အသက်ပြည့်မှ ကြည့်ရမယ့် မိန်းမတို့ရဲ့ အိပ်ယာပေါ်က ကိစ္စများ










Verte (For Her Myanmar)
=======
 Unicode
အမျိုးသမီးတိုင်းဟာ ကိုယ်လက်နှီးနှောမှုရှိဖို့ လိုအပ်ပါတယ်။ ဘယ်နှကြိမ်လိုအပ်လဲဆိုတာရော သင်သိပါသလား။

လူရယ်လို့ဖြစ်လာရင် လိင်ကိစ္စက ရှောင်လွှဲနိုင်ဖို့ခက်ပါတယ်။ လိင်မှုကိစ္စဆိုတဲ့ ဝေါဟာရက မိမိရဲ့ တစ်ကိုယ်ရည်ဆန္ဒ တစ်ခုတည်း ဆိုတာထက် အများကြီး ပိုပါတယ်။

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ တချို့သော ဟော်မုန်းများမှာ လိင်မှုကိစ္စပြုနေစဉ် အတောအတွင်းမှာပဲ ထွက်တတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်က ကြည့်ပြန်ရင်လည်း လိုအပ်ပါတယ်။ ပုံမှန်သင့်တော်ရုံအကြိမ်အရေအတွက် ရှိရင်ဘဲ လုံလောက်ပါပြီ။ လိင်မှုကိစ္စဆိုတာနဲ့ပဲ အချိန်နဲ့အမျှ ခေါင်းထဲရှိစရာမလိုတာကိုတော့ သတိပြုပါ။

ပျိုမေတို့ဟာ မိန်းကလေးများဖြစ်လို့ လိင်မှုကိစ္စနဲ့ ပတ်သက်ရင် မပွင့်လင်းတတ်ကြပါဘူး။ ရှက်သလို ကြောက်သလို ဖြစ်တာထက် ဒါဟာ မပြောသင့်တဲ့ကိစ္စရပ်လို့ပဲ ထင်ကြပါတယ်။ ယဉ်ကျေးမှု ဓလေ့အရလည်း ပါတာပေါ့။ ဒါပေမယ့် သိသင့်သိထိုက်တာတွေ သိထားမှ ကြိုတင်ကာကွယ်ပြီး ရှောင်သင့်တာ ရှောင်နိုင်မှာပါ။

လိင်မှုကိစ္စကို နေ့တိုင်းပြုကြတဲ့ စုံတွဲတွေဟာ တစ်ပတ်မှာ တစ်ကြိမ်လောက်သာ ပြုကြတဲ့ စုံတွဲတွေထက် ပိုမိုပျော်ရွှင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် နေ့တိုင်း မလုပ်နိုင်လည်း ကိစ္စမရှိပါဘူး။ အကြိမ်အရေအတွက်များမှလည်း ပျော်ရွှင်တဲ့စုံတွဲ ဖြစ်တာမဟုတ်ပါဘူး။  တစ်ဦးကိုတစ်ဦး ရင်းနှီးချစ်ခင်မှုပိုမို မြင့်မားလာတာကြောင့် ဖြစ်ပါတယ်။

အိမ်ထောင်သည်တွေမှာတော့ ပုံမှန်ဆက်ဆံမှုရှိသင့်ပါတယ်။

၁၈ – ၂၉ နှစ်အတွင်း အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၁၁၂ ကြိမ် လိင်ဆက်ဆံမှုရှိသင့်ပါတယ်။

၃၀ – ၃၉ နှစ် အတွင်း အမျိုးသမီးတွေက တစ်နှစ်မှာ ၈၆ ကြိမ်/ ၄၀ – ၄၉ နှစ်အတွင်း အမျိုးသမီးတွေကတော့ တစ်နှစ်ကို ၆၉ ကြိမ် ပြုလုပ်ပေးသင့်ပါတယ်။ ဒါတွေဟာ ပျမ်းမျှ ရှိသင့်တဲ့ အကြိမ်အရေအတွက်ဖြစ်ပါတယ်။ ပိုသွားလိုသွားလို့လည်း ကိစ္စတော့မရှိပါဘူး။

ကျန်းမာရေးအရ ရှိသင့်တဲ့ ပြုလုပ်သင့်တဲ့ နှုန်းထားသာ ဖြစ်ပါတယ်။

Verte (For Her Myanmar)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...