တစ္လ က်ပ္တစ္သိန္းႏွစ္ေသာင္းအထက္ ဝင္ေငြရွိ ဝန္ထမ္းမ်ားကို ဝင္ေငြခြန္ ေကာက္ေတာ့မည္

တစ္လ က်ပ္တစ္သိန္းႏွစ္ေသာင္းအထက္ ဝင္ေငြရွိ ဝန္ထမ္းမ်ားကို ဝင္ေငြခြန္ ေကာက္မည္
ရန္ကုန္၊ ဇန္နဝါရီ ၃၁
တစ္လလွ်င္ က်ပ္ ၁၂၀၀၀၀ ႏွင့္အထက္ ရရွိေသာ အစိုးရႏွင့္ ပုဂၢလိက ဝန္ထမ္းမ်ား အားလုံး ၁၉၇၄ ခုႏွစ္ ဝင္ေငြခြန္ ဥပေဒအရ ဝင္ေငြခြန္ ေပးေဆာင္ရမည္ ျဖစ္ၿပီး ျပန္လည္၍ အခြန္ၾကပ္မတ္ ေကာက္ခံေတာ့မည္ ျဖစ္ေၾကာင္း ျပည္တြင္း အခြန္မ်ားဦးစီးဌာနထံမွ စုံစမ္းသိရွိရသည္။
အိမ္ေထာင္သည္မ်ားက တစ္လလွ်င္ က်ပ္ ၁၈၀၀ ခန္႔ ေပးေဆာင္ ရမည္ ျဖစ္ၿပီး အိမ္ေထာင္မရွိသူ (လူလြတ္) မ်ားမွာ က်ပ္ ၂၀၀၀ ေက်ာ္ ေပးေဆာင္ရမည္ ျဖစ္ေၾကာင္း ဘ႑ာေရး ဝန္ႀကီးဌာန၏ အခြန္ႏႈန္းထား သတ္မွတ္ခ်က္မ်ားအရ သိရသည္။
“ဒီသတ္မွတ္ခ်က္မွာက အိမ္ေထာင္သည္က အေျခခံ သက္သာခြင့္ ၂၀ ရာခိုင္ႏႈန္းအျပင္ သားသမီးနဲ႔ ဇနီးအတြက္ သက္သာခြင့္ ထပ္ေပးထားပါတယ္။
လူလြတ္ေတြကေတာ့ ၂၀ ရာခိုင္ႏႈန္းပဲ သက္သာခြင့္ ရွိတာေပါ့” ဟု ျပည္တြင္း အခြန္မ်ား ဦးစီးဌာနမွ အႀကီးတန္း အရာရွိတစ္ဦးက The Voice သို႔ ေျပာၾကားသည္။
၁၉၇၄ ခုႏွစ္ ဝင္ေငြခြန္ ဥပေဒအရ တစ္ႏွစ္လွ်င္ က်ပ္ ၁၅ သိန္းနီးပါး ရရွိသူ မည္သူမဆို အခြန္ေပးေဆာင္ရမည္ ျဖစ္ၿပီး လအလိုက္ ျပန္လည္ တြက္ခ်က္မည္ ဆိုပါက တစ္လက်ပ္ ၁၂၀၀၀၀ ရရွိသူမ်ား အားလုံး အခြန္ေပးေဆာင္ရမည္ ျဖစ္သည္။
“လူတိုင္း အကုန္ေပးေဆာင္ရမွာပါ။ ႏႈန္းနည္းတာနဲ႔ မ်ားတာပဲ ကြာမွာပါ။ မေဆာင္ေသးတဲ့ လူေတြလည္း ေပးေဆာင္ရမွာပါ။ အဲလို ေပးေဆာင္ဖို႔အတြက္ အရင္က ၾကပ္ၾကပ္မတ္မတ္ မလုပ္ေဆာင္ႏိုင္ေပမယ့္ အခုေတာ့ အခြန္စိစစ္ၾကပ္မတ္ေရး ဘုတ္အဖြဲ႕နဲ႔ ေပါင္းၿပီး လုပ္ေဆာင္ေနပါတယ္” ဟု ယင္းဌာန အႀကီးတန္း အရာရွိက ေျပာဆိုသည္။
အဆိုပါ ဥပေဒကို တပ္မေတာ္အစိုးရ လက္ထက္အတြင္းက အမိန္႔ေၾကညာစာတစ္ရပ္ ထုတ္ျပန္၍ ႐ုပ္သိမ္းထား ခဲ့ျခင္း ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ား ဦးစီးဌာနထံမွ သိရသည္။
Credit : The Voice
တစ်လ ကျပ်တစ်သိန်းနှစ်သောင်းအထက် ဝင်ငွေရှိ ဝန်ထမ်းများကို ဝင်ငွေခွန် ကောက်မည်
ရန်ကုန်၊ ဇန်နဝါရီ ၃၁
တစ်လလျှင် ကျပ် ၁၂၀၀၀၀ နှင့်အထက် ရရှိသော အစိုးရနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အားလုံး ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ ဝင်ငွေခွန် ပေးဆောင်ရမည် ဖြစ်ပြီး ပြန်လည်၍ အခွန်ကြပ်မတ် ကောက်ခံတော့မည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
အိမ်ထောင်သည်များက တစ်လလျှင် ကျပ် ၁၈၀၀ ခန့် ပေးဆောင် ရမည် ဖြစ်ပြီး အိမ်ထောင်မရှိသူ (လူလွတ်) များမှာ ကျပ် ၂၀၀၀ ကျော် ပေးဆောင်ရမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အခွန်နှုန်းထား သတ်မှတ်ချက်များအရ သိရသည်။
“ဒီသတ်မှတ်ချက်မှာက အိမ်ထောင်သည်က အခြေခံ သက်သာခွင့် ၂၀ ရာခိုင်နှုန်းအပြင် သားသမီးနဲ့ ဇနီးအတွက် သက်သာခွင့် ထပ်ပေးထားပါတယ်။
လူလွတ်တွေကတော့ ၂၀ ရာခိုင်နှုန်းပဲ သက်သာခွင့် ရှိတာပေါ့” ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေအရ တစ်နှစ်လျှင် ကျပ် ၁၅ သိန်းနီးပါး ရရှိသူ မည်သူမဆို အခွန်ပေးဆောင်ရမည် ဖြစ်ပြီး လအလိုက် ပြန်လည် တွက်ချက်မည် ဆိုပါက တစ်လကျပ် ၁၂၀၀၀၀ ရရှိသူများ အားလုံး အခွန်ပေးဆောင်ရမည် ဖြစ်သည်။
“လူတိုင်း အကုန်ပေးဆောင်ရမှာပါ။ နှုန်းနည်းတာနဲ့ များတာပဲ ကွာမှာပါ။ မဆောင်သေးတဲ့ လူတွေလည်း ပေးဆောင်ရမှာပါ။ အဲလို ပေးဆောင်ဖို့အတွက် အရင်က ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်ပေမယ့် အခုတော့ အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့နဲ့ ပေါင်းပြီး လုပ်ဆောင်နေပါတယ်” ဟု ယင်းဌာန အကြီးတန်း အရာရှိက ပြောဆိုသည်။
အဆိုပါ ဥပဒေကို တပ်မတော်အစိုးရ လက်ထက်အတွင်းက အမိန့်ကြေညာစာတစ်ရပ် ထုတ်ပြန်၍ ရုပ်သိမ်းထား ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
Credit : The Voice

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...