက ေျပာပါတယ္။
ဦးေအာင္စိုးရဲ႕ ခန္႔မွန္းမႈေတြနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီ ၂ ရက္ေန႔က ရဲမႉးခ်ဳပ္ဝင္းႏုိင္နဲ႔လည္း ေတြ႔ဆံုခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ ဦးကိုနီ လုပ္ႀကံခံရမႈအတြက္ ရဲတပ္ဖြဲ႔က ၾကည္လင္း အပါအဝင္ ၄ ဦးကို ဖမ္းဆီးထားတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ရဲတပ္ဖြဲ႔ကေတာ့ တရားဝင္ထုတ္ျပန္ျခင္း မရွိေသးပါဘူး။
ဦးေအာင္စုိးေျပာၾကားခ်က္ အျပည့္စုံ

By ေဇယ်ာခ်မ္းေအး 3 February 2017 
==================

Unicode>>>
လူ ၄ ယောက်၊ တခုခုလုပ်ဖို့ ကျနော့်ခြံဝင်းထဲ လာတာလားမသိဘူး – ဦးအောင်စိုး (ရုပ်သံ)

 ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံခဲ့တဲ့ ကြည်လင်းကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တယ်လို့ သံသယရှိသူ ဗက (ခေါ်) ဦးအောင်ဝင်းဇော်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဦးအောင်စိုးက သူ့ရဲ့လုံခြုံရေးအတွက် အခက်အခဲကြုံနေရတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဦးအောင်စိုးဟာ ကြည်လင်းနဲ့ မြင့်ဆွေတို့ကို မန္တလေး အိုးဘိုထောင်မှာ သိကျွမ်းခဲ့တဲ့အတွက် အခုလို အမှုကွင်းဆက်ကို ထုတ်ဖော်ပြောဆိုနိုင်ခဲ့တာပါ။
ဦးအောင်စိုးဟာ လက်ရှိအချိန်မှာ ဆံပင်ညှပ်ဆရာအဖြစ် အလုပ်လုပ်ကိုင်နေပြီး ထောင်တွင်းအတွေ့အကြုံတွေကိုလည်း စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။
ဦးကိုနီကို လုပ်ကြံမှုပြဿနာမှာ ပါဝင်ပတ်သက်လိုက်တဲ့အတွက် လက်ရှိအချိန်မှာ လုံခြုံရေးအခက်အခဲ ဖြစ်ပေါ်ခဲ့တာပါ။
ဦးကိုနီကို လုပ်ကြံမှုမှာ သံသယရှိသူကို ခန့်မှန်းနိုင်ခဲ့တာဟာ နိုင်ငံခြား သံတမန်တဦးကို သတ်ဖြတ်ပေးဖို့ု့ ဦးအောင်ဝင်းဇော် ခေါ် ဦးမြင့်ဆွေက ၂၀၁၆ ခုနှစ်မှာ သူ့ကို လာရောက်ကမ်းလှမ်းခဲ့ဖူးတာကြောင့် ဖြစ်တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။
ဦးအောင်စိုးရဲ့ ခန့်မှန်းမှုတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ရဲမှူးချုပ်ဝင်းနိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဦးကိုနီ လုပ်ကြံခံရမှုအတွက် ရဲတပ်ဖွဲ့က ကြည်လင်း အပါအဝင် ၄ ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ရဲတပ်ဖွဲ့ကတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဦးအောင်စိုးပြောကြားချက် အပြည့်စုံ

By ဇေယျာချမ်းအေး 3 February 2017 
http://burmese.dvb.no/archives/187439

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...