“ကမၻာ ႏွစ္ျခမ္း ကြဲသြားခဲ့ရင္ေတာင္ မင္းရွိတဲ့ ဘက္ျခမ္းမွာသာ ငါ … ရွင္သန္ပါရေစ”


“ကမၻာ ႏွစ္ျခမ္း ကြဲသြားခဲ့ရင္ေတာင္  မင္းရွိတဲ့ ဘက္ျခမ္းမွာသာ  ငါ … ရွင္သန္ပါရေစ”   ဆုိတဲ့ ဆရာေမာင္လွမ်ိဳး (ခ်င္းေခ်ာင္းျခံ) ရဲ႕ ကဗ်ာစာသားေလးဟာ ဒီေန႔ ျမန္မာ့ Social Media ေလာကမွာ Hit အျဖစ္ဆံုး စကားစုျဖစ္ေနပါတယ္။ တကယ္လို႔ ကမၻာၾကီး ႏွစ္ျခမ္းကြဲသြားရင္ ဘယ္ဘက္မွာ ေနၾကမလဲဆိုတဲ့ ေမးခြန္းမ်ိဳးေတြ ေမးၾက၊ GIF File ေလးေတြဖန္တီးျပီး ေနာက္ၾကေျပာင္ၾက၊ Post ေတြ တင္ၾကျပီး စၾကေနာက္ၾကနဲ႔ ကမၻာ ႏွစ္ျခမ္းေတြ ကြဲေနလုိက္ၾကတာမ်ား ေပ်ာ္စရာၾကီးဗ်ိဳ႕။ ဒီေတာ႔  Akhayar ပရိတ္သတ္ၾကီးေရ “တကယ္လုိ႔မ်ား ကမၻာၾကီး ႏွစ္ျခမ္းကြဲသြားခဲ့ရင္ ဘာေတြျဖစ္လာမလဲ” လို႔ေလ႔လာၾကည့္ရေအာင္လား။

ကမၻာၾကီးက ႏွစ္ျခမ္းကြဲႏုိင္လား

သိပၸံပညာရွင္ေတြကေတာ႔ ေျပာပါတယ္။ ကမၻာၾကီးက ႏွစ္ျခမ္းမကြဲႏိုင္ပါဘူးတဲ႔။ ဘာလို႔လဲဆိုေတာ႔ ဖြဲ႔စည္းပံုအရ ကမၻာၾကီးကို ပင္လယ္သမုဒၵရာေရထုက လႊမ္းျခံဳထားပါတယ္။ အဲဒီေအာက္မွာ ေျမသားထုအလႊာပါးရွိျပီးေတာ႔ အဲဒီေအာက္မွာပဲ Asthenosphere ဆုိတဲ့ အစိုင္အခဲအလႊာတစ္ထပ္ရွိပါတယ္။ ဒီအလႊာရဲ႕ေအာက္ကပ္လ်က္မွာေတာ့ Stiff Mantle ဆုိတဲ႔ အစိုင္အခဲအလႊာထုတစ္ခု ရွိေနျပန္ပါတယ္။ ဒီအစိုင္အခဲအေပၚလႊာ ၃ ခုကိုေပါင္းျပီး The Mantle အလႊာလို႔ ေခၚဆိုၾကပါတယ္။ The Mantle အလႊာရဲ႕ ေအာက္မွာေတာ႔ အရည္ေတြ (ေခ်ာ္ရည္ေတြ) နဲ႔ ဖဲြဲ႔စည္းထားတဲ့ Outer Core အလႊာၾကီးရွိျပီး အဲဒီရဲ႕ေအာက္အဝန္းအဝိုင္းပံုစံ ကမၻာၾကီးရဲ႕ဗဟိုစက္လံုးျဖစ္တဲ႔ အတြင္းအက်ဆံုး အစိုင္အခဲထုၾကီးကိုေတာ႔ Inner Core လို႔ ေခၚဆိုပါတယ္။ ကမၻာေျမၾကီးရဲ႕ အရည္အတစ္ထပ္ အစိုင္အခဲတစ္ထပ္ ဖြဲ႔စည္းပံုအရ ကမၻာၾကီးဟာ ႏွစ္ျခမ္း ဟက္တက္ကြဲဖို႔ေတာ႔ ျဖစ္ႏုိင္ေျခမရွိလွဘူးလို႔ သိပၸံပညာရွင္ေတြက သံုးသပ္ၾကပါတယ္။

တကယ္လို႔မ်ား ကမၻာၾကီးႏွစ္ျခမ္း ကြဲအက္ခဲ့သည္ရွိေသာ္

ဟုတ္ကဲ႔ တကယ္လို႔မ်ားေပါ႔ေလ … ကမၻာၾကီးက ႏွစ္ျခမ္းမကြဲႏိုင္ေပမယ့္ အက္ကြဲသြားခဲ့သည္ရွိေသာ္ ဘာေတြျဖစ္လာႏိုင္မလဲဆိုတာကို သိပၸံပညာရွင္ေတြက အခုလို သံုးသပ္ထားၾကပါတယ္။

(၁) တကယ္လို႔ ကမၻာေျမၾကီးဟာ ရုတ္တရက္ ႏွစ္ျခမ္းအက္ကြဲသြားခဲ့မယ္ဆိုရင္လည္း တစ္ဖက္ခ်င္းစီရဲ႕ ဆြဲငင္အားေၾကာင့္ အလ်င္အျမန္ ျပန္ပူးကပ္သြားလိမ့္မယ္။ ကၽြန္ေတာ္တို႔ေျပာေနသလိုေတာ႔ ဟိုဘက္ျခမ္းမွာေနမယ္ ဒီဘက္ျခမ္းမွာေနမယ္ ေရြးေနဖို႔ အခ်ိန္ရွိမွာမဟုတ္ပါဘူး။ ကမၻာေျမေပၚမွာ ေနထုိင္ၾကတဲ႔ သက္ရွိေတြအားလံုး အလ်င္အျမန္ မ်ိဳးတုန္းေပ်ာက္ကြယ္ ပ်က္စီးၾကရပါလိ့္မ္မယ္။

(၂) ျပင္းထန္တဲ့ ေျမငလ်င္လႈပ္မႈေတြ၊ ဆူနာမီေတြ၊ ေျမျပိဳမႈေတြ၊ မီးေတာင္ေပါက္ကြဲမႈေတြ ျဖစ္ေပၚလာပါလိမ့္မယ္။ ျပီးရင္ေတာ့ ကမၻာေျမျပင္ေအာက္က ေခ်ာ္ရည္ပူေတြ ေက်ာက္ေရပူေတြက ေျမမ်က္ႏွာျပင္ထက္ကို တက္လာျပီး အရာအားလံုးကို အရည္ေဖ်ာ္ပစ္ပါလိ့မ္မယ္။

(၃) ဒီျဖစ္ရပ္တစ္ခုလံုးက ကမၻာျဂိဳဟ္ၾကီးရဲ႕ ရုပ္ပိုင္းဆုိင္ရာ ဖြဲ႕စည္းပံုေတြအေပၚ ၾကီးၾကီးမားမားသက္ေရာက္မႈရွိတာေၾကာင့္ ကမၻာၾကီးရဲ႕ ပတ္ဝန္းက်င္အသြင္အျပင္နဲ႔ လုပ္ေဆာင္ခ်က္ေတြဟာ အၾကီးအက်ယ္ေျပာင္းလဲသြားပါလိမ့္မယ္။ ဥပမာ ရာသီဥတုေတြ မတည္မျငိမ္ျဖစ္ျပီး သက္ရွိေတြမေနႏုိင္ေလာက္တဲ့ အပူခ်ိန္မ်ိဳးနဲ႔ ႏွစ္ေထာင္ေပါင္းမ်ားစြာ တည္ရွိသြားတာမ်ိဳးေပါ့။

(၄) အခ်င္းခ်င္းအျပန္အလွန္ ဆြဲငင္ေနမႈေၾကာင့္ ေနကို ဘဲဥပံု ျဂိဳဟ္ပတ္လမ္းေၾကာင္းအတုိင္း လွည့္ပတ္ေနတဲ့ အရွိန္အေပၚမွာ သက္ေရာက္မႈရွိႏုိင္ပါတယ္။ အထူးသျဖင့္ေတာ့ အရွိန္ႏႈန္း ေႏွးေကြးသြားတာမ်ိဳး ျဖစ္သြားႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ ေန႔တာညတာ ရွည္လ်ားသြားမွာျဖစ္သလို ေနနဲ႔ထိေတြ႕ရတဲ့ မနက္ဘက္ေတြမွာ ၄၂၇ Degrees Celsius အထိ ဆိုးရြားျပင္းထန္စြာပူျပီး ေနနဲ႔ မထိေတြ႔ရတဲ႔ ညဘက္ေတြမွ ေရခဲမွတ္ေအာက္ အႏႈတ္ ၃၀၀ Degrees Celsius အထိ ေအးတတ္တဲ့ Mercury ျဂိဳဟ္လိုျဖစ္သြားပါလိမ့္မယ္။

(၅) အဆိုးရြားဆံုး အက်ိဳးဆက္ေတြထဲကတစ္ခုအျဖစ္ ကမၻာ့ေလထုလႊာၾကီးကိုလည္း ဆံုးရွံဳးရပါလိ့္မ္မယ္။ Universe ေတြ အမ်ားၾကီးရွိေပမယ့္ သက္ရွိေတြ ရွင္သန္ေနထိုင္ဖို႔ သင့္ေလ်ာ္တဲ့ ေလထုလႊာမ်ိဳးရွိတဲ့ ျဂိဳဟ္က အလြန္ရွားပါးလွပါတယ္။ ကမၻာျဂိဳဟ္အေနနဲ႔ ဒီေလထုလႊာကို ဆံုးရွံဳးလိုက္ရမယ္ဆိုရင္ သက္ရွိေတြ ရွင္သန္ေနထုိင္လို႔ လံုးဝမရေတာ့တဲ့ ျဂိဳဟ္ၾကီးတစ္ခုျဖစ္သြားပါလိ္မ့္မယ္။ ကၽြန္ေတာ္တို႔ရဲ႕ ေကာင္းကင္ျပာၾကီးဟာလည္း အမည္းေရာင္အျဖစ္ကို ေျပာင္းလဲသြားပါလိ္မ့္မယ္။

ကဲ အခရာပရိ္သတ္ၾကီးေရ …. ကမၻာၾကီး ႏွစ္ျခမ္းကြဲရင္ ဘယ္ဘက္မွာေနၾကမတုန္း။ အေပၚက ျဖစ္ရပ္ေတြျဖစ္လာႏိုင္တယ္ဆိုေတာ့ ကၽြန္ေတာ႔္အေနနဲ႔ ႏွစ္ျခမ္းမကြဲဖို႔ပဲ ေမွ်ာ္လင့္မိတယ္ဗ်ာ … ။

www.akhayar.com
======
Unicode
“ကမ္ဘာ နှစ်ခြမ်း ကွဲသွားခဲ့ရင်တောင်  မင်းရှိတဲ့ ဘက်ခြမ်းမှာသာ  ငါ … ရှင်သန်ပါရစေ”   ဆိုတဲ့ ဆရာမောင်လှမျိုး (ချင်းချောင်းခြံ) ရဲ့ ကဗျာစာသားလေးဟာ ဒီနေ့ မြန်မာ့ Social Media လောကမှာ Hit အဖြစ်ဆုံး စကားစုဖြစ်နေပါတယ်။ တကယ်လို့ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားရင် ဘယ်ဘက်မှာ နေကြမလဲဆိုတဲ့ မေးခွန်းမျိုးတွေ မေးကြ၊ GIF File လေးတွေဖန်တီးပြီး နောက်ကြပြောင်ကြ၊ Post တွေ တင်ကြပြီး စကြနောက်ကြနဲ့ ကမ္ဘာ နှစ်ခြမ်းတွေ ကွဲနေလိုက်ကြတာများ ပျော်စရာကြီးဗျို့။ ဒီတော့  Akhayar ပရိတ်သတ်ကြီးရေ “တကယ်လို့များ ကမ္ဘာကြီး နှစ်ခြမ်းကွဲသွားခဲ့ရင် ဘာတွေဖြစ်လာမလဲ” လို့လေ့လာကြည့်ရအောင်လား။

ကမ္ဘာကြီးက နှစ်ခြမ်းကွဲနိုင်လား

သိပ္ပံပညာရှင်တွေကတော့ ပြောပါတယ်။ ကမ္ဘာကြီးက နှစ်ခြမ်းမကွဲနိုင်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံအရ ကမ္ဘာကြီးကို ပင်လယ်သမုဒ္ဒရာရေထုက လွှမ်းခြုံထားပါတယ်။ အဲဒီအောက်မှာ မြေသားထုအလွှာပါးရှိပြီးတော့ အဲဒီအောက်မှာပဲ Asthenosphere ဆိုတဲ့ အစိုင်အခဲအလွှာတစ်ထပ်ရှိပါတယ်။ ဒီအလွှာရဲ့အောက်ကပ်လျက်မှာတော့ Stiff Mantle ဆိုတဲ့ အစိုင်အခဲအလွှာထုတစ်ခု ရှိနေပြန်ပါတယ်။ ဒီအစိုင်အခဲအပေါ်လွှာ ၃ ခုကိုပေါင်းပြီး The Mantle အလွှာလို့ ခေါ်ဆိုကြပါတယ်။ The Mantle အလွှာရဲ့ အောက်မှာတော့ အရည်တွေ (ချော်ရည်တွေ) နဲ့ ဖွဲဲ့စည်းထားတဲ့ Outer Core အလွှာကြီးရှိပြီး အဲဒီရဲ့အောက်အဝန်းအဝိုင်းပုံစံ ကမ္ဘာကြီးရဲ့ဗဟိုစက်လုံးဖြစ်တဲ့ အတွင်းအကျဆုံး အစိုင်အခဲထုကြီးကိုတော့ Inner Core လို့ ခေါ်ဆိုပါတယ်။ ကမ္ဘာမြေကြီးရဲ့ အရည်အတစ်ထပ် အစိုင်အခဲတစ်ထပ် ဖွဲ့စည်းပုံအရ ကမ္ဘာကြီးဟာ နှစ်ခြမ်း ဟက်တက်ကွဲဖို့တော့ ဖြစ်နိုင်ခြေမရှိလှဘူးလို့ သိပ္ပံပညာရှင်တွေက သုံးသပ်ကြပါတယ်။

တကယ်လို့များ ကမ္ဘာကြီးနှစ်ခြမ်း ကွဲအက်ခဲ့သည်ရှိသော်

ဟုတ်ကဲ့ တကယ်လို့များပေါ့လေ … ကမ္ဘာကြီးက နှစ်ခြမ်းမကွဲနိုင်ပေမယ့် အက်ကွဲသွားခဲ့သည်ရှိသော် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို သိပ္ပံပညာရှင်တွေက အခုလို သုံးသပ်ထားကြပါတယ်။

(၁) တကယ်လို့ ကမ္ဘာမြေကြီးဟာ ရုတ်တရက် နှစ်ခြမ်းအက်ကွဲသွားခဲ့မယ်ဆိုရင်လည်း တစ်ဖက်ချင်းစီရဲ့ ဆွဲငင်အားကြောင့် အလျင်အမြန် ပြန်ပူးကပ်သွားလိမ့်မယ်။ ကျွန်တော်တို့ပြောနေသလိုတော့ ဟိုဘက်ခြမ်းမှာနေမယ် ဒီဘက်ခြမ်းမှာနေမယ် ရွေးနေဖို့ အချိန်ရှိမှာမဟုတ်ပါဘူး။ ကမ္ဘာမြေပေါ်မှာ နေထိုင်ကြတဲ့ သက်ရှိတွေအားလုံး အလျင်အမြန် မျိုးတုန်းပျောက်ကွယ် ပျက်စီးကြရပါလိ့်မ်မယ်။

(၂) ပြင်းထန်တဲ့ မြေငလျင်လှုပ်မှုတွေ၊ ဆူနာမီတွေ၊ မြေပြိုမှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ ကမ္ဘာမြေပြင်အောက်က ချော်ရည်ပူတွေ ကျောက်ရေပူတွေက မြေမျက်နှာပြင်ထက်ကို တက်လာပြီး အရာအားလုံးကို အရည်ဖျော်ပစ်ပါလိ့မ်မယ်။

(၃) ဒီဖြစ်ရပ်တစ်ခုလုံးက ကမ္ဘာဂြိုဟ်ကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံတွေအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိတာကြောင့် ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်အသွင်အပြင်နဲ့ လုပ်ဆောင်ချက်တွေဟာ အကြီးအကျယ်ပြောင်းလဲသွားပါလိမ့်မယ်။ ဥပမာ ရာသီဥတုတွေ မတည်မငြိမ်ဖြစ်ပြီး သက်ရှိတွေမနေနိုင်လောက်တဲ့ အပူချိန်မျိုးနဲ့ နှစ်ထောင်ပေါင်းများစွာ တည်ရှိသွားတာမျိုးပေါ့။

(၄) အချင်းချင်းအပြန်အလှန် ဆွဲငင်နေမှုကြောင့် နေကို ဘဲဥပုံ ဂြိုဟ်ပတ်လမ်းကြောင်းအတိုင်း လှည့်ပတ်နေတဲ့ အရှိန်အပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့်တော့ အရှိန်နှုန်း နှေးကွေးသွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့ နေ့တာညတာ ရှည်လျားသွားမှာဖြစ်သလို နေနဲ့ထိတွေ့ရတဲ့ မနက်ဘက်တွေမှာ ၄၂၇ Degrees Celsius အထိ ဆိုးရွားပြင်းထန်စွာပူပြီး နေနဲ့ မထိတွေ့ရတဲ့ ညဘက်တွေမှ ရေခဲမှတ်အောက် အနှုတ် ၃၀၀ Degrees Celsius အထိ အေးတတ်တဲ့ Mercury ဂြိုဟ်လိုဖြစ်သွားပါလိမ့်မယ်။

(၅) အဆိုးရွားဆုံး အကျိုးဆက်တွေထဲကတစ်ခုအဖြစ် ကမ္ဘာ့လေထုလွှာကြီးကိုလည်း ဆုံးရှုံးရပါလိ့်မ်မယ်။ Universe တွေ အများကြီးရှိပေမယ့် သက်ရှိတွေ ရှင်သန်နေထိုင်ဖို့ သင့်လျော်တဲ့ လေထုလွှာမျိုးရှိတဲ့ ဂြိုဟ်က အလွန်ရှားပါးလှပါတယ်။ ကမ္ဘာဂြိုဟ်အနေနဲ့ ဒီလေထုလွှာကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် သက်ရှိတွေ ရှင်သန်နေထိုင်လို့ လုံးဝမရတော့တဲ့ ဂြိုဟ်ကြီးတစ်ခုဖြစ်သွားပါလိ်မ့်မယ်။ ကျွန်တော်တို့ရဲ့ ကောင်းကင်ပြာကြီးဟာလည်း အမည်းရောင်အဖြစ်ကို ပြောင်းလဲသွားပါလိ်မ့်မယ်။

ကဲ အခရာပရိ်သတ်ကြီးရေ …. ကမ္ဘာကြီး နှစ်ခြမ်းကွဲရင် ဘယ်ဘက်မှာနေကြမတုန်း။ အပေါ်က ဖြစ်ရပ်တွေဖြစ်လာနိုင်တယ်ဆိုတော့ ကျွန်တော့်အနေနဲ့ နှစ်ခြမ်းမကွဲဖို့ပဲ မျှော်လင့်မိတယ်ဗျာ … ။

www.akhayar.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...