မုံရြာတြင္ ေငြက်ပ္ ၁၅သိန္းေက်ာ္ လမ္းေပၚမွာ စြန္႔ပစ္ခဲ့

မုံရြာျမိဳ႔ ေအာင္ခ်မ္းသာရပ္ ေရႊေတာင္တန္းဟိုတယ္ အေရွ႔ဖက္ကန္သာယာပတ္ ကားလမ္းေပၚရွိကုကၠိဳပင္ေျခရင္းတြင္ က်ပ္တစ္ေသာင္းတန္ႏွင္ က်ပ္ငါးေထာင္တန္မ်ားကို အမ်ိဳးသမီးႏွစ္ဦးက Super Cub အစိမ္းေရာင္ျဖင့္ လာေရာက္ စြန္႔ပစ္ခဲ႔မႈ ေဖေဖာ္ဝါရီ၂၂ရက္မြန္းလဲြ ၁နာရီခဲြခန္႔ကျဖစ္ပြားခ့ဲေၾကာင္း မံုရြာျမိဳ႔မရဲစခန္းတာဝန္ရွိသူထံမွသိရသည္။

 စြန္႔ပစ္ထားေသာ ေငြစကၠဴမ်ားကို ေကာက္ယူခ့ဲသူမ်ားအနက္ ေအာင္ခ်မ္းသာရပ္ႏွင့္ အင္းရြာသစ္ရပ္ေန အမ်ိဳးသမီး သုံးဦးက ေဖေဖာ္ဝါရီ ၂၂ရက္ည ၇ နာရီခဲြခန္႔တြင္ မုံရြာျမိဳ႔မရဲစခန္း ဒုတိယစခန္းမႈးဒုရဲမႈးတင္ယုထံ လာေရာက္အပ္ႏွံခ့ဲရာ သက္ေသမ်ားေရွ႔တြင္ သိမ္းဆည္းခါ ရဲစခန္းတြင္ေခတၲသိမ္းဆည္းထားေၾကာင္း သိရသည္။

 ေကာက္ယူရရွိသူသုံးဦးထံမွ က်ပ္တစ္ေသာင္းတန္ေငြစကၠဴ၁၂၉ရြက္ႏွင့္ က်ပ္၅ေထာင္တန္၄၃ရြက္စုစုပါင္း က်ပ္၁၅သိန္း၅ေထာင္အား သိမ္းဆည္းရွိခ့ဲျခင္းျဖစ္ျပီး အဆိုပါေငြစကၠဴ မ်ားသည္အစစ္မ်ားဟုတ္မဟုတ္ ကိုတာဝန္ရွိသူမ်ားက စစ္ေဆးရာ ျမန္မာက်ပ္ေငြစကၠဴအစစ္မ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႔႔ရွိရျပီး အျခားသူမ်ားေကာက္ယူရရွိမႈရွိမရွိႏွင့္ ထိုသို႔လာေရာက္စုပုံရသည့္အေၾကာင္းရင္းကို ဆက္လက္စုံစမ္းေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

 ေအာင္ခ်မ္းသာရပ္ကန္သာယာ ပတ္လမ္းေပၚေငြစကၠဴမ်ား လြင့္ပ်ံေန၍ လမ္းသြားလမ္းလာမ်ားလုယက္ေကာက္ယူေနေၾကာင္း ေအာင္ခ်မ္းသာရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးက သတင္းေပးခ်က္အရမုံရြာျမိဳ႔မရဲစခန္းမႈစဒုရဲမႈးတင္ယု တာဝန္မႈးလိႈင္ဘြားကိုကိုႏွင့္ အုပ္ခ်ဳပ္ေရးမႈးဦးျမင့္စိုးတို႔ သြားေရာက္စုံစမ္းရာ ပိုက္ဆံပုံခ်ထားခ့ဲေသာေနရာအနီးရွိ ကြမ္းယာဆိုင္မွ ကြမ္းယာေရာင္းသူသည္ မြန္းလဲြ၁နာရီခဲြခန္႔က လူျမင္လ်င္မမွတ္မိ သည့္ အမ်ိဳးသမီး၂ဦး Super Cub90ျဖင့္ ေရာက္လာျပီး အမိႈက္စြန္႔ပစ္သြားခ့ဲေၾကာင္းသိရသည္။

စြန္႔ပစ္ျပီး၁၀မိနစ္ခန္႔အကြာ ေလတိုက္၍ စြန္႔ပစ္သည့္ေနရာမွ က်ပ္တစ္ေသာင္းတန္ႏွင့္ ၅ေထာင္တန္မ်ား လမ္းေပၚလြင့္သည္ကို ခရီးသြားလမ္းသြားလမ္းလာမ်ားႏွင့္အတူ ေတြ႔ရွိေကာက္ယူရရွိခ့ဲျခင္းျဖစ္ျပီး ေကာက္ယူရရွိသူမ်ားအနက္ အမ်ိဳးသမီးႏွစ္ဦးကို မွတ္မိေၾကာင္း ကြမ္းယာေရာင္းသူထံမွသိခ့ဲရေၾကာင္း မုံရြာျမိဳ႔မရဲစခန္းတာဝန္ရွိသူထံမွသိရသည္။

 လာေရာက္အပ္ႏွံေသာ ေငြစကၠဴမ်ားတြင္ လက္ေရးျဖင့္ ေရးထားေသာ 111116 3 rd muster Dr Armyစာတမ္းပါက်ပ္တစ္ေသာင္းတန္မ်ား 2210106 4thwon Armyစာတမ္းပါက်ပ္တစ္ေသာင္းတန္မ်ား16115 Minhyuleus Armyစာတမ္းပါတစ္ေသာင္းတန္မ်ား BSTစာတမ္းပါ၅ေထာင္တန္မ်ား161116Minhyuk 2vut Armyစာတမ္းပါက်ပ္တစ္ေသာင္းတန္မ်ား131113 3rdmuster DrArmyစာတမ္းပါက်ပ္တစ္ေသာင္းတန္စသည္မ်ား ပါဝင္ေၾကာင္း သိရသည္။

ရတနာပုံ သတင္းစာ
မုံရွာမြို့ အောင်ချမ်းသာရပ် ရွှေတောင်တန်းဟိုတယ် အရှေ့ဖက်ကန်သာယာပတ် ကားလမ်းပေါ်ရှိကုက္ကိုပင်ခြေရင်းတွင် ကျပ်တစ်သောင်းတန်နှင် ကျပ်ငါးထောင်တန်များကို အမျိုးသမီးနှစ်ဦးက Super Cub အစိမ်းရောင်ဖြင့် လာရောက် စွန့်ပစ်ခဲ့မှု ဖေဖော်ဝါရီ၂၂ရက်မွန်းလွဲ ၁နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းတာဝန်ရှိသူထံမှသိရသည်။

 စွန့်ပစ်ထားသော ငွေစက္ကူများကို ကောက်ယူခဲ့သူများအနက် အောင်ချမ်းသာရပ်နှင့် အင်းရွာသစ်ရပ်နေ အမျိုးသမီး သုံးဦးက ဖေဖော်ဝါရီ ၂၂ရက်ည ၇ နာရီခွဲခန့်တွင် မုံရွာမြို့မရဲစခန်း ဒုတိယစခန်းမှုးဒုရဲမှုးတင်ယုထံ လာရောက်အပ်နှံခဲ့ရာ သက်သေများရှေ့တွင် သိမ်းဆည်းခါ ရဲစခန်းတွင်ခေတ္တသိမ်းဆည်းထားကြောင်း သိရသည်။

 ကောက်ယူရရှိသူသုံးဦးထံမှ ကျပ်တစ်သောင်းတန်ငွေစက္ကူ၁၂၉ရွက်နှင့် ကျပ်၅ထောင်တန်၄၃ရွက်စုစုပါင်း ကျပ်၁၅သိန်း၅ထောင်အား သိမ်းဆည်းရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါငွေစက္ကူ များသည်အစစ်များဟုတ်မဟုတ် ကိုတာဝန်ရှိသူများက စစ်ဆေးရာ မြန်မာကျပ်ငွေစက္ကူအစစ်များဖြစ်ကြောင်း စစ်ဆေးတွေ့့ရှိရပြီး အခြားသူများကောက်ယူရရှိမှုရှိမရှိနှင့် ထိုသို့လာရောက်စုပုံရသည့်အကြောင်းရင်းကို ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 အောင်ချမ်းသာရပ်ကန်သာယာ ပတ်လမ်းပေါ်ငွေစက္ကူများ လွင့်ပျံနေ၍ လမ်းသွားလမ်းလာများလုယက်ကောက်ယူနေကြောင်း အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှုးက သတင်းပေးချက်အရမုံရွာမြို့မရဲစခန်းမှုစဒုရဲမှုးတင်ယု တာဝန်မှုးလှိုင်ဘွားကိုကိုနှင့် အုပ်ချုပ်ရေးမှုးဦးမြင့်စိုးတို့ သွားရောက်စုံစမ်းရာ ပိုက်ဆံပုံချထားခဲ့သောနေရာအနီးရှိ ကွမ်းယာဆိုင်မှ ကွမ်းယာရောင်းသူသည် မွန်းလွဲ၁နာရီခွဲခန့်က လူမြင်လျင်မမှတ်မိ သည့် အမျိုးသမီး၂ဦး Super Cub90ဖြင့် ရောက်လာပြီး အမှိုက်စွန့်ပစ်သွားခဲ့ကြောင်းသိရသည်။

စွန့်ပစ်ပြီး၁ဝမိနစ်ခန့်အကွာ လေတိုက်၍ စွန့်ပစ်သည့်နေရာမှ ကျပ်တစ်သောင်းတန်နှင့် ၅ထောင်တန်များ လမ်းပေါ်လွင့်သည်ကို ခရီးသွားလမ်းသွားလမ်းလာများနှင့်အတူ တွေ့ရှိကောက်ယူရရှိခဲ့ခြင်းဖြစ်ပြီး ကောက်ယူရရှိသူများအနက် အမျိုးသမီးနှစ်ဦးကို မှတ်မိကြောင်း ကွမ်းယာရောင်းသူထံမှသိခဲ့ရကြောင်း မုံရွာမြို့မရဲစခန်းတာဝန်ရှိသူထံမှသိရသည်။

 လာရောက်အပ်နှံသော ငွေစက္ကူများတွင် လက်ရေးဖြင့် ရေးထားသော 111116 3 rd muster Dr Armyစာတမ်းပါကျပ်တစ်သောင်းတန်များ 2210106 4thwon Armyစာတမ်းပါကျပ်တစ်သောင်းတန်များ16115 Minhyuleus Armyစာတမ်းပါတစ်သောင်းတန်များ BSTစာတမ်းပါ၅ထောင်တန်များ161116Minhyuk 2vut Armyစာတမ်းပါကျပ်တစ်သောင်းတန်များ131113 3rdmuster DrArmyစာတမ်းပါကျပ်တစ်သောင်းတန်စသည်များ ပါဝင်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...