တစ္ပတ္အတြင္း အလွဖ်က္ေနတဲ့ အမာရြတ္ေတြကို တိုက္ဖ်က္ေပးမယ့္ နည္းလမ္း(၄)သြယ္ပါ။



အမာရြတ္ဆိုတာ အလွတရားရဲ့ အၾကီးမားဆံုးရန္သူ၊ အထူးသျဖင့္ ေယာင္းေယာင္းတို့လို့ မိန္းမေခ်ာေလးေတြကို လွလွပပ ၀တ္မရေအာင္ ေျခာက္လွန့္ေနတဲ့ သရဲေကာင္ၾကီးပါ။ လက္ျပတ္က ၀တ္ခ်င္ေပမယ့္ လက္ေမာင္းမွာ အမာရြတ္ရွိေနလို့ လက္ျပတ္ဆို ေ၀ါင္ေ၀ါင္းေရွးေနရတာက တစ္ေၾကာင္း၊ ကိုရီးယားမေလးေတြကို အားက်လို့ စကတ္တို ၀တ္မယ္ၾကံမွ အမာရြတ္ၾကီးေျပးျမင္မိလို့ မ၀ယ္ျဖစ္ေတာ့တာက တစ္ေၾကာင္း ၾကာလာေတာ့ လူပါစိတ္ညစ္လာျပီဆိုသူေတြ အတြက္ For Her Myanmarက သတင္းေကာင္းေလးမွ်ေ၀ေပးပါရေစေနာ္။ နည္းလမ္းေလးေတြကေတာ့…

နည္းလမ္း ၁။ ။ပ်ားရည္နွင့္ မုန့္ဖုတ္ဆိုဒါ

ပ်ားရည္က အမာရြတ္ေတြသာမကပဲ အနာကိုပါသက္သာေစပါတယ္။ မုန့္ဖုတ္ဆိုဒါဆိုသည္မွာလည္း ဆဲလ္ေသေတြကို ဖယ္ရွားေပးျပီး အသားအေရကို ႏူးညံ့ေခ်ာမြတ္လာေစပါတယ္။

ျပဳလုပ္ပံု

-ပ်ားရည္ ၁ဇြန္းႏွင့္ မုန့္ဖုတ္ဆိုဒါ ၁ဇြန္းကို ေရာေမႊလိုက္ပါ။

-အမာရြတ္ေပၚလိမ္းေပးျပီး ၃မိနစ္မွ ၅မိနစ္ထိထားပါ။

-တဘက္အေသးတစ္ထည္ကို ေရေႏြးပူစြတ္ျပီး အမာရြတ္ေပၚမွာ အံုထားေပးပါ။

-ေအးသြားျပီဆိုရင္ အဲ့ဒီ့တဘက္နဲ့ပဲ အမာရြတ္ကို သုတ္ပစ္ပါ။

-တစ္ရက္ ၂ ၾကိမ္ လုပ္ေပးပါ။
နည္းလမ္း ၂။ ။ သံပုရာသီး

သံပုရာသီးထဲမွာ Alpha Hydroxyl လို့ေခၚတဲ့အက္စစ္ၾကြယ္၀တဲ့အတြက္ ဆဲလ္ေသေတြကိုဖယ္ရွားေပးျပီး အမာရြတ္ကို ေဖ်ာ့ေတာ့လာေစပါတယ္။

ျပဳလုပ္ပံု

-ပထမဦးဆံုး အမာရြတ္ရွိတဲ့ေနရာကို သန့္ရွင္းေအာင္လုပ္ပါ။

-သံပုရာသီးကို အရည္ညွစ္ျပီး ဂြမ္းနွင့္ဆြတ္ျပီး အမာရြတ္ေပၚမွာသုတ္ေပးပါ။

-ဆယ္မိနစ္ေလာက္ထားျပီးတာနဲ့ ေရေဆးခ်လိုက္ပါ။

-အစိုျပန္ခရင္မ္( moisturizer) တစ္ခုခုလိမ္းေပးပါ။

-တစ္ေန့ ၂ၾကိမ္မွ ၃ၾကိမ္ထိ လိမ္းေပးလို့ရပါတယ္။
နည္းလမ္း ၃။ ။ ၾကက္သြန္နီ

ၾကက္သြန္နီက အသားအေရ ေရာင္ယမ္းမႈကို ကာကြယ္ေပးျပီ အနာအဆာကင္းတဲ့ အသားအေရကို ရရွိေစပါတယ္။

ျပဳလုပ္ပံု

-ၾကက္သြန္နီကို ၾကိတ္ျပီး အရည္ညွစ္ကာ အမာရြတ္ေပၚကိုလိ္မ္းေပးပါ။

-၁၅ မိနစ္ၾကာတာနဲ့ ေရေဆးခ်ပါ။

-တစ္ေန့ ၃ၾကိမ္မွ ၄ၾကိမ္ထိလုပ္ေပးႏိုင္ပါတယ္။(ဒါေပမယ့္ လုပ္ျပီးတိုင္း အသားအေရကို အစိုျပန္ခရင္မ္ လိမ္းေပးပါ။)
နည္းလမ္း ၄။ ။ရွားေစာင္းလက္ပက္

စြယ္စံုအသံုး၀င္တဲ့ ရွားေစာင္းလက္ပက္အနွစ္က အေရျပားေရာင္ယမ္းမႈကို ကာကြယ္ေပးျပီး၊ ယားယံမႈကိုေလ်ာ့က်ေစတဲ့အျပင္ အမာရြတ္ကို သက္သာေပ်ာက္ကင္းေစျပီး ဆဲလ္အသစ္ေတြျပန္လည္တည္ေဆာက္ေပးပါတယ္။

ျပဳလုပ္ပံု

-သဘာ၀ရွားေစာင္းလက္ပက္ အနွစ္ကို အမာရြတ္ေပၚလိမ္းေပးပါ။

-ေရေဆးခ်စရာ လံုး၀မလိုပါ။

​-တစ္ေန့ ၂ၾကိမ္က ၃ၾကိမ္ထိ လိမ္းေပးပါ။
အခုေဖာ္ျပထားတဲ့ နည္းလမ္းေလးေတြဟာ အခက္အခဲမရွိ အလြယ္တကူရရွိနိုင္တဲ့ သဘာ၀ပစၥည္းေလးေတြနဲ့ျပဳလုပ္ရတာမို့ ေယာင္းေယာင္းတို့ ေပ်ာ္သြားမယ္လို့ ယံုၾကည္မိပါတယ္။ေလာဘေတြစြတ္တက္ျပီး နည္းလမ္းေတြ အားလံုးတစ္ထိုင္တည္း လုပ္စရာမလိုဘူးေနာ္။ ကိုယ္အဆင္ေျပမယ့္နည္းလမ္းေလးကိုသာ အပ်င္းမၾကီးပဲ ဂရုတစိုက္လုပ္ေပးလိုက္ပါ။ တစ္ပတ္တည္းနဲ့ သိသာေစရမယ္။

တျခားသူေတြသိရေအာင္ လက္ဆင့္ကမ္းမွ်ေ၀ေပးပါလို့ အမွာေတာ္ပါးပါရေစ။
credit....
 Unicode

အမာရွတ်ဆိုတာ အလှတရားရဲ့ အကြီးမားဆုံးရန်သူ၊ အထူးသဖြင့် ယောင်းယောင်းတို့လို့ မိန်းမချောလေးတွေကို လှလှပပ ဝတ်မရအောင် ခြောက်လှန့်နေတဲ့ သရဲကောင်ကြီးပါ။ လက်ပြတ်က ဝတ်ချင်ပေမယ့် လက်မောင်းမှာ အမာရွတ်ရှိနေလို့ လက်ပြတ်ဆို ဝေါင်ဝေါင်းရှေးနေရတာက တစ်ကြောင်း၊ ကိုရီးယားမလေးတွေကို အားကျလို့ စကတ်တို ဝတ်မယ်ကြံမှ အမာရွတ်ကြီးပြေးမြင်မိလို့ မဝယ်ဖြစ်တော့တာက တစ်ကြောင်း ကြာလာတော့ လူပါစိတ်ညစ်လာပြီဆိုသူတွေ အတွက် For Her Myanmarက သတင်းကောင်းလေးမျှဝေပေးပါရစေနော်။ နည်းလမ်းလေးတွေကတော့…

နည်းလမ်း ၁။ ။ပျားရည်နှင့် မုန့်ဖုတ်ဆိုဒါ

ပျားရည်က အမာရွတ်တွေသာမကပဲ အနာကိုပါသက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါဆိုသည်မှာလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွတ်လာစေပါတယ်။

ပြုလုပ်ပုံ

-ပျားရည် ၁ဇွန်းနှင့် မုန့်ဖုတ်ဆိုဒါ ၁ဇွန်းကို ရောမွှေလိုက်ပါ။

-အမာရွတ်ပေါ်လိမ်းပေးပြီး ၃မိနစ်မှ ၅မိနစ်ထိထားပါ။

-တဘက်အသေးတစ်ထည်ကို ရေနွေးပူစွတ်ပြီး အမာရွတ်ပေါ်မှာ အုံထားပေးပါ။

-အေးသွားပြီဆိုရင် အဲ့ဒီ့တဘက်နဲ့ပဲ အမာရွတ်ကို သုတ်ပစ်ပါ။

-တစ်ရက် ၂ ကြိမ် လုပ်ပေးပါ။
နည်းလမ်း ၂။ ။ သံပုရာသီး

သံပုရာသီးထဲမှာ Alpha Hydroxyl လို့ခေါ်တဲ့အက်စစ်ကြွယ်ဝတဲ့အတွက် ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အမာရွတ်ကို ဖျော့တော့လာစေပါတယ်။

ပြုလုပ်ပုံ

-ပထမဦးဆုံး အမာရွတ်ရှိတဲ့နေရာကို သန့်ရှင်းအောင်လုပ်ပါ။

-သံပုရာသီးကို အရည်ညှစ်ပြီး ဂွမ်းနှင့်ဆွတ်ပြီး အမာရွတ်ပေါ်မှာသုတ်ပေးပါ။

-ဆယ်မိနစ်လောက်ထားပြီးတာနဲ့ ရေဆေးချလိုက်ပါ။

-အစိုပြန်ခရင်မ်( moisturizer) တစ်ခုခုလိမ်းပေးပါ။

-တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်ထိ လိမ်းပေးလို့ရပါတယ်။
နည်းလမ်း ၃။ ။ ကြက်သွန်နီ

ကြက်သွန်နီက အသားအရေ ရောင်ယမ်းမှုကို ကာကွယ်ပေးပြီ အနာအဆာကင်းတဲ့ အသားအရေကို ရရှိစေပါတယ်။

ပြုလုပ်ပုံ

-ကြက်သွန်နီကို ကြိတ်ပြီး အရည်ညှစ်ကာ အမာရွတ်ပေါ်ကိုလိ်မ်းပေးပါ။

-၁၅ မိနစ်ကြာတာနဲ့ ရေဆေးချပါ။

-တစ်နေ့ ၃ကြိမ်မှ ၄ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။(ဒါပေမယ့် လုပ်ပြီးတိုင်း အသားအရေကို အစိုပြန်ခရင်မ် လိမ်းပေးပါ။)
နည်းလမ်း ၄။ ။ရှားစောင်းလက်ပက်

စွယ်စုံအသုံးဝင်တဲ့ ရှားစောင်းလက်ပက်အနှစ်က အရေပြားရောင်ယမ်းမှုကို ကာကွယ်ပေးပြီး၊ ယားယံမှုကိုလျော့ကျစေတဲ့အပြင် အမာရွတ်ကို သက်သာပျောက်ကင်းစေပြီး ဆဲလ်အသစ်တွေပြန်လည်တည်ဆောက်ပေးပါတယ်။

ပြုလုပ်ပုံ

-သဘာဝရှားစောင်းလက်ပက် အနှစ်ကို အမာရွတ်ပေါ်လိမ်းပေးပါ။

-ရေဆေးချစရာ လုံးဝမလိုပါ။

​-တစ်နေ့ ၂ကြိမ်က ၃ကြိမ်ထိ လိမ်းပေးပါ။
အခုဖော်ပြထားတဲ့ နည်းလမ်းလေးတွေဟာ အခက်အခဲမရှိ အလွယ်တကူရရှိနိုင်တဲ့ သဘာဝပစ္စည်းလေးတွေနဲ့ပြုလုပ်ရတာမို့ ယောင်းယောင်းတို့ ပျော်သွားမယ်လို့ ယုံကြည်မိပါတယ်။လောဘတွေစွတ်တက်ပြီး နည်းလမ်းတွေ အားလုံးတစ်ထိုင်တည်း လုပ်စရာမလိုဘူးနော်။ ကိုယ်အဆင်ပြေမယ့်နည်းလမ်းလေးကိုသာ အပျင်းမကြီးပဲ ဂရုတစိုက်လုပ်ပေးလိုက်ပါ။ တစ်ပတ်တည်းနဲ့ သိသာစေရမယ်။

တခြားသူတွေသိရအောင် လက်ဆင့်ကမ်းမျှဝေပေးပါလို့ အမှာတော်ပါးပါရစေ။
credit....

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...