အတြင္းက်က်အရာေလးေတြ မိန္းမသားခ်င္း မ်ွေဝမယ္

ကဲ မိန္းကေလးေတြသီးသန္႔ သိသင္႔တာေလးေတြကို မ်ွေဝေပးခ်င္ပါတယ္။ အခုေခတ္မွာ မိန္းမသားတို႔သိသင္႔တာေလးေတြကို မ်ွေဝေပးတဲ႔ Page ေတြ Apps ေတြက အမ်ားၾကီး။ အမ်ိဳးသမီးေတြလည္း ဗဟုသုတၾကြယ္ဝလာၾကေတာ႔ သိသင္႔တာေလးေတြ ေတာ္ေတာ္မ်ားမ်ားသိျပီးၾကမယ္ထင္ပါတယ္။ အခုကေတာ႔ သိျပီးသူေတြလည္းမွတ္မိေအာင္ မသိေသးတဲ႔ ညီမေလးေတြလည္း သိေစဖို႔ရည္ရြယ္ပါတယ္ေနာ္။

၁) မိန္းကေလးေတြ အေနနဲ႔ ညဘက္အိပ္ခ်ိ္န္မွာ အတြင္းခံခ်ြတ္အိပ္သင္႔ပါတယ္။ ဘာလို႔လဲဆိုေတာ႔ အတြင္းခံအျမဲဝတ္ထားရင္ မႈိေရာဂါနဲ႔ မိန္းမကိုယ္ယားယံတာေတြ ျဖစ္ႏိုင္လို႔ပါပဲ။

၂) အိမ္သာတက္လို႔ တစ္ရွဴးသံုးတဲ႔အခါ အေရွ႕ကေနအေနာက္ကိုပဲ ပြတ္သုတ္ရပါမယ္။ အေနာက္ကေနအေရွ႕ကို ပြတ္တိုက္သန္႔စင္တာက စအိုကအညစ္အေၾကးေတြကို မိန္းမကိုယ္ထဲေရာက္ႏိုင္ေစလို႔ပါ။

၃) အန႔ံေမႊးလြန္းတဲ႔ လစဥ္သံုးဂြမ္းထုပ္ေတြဆို မသံုးသင္႔ပါဘူး။ အန႔ံေမႊးေစတဲ႔ဓာတုပစၥည္းေတြက မိန္းမကိုယ္မွာရွိတဲ႔ PH Level ကိုပ်က္ေစလို႔ပါပဲ။

၄) မိန္းမကိုယ္ေနရာကို သန္႔စင္တဲ႔အခါ ရိုးရိုးဆပ္ျပာေတြထက္ အထူးသီးသန္႔ထုတ္ထားတဲ႔ လက္တစစ္ ေဆးရည္လိုမ်ိဳးနဲ႔ သန္႔စင္ေပးသင္႔ပါတယ္။ ေန႔စဥ္သံုးစြဲတာမ်ိဳးထက္ လိုအပ္ခ်ိန္မွသံုးေပးပါ။

၅) အားကစားလုပ္တာပဲျဖစ္ျဖစ္ လႈပ္ရွားမႈမ်ားသြားလို႔ပဲျဖစ္ျဖစ္ ေခ်ြးေတြစိုေနတဲ႔အခါ အတြင္းခံေတြေရာ အဝတ္အစားေတြပါ ခ်က္ခ်င္းလဲပစ္ရပါမယ္။

၆) မိန္းမကိုယ္က်န္းမာေရးအတြက္ ဒိန္ခ်ဥ္၊ ပဲပိစပ္တို႔ မ်ားမ်ားစားေပးသင္႔ပါတယ္။

၇) အတြင္းခံေဘာင္းဘီေရြးခ်ယ္တဲ႔အခါမွာလည္း ေခ်ြးစုပ္တဲ႔ ေျခာက္ေသြ႔ေအးျမေစတဲ႔ ခ်ည္သားအတြင္းခံေလးေတြ ေရြးဝယ္ေပးပါေနာ္။

ဂ်ဴဂ်ဴး (အခရာ)
====
 Unicode
ကဲ မိန်းကလေးတွေသီးသန့် သိသင့်တာလေးတွေကို မျှဝေပေးချင်ပါတယ်။ အခုခေတ်မှာ မိန်းမသားတို့သိသင့်တာလေးတွေကို မျှဝေပေးတဲ့ Page တွေ Apps တွေက အများကြီး။ အမျိုးသမီးတွေလည်း ဗဟုသုတကြွယ်ဝလာကြတော့ သိသင့်တာလေးတွေ တော်တော်များများသိပြီးကြမယ်ထင်ပါတယ်။ အခုကတော့ သိပြီးသူတွေလည်းမှတ်မိအောင် မသိသေးတဲ့ ညီမလေးတွေလည်း သိစေဖို့ရည်ရွယ်ပါတယ်နော်။

၁) မိန်းကလေးတွေ အနေနဲ့ ညဘက်အိပ်ချိ်န်မှာ အတွင်းခံချွတ်အိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အတွင်းခံအမြဲဝတ်ထားရင် မှိုရောဂါနဲ့ မိန်းမကိုယ်ယားယံတာတွေ ဖြစ်နိုင်လို့ပါပဲ။

၂) အိမ်သာတက်လို့ တစ်ရှူးသုံးတဲ့အခါ အရှေ့ကနေအနောက်ကိုပဲ ပွတ်သုတ်ရပါမယ်။ အနောက်ကနေအရှေ့ကို ပွတ်တိုက်သန့်စင်တာက စအိုကအညစ်အကြေးတွေကို မိန်းမကိုယ်ထဲရောက်နိုင်စေလို့ပါ။

၃) အန့ံမွှေးလွန်းတဲ့ လစဉ်သုံးဂွမ်းထုပ်တွေဆို မသုံးသင့်ပါဘူး။ အန့ံမွှေးစေတဲ့ဓာတုပစ္စည်းတွေက မိန်းမကိုယ်မှာရှိတဲ့ PH Level ကိုပျက်စေလို့ပါပဲ။

၄) မိန်းမကိုယ်နေရာကို သန့်စင်တဲ့အခါ ရိုးရိုးဆပ်ပြာတွေထက် အထူးသီးသန့်ထုတ်ထားတဲ့ လက်တစစ် ဆေးရည်လိုမျိုးနဲ့ သန့်စင်ပေးသင့်ပါတယ်။ နေ့စဉ်သုံးစွဲတာမျိုးထက် လိုအပ်ချိန်မှသုံးပေးပါ။

၅) အားကစားလုပ်တာပဲဖြစ်ဖြစ် လှုပ်ရှားမှုများသွားလို့ပဲဖြစ်ဖြစ် ချွေးတွေစိုနေတဲ့အခါ အတွင်းခံတွေရော အဝတ်အစားတွေပါ ချက်ချင်းလဲပစ်ရပါမယ်။

၆) မိန်းမကိုယ်ကျန်းမာရေးအတွက် ဒိန်ချဉ်၊ ပဲပိစပ်တို့ များများစားပေးသင့်ပါတယ်။

၇) အတွင်းခံဘောင်းဘီရွေးချယ်တဲ့အခါမှာလည်း ချွေးစုပ်တဲ့ ခြောက်သွေ့အေးမြစေတဲ့ ချည်သားအတွင်းခံလေးတွေ ရွေးဝယ်ပေးပါနော်။

ဂျူဂျူး (အခရာ)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...