ေလးေလာင္းၿပိဳင္လူသတ္မႈ ေျခာက္လျပည့္ခ်ိန္အထိ

မဂၤလာဒံုၿမိဳ႕နယ္ ပတၱ ျမားၿမိဳ႕သစ္တြင္ ျဖစ္ပြားခဲ့သည့္ ေလးေလာင္းၿပိဳင္လူသတ္မႈ၌ ျပစ္မႈက်ဴးလြန္သူမ်ားကို ေျခာက္လ ျပည့္ခ်ိန္အထိ ရွာေဖြဖမ္းဆီးႏိုင္ ျခင္းမရွိေသးဘဲ လက္ရွိအခ်ိန္အ ထိ သံသယတရားခံ တစ္ဦးတစ္ ေယာက္မွ် ဖမ္းမမိႏုိင္ေသးသည့္ အေပၚ ရဲတပ္ဖြဲ႕၏ လုပ္ကိုင္ ေဆာင္ရြက္မႈမ်ားကို ေဝဖန္မႈမ်ား ျမင့္တက္လ်က္ရွိသည္။

ေျခာက္လၾကာျမင့္သည္အ ထိ သံသယရွိသူ တစ္ဦးတစ္ ေယာက္ကိုမွ် ဖမ္းဆီးႏိုင္ျခင္းမရွိ ေသးသျဖင့္ ျပစ္မႈက်ဴးလြန္သူမ်ား ကို အျမန္ဆံုးဖမ္းဆီးရမိေစခ်င္ သည္ဟု ေသဆံုးသူ ရဲအရာရွိ ေဟာင္း၏ေယာကၡမ ေဒၚရီရီႏြဲ႕က ေျပာသည္။

‘‘၁၉ ရက္ေန႔က ေျမးအငယ္ ေလး (၉)ႏွစ္ျပည့္တယ္။ သူမ်ား ကေလးေတြ စာေမးပြဲေျဖၿပီး ျပန္ လာတာျမင္ရင္ ေျမးေတြကို သိပ္ သတိရတယ္။ ကေလးေတြကို ဘာေၾကာင့္ အခုလိုရက္ရက္စက္ စက္သတ္ရတာလဲ သိခ်င္တယ္။ ေနာက္ကြယ္က ခိုင္းတဲ့သူရွိရင္ လည္း အျမန္ဆံုး မိေစခ်င္ပါ တယ္’’ဟု ၎ကေျပာသည္။

လူသတ္မႈျဖစ္ပြားၿပီးေနာက္ သံုးလၾကာသည္အထိ ရဲတပ္ဖြဲ႕က  ဆက္သြယ္ေမးျမန္းမႈမ်ားရွိေသာ္ လည္း ေနာက္ပိုင္းတြင္ ဆက္သြယ္ေမးျမန္းမႈမရွိေတာ့ေၾကာင္း ေဒၚရီရီႏြဲ႕ကေျပာသည္။

ေလးေလာင္းၿပိဳင္လူသတ္မႈ ႏွင့္ပတ္သက္၍ မိသားစုဝင္မ်ား အပါအဝင္ လူ ၂၀၀ ေက်ာ္ကို ေခၚ ယူစစ္ေဆးခဲ့ၿပီး သံသယရွိ အမ်ိဳး သားသံုးဦး၏ဓာတ္ပံုကို ရန္ကုန္ တိုင္းရဲတပ္ဖြဲ႕၏ ေဖ့စ္ဘြတ္ခ္စာ မ်က္ႏွာ၌ အမ်ားျပည္သူသိေစရန္ ျဖန္႔ေဝခဲ့ေသာ္လည္း ယေန႔အခ်ိန္ အထိ သဲလြန္စတစ္စံုတစ္ရာမရရွိ ေသးဘဲ ျပစ္မႈက်ဴးလြန္သူမ်ားကို စံုစမ္းဆဲသာျဖစ္ေၾကာင္း ရဲအရာ ရွိတစ္ဦးက ေျပာသည္။

‘‘သံသယရွိသူေတြ အကုန္ လံုးကို လိုက္ၿပီးစစ္ေဆးေနပါ တယ္။ အမႈနဲ႔ပတ္သက္လို႔လည္း ေန႔စဥ္ သတင္းရတာေတြရွိတယ္။ တျခားျပည္နယ္နဲ႔ တိုင္းေတြကို လည္း သံသယရွိသူပံုေတြ ပို႔ၿပီး စံုစမ္းမႈေတြလုပ္ေနပါတယ္’’ဟု ၎ကေျပာသည္။

မဂၤလာဒံုၿမိဳ႕နယ္ ပတၱျမား ၿမိဳ႕သစ္ ေရႊနံ႔သာေက်းရြာအုပ္စု က်ဴးေက်ာ္ကြက္သစ္ရပ္ကြက္ ျမေအးခ်မ္းသာလမ္းသြယ္ရွိ မိသားစုဝင္ငါးဦး ေနထုိင္ရာ ေနအိမ္၌ ၂၀၁၆ ၾသဂုတ္ ၂၀ ရက္က အိမ္ရွိ လူေလးဦး အသတ္ခံခဲ့ရ သည္။

‘‘ရဲအရာရွိေတြကို ဖုန္းဆက္ ေမးရင္ေတာ့ သူတို႔လည္း စုံစမ္း ေနတယ္ေျပာတယ္။ အန္တီတို႔ လည္း နီးစပ္ရာေတြ လိုက္ေမး ၾကည့္ပါတယ္။ စိုးေနာင္ကလည္း ရဲဝန္ထမ္းဘဝကလည္း ပိုက္ဆံ ရွာတဲ့သူမဟုတ္ပါဘူး။ အခုလို မိသားစုလိုက္ အသတ္ခံရတာျမင္ ေတာ့ အန္တီ့ရင္ထဲ ဘာေၾကာင့္ အခုလိုသတ္ရတာလဲဆိုတာ အ ရမ္းသိခ်င္မိတယ္’’ဟု ေသဆံုးသူ ရဲအရာရွိေဟာင္း၏ ေယာကၡမ ေဒၚရီရီႏြဲ႕ကေျပာသည္။

အသတ္ခံရေသာ မိသားစု တြင္ အိမ္ေထာင္ဦးစီးျဖစ္သည့္ အသက္(၃၇)ႏွစ္အရြယ္ ရဲအရာရွိ ေဟာင္း ဦးစိုးေနာင္၊ ဇနီးေဒၚခ်ယ္ ရီပြင့္၊ အသက္(၁၃)ႏွစ္အရြယ္ရွိ သားအႀကီး အ႒မတန္းေက်ာင္း သား ဟန္သူရႏွင့္ (၈)ႏွစ္အရြယ္ သားငယ္ တတိယတန္းေက်ာင္း သား ေမာင္စြမ္းထက္ျမက္တို႔ ေလးဦးစလံုး ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္။

၂၀၀၈ မတ္လ ၃ ရက္က ကမာရြတ္ၿမိဳ႕နယ္ စိမ္းလဲ့ကန္ သာလမ္း၌ ျဖစ္ပြားသည့္ ငါး ေလာင္းၿပိဳင္လူသတ္မႈတြင္ ဦးခ်ာလီ(ဦးေစာၾကည္ဖ)၊ ဇနီး ေဒၚစန္းစန္းျမင့္၊ သမီးျဖစ္ေသာ ေဒၚျမ စႏၵာ၊ မႏွင္းပြင့္ေအးႏွင့္ အိမ္ေဖာ္ မအယ္ေဖာတို႔ ဦးေခါင္း၌ ေသ နတ္ဒဏ္ရာမ်ားျဖင့္ ေသဆံုးမႈမွာ လည္း ယေန႔အခ်ိန္ထိ တရားခံ ဖမ္းဆီးရမိျခင္းမရွိေသးေပ။ ယခု အမႈႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕က စံုစမ္းရရွိသည့္ အေျခအေနမ်ား၊ အမႈတိုးတက္မႈ အေျခအေနမ်ား ကို အမ်ားျပည္သူသို႔ ပံုမွန္ထုတ္ ျပန္ျခင္းမရွိဘဲ သတင္းဌာနမ်ား က ေမးျမန္းစံုစမ္းမွသာ စံုစမ္းစစ္ ေဆးေနဆဲျဖစ္သည္ဟူေသာ ေျဖ ၾကားမႈမ်ိဳးသာ ေျပာဆိုလ်က္ရွိ သည္။

 ကေလးငယ္မ်ားပါ အ သတ္ခံခဲ့ရသည့္ အဆိုပါ ေလး ေလာင္းၿပိဳင္ လူသတ္မႈမွာလည္း စိမ္းလဲ့ကန္သာ ငါးေလာင္းၿပိဳင္ အမႈကဲ့သို႔ မေဖာ္ထုတ္ႏိုင္သည္ကို ေဝဖန္မႈမ်ား ျဖစ္ေပၚလ်က္ရွိ သည္။

‘‘အမႈႀကီးေတြျဖစ္ရင္ စခန္း ေတြကလည္း စီအုိင္ဒီကို ေခၚပါတယ္။ သူတို႔လည္း  စစ္ေဆးတယ္။ သက္ဆုိင္ရာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကလည္း စစ္တယ္။ အမႈနဲ႔ပတ္သက္ၿပီး သဲလြန္စရသမွ် ကိုလည္း လိုက္ၿပီးစစ္ေဆးတာ ေတြရွိတယ္။ အားလံုးျပည့္စံုၿပီ ဆိုရင္ေတာ့ အမ်ားျပည္သူသိ ေအာင္ ခ်ျပေပးမွာေပါ့’’ဟု ရန္ကုန္တုိင္းတြင္ တာဝန္ထမ္း ေဆာင္ေနသည့္ ရဲအရာရွိႀကီး တစ္ဦးကေျပာသည္။

ေလးေလာင္းၿပိဳင္လူသတ္မႈ ႏွင့္ ပတ္သက္သည့္ အခ်က္အ လက္မ်ားကို အမ်ားျပည္သူသိရွိ ႏိုင္ေစရန္ သတင္းစာရွင္းလင္းပြဲ က်င္းပျပဳလုပ္ရန္ အစီအစဥ္ရွိ ေၾကာင္း ရန္ကုန္တိုင္းလံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴး ႀကီး တင္ေအာင္ထြန္းက မၾကာ ေသးမီက ေျပာၾကားခဲ့ေသာ္လည္း ယေန႔အခ်ိန္အထိ က်င္းပႏုိင္ျခင္း မရွိေသးေပ။

By ဖိုးတုတ္ , February 21, 2017

7Day

ဓာတ္ပံု-ေဂ်ေမာင္ေမာင္(အမရပူရ)



ရဲတပ်ဖွဲ့ကို ဝေဖန်မှုများ မြင့်တက်လျက်ရှိ
_______________

မင်္ဂလာဒုံမြို့နယ် ပတ္တ မြားမြို့သစ်တွင် ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှု၌ ပြစ်မှုကျူးလွန်သူများကို ခြောက်လ ပြည့်ချိန်အထိ ရှာဖွေဖမ်းဆီးနိုင် ခြင်းမရှိသေးဘဲ လက်ရှိအချိန်အ ထိ သံသယတရားခံ တစ်ဦးတစ် ယောက်မျှ ဖမ်းမမိနိုင်သေးသည့် အပေါ် ရဲတပ်ဖွဲ့၏ လုပ်ကိုင် ဆောင်ရွက်မှုများကို ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ခြောက်လကြာမြင့်သည်အ ထိ သံသယရှိသူ တစ်ဦးတစ် ယောက်ကိုမျှ ဖမ်းဆီးနိုင်ခြင်းမရှိ သေးသဖြင့် ပြစ်မှုကျူးလွန်သူများ ကို အမြန်ဆုံးဖမ်းဆီးရမိစေချင် သည်ဟု သေဆုံးသူ ရဲအရာရှိ ဟောင်း၏ယောက္ခမ ဒေါ်ရီရီနွဲ့က ပြောသည်။

‘‘၁၉ ရက်နေ့က မြေးအငယ် လေး (၉)နှစ်ပြည့်တယ်။ သူများ ကလေးတွေ စာမေးပွဲဖြေပြီး ပြန် လာတာမြင်ရင် မြေးတွေကို သိပ် သတိရတယ်။ ကလေးတွေကို ဘာကြောင့် အခုလိုရက်ရက်စက် စက်သတ်ရတာလဲ သိချင်တယ်။ နောက်ကွယ်က ခိုင်းတဲ့သူရှိရင် လည်း အမြန်ဆုံး မိစေချင်ပါ တယ်’’ဟု ၎င်းကပြောသည်။

လူသတ်မှုဖြစ်ပွားပြီးနောက် သုံးလကြာသည်အထိ ရဲတပ်ဖွဲ့က ဆက်သွယ်မေးမြန်းမှုများရှိသော် လည်း နောက်ပိုင်းတွင် ဆက်သွယ်မေးမြန်းမှုမရှိတော့ကြောင်း ဒေါ်ရီရီနွဲ့ကပြောသည်။

လေးလောင်းပြိုင်လူသတ်မှု နှင့်ပတ်သက်၍ မိသားစုဝင်များ အပါအဝင် လူ ၂၀၀ ကျော်ကို ခေါ် ယူစစ်ဆေးခဲ့ပြီး သံသယရှိ အမျိုး သားသုံးဦး၏ဓာတ်ပုံကို ရန်ကုန် တိုင်းရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာ၌ အများပြည်သူသိစေရန် ဖြန့်ဝေခဲ့သော်လည်း ယနေ့အချိန် အထိ သဲလွန်စတစ်စုံတစ်ရာမရရှိ သေးဘဲ ပြစ်မှုကျူးလွန်သူများကို စုံစမ်းဆဲသာဖြစ်ကြောင်း ရဲအရာ ရှိတစ်ဦးက ပြောသည်။

‘‘သံသယရှိသူတွေ အကုန် လုံးကို လိုက်ပြီးစစ်ဆေးနေပါ တယ်။ အမှုနဲ့ပတ်သက်လို့လည်း နေ့စဉ် သတင်းရတာတွေရှိတယ်။ တခြားပြည်နယ်နဲ့ တိုင်းတွေကို လည်း သံသယရှိသူပုံတွေ ပို့ပြီး စုံစမ်းမှုတွေလုပ်နေပါတယ်’’ဟု ၎င်းကပြောသည်။

မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ် ရွှေနံ့သာကျေးရွာအုပ်စု ကျူးကျော်ကွက်သစ်ရပ်ကွက် မြအေးချမ်းသာလမ်းသွယ်ရှိ မိသားစုဝင်ငါးဦး နေထိုင်ရာ နေအိမ်၌ ၂၀၁၆ သြဂုတ် ၂၀ ရက်က အိမ်ရှိ လူလေးဦး အသတ်ခံခဲ့ရ သည်။

‘‘ရဲအရာရှိတွေကို ဖုန်းဆက် မေးရင်တော့ သူတို့လည်း စုံစမ်း နေတယ်ပြောတယ်။ အန်တီတို့ လည်း နီးစပ်ရာတွေ လိုက်မေး ကြည့်ပါတယ်။ စိုးနောင်ကလည်း ရဲဝန်ထမ်းဘဝကလည်း ပိုက်ဆံ ရှာတဲ့သူမဟုတ်ပါဘူး။ အခုလို မိသားစုလိုက် အသတ်ခံရတာမြင် တော့ အန်တီ့ရင်ထဲ ဘာကြောင့် အခုလိုသတ်ရတာလဲဆိုတာ အ ရမ်းသိချင်မိတယ်’’ဟု သေဆုံးသူ ရဲအရာရှိဟောင်း၏ ယောက္ခမ ဒေါ်ရီရီနွဲ့ကပြောသည်။

အသတ်ခံရသော မိသားစု တွင် အိမ်ထောင်ဦးစီးဖြစ်သည့် အသက်(၃၇)နှစ်အရွယ် ရဲအရာရှိ ဟောင်း ဦးစိုးနောင်၊ ဇနီးဒေါ်ချယ် ရီပွင့်၊ အသက်(၁၃)နှစ်အရွယ်ရှိ သားအကြီး အဋ္ဌမတန်းကျောင်း သား ဟန်သူရနှင့် (၈)နှစ်အရွယ် သားငယ် တတိယတန်းကျောင်း သား မောင်စွမ်းထက်မြက်တို့ လေးဦးစလုံး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

၂၀၀၈ မတ်လ ၃ ရက်က ကမာရွတ်မြို့နယ် စိမ်းလဲ့ကန် သာလမ်း၌ ဖြစ်ပွားသည့် ငါး လောင်းပြိုင်လူသတ်မှုတွင် ဦးချာလီ(ဦးစောကြည်ဖ)၊ ဇနီး ဒေါ်စန်းစန်းမြင့်၊ သမီးဖြစ်သော ဒေါ်မြ စန္ဒာ၊ မနှင်းပွင့်အေးနှင့် အိမ်ဖော် မအယ်ဖောတို့ ဦးခေါင်း၌ သေ နတ်ဒဏ်ရာများဖြင့် သေဆုံးမှုမှာ လည်း ယနေ့အချိန်ထိ တရားခံ ဖမ်းဆီးရမိခြင်းမရှိသေးပေ။ ယခု အမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းရရှိသည့် အခြေအနေများ၊ အမှုတိုးတက်မှု အခြေအနေများ ကို အများပြည်သူသို့ ပုံမှန်ထုတ် ပြန်ခြင်းမရှိဘဲ သတင်းဌာနများ က မေးမြန်းစုံစမ်းမှသာ စုံစမ်းစစ် ဆေးနေဆဲဖြစ်သည်ဟူသော ဖြေ ကြားမှုမျိုးသာ ပြောဆိုလျက်ရှိ သည်။

 ကလေးငယ်များပါ အ သတ်ခံခဲ့ရသည့် အဆိုပါ လေး လောင်းပြိုင် လူသတ်မှုမှာလည်း စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် အမှုကဲ့သို့ မဖော်ထုတ်နိုင်သည်ကို ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိ သည်။

‘‘အမှုကြီးတွေဖြစ်ရင် စခန်း တွေကလည်း စီအိုင်ဒီကို ခေါ်ပါတယ်။ သူတို့လည်း စစ်ဆေးတယ်။ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့ကလည်း စစ်တယ်။ အမှုနဲ့ပတ်သက်ပြီး သဲလွန်စရသမျှ ကိုလည်း လိုက်ပြီးစစ်ဆေးတာ တွေရှိတယ်။ အားလုံးပြည့်စုံပြီ ဆိုရင်တော့ အများပြည်သူသိ အောင် ချပြပေးမှာပေါ့’’ဟု ရန်ကုန်တိုင်းတွင် တာဝန်ထမ်း ဆောင်နေသည့် ရဲအရာရှိကြီး တစ်ဦးကပြောသည်။

လေးလောင်းပြိုင်လူသတ်မှု နှင့် ပတ်သက်သည့် အချက်အ လက်များကို အများပြည်သူသိရှိ နိုင်စေရန် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရန် အစီအစဉ်ရှိ ကြောင်း ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး တင်အောင်ထွန်းက မကြာ သေးမီက ပြောကြားခဲ့သော်လည်း ယနေ့အချိန်အထိ ကျင်းပနိုင်ခြင်း မရှိသေးပေ။

By ဖိုးတုတ် , February 21, 2017

7Day

ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...