လြင့္ေၾကြခဲ႔ေသာ အိမ္မက္မ်ား

လြင့္ေၾကြခဲ႔ေသာ အိမ္မက္မ်ား

လြန္ခဲ့ေသာ ဆယ္စုနွစ္ အခိ်န္ကာလ တစ္ခုက ျဖစ္သည္။ နွစ္ထပ္တိုက္ အိမ္ၾကီးတစ္ခု၏ မီးေရာင္မိွန္မိွန္ ထြန္းထားသည့္ အခန္းတစ္ခုထဲ အမိ်ဳးသားနွစ္ဦးနွင့္ အမိ်ဳးသမီးတစ္ဦး ရိွေနသည္။
ေႏြဦး၏ ညဦးကာလ.... ေသြးသားေရာင္းသူနွင့္ ေသြးသား၀ယ္သူ အမိ်ဳးသားတစ္ဦး၏ အလိုဆႏၵမ်ား ျပည့္၀ေစရန္ အမိ်ဳးသမီးငယ္ေလးက ျဖည့္ဆည္းေပးေနခိ်န္ အျခား အမိ်ဳးသားတစ္ဦးက ရမၼတ္ခိုး၊အရက္ ခိုးမ်ားေ၀ေနသည့္ မ်က္၀န္းမ်ားျဖင့္ တစ္စိမ့္စိမ့္ ထိုင္ၾကည့္ေနသည္။ ပတ္၀န္းက်င္က တိတ္ဆိတ္ေနသည္။ ထိုအမိ်ဳးသမီးငယ္က ရွက္ရံြ႕ဟန္ျဖင့္ မ်က္နွာကို ေခါင္းအံုးျဖင့္ ဖံုးထားသည္။
ထို႔ေနာက္ ''ကြ်န္မျဖင့္ ရွက္လိုက္တာ။ ဒါကလည္း ဒီအလုပ္မွာ ပထမဆံုး အေတြ႔အၾကံဳ ။ သူတို႔က နွစ္ေယာက္၊ ကိုယ္က တစ္ေယာက္တည္း။ အသတ္ခံရမွာလည္း ေၾကာက္တယ္။ စကားလည္း မေျပာရဲဘူး။ ကြ်န္မဒူးေတြဆို တုန္ေနတာပဲ'' ဟု အဆိုပါ ေခါင္းအံုး မ်က္နွာဖံုးထားသည့္ အမိ်ဳးသမီးက ေျပာသည္။
သူမနာမည္က မရင္ဦး။ လီစူးတိုင္းရင္းသူ တစ္ဦး။ ေယာက်ာ္းသားမ်ား၏ တက္ၾကြသည့္လိင္စိတ္ အသံုးခ်ခံရာ လိင္အလုပ္သမ တစ္ဦး။ သူမဘ၀၊ သူမအလုပ္၏ ျမစ္ဖ်ားခံရာ လြန္ခဲ့သည့္ အခိ်န္ကာလမ်ားကို ျပန္ေျပာျပေနျခင္း ျဖစ္သည္။
မရင္ဦးက ရွမ္းျပည္နယ္-မိုးမိတ္ ျမိဳ႕နယ္အတြင္းရိွ ေက်းရြာ တစ္ရြာမွ ျဖစ္သည္။ ေတာင္သူ မိဘနွစ္ပါးမွ ေမြးဖြားခဲ့ျပီး တစ္ဦးတည္းေသာ သမီးျဖစ္သည္။
မရင္ဦး အသက္ ခုနစ္နွစ္ အရြယ္တြင္ ဖခင္ျဖစ္သူ ဆံုးပါးခဲ့သည္။ မိခင္ၾကီး ျဖစ္သူ၏ ရွာေဖြ ေကြ်းေမြးမႈေအာက္တြင္ မရင္ဦး ဒသမတန္းသို႔ ေရာက္ရိွခဲ့သည္။ သူမထက္ အသက္ရွစ္နွစ္ခန္႔ ၾကီးသူ ေယာက်ာ္းသား တစ္ဦးနွင့္ ေမတၱာမွ်ခဲ့သည္။ ဒါသည္ မရင္ဦး၏ ဘ၀အစ ျဖစ္သည္။
''အဲဒီအခိ်န္ ကြ်န္မက အသက္ (၁၆) နွစ္ပဲ ရိွေသးတယ္။ အဲဒီမွာ ကြ်န္မတို႔ အတူေနလိုက္ၾက တယ္ေပါ့'' ဟု ေျပာသည္။
ေနာက္တြင္ ျဖစ္သင့္ ျဖစ္ထိုက္သည့္ အရာက ေပၚလာခဲ့သည္။ မရင္ဦး ကိုယ္၀န္ရခဲ့သည္။ အထက္တန္း ေက်ာင္းသူေလး မရင္ဦး။ ဗိုက္တကားကားျဖင့္ မရင္ဦး။ မိခင္အိုၾကီး၏ သမီးကေလး မရင္ဦးကို သူ႔ခ်စ္သူက စြန္႔ပစ္ခဲ့သည္။ ရရိွလာသည့္ ကိုယ္၀န္က သူနွင့္ရသည့္ ကိုယ္၀န္ မဟုတ္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ တစ္နယ္ တစ္ေက်းသို႔ ထြက္သြားခဲ့သည္။
''ဗိုက္ၾကီးနဲ႔ ဆိုေတာ့ အလုပ္မလုပ္နိုင္ဘူး။ အေမ့လုပ္စာနဲ႔ကလည္း စားေသာက္ရံုပဲ ရိွတယ္။ ကေလးဗိုက္ၾကီးနဲ႔ ပိုက္ဆံေတြ ယူရင္ အေၾကြးေတြက တင္လာတယ္။ အဲဒီနွစ္မွာပဲ ကံမေကာင္းခ်င္ေတာ့ စိုက္ထားတဲ့ ၾကံေဈးေတြကလည္း ထိုးက်တယ္။ ကေလးကလည္း ေမြးျပန္တယ္'' ဟု သူမကဆိုသည္။
ျပန္မသြားခ်င္ေတာ့သည့္ အတိတ္ကို ေခတၱျပန္ေရာက္သြားသလို ျဖစ္သည့္ မ်က္နွာက မႈန္မႈန္ မိႈင္းမိႈင္း။ မရင္ဦး ဆံုးျဖတ္ခ်က္ တစ္ခုခ်သည္။ မႏၱေလးသြားမည္။ အလုပ္တစ္ခုခု လုပ္မည္။ အိမ္၏ ယိုင္နဲ႔ေနသည့္ စီးပြားေရးကို က်ားကန္မည္။ သူမ၏ သားကေလး တစ္နွစ္ခဲြခန္႔တြင္ မရင္ဦး မႏၱေလးသို႔ ထြက္ခဲ့သည္။
မရင္ဦး ေဈးခိ်ဳနားက စတိုးဆိုင္ တစ္ခုတြင္ အလုပ္ရသည္။ ရသည့္ လစာက နွစ္ေသာင္း။ အိမ္အလုပ္လုပ္၊ ကေလးထိန္း၊ မနက္အေစာၾကီး ေဈးသြား၊ ထမင္းဟင္းခ်က္။ ဒါမရင္ဦး၏ ေန႔စဥ္ အလုပ္ျဖစ္သည္။ ထိုအခိ်န္က မရင္ဦး အသက္ (၁၈) နွစ္ခန္႔ ျဖစ္သည္္။
''အဲဒီမွာ ကြ်န္မ နွစ္လေလာက္ ၾကာတယ္။ အိမ္ရွင္ေတြက နိွွပ္စက္တယ္။ ကေလးက တစ္ဖက္၊ အလုပ္က တစ္ဖက္နဲ႔ ။ ပစၥည္းေတြကဲြရင္ ေလ်ာ္ရတယ္။ လကုန္လို႔ လစာထုတ္ရင္ တစ္ေသာင္းခဲြေလာက္ပဲရ တယ္'' ဟု ဆိုသည္။
မရင္ဦးမွာ အိမ္ရဲ႕စီးပြားေရးကို က်ားကန္မည့္ အိပ္မက္မ်ားက တျဖည္းျဖည္း ပဲ့ေၾကြေနသည္။ ရိုးအျခင္း၊ ဗဟုသုတ မရိွျခင္းတို႔ျဖင့္ မရင္ဦး၏ ေမွ်ာ္လင့္ခ်က္မ်ား အေရာင္မိွန္ခဲ့ရသည္။
တစ္ေန႔ . . . . မရင္ဦးတို႔ ဆိုင္ေဈး၀ယ္လာသည့္ အမိ်ဳးသမီးၾကီး တစ္ဦးက သည္အလုပ္ထက္ ေကာင္းသည့္ အလုပ္ရိွေၾကာင္း ဆိုလာသည္။ အေမ့မ်က္နွာ ျမင္ေယာင္ရင္း၊ အိမ္၏ အေၾကြးမ်ား အေၾကာင္း စဥ္းစားရင္း မရင္ဦး လြယ္လြယ္ကူကူပဲ ေခါင္းညိတ္လိုက္သည္။ ဒါသည္ မရင္ဦး၏ ေမွာင္မိုက္သည့္ ဘ၀အစဟု မရင္ဦး မသိခဲ့။
''သူကေတာ့ ေဈးေရာင္းလို႔ပဲ ေျပာတယ္။ ကြ်န္မကို ျမစ္ဆိပ္က အိမ္ၾကီး တစ္အိမ္ကို ေခၚသြားတယ္။ ထရံကာ နွစ္ထပ္အိမ္ၾကီး အေပၚမွာလည္း ေကာင္မေလးေတြ ရိွေနတယ္။ သူတို႔လည္း ကြ်န္မလိုပဲ ေဈးေရာင္းတဲ့ သူေတြပဲလို႔ ကြ်န္မထင္ခဲ့တယ္။ မိန္ခေလး အေဖာ္ရိွတယ္ဆိုျပီး ကြ်န္မေနခဲ့လိုက္တယ္'' ဟု မရင္ဦးက ေျပာသည္။
ထိုအိမ္ၾကီးသို႔ မရင္ဦးေရာက္သည့္ အခိ်န္က ေန႔လယ္ခင္း အခိ်န္ ျဖစ္သည္။ ေန၏ အလင္းေရာင္ ေလ်ာ့က်လာသည္။ အေမွာင္ရိပ္တို႔ ခ်ဥ္နင္း၀င္ေရာက္လာသည္ နွင့္အတူ ထိုအိမ္ၾကီးဆီသို႔ အမိ်ဳးသားမ်ား တစ္ဦးျပီး တစ္ဦး ေရာက္ရိွလာသည္။ တစ္ဦးျပီး တစ္ဦး အခန္းထဲ ၀င္သြားၾကသည္။ လိင္အေရာင္းအ၀ယ္ ျပဳလုပ္သည့္ေနရာ။
''ကြ်န္မသိသိခ်င္း ေခါင္းေတြ ထူပူသြားတာပဲ။ ကြ်န္မဘယ္သူ႔ကိုမွလည္း မၾကည့္ရဲဘူး။ ဒူးေတြကို တုန္ေနတာပဲ။ ဘယ္မွလည္း မသြားတတ္။ ထြက္ေျပးလို႔လည္း မရဘူး။ အျပင္မွာ ေယာက်ာ္းေတြ အမ်ားၾကီး ေစာင့္ေနၾကတယ္။ ကြ်န္မ သိပ္ေနာက္က်သြားျပီဟု ေျပာသည္။
ထိုအိမ္ၾကီးတြင္ တစ္ပတ္ေလာက္ထိ မရင္ဦး လိင္အေရာင္းအ၀ယ္ မျပဳလုပ္ခဲ့ရ။ ေနာက္ထိုအိမ္မွ အမိ်ဳးသမီးတစ္ဦးက ဆိုလာသည္။
''ညီမေလး၊ ညီမေလးကို လာပို႔တဲ့ အစ္မၾကီးက ပိုက္ဆံေတြ ယူသြားတယ္။ အေၾကြးဆပ္ရမယ္။ ညီမေလး ဘယ္လို လုပ္ေပးမွာလဲလို႔ ေျပာတယ္။ ကြ်န္မမွာ နားကပ္ပါတယ္။ နားကပ္ေပးရင္ေတာ့ သြားလို႔ရတယ္ ေျပာတယ္။ နားကပ္ကလည္း မေပးခ်င္ဘူး။ ကိုယ္မွ မရိွပါဘူးဆိုမွ။ ဒါနဲ႔ ကြ်န္မလည္း ဘာလုပ္ေပးရမလဲ ေျပာေတာ့ အဲဒီအစ္မၾကီးက အစ္ကိုၾကီးနဲ႔ လိုက္သြား။ သူတို႔ေျပာတဲ့ အတိုင္းေနရံုပဲ'' ဟု မရင္ဦးက ျပန္ေျပာျပသည္။
ထိုေန႔ညက အေၾကာင္းအရာမ်ား မရင္ဦး မ်က္၀န္းထဲ ျပန္ေပၚလာသည္။ ေသြးသားေရာင္းသူနွင့္ ၀ယ္သူ အမိ်ဳးသားတစ္ဦး၏ အလိုဆႏၵမ်ား ျပည့္၀ေစရန္ မရင္ဦးျဖည့္ဆည္း ေပးေနခိ်န္ အျခား အမိ်ဳးသား တစ္ဦးက အရက္ေသာက္ရင္း ထိုင္ၾကည့္ေနသည့္ ျမင္ကြင္းက မရင္ဦး၏ အေတြးထဲ အစီအရီေပၚလာသည္။
ထိုအခိ်န္ မရင္ဦးေခါင္းထဲ၀င္လာသည္က အေမ။ ျပီးေနာက္ ခ်စ္တဲ့သားငယ္။''အေမသာ သိရင္ေတာ့ အသတ္ခံရမွာပဲေပါ့။ ရြာထဲက လူေတြမ်ားသိရင္ ဘယ္ေလာက္မ်ား ရွက္လိုက္မလဲ။ သူတို႔နဲ႔ ေနလိုက္တဲ့ အတြက္ သားေလး အတြက္ ပိုက္ဆံရတယ္။ ၀ယ္ေပးခ်င္တာေတြ ၀ယ္ေပးနိုင္ျပီ။ ဒီလိုေတြးမိတယ္။ ေနာက္ဒီလို လုပ္တာ ခရစ္ယာန္ ဘုရားကလည္း မၾကိဳက္ဘူးေလ။ ဘုရားက အေပၚကေန ၾကည့္ေနမွာေပါ့။ အျပစ္ေပးခံရေတာ့မွာပဲလို႔ ဦးေနွာက္ထဲ ေရာက္လာတယ္'' ဟု ေျပာသည္။
တုန္ယင္ေနေသာ အသံက ရိႈက္သံမ်ား အဖ်ားဆြတ္လ်က္ ရိွသည္။ အသံမထြက္ေသာ ငိုျခင္း၊ အသံ မထြက္ေသာ ရိႈက္ျခင္းကို မရင္ဦး ျပဳသည္။ ပါးျပင္ေပၚ မ်က္ရည္မ်ား တလိမ့္လိမ့္ က်ဆင္းလာတာကို ေတြ႔ရသည္။ ပါးျပင္ေပၚ က်လာသည့္ မ်က္ရည္စမ်ားကို တစ္ရူးစျဖင့္ သုတ္လိုက္စဥ္ ခဏလက္ဖ်ားမ်ား တဆတ္ဆတ္ တုန္ေနသည္။
ထိုညအတြက္ ဧည့္သည္က မရင္ဦးကို မုန္႔ဖိုး (၅၀၀၀) ေပးသည္။ ဧည့္သည္ျဖင့္ အျပင္ လိုက္သြားပါက တစ္ေသာင္းေပးမည္ဟု မရင္ဦးေနသည့္ အိမ္မွ အမိ်ဳးသမီးၾကီးနွင့္ သေဘာတူထားသည္။
သို႔ေသာ္ မရင္ဦးအိမ္ကို ျပန္ေရာက္ေတာ့ ပိုက္ဆံတစ္ေသာင္း မရသည့္ အျပင္ ဧည့္သည္ ေပးလိုက္သည့္ မုန္႔ဖိုး (၅၀၀၀) ကိုပါ ထိုအမိ်ဳးသမီးၾကီးက သိမ္းယူခဲ့သည္ ဆိုသည္။ အေၾကာင္းျပခ်က္က အေၾကြးဆပ္ရန္ ဟူသတည္း။ မရင္ဦး၏ အိမ္၀င္အေၾကြးမ်ားကို ဆပ္ရန္၊ သားအတြက္ လိုခ်င္တာေတြ ၀ယ္ေပးရန္ ဟူေသာ အိပ္မက္မ်ားက ဆက္လက္ ျပိဳကဲြဆဲျဖစ္သည္။ ခႏၶာကိုယ္ကို အရင္းအနီွးျပဳ၍ ရွာေဖြစားေသာက္ ရေသာဘ၀တြင္ ျပန္မေတြ႔ခ်င္ေသာ၊ ျပန္မျဖစ္ခ်င္ေသာ ဖုန္ထူထူ ေႏြညမ်ားလည္း ရိွခဲ့သည္။ တစ္ည။
''အဲဒီတစ္ညမွာေပါ့။ ကြ်န္မကို လူတစ္ေယာက္က ၾကာနီကန္ သုသာန္နားက တဲအိမ္တစ္ခုထဲ ေခၚသြားတယ္။ လာေခၚတုန္းကေတာ့ တစ္ေယာက္တည္းပဲ။ အဲဒီ တဲအိမ္ကို ေရာက္ေတာ့မွ ေနာက္ထပ္ လူငါးေယာက္ေလာက္ ဆိုင္ကယ္ေတြနဲ႔ အလိွ်ဳအလိွ်ဳ ေရာက္လာၾကတယ္။တစ္ေယာက္ျပီး တစ္ေယာက္ေနၾကတယ္။ ကြ်န္မမွာ မေအာ္ရဲဘူး။ ပံုမွန္မဟုတ္ဘဲ လိင္ဆက္ဆံဖို႔လည္း ၾကိဳးစားၾကတယ္။ ကြ်န္မက ငိုျပီး ေတာင္းပန္ေတာ့ ကြ်န္မကို ရိုက္ျပီး ဒီအတိုင္းထားသြားၾကတယ္။ ပိုက္ဆံလည္း တစ္ျပားမွ မေပးဘူး'' ဟု မရင္ဦး နာၾကည္းစြာ ေျပာသည္။
ညဥ့္နက္နက္မွာ ဖုန္ထူထူ လမ္းမေတြကို ျဖတ္သန္းရင္း မႏၱေလးရိွရာ အရပ္ဆီ မရင္ဦးမွန္း၍ ျပန္ခဲ့သည္။ မရင္ဦး၏ ေျခတစ္ဖက္က ေကာင္းစြာမသန္။ ၾကယ္ေရာင္ကို အားျပဳရင္း ဖိနပ္ကို လက္မွာကိုင္ရင္း မရင္ဦး ထိုညကို ျဖတ္သန္းခဲ့ရသည္။ ေခြးေဟာင္သံကမ်ားက မရင္ဦးနွင့္ ေ၀းရာက်န္ခဲ့ျပီ။
ထိုေန႔မွစ၍ မရင္ဦး ျမစ္ဆိပ္က အိမ္ၾကီးဆီကို ျပန္မသြားေတာ့။ သီရိမႏၱလာ ကားၾကီးကြင္းက တည္းခိုခန္း တစ္ခုတြင္ အလုပ္၀င္ခဲ့သည္။ လိင္အေရာင္းအ၀ယ္ အလုပ္။ ထိုေနရာတြင္ မရင္ဦး ပိုက္ဆံရသည္။ အိမ္အတြက္ ပိုက္ဆံပို႔နိုင္ရန္ ေငြေၾကးစုနိုင္ခဲ့သည္။ ခႏၶာကိုယ္ကို အေရာင္းအ၀ယ္ ျပဳရာမွရသည့္ ပိုက္ဆံကို ပထမဦးဆံုး အၾကိမ္ အိမ္ကို ပို႔နိုင္ခဲ့သည္။ မွတ္မွတ္ရရ အိမ္ကိုပို႔သည့္ ပိုက္ဆံက ေငြက်ပ္ တစ္သိန္းနွစ္ေသာင္း။ အိမ္သို႔ ကိုယ္တိုင္ျပန္ပို႔ခဲ့ျခင္း ျဖစ္သည္။
''အိမ္ေရာက္ေတာ့ ကေလးက ကြ်န္မကို မမွတ္မိဘူး။ ပုန္းေနတယ္။ ကြ်န္မေခၚတာ မလာဘူး။ ကြ်န္မ သိပ္၀မ္းနည္းတယ္။ ကိုယ္က ဒီအလုပ္ေတြ လုပ္ျပီးေတာ့မွ ပိုက္ဆံ ပို႔ေပးရတာ။ ကေလးကို ေထာက္ပံ့ရတာ။ သူၾကီးလာလို႔ သူ႔အေမက ဒီအလုပ္လုပ္ျပီး သူ႔ကိုေထာက္ပံ့ရမွန္း သိသြားရင္ ငါ့အေမက ဒါၾကီးပါလားလို႔ သူသိသြားရင္ သူ႔ဘ၀မွာ အမည္းစက္ၾကီး တစ္ခုျဖစ္သြားမွာ သိပ္စိုးရိမ္တယ္။ အေမ့ကိုလည္း ေဈးေရာင္းတယ္လို႔ လိမ္ထားတယ္'' ဟု မရင္ဦးက ဆိုသည္။
ေျပာေနရင္း မရင္ဦး အသံမ်ား တိမ္၀င္သြားသည္။ မ်က္ရည္မ်ားက တစ္ေပါက္ေပါက္ က်ဆင္းလို႔ လာျပန္သည္။ တစ္ကိုယ္လံုး တုန္ေနသည္။ ထြက္လာသည့္ အသံက က်ဥ္းထဲ က်ပ္ထဲက အားယူျပီး ထြက္လာသည့္ အသံမိ်ဳးျဖစ္သည္။
ရိုးသားသည့္ ေတာသူ အေမအိုၾကီးကို လိမ္ေျပာရသည့္ ဘ၀။ ခ်စ္သည့္ သားငယ္၏ ဘ၀ေနာင္ေရး အတြက္ ခႏၶာကိုယ္ကို အရင္းျပဳ စီးပြားရွာရသည့္ဘ၀။ မခ်စ္ခင္၊ မနွစ္သက္သည့္ ေယာက်ာ္းတကာ၏ စိတ္ဆႏၵမ်ား ေျဖေျဖာက္ရန္ အတြက္ မိမိဘ၀ကို အသံုးခ်ခံရသည့္ ဘ၀။ ထိုအေတြးမ်ားက မရင္ဦး၏ မ်က္၀န္းတြင္ ျမင္ေနရသည္။
''ကြ်န္မ ပိုက္ဆံ အရမ္းလိုခ်င္တယ္။ ဒီဆင္းရဲတဲ့ ဒဏ္ကို မခံခ်င္ဘူး။ သူမ်ားကို ေပးစရာရိွတဲ့ အေၾကြးေတြ ေပးခ်င္တယ္။ အေမမ်က္နွာငယ္မွာကို စိုးတယ္'' ဟု မရင္ဦးက ဆို႔နင့္စြာ ေျပာသည္။အေမ၏ သမီးလိမၼာေလး တစ္ေယာက္အျဖစ္၊ သားတစ္ဦး၏ အားကိုးထိုက္ေသာ မိခင္တစ္ဦး အျဖစ္ မရင္ဦး ရပ္တည္ခ်င္သည္။ တာ၀န္ေက်ခ်င္သည္။ တာ၀န္ေက်ခ်င္ခဲ့သည္။ မရင္ဦး၏ ၾကမ္းတမ္းလွသည့္ ဘ၀တြင္ ရယ္စရာ အျဖစ္အပ်က္မ်ားလည္း ရိွခဲ့သည္။ ရဲလာဖမ္းသည့္ ကာလမ်ား ျဖစ္သည္။
''ကြ်န္မအရင္ ျမစ္ဆိပ္က အိမ္မွာေနရင္း ရဲေတြလာဖမ္းတယ္။ အဲဒီအခိ်န္ဆို ျမစ္ထဲခုန္ခ်ျပီး ေရငုပ္ ေနလိုက္တယ္။ ၀ါးလံုးေတြနဲ႔ အသက္ရူရတယ္။ အမိႈက္ျခင္းေတြ ၾကားထဲ ပုန္းေနခဲ့ရတာေတြ ရိွတယ္။ တစ္ခါကဆို ရဲလာလို႔ ေရထဲပုန္းေနတာ။ ညီမေတြ တက္ခဲ့ေတာ့လို႔ အသံၾကားလို႔ ကိုယ့္လူေခၚတယ္ မွတ္ျပီး တက္လိုက္တာ အေပၚေရာက္ေတာ့ ရဲျဖစ္ေနတယ္။ လက္ထိတ္ ခတ္လိုက္တာ ဂြတ္ခနဲ ေနတာပဲ''ဟု ရယ္လ်က္ ေျပာသည္။
ေသာကမ်ား ေခတၱသက္သာ သြားဟန္တူသည္။ မ်က္နွာက ေသြးေရာင္ အနည္းငယ္ ျပန္လႊမ္းလာသည္။ မရင္ဦးတို႔ လိင္အလုပ္သမား ေလာကတြင္ ၎၏အဆိုရ အဓိကအားျဖင့္ လမ္းေပၚတြင္ လုပ္ေသာ လိင္လုပ္ငန္း၊ ကာရာအိုေက ခန္းမမ်ားတြင္ လုပ္ေသာ လိင္လုပ္ငန္း၊ အိမ္တစ္အိမ္တြင္ ေနထိုင္၍ လုပ္ေသာ လိင္လုပ္ငန္း၊ အနိွပ္ခန္းမ်ားတြင္ လုပ္ေသာ လိင္လုပ္ငန္း၊ စင္တင္ဆိုင္မ်ားတြင္ လုပ္ေသာ လိင္လုပ္ငန္းနွင့္ Sponser ထားျခင္းဟူ၍ အဓိကအုပ္စု ေျခာက္မိ်ဳးရိွသည္။
မရင္ဦး အိမ္တစ္အိမ္တြင္ ေနထိုင္၍ လိင္လုပ္ငန္း လုပ္ကိုင္ရာမွ လမ္းေပၚတြင္ လုပ္ကိုင္ေသာ လိင္လုပ္ငန္းသို႔ ေျပာင္းလဲ လုပ္ကိုင္ခဲ့သည္။ မႏၱေလးညမ်ား၏ (၈၄) လမ္းေပၚ၊ ကံ်ဴးပတ္လည္ တို႔သည္ မရင္ဦး၏ ခိုးနားရာေနရာမ်ား ျဖစ္လာသည္။
ေျခခင္း လက္ခင္းသာသည့္ ေႏြညမ်ားသည္ မရင္ဦး၏ အိပ္မက္မ်ား ေတာက္ပ တက္ေသာ္လည္း မိုးရြာသည့္ ညမ်ားတြင္ေတာ့ မရင္ဦး၏ အိပ္မက္မ်ားက မိုးေရနွင့္ အတူ ေမ်ာပါတတ္သည္။
''မိုးရြာတဲ့ ညေတြဆို ၾကြက္စုတ္ေတြ က်ေနတာပဲ။ မိုးရြာထဲမွာ ေစာင့္ေနရတယ္။ သူမ်ားအိမ္ အဖီေလးမွာ ခိုေနရတယ္။ အိမ္ရွင္ေတြက နွင္ထုတ္ၾကတယ္။ အဲဒီလိိုညေတြဆို ကြ်န္မတို႔ ၀င္ေငြနည္းတယ္'' ဟု မရင္ဦးက ဆိုသည္။
ထိုသို႔ေနပူေသာ၊ နွင္းက်ေသာ၊ မိုးရြာေသာ အခိ်န္ကာလမ်ားကို အန္တုေက်ာ္လႊားျပီး သားကေလး၏ ပညာေရး ေထာက္ပံ့ေပးနိုင္ရန္၊ မိခင္အိုၾကီး၏ အေၾကြးမ်ား ေျဖရွင္းေပးနိုင္ရန္ ခႏၶာကိုယ္ကိုယ္ အရင္းအနီွးျပဳ စီးပြားရွာရေသာ ဘ၀တြင္ လူသားမဆန္ေသာ ျပဳမူေျပာဆိုျခင္းမ်ား မရင္ဦးခံခဲ့ရသည္။''ဘ၀မွာ မွတ္မွတ္ရရေပါ့။ ကံ်ဴးေဘးမွာ ထိုင္ေနတုန္း လမ္းေလွ်ာက္လာတဲ့ လင္မယား နွစ္ေယာက္က ကြ်န္မကို ၾကည့္ျပီး 'ထီြ' ဆို တံေတြးေထြးသြားတယ္။ သူတို႔ၾကည့္တဲ့ အၾကည့္ေတြကို ကြ်န္မမၾကိဳက္ဘူး။ ဘယ္သူက ထိုင္ခ်င္မွာလဲ။ သူတို႔လို ခ်မ္းသာလို႔ကေတာ့ ဒီလမ္းေပၚ လာထိုင္ေနမလား''ဟု ဆို႔နင့္စြာ ေျပာသည္။
မရင္ဦး ငိုျပန္သည္။ အသားမ်ား တဆတ္ဆတ္ တုန္ေနရင္း ဆက္ေျပာသည္။
''မခံခ်င္ဘူး။ အရမ္းမုန္းတာပဲ။ လူကိုၾကည့္ျပီးေတာ့ .....မေတြ ဒီမွာ လာလုပ္စားေနၾကတယ္။ ရဲတိုင္ျပီး ဖမ္းခိုင္းလိုက္မယ္လို႔ ေျပာတဲ့သူက ေျပာတယ္။ ေျပာတဲ့သူေတြ ဒီေနရာမွာ သူတို႔ညီမေတြဆို ဘယ္လို ခံစားရမလဲ။ ကြ်န္မတို႔ ေငြေရးေၾကးေရး အဆင္ေျပေနရင္ ဒီေနရာကို လာစရာအေၾကာင္း မရိွဘူး'' ဟု မရင္ဦးက ဆို႔နင့္စြာ ေျပာသည္။
မ်က္ရည္မ်ားက တေပါက္ေပါက္။ ထိုသို႔ မရင္ဦးခမ်ာ လမ္းမမ်ားေပၚတြင္ က်င္လည္ က်က္စားရင္း ၂၀၀၉ ခုနွစ္တြင္ မရင္ဦးတို႔ကဲ့သို႔ လိင္လုပ္သားမ်ားကို ပညာေရး၊ က်န္းမာေရး ကူညီေဆာင္ရြက္ေပးေနသည့္ အဖဲြ႔တစ္ခုထံ မရင္ဦး ေရာက္ရိွခဲ့သည္။ ထို႔ေနာက္ မရင္ဦး ေသြးစစ္ခဲ့သည္။ မရင္ဦး HIV Positive ။
''ကြ်န္မ ေနာင္တေတြရခဲ့တယ္။ ကြန္ဒံုးသာ သံုးခဲ့ရင္ ဒါမိ်ဳးေတြ ျဖစ္မွာမဟုတ္ဘူး။ အသိပညာ မရိွခဲ့လို႔ ဒါမိ်ဳးေတြ ျဖစ္ခဲ့တာ။ ကြ်န္မအခု ကြ်န္မနဲ႔ ဘ၀တူ သူငယ္ခ်င္းေတြကို ကြ်န္မသိသေလာက္ အသိပညာေတြ ေပးတယ္။ HIV နဲ႔ပတ္သက္တဲ့ ေဟာေျပာပဲြေတြမွာ ကြ်န္မရဲ႕ အေတြ႔အၾကံဳေတြကို ေဟာေျပာတယ္။ ကြ်န္မလို မျဖစ္ေစခ်င္ဘူး'' ဟု မရင္ဦးက ဆိုသည္။
မရင္ဦးကေတာ့ လမ္းေပၚတြင္ လုပ္ရေသာ လိင္လုပ္ငန္းကို မလုပ္ေတာ့။ လိင္အလုပ္သမမ်ား အတြက္ ကူညီေဆာင္ရြက္ေပးေနေသာ အဖဲြ႔အစည္း တစ္ခုတြင္ လခစား ၀င္လုပ္ခဲ့သည္။ သို႔ေသာ္ေငြေၾကး အခက္အခဲေၾကာင့္ လိင္လုပ္ငန္းကို လံုး၀ စြန္႔လႊတ္လိုက္သည္ေတာ့ မဟုတ္။ Sponser နွင့္အတူ ေနျခင္းမ်ားေတာ့ ရိွသည္ဟု ဆိုသည္။ သို႔ေသာ္ ကြန္ဒံုးအသံုးျပဳသည္ဟု မရင္ဦးက ဆိုသည္။
မရင္ဦးသည္ သူမ၏ ဆက္ဆံေဖာ္မ်ားကို သူမတြင္ ေရာဂါပိုးရိွေၾကာင္း ဦးစြာ ေျပာျပေလ့ရိွသည္။ ထိုသို႔ေျပာျပ၍ အေဖာ္ကို ကြန္ဒံုးသံုးရန္ ေဖ်ာင္းဖ်ေလ့ ရိွသည္။ မရင္ဦးမွာ HIV ပိုးကူးစက္ခံရ ျပီးေနာက္ မိသားစုနွင့္ အတူတကြ ေနရမည္ဟူေသာ အိပ္မက္မ်ား ေၾကြလြင့္ခဲ့ရသည္။ ခ်စ္သည့္ သားငယ္အေပၚ၊ ရိုးသားသည့္ အေမအိုၾကီး အေပၚ ဒီေရာဂါ မကူးစက္ေစခ်င္။''သားနဲ႔အတူ ေအးခ်မ္းစြာ အတူေနခ်င္တယ္။ အေမ့ကိုလည္း ျပည့္စံုစြာ ထားခ်င္တယ္။ အသက္ၾကီးလာတဲ့အခါ ဇာတိကိုျပန္မယ္။ အေမတို႔နဲ႔ အတူေတာ့ မေနေတာ့ဘူး'' ဟုေျပာသည္။
လက္ရိွတြင္ အေမ့အတြက္ အိမ္ဆိုင္ေလး ဖြင့္ေပးထားသည္ဟု ဆိုသည္။ သူတို႔ေဒသတြင္ မရင္ဦးကို မိဘလုပ္ေကြ်းသျဖင့္ ပတ္၀န္းက်င္က ေလးစားျခင္းမ်ား ခံရသည္ဟု ဆိုေသာ္လည္း ထိုေလးစားမႈကို ရရိွဖို႔အတြက္ မရင္ဦး ေပးရသည့္ အရင္းအနီွးက ၾကီးသည္။ မရင္ဦး ရွာေဖြရသည့္ ေငြမ်ားသည္ ကိုယ္ခႏၶာကို အရင္းအနီွးျပဳ ၊ အေသြးအသားကို ေရာင္း၀ယ္ရာမွ ရလာသည့္ ေငြမ်ားဟု သိရိွသြားပါက ဘာေတြ ျဖစ္လာမည္။ မသိ......။
messenger news journal
==========

Unicode>>>
လွင့်ကြွေခဲ့သော အိမ်မက်များ

လွန်ခဲ့သော ဆယ်စုနှစ် အချိန်ကာလ တစ်ခုက ဖြစ်သည်။ နှစ်ထပ်တိုက် အိမ်ကြီးတစ်ခု၏ မီးရောင်မှိန်မှိန် ထွန်းထားသည့် အခန်းတစ်ခုထဲ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရှိနေသည်။
နွေဦး၏ ညဦးကာလ.... သွေးသားရောင်းသူနှင့် သွေးသားဝယ်သူ အမျိုးသားတစ်ဦး၏ အလိုဆန္ဒများ ပြည့်ဝစေရန် အမျိုးသမီးငယ်လေးက ဖြည့်ဆည်းပေးနေချိန် အခြား အမျိုးသားတစ်ဦးက ရမ္မတ်ခိုး၊အရက် ခိုးများဝေနေသည့် မျက်ဝန်းများဖြင့် တစ်စိမ့်စိမ့် ထိုင်ကြည့်နေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ထိုအမျိုးသမီးငယ်က ရှက်ရွံ့ဟန်ဖြင့် မျက်နှာကို ခေါင်းအုံးဖြင့် ဖုံးထားသည်။
ထို့နောက် ''ကျွန်မဖြင့် ရှက်လိုက်တာ။ ဒါကလည်း ဒီအလုပ်မှာ ပထမဆုံး အတွေ့အကြုံ ။ သူတို့က နှစ်ယောက်၊ ကိုယ်က တစ်ယောက်တည်း။ အသတ်ခံရမှာလည်း ကြောက်တယ်။ စကားလည်း မပြောရဲဘူး။ ကျွန်မဒူးတွေဆို တုန်နေတာပဲ'' ဟု အဆိုပါ ခေါင်းအုံး မျက်နှာဖုံးထားသည့် အမျိုးသမီးက ပြောသည်။
သူမနာမည်က မရင်ဦး။ လီစူးတိုင်းရင်းသူ တစ်ဦး။ ယောကျာ်းသားများ၏ တက်ကြွသည့်လိင်စိတ် အသုံးချခံရာ လိင်အလုပ်သမ တစ်ဦး။ သူမဘဝ၊ သူမအလုပ်၏ မြစ်ဖျားခံရာ လွန်ခဲ့သည့် အချိန်ကာလများကို ပြန်ပြောပြနေခြင်း ဖြစ်သည်။
မရင်ဦးက ရှမ်းပြည်နယ်-မိုးမိတ် မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာမှ ဖြစ်သည်။ တောင်သူ မိဘနှစ်ပါးမှ မွေးဖွားခဲ့ပြီး တစ်ဦးတည်းသော သမီးဖြစ်သည်။
မရင်ဦး အသက် ခုနစ်နှစ် အရွယ်တွင် ဖခင်ဖြစ်သူ ဆုံးပါးခဲ့သည်။ မိခင်ကြီး ဖြစ်သူ၏ ရှာဖွေ ကျွေးမွေးမှုအောက်တွင် မရင်ဦး ဒသမတန်းသို့ ရောက်ရှိခဲ့သည်။ သူမထက် အသက်ရှစ်နှစ်ခန့် ကြီးသူ ယောကျာ်းသား တစ်ဦးနှင့် မေတ္တာမျှခဲ့သည်။ ဒါသည် မရင်ဦး၏ ဘဝအစ ဖြစ်သည်။
''အဲဒီအချိန် ကျွန်မက အသက် (၁၆) နှစ်ပဲ ရှိသေးတယ်။ အဲဒီမှာ ကျွန်မတို့ အတူနေလိုက်ကြ တယ်ပေါ့'' ဟု ပြောသည်။
နောက်တွင် ဖြစ်သင့် ဖြစ်ထိုက်သည့် အရာက ပေါ်လာခဲ့သည်။ မရင်ဦး ကိုယ်ဝန်ရခဲ့သည်။ အထက်တန်း ကျောင်းသူလေး မရင်ဦး။ ဗိုက်တကားကားဖြင့် မရင်ဦး။ မိခင်အိုကြီး၏ သမီးကလေး မရင်ဦးကို သူ့ချစ်သူက စွန့်ပစ်ခဲ့သည်။ ရရှိလာသည့် ကိုယ်ဝန်က သူနှင့်ရသည့် ကိုယ်ဝန် မဟုတ်ဟူသော အကြောင်းပြချက်ဖြင့် တစ်နယ် တစ်ကျေးသို့ ထွက်သွားခဲ့သည်။
''ဗိုက်ကြီးနဲ့ ဆိုတော့ အလုပ်မလုပ်နိုင်ဘူး။ အမေ့လုပ်စာနဲ့ကလည်း စားသောက်ရုံပဲ ရှိတယ်။ ကလေးဗိုက်ကြီးနဲ့ ပိုက်ဆံတွေ ယူရင် အကြွေးတွေက တင်လာတယ်။ အဲဒီနှစ်မှာပဲ ကံမကောင်းချင်တော့ စိုက်ထားတဲ့ ကြံဈေးတွေကလည်း ထိုးကျတယ်။ ကလေးကလည်း မွေးပြန်တယ်'' ဟု သူမကဆိုသည်။
ပြန်မသွားချင်တော့သည့် အတိတ်ကို ခေတ္တပြန်ရောက်သွားသလို ဖြစ်သည့် မျက်နှာက မှုန်မှုန် မှိုင်းမှိုင်း။ မရင်ဦး ဆုံးဖြတ်ချက် တစ်ခုချသည်။ မန္တလေးသွားမည်။ အလုပ်တစ်ခုခု လုပ်မည်။ အိမ်၏ ယိုင်နဲ့နေသည့် စီးပွားရေးကို ကျားကန်မည်။ သူမ၏ သားကလေး တစ်နှစ်ခွဲခန့်တွင် မရင်ဦး မန္တလေးသို့ ထွက်ခဲ့သည်။
မရင်ဦး ဈေးချိုနားက စတိုးဆိုင် တစ်ခုတွင် အလုပ်ရသည်။ ရသည့် လစာက နှစ်သောင်း။ အိမ်အလုပ်လုပ်၊ ကလေးထိန်း၊ မနက်အစောကြီး ဈေးသွား၊ ထမင်းဟင်းချက်။ ဒါမရင်ဦး၏ နေ့စဉ် အလုပ်ဖြစ်သည်။ ထိုအချိန်က မရင်ဦး အသက် (၁၈) နှစ်ခန့် ဖြစ်သည််။
''အဲဒီမှာ ကျွန်မ နှစ်လလောက် ကြာတယ်။ အိမ်ရှင်တွေက နှှိပ်စက်တယ်။ ကလေးက တစ်ဖက်၊ အလုပ်က တစ်ဖက်နဲ့ ။ ပစ္စည်းတွေကွဲရင် လျော်ရတယ်။ လကုန်လို့ လစာထုတ်ရင် တစ်သောင်းခွဲလောက်ပဲရ တယ်'' ဟု ဆိုသည်။
မရင်ဦးမှာ အိမ်ရဲ့စီးပွားရေးကို ကျားကန်မည့် အိပ်မက်များက တဖြည်းဖြည်း ပဲ့ကြွေနေသည်။ ရိုးအခြင်း၊ ဗဟုသုတ မရှိခြင်းတို့ဖြင့် မရင်ဦး၏ မျှော်လင့်ချက်များ အရောင်မှိန်ခဲ့ရသည်။
တစ်နေ့ . . . . မရင်ဦးတို့ ဆိုင်ဈေးဝယ်လာသည့် အမျိုးသမီးကြီး တစ်ဦးက သည်အလုပ်ထက် ကောင်းသည့် အလုပ်ရှိကြောင်း ဆိုလာသည်။ အမေ့မျက်နှာ မြင်ယောင်ရင်း၊ အိမ်၏ အကြွေးများ အကြောင်း စဉ်းစားရင်း မရင်ဦး လွယ်လွယ်ကူကူပဲ ခေါင်းညိတ်လိုက်သည်။ ဒါသည် မရင်ဦး၏ မှောင်မိုက်သည့် ဘဝအစဟု မရင်ဦး မသိခဲ့။
''သူကတော့ ဈေးရောင်းလို့ပဲ ပြောတယ်။ ကျွန်မကို မြစ်ဆိပ်က အိမ်ကြီး တစ်အိမ်ကို ခေါ်သွားတယ်။ ထရံကာ နှစ်ထပ်အိမ်ကြီး အပေါ်မှာလည်း ကောင်မလေးတွေ ရှိနေတယ်။ သူတို့လည်း ကျွန်မလိုပဲ ဈေးရောင်းတဲ့ သူတွေပဲလို့ ကျွန်မထင်ခဲ့တယ်။ မိန်ခလေး အဖော်ရှိတယ်ဆိုပြီး ကျွန်မနေခဲ့လိုက်တယ်'' ဟု မရင်ဦးက ပြောသည်။
ထိုအိမ်ကြီးသို့ မရင်ဦးရောက်သည့် အချိန်က နေ့လယ်ခင်း အချိန် ဖြစ်သည်။ နေ၏ အလင်းရောင် လျော့ကျလာသည်။ အမှောင်ရိပ်တို့ ချဉ်နင်းဝင်ရောက်လာသည် နှင့်အတူ ထိုအိမ်ကြီးဆီသို့ အမျိုးသားများ တစ်ဦးပြီး တစ်ဦး ရောက်ရှိလာသည်။ တစ်ဦးပြီး တစ်ဦး အခန်းထဲ ဝင်သွားကြသည်။ လိင်အရောင်းအဝယ် ပြုလုပ်သည့်နေရာ။
''ကျွန်မသိသိချင်း ခေါင်းတွေ ထူပူသွားတာပဲ။ ကျွန်မဘယ်သူ့ကိုမှလည်း မကြည့်ရဲဘူး။ ဒူးတွေကို တုန်နေတာပဲ။ ဘယ်မှလည်း မသွားတတ်။ ထွက်ပြေးလို့လည်း မရဘူး။ အပြင်မှာ ယောကျာ်းတွေ အများကြီး စောင့်နေကြတယ်။ ကျွန်မ သိပ်နောက်ကျသွားပြီဟု ပြောသည်။
ထိုအိမ်ကြီးတွင် တစ်ပတ်လောက်ထိ မရင်ဦး လိင်အရောင်းအဝယ် မပြုလုပ်ခဲ့ရ။ နောက်ထိုအိမ်မှ အမျိုးသမီးတစ်ဦးက ဆိုလာသည်။
''ညီမလေး၊ ညီမလေးကို လာပို့တဲ့ အစ်မကြီးက ပိုက်ဆံတွေ ယူသွားတယ်။ အကြွေးဆပ်ရမယ်။ ညီမလေး ဘယ်လို လုပ်ပေးမှာလဲလို့ ပြောတယ်။ ကျွန်မမှာ နားကပ်ပါတယ်။ နားကပ်ပေးရင်တော့ သွားလို့ရတယ် ပြောတယ်။ နားကပ်ကလည်း မပေးချင်ဘူး။ ကိုယ်မှ မရှိပါဘူးဆိုမှ။ ဒါနဲ့ ကျွန်မလည်း ဘာလုပ်ပေးရမလဲ ပြောတော့ အဲဒီအစ်မကြီးက အစ်ကိုကြီးနဲ့ လိုက်သွား။ သူတို့ပြောတဲ့ အတိုင်းနေရုံပဲ'' ဟု မရင်ဦးက ပြန်ပြောပြသည်။
ထိုနေ့ညက အကြောင်းအရာများ မရင်ဦး မျက်ဝန်းထဲ ပြန်ပေါ်လာသည်။ သွေးသားရောင်းသူနှင့် ဝယ်သူ အမျိုးသားတစ်ဦး၏ အလိုဆန္ဒများ ပြည့်ဝစေရန် မရင်ဦးဖြည့်ဆည်း ပေးနေချိန် အခြား အမျိုးသား တစ်ဦးက အရက်သောက်ရင်း ထိုင်ကြည့်နေသည့် မြင်ကွင်းက မရင်ဦး၏ အတွေးထဲ အစီအရီပေါ်လာသည်။
ထိုအချိန် မရင်ဦးခေါင်းထဲဝင်လာသည်က အမေ။ ပြီးနောက် ချစ်တဲ့သားငယ်။''အမေသာ သိရင်တော့ အသတ်ခံရမှာပဲပေါ့။ ရွာထဲက လူတွေများသိရင် ဘယ်လောက်များ ရှက်လိုက်မလဲ။ သူတို့နဲ့ နေလိုက်တဲ့ အတွက် သားလေး အတွက် ပိုက်ဆံရတယ်။ ဝယ်ပေးချင်တာတွေ ဝယ်ပေးနိုင်ပြီ။ ဒီလိုတွေးမိတယ်။ နောက်ဒီလို လုပ်တာ ခရစ်ယာန် ဘုရားကလည်း မကြိုက်ဘူးလေ။ ဘုရားက အပေါ်ကနေ ကြည့်နေမှာပေါ့။ အပြစ်ပေးခံရတော့မှာပဲလို့ ဦးနှောက်ထဲ ရောက်လာတယ်'' ဟု ပြောသည်။
တုန်ယင်နေသော အသံက ရှိုက်သံများ အဖျားဆွတ်လျက် ရှိသည်။ အသံမထွက်သော ငိုခြင်း၊ အသံ မထွက်သော ရှိုက်ခြင်းကို မရင်ဦး ပြုသည်။ ပါးပြင်ပေါ် မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာတာကို တွေ့ရသည်။ ပါးပြင်ပေါ် ကျလာသည့် မျက်ရည်စများကို တစ်ရူးစဖြင့် သုတ်လိုက်စဉ် ခဏလက်ဖျားများ တဆတ်ဆတ် တုန်နေသည်။
ထိုညအတွက် ဧည့်သည်က မရင်ဦးကို မုန့်ဖိုး (၅၀၀၀) ပေးသည်။ ဧည့်သည်ဖြင့် အပြင် လိုက်သွားပါက တစ်သောင်းပေးမည်ဟု မရင်ဦးနေသည့် အိမ်မှ အမျိုးသမီးကြီးနှင့် သဘောတူထားသည်။
သို့သော် မရင်ဦးအိမ်ကို ပြန်ရောက်တော့ ပိုက်ဆံတစ်သောင်း မရသည့် အပြင် ဧည့်သည် ပေးလိုက်သည့် မုန့်ဖိုး (၅၀၀၀) ကိုပါ ထိုအမျိုးသမီးကြီးက သိမ်းယူခဲ့သည် ဆိုသည်။ အကြောင်းပြချက်က အကြွေးဆပ်ရန် ဟူသတည်း။ မရင်ဦး၏ အိမ်ဝင်အကြွေးများကို ဆပ်ရန်၊ သားအတွက် လိုချင်တာတွေ ဝယ်ပေးရန် ဟူသော အိပ်မက်များက ဆက်လက် ပြိုကွဲဆဲဖြစ်သည်။ ခန္ဓာကိုယ်ကို အရင်းအနှီးပြု၍ ရှာဖွေစားသောက် ရသောဘဝတွင် ပြန်မတွေ့ချင်သော၊ ပြန်မဖြစ်ချင်သော ဖုန်ထူထူ နွေညများလည်း ရှိခဲ့သည်။ တစ်ည။
''အဲဒီတစ်ညမှာပေါ့။ ကျွန်မကို လူတစ်ယောက်က ကြာနီကန် သုသာန်နားက တဲအိမ်တစ်ခုထဲ ခေါ်သွားတယ်။ လာခေါ်တုန်းကတော့ တစ်ယောက်တည်းပဲ။ အဲဒီ တဲအိမ်ကို ရောက်တော့မှ နောက်ထပ် လူငါးယောက်လောက် ဆိုင်ကယ်တွေနဲ့ အလျှိုအလျှို ရောက်လာကြတယ်။တစ်ယောက်ပြီး တစ်ယောက်နေကြတယ်။ ကျွန်မမှာ မအော်ရဲဘူး။ ပုံမှန်မဟုတ်ဘဲ လိင်ဆက်ဆံဖို့လည်း ကြိုးစားကြတယ်။ ကျွန်မက ငိုပြီး တောင်းပန်တော့ ကျွန်မကို ရိုက်ပြီး ဒီအတိုင်းထားသွားကြတယ်။ ပိုက်ဆံလည်း တစ်ပြားမှ မပေးဘူး'' ဟု မရင်ဦး နာကြည်းစွာ ပြောသည်။
ညဉ့်နက်နက်မှာ ဖုန်ထူထူ လမ်းမတွေကို ဖြတ်သန်းရင်း မန္တလေးရှိရာ အရပ်ဆီ မရင်ဦးမှန်း၍ ပြန်ခဲ့သည်။ မရင်ဦး၏ ခြေတစ်ဖက်က ကောင်းစွာမသန်။ ကြယ်ရောင်ကို အားပြုရင်း ဖိနပ်ကို လက်မှာကိုင်ရင်း မရင်ဦး ထိုညကို ဖြတ်သန်းခဲ့ရသည်။ ခွေးဟောင်သံကများက မရင်ဦးနှင့် ဝေးရာကျန်ခဲ့ပြီ။
ထိုနေ့မှစ၍ မရင်ဦး မြစ်ဆိပ်က အိမ်ကြီးဆီကို ပြန်မသွားတော့။ သီရိမန္တလာ ကားကြီးကွင်းက တည်းခိုခန်း တစ်ခုတွင် အလုပ်ဝင်ခဲ့သည်။ လိင်အရောင်းအဝယ် အလုပ်။ ထိုနေရာတွင် မရင်ဦး ပိုက်ဆံရသည်။ အိမ်အတွက် ပိုက်ဆံပို့နိုင်ရန် ငွေကြေးစုနိုင်ခဲ့သည်။ ခန္ဓာကိုယ်ကို အရောင်းအဝယ် ပြုရာမှရသည့် ပိုက်ဆံကို ပထမဦးဆုံး အကြိမ် အိမ်ကို ပို့နိုင်ခဲ့သည်။ မှတ်မှတ်ရရ အိမ်ကိုပို့သည့် ပိုက်ဆံက ငွေကျပ် တစ်သိန်းနှစ်သောင်း။ အိမ်သို့ ကိုယ်တိုင်ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။
''အိမ်ရောက်တော့ ကလေးက ကျွန်မကို မမှတ်မိဘူး။ ပုန်းနေတယ်။ ကျွန်မခေါ်တာ မလာဘူး။ ကျွန်မ သိပ်ဝမ်းနည်းတယ်။ ကိုယ်က ဒီအလုပ်တွေ လုပ်ပြီးတော့မှ ပိုက်ဆံ ပို့ပေးရတာ။ ကလေးကို ထောက်ပံ့ရတာ။ သူကြီးလာလို့ သူ့အမေက ဒီအလုပ်လုပ်ပြီး သူ့ကိုထောက်ပံ့ရမှန်း သိသွားရင် ငါ့အမေက ဒါကြီးပါလားလို့ သူသိသွားရင် သူ့ဘဝမှာ အမည်းစက်ကြီး တစ်ခုဖြစ်သွားမှာ သိပ်စိုးရိမ်တယ်။ အမေ့ကိုလည်း ဈေးရောင်းတယ်လို့ လိမ်ထားတယ်'' ဟု မရင်ဦးက ဆိုသည်။
ပြောနေရင်း မရင်ဦး အသံများ တိမ်ဝင်သွားသည်။ မျက်ရည်များက တစ်ပေါက်ပေါက် ကျဆင်းလို့ လာပြန်သည်။ တစ်ကိုယ်လုံး တုန်နေသည်။ ထွက်လာသည့် အသံက ကျဉ်းထဲ ကျပ်ထဲက အားယူပြီး ထွက်လာသည့် အသံမျိုးဖြစ်သည်။
ရိုးသားသည့် တောသူ အမေအိုကြီးကို လိမ်ပြောရသည့် ဘဝ။ ချစ်သည့် သားငယ်၏ ဘဝနောင်ရေး အတွက် ခန္ဓာကိုယ်ကို အရင်းပြု စီးပွားရှာရသည့်ဘဝ။ မချစ်ခင်၊ မနှစ်သက်သည့် ယောကျာ်းတကာ၏ စိတ်ဆန္ဒများ ဖြေဖြောက်ရန် အတွက် မိမိဘဝကို အသုံးချခံရသည့် ဘဝ။ ထိုအတွေးများက မရင်ဦး၏ မျက်ဝန်းတွင် မြင်နေရသည်။
''ကျွန်မ ပိုက်ဆံ အရမ်းလိုချင်တယ်။ ဒီဆင်းရဲတဲ့ ဒဏ်ကို မခံချင်ဘူး။ သူများကို ပေးစရာရှိတဲ့ အကြွေးတွေ ပေးချင်တယ်။ အမေမျက်နှာငယ်မှာကို စိုးတယ်'' ဟု မရင်ဦးက ဆို့နင့်စွာ ပြောသည်။အမေ၏ သမီးလိမ္မာလေး တစ်ယောက်အဖြစ်၊ သားတစ်ဦး၏ အားကိုးထိုက်သော မိခင်တစ်ဦး အဖြစ် မရင်ဦး ရပ်တည်ချင်သည်။ တာဝန်ကျေချင်သည်။ တာဝန်ကျေချင်ခဲ့သည်။ မရင်ဦး၏ ကြမ်းတမ်းလှသည့် ဘဝတွင် ရယ်စရာ အဖြစ်အပျက်များလည်း ရှိခဲ့သည်။ ရဲလာဖမ်းသည့် ကာလများ ဖြစ်သည်။
''ကျွန်မအရင် မြစ်ဆိပ်က အိမ်မှာနေရင်း ရဲတွေလာဖမ်းတယ်။ အဲဒီအချိန်ဆို မြစ်ထဲခုန်ချပြီး ရေငုပ် နေလိုက်တယ်။ ၀ါးလုံးတွေနဲ့ အသက်ရူရတယ်။ အမှိုက်ခြင်းတွေ ကြားထဲ ပုန်းနေခဲ့ရတာတွေ ရှိတယ်။ တစ်ခါကဆို ရဲလာလို့ ရေထဲပုန်းနေတာ။ ညီမတွေ တက်ခဲ့တော့လို့ အသံကြားလို့ ကိုယ့်လူခေါ်တယ် မှတ်ပြီး တက်လိုက်တာ အပေါ်ရောက်တော့ ရဲဖြစ်နေတယ်။ လက်ထိတ် ခတ်လိုက်တာ ဂွတ်ခနဲ နေတာပဲ''ဟု ရယ်လျက် ပြောသည်။
သောကများ ခေတ္တသက်သာ သွားဟန်တူသည်။ မျက်နှာက သွေးရောင် အနည်းငယ် ပြန်လွှမ်းလာသည်။ မရင်ဦးတို့ လိင်အလုပ်သမား လောကတွင် ၎င်း၏အဆိုရ အဓိကအားဖြင့် လမ်းပေါ်တွင် လုပ်သော လိင်လုပ်ငန်း၊ ကာရာအိုကေ ခန်းမများတွင် လုပ်သော လိင်လုပ်ငန်း၊ အိမ်တစ်အိမ်တွင် နေထိုင်၍ လုပ်သော လိင်လုပ်ငန်း၊ အနှိပ်ခန်းများတွင် လုပ်သော လိင်လုပ်ငန်း၊ စင်တင်ဆိုင်များတွင် လုပ်သော လိင်လုပ်ငန်းနှင့် Sponser ထားခြင်းဟူ၍ အဓိကအုပ်စု ခြောက်မျိုးရှိသည်။
မရင်ဦး အိမ်တစ်အိမ်တွင် နေထိုင်၍ လိင်လုပ်ငန်း လုပ်ကိုင်ရာမှ လမ်းပေါ်တွင် လုပ်ကိုင်သော လိင်လုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။ မန္တလေးညများ၏ (၈၄) လမ်းပေါ်၊ ကျူံးပတ်လည် တို့သည် မရင်ဦး၏ ခိုးနားရာနေရာများ ဖြစ်လာသည်။
ခြေခင်း လက်ခင်းသာသည့် နွေညများသည် မရင်ဦး၏ အိပ်မက်များ တောက်ပ တက်သော်လည်း မိုးရွာသည့် ညများတွင်တော့ မရင်ဦး၏ အိပ်မက်များက မိုးရေနှင့် အတူ မျောပါတတ်သည်။
''မိုးရွာတဲ့ ညတွေဆို ကြွက်စုတ်တွေ ကျနေတာပဲ။ မိုးရွာထဲမှာ စောင့်နေရတယ်။ သူများအိမ် အဖီလေးမှာ ခိုနေရတယ်။ အိမ်ရှင်တွေက နှင်ထုတ်ကြတယ်။ အဲဒီလိိုညတွေဆို ကျွန်မတို့ ဝင်ငွေနည်းတယ်'' ဟု မရင်ဦးက ဆိုသည်။
ထိုသို့နေပူသော၊ နှင်းကျသော၊ မိုးရွာသော အချိန်ကာလများကို အန်တုကျော်လွှားပြီး သားကလေး၏ ပညာရေး ထောက်ပံ့ပေးနိုင်ရန်၊ မိခင်အိုကြီး၏ အကြွေးများ ဖြေရှင်းပေးနိုင်ရန် ခန္ဓာကိုယ်ကိုယ် အရင်းအနှီးပြု စီးပွားရှာရသော ဘဝတွင် လူသားမဆန်သော ပြုမူပြောဆိုခြင်းများ မရင်ဦးခံခဲ့ရသည်။''ဘဝမှာ မှတ်မှတ်ရရပေါ့။ ကျူံးဘေးမှာ ထိုင်နေတုန်း လမ်းလျှောက်လာတဲ့ လင်မယား နှစ်ယောက်က ကျွန်မကို ကြည့်ပြီး 'ထွီ' ဆို တံတွေးထွေးသွားတယ်။ သူတို့ကြည့်တဲ့ အကြည့်တွေကို ကျွန်မမကြိုက်ဘူး။ ဘယ်သူက ထိုင်ချင်မှာလဲ။ သူတို့လို ချမ်းသာလို့ကတော့ ဒီလမ်းပေါ် လာထိုင်နေမလား''ဟု ဆို့နင့်စွာ ပြောသည်။
မရင်ဦး ငိုပြန်သည်။ အသားများ တဆတ်ဆတ် တုန်နေရင်း ဆက်ပြောသည်။
''မခံချင်ဘူး။ အရမ်းမုန်းတာပဲ။ လူကိုကြည့်ပြီးတော့ .....မတွေ ဒီမှာ လာလုပ်စားနေကြတယ်။ ရဲတိုင်ပြီး ဖမ်းခိုင်းလိုက်မယ်လို့ ပြောတဲ့သူက ပြောတယ်။ ပြောတဲ့သူတွေ ဒီနေရာမှာ သူတို့ညီမတွေဆို ဘယ်လို ခံစားရမလဲ။ ကျွန်မတို့ ငွေရေးကြေးရေး အဆင်ပြေနေရင် ဒီနေရာကို လာစရာအကြောင်း မရှိဘူး'' ဟု မရင်ဦးက ဆို့နင့်စွာ ပြောသည်။
မျက်ရည်များက တပေါက်ပေါက်။ ထိုသို့ မရင်ဦးခမျာ လမ်းမများပေါ်တွင် ကျင်လည် ကျက်စားရင်း ၂၀၀၉ ခုနှစ်တွင် မရင်ဦးတို့ကဲ့သို့ လိင်လုပ်သားများကို ပညာရေး၊ ကျန်းမာရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့တစ်ခုထံ မရင်ဦး ရောက်ရှိခဲ့သည်။ ထို့နောက် မရင်ဦး သွေးစစ်ခဲ့သည်။ မရင်ဦး HIV Positive ။
''ကျွန်မ နောင်တတွေရခဲ့တယ်။ ကွန်ဒုံးသာ သုံးခဲ့ရင် ဒါမျိုးတွေ ဖြစ်မှာမဟုတ်ဘူး။ အသိပညာ မရှိခဲ့လို့ ဒါမျိုးတွေ ဖြစ်ခဲ့တာ။ ကျွန်မအခု ကျွန်မနဲ့ ဘဝတူ သူငယ်ချင်းတွေကို ကျွန်မသိသလောက် အသိပညာတွေ ပေးတယ်။ HIV နဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေမှာ ကျွန်မရဲ့ အတွေ့အကြုံတွေကို ဟောပြောတယ်။ ကျွန်မလို မဖြစ်စေချင်ဘူး'' ဟု မရင်ဦးက ဆိုသည်။
မရင်ဦးကတော့ လမ်းပေါ်တွင် လုပ်ရသော လိင်လုပ်ငန်းကို မလုပ်တော့။ လိင်အလုပ်သမများ အတွက် ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်း တစ်ခုတွင် လခစား ဝင်လုပ်ခဲ့သည်။ သို့သော်ငွေကြေး အခက်အခဲကြောင့် လိင်လုပ်ငန်းကို လုံးဝ စွန့်လွှတ်လိုက်သည်တော့ မဟုတ်။ Sponser နှင့်အတူ နေခြင်းများတော့ ရှိသည်ဟု ဆိုသည်။ သို့သော် ကွန်ဒုံးအသုံးပြုသည်ဟု မရင်ဦးက ဆိုသည်။
မရင်ဦးသည် သူမ၏ ဆက်ဆံဖော်များကို သူမတွင် ရောဂါပိုးရှိကြောင်း ဦးစွာ ပြောပြလေ့ရှိသည်။ ထိုသို့ပြောပြ၍ အဖော်ကို ကွန်ဒုံးသုံးရန် ဖျောင်းဖျလေ့ ရှိသည်။ မရင်ဦးမှာ HIV ပိုးကူးစက်ခံရ ပြီးနောက် မိသားစုနှင့် အတူတကွ နေရမည်ဟူသော အိပ်မက်များ ကြွေလွင့်ခဲ့ရသည်။ ချစ်သည့် သားငယ်အပေါ်၊ ရိုးသားသည့် အမေအိုကြီး အပေါ် ဒီရောဂါ မကူးစက်စေချင်။''သားနဲ့အတူ အေးချမ်းစွာ အတူနေချင်တယ်။ အမေ့ကိုလည်း ပြည့်စုံစွာ ထားချင်တယ်။ အသက်ကြီးလာတဲ့အခါ ဇာတိကိုပြန်မယ်။ အမေတို့နဲ့ အတူတော့ မနေတော့ဘူး'' ဟုပြောသည်။
လက်ရှိတွင် အမေ့အတွက် အိမ်ဆိုင်လေး ဖွင့်ပေးထားသည်ဟု ဆိုသည်။ သူတို့ဒေသတွင် မရင်ဦးကို မိဘလုပ်ကျွေးသဖြင့် ပတ်ဝန်းကျင်က လေးစားခြင်းများ ခံရသည်ဟု ဆိုသော်လည်း ထိုလေးစားမှုကို ရရှိဖို့အတွက် မရင်ဦး ပေးရသည့် အရင်းအနှီးက ကြီးသည်။ မရင်ဦး ရှာဖွေရသည့် ငွေများသည် ကိုယ်ခန္ဓာကို အရင်းအနှီးပြု ၊ အသွေးအသားကို ရောင်းဝယ်ရာမှ ရလာသည့် ငွေများဟု သိရှိသွားပါက ဘာတွေ ဖြစ်လာမည်။ မသိ......။
messenger news journal

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...