သင္ဘယ္ေန့မွာ ဘာျဖစ္မွာလဲဆုိတာကို တြက္ခ်က္လုိ့ရတဲ့နည္း...!



ကြ်န္ေတာ္တို႔ ဂဏန္းေဗဒင္ပညာမွာ ဘယ္ေန႔ကို ဘာျဖစ္မယ္ဆိုတာကို တြက္လို႔ရတဲ့ တြက္နည္း ရွိပါတယ္။ ဟိုတစ္ေန႔က အြန္းလိုင္းမိတ္ေဆြ တစ္ေယာက္နဲ႔ စကားေျပာျဖစ္ေတာ့ သူက ကြ်န္ေတာ့္ကို ဒီလို ေျပာပါတယ္။

ဆရာတဲ့ အဘမင္းသိခၤ မရွိေတာ့ေပမယ့္ ဆရာႀကီးရဲ့ ပညာရပ္ေတြကို အခုလို ျဖန္႔ေ၀ေပးတာ
 ေက်းဇူးပါပဲတဲ့။ ကြ်န္ေတာ္တို႔က အဘမင္းသိခၤရဲ့ အေ၀းေရာက္ တပည့္ေတြဆို မမွားပါဘူးတဲ့။ ဆရာႀကီး မင္းသိခၤရဲ့ စာအုပ္ေတြဆို မလြတ္တမ္းဖတ္တယ္တဲ့။ စာအုပ္ထဲမွာ ပါတဲ့ ေဗဒင္တြက္နည္းေတြဆို အၿမဲတမ္းေလ့က်င့္ၿပီး တြက္ေနၾကတဲ့။ မိတ္ ေဆြေတြ အမေတြဆိုလည္း တြက္ခိုင္းလို႔ အၿမဲတမ္း တြက္ေပးေနၾကတဲ့။

အဲဒီမွာ ကြ်န္ေတာ္တို႔ အားလံုးအတြက္ အရမ္းမွန္ကန္တဲ့ ေဗဒင္တြက္နည္း တစ္ခုရွိတယ္။ ဂဏန္းေဗဒင္ တြက္နည္းပါဆရာ။ ဆရာေတာ့ သိမလား မသိဘူး။ ေရာက္ဆဲ ရက္ လ ခုႏွစ္ထဲက ကိုယ့္ရဲ့ ေမြးရက္ ေမြးလ ေမြးခုႏွစ္ကို ႏွဳတ္။ တစ္ခုထဲ ရေအာင္ေပါင္းတယ္။ ရတဲ့ ဂဏန္းကို ၾကည့္ၿပီး ဒီေန႔က ေကာင္းတယ္ မေကာင္းဘူး။ ဘာျဖစ္ႏိုင္တယ္ ဆိုတာကို တြက္ယူလို႔ရတဲ့ နည္းေလးပါ။ ဆရာ သိတယ္ မဟုတ္လားဆိုေတာ့..

ကြ်န္ေတာ္ကလည္း သိတာေပါ့ဗ်ာ။ ကြ်န္ေတာ့္ရဲ့ ဘ၀မွာ အရမ္းအေရးႀကီးတဲ့ ကိစၥေတြဆိုရင္ ဒီနည္းနဲ႔ပဲ တြက္ၾကည့္ၿပီး လုပ္ေနၾကေပါ့လို႔ ျပန္ေျပာလိုက္တယ္။ အဲဒီေတာ့ သူကလည္း အရမ္းမွန္တာပဲ ဆရာရယ္တဲ့။ ကြ်န္ေတာ္ဆိုရင္ အဲဒီနည္းနဲ႔ တြက္ၾကည့္လို႔ မေကာင္းဘူးဆိုရင္ ဘာအလုပ္မွ မလုပ္ေတာ့ဘူးတဲ။ အဲဒါနဲ႔ ကြ်န္ေတာ္လည္း စိတ္ကူးတစ္ခုရတယ္။ ကြ်န္ေတာ့္ရဲ့ ဆိုက္ကို လာေရာက္လည္ပတ္ၾကတဲ့ မိတ္ေဆြေတြ အတြက္ ဒီဏန္းေဗဒင္ တြက္နည္းေလး တင္ရရင္ ေကာင္းမွာပဲဆိုတဲ့ ျဖဴစင္ေသာႏွလံုးျဖင့္ ဒီပို႔ေလးကို တင္လိုက္တာ ျဖစ္ပါေၾကာင္း.......
တြက္နည္းကေတာ့ လြယ္ပါတယ္။ ေရာက္ဆဲ ခုလရက္ထဲကေန မိမိရဲ့ ေမြးရက္ ေမြးလ ေမြးသကၠရာဇ္ကို ႏွဳတ္။ တစ္လံုးထဲ ရေအာင္ေပါင္းေပါ့။ ေအာက္မွာ တစ္ကေန ကိုးအထိ ဘာဂဏန္းရရင္ ဘာျဖစ္မယ္ဆိုတာကို အတိအက် ေရးထားတဲ့ ေဟာကိန္းေတြ ပါပါတယ္။ အားလံုးေသာသူမ်ား ေက်နပ္ ေပ်ာ္ရႊင္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္ပါတယ္ဗ်ာ။

(၁)-ဂဏန္းက်ေသာေန႔
အႀကံအစည္သစ္ေတြ၊ လုပ္ငန္းသစ္ေတြ၊ အေတြ႕အႀကံဳသစ္ေတြ ေရာက္လာလိမ့္မယ္။ အိပ္ယာကႏိုးၿပီး မ်က္လံုး ႏွစ္လံုး ပြင့္ကတည္းက ငါ တစ္ခုခုေတာ့ ရေတာ့မွာပဲလို႔ စိတ္မွာ ပိုက္ထားပါ။ မုခ် တစ္ခုခု ရရွိပါလိမ့္မည္။

(၂)-ဂဏန္းက်ေသာေန႔
ဒီေန႔ဟာ ဘယ္သူေတြ ဘာပဲျဖစ္ျဖစ္ ကိုယ္ကၾကားကေနၿပီး ၀င္ၿပီး ျဖန္ေျဖေပးရတတ္တယ္။ ေ၀းကြာေနတဲ့ လူႏွစ္ေယာက္အတြက္ ကိုယ္က ဆက္သြယ္ေပးရတတ္တယ္။ ဒီေန႔ဟာ ဘယ္လို အေၾကာင္းအရာေတြပဲ ေျပာေျပာ ကိုယ္ေျပာသမွ်ကို ဘယ္သူကမွ မဟုတ္ဘူးလို႔ မေျပာပဲ လက္ခံ၇မယ့္ ေန႔ျဖစ္တယ္။ အမွန္ကေတာ့ ဒီေန႔ဟာ ႏွစ္ဦးႏွစ္ဖက္ အုပ္စုႏွစ္ခုကို ေျပေျပလည္လည္ ျဖစ္သြားေအာင္ ဖ်န္႔ေျဖေပးရတဲ့ ေန႔မ်ိဳးပဲ။ ၿပီးေတာ့ ဘာကိုုပဲ လုပ္လုပ္ ကံတရားက ကိုယ့္ကို မ်က္ႏွာသာေပးတဲ့ေန႔မ်ိဳး ျဖစ္တယ္။

(၃)-ဂဏန္းက်ေသာေန႔
ဒီေန႔ဟာ အူျမဴးတဲ့ေန႔ ျဖစ္တယ္။ ေဘးက ကိုယ့္ကို ၾကည့္ေနတဲ့ လူေတြေတာင္ အူျမဴးလွခ်ဥ္လားလို႔ ေျပာရ ေလာက္ေအာင္ အူျမဴးေနတတ္တယ္။ ပြဲလမ္းသဘင္ ေပ်ာ္ပြဲ ရႊင္ပြဲ ၾကည့္ျဖစ္မယ္။ ေပ်ာ္ပြဲစား အဖြဲနဲ႕ ပါသြားရ တတ္တယ္။ အေပ်ာ္က်ဴးတဲ့ေန႔တစ္ေန႔ ကံေကာင္းတဲ့ ေန႔တစ္ေန႔ လုပ္ခ်င္တာ ရဲရဲသာ လုပ္ပါ။

(၄)-ဂဏန္းက်ေသာေန
ဒီေန႔ကေတာ့ ေလးေဒါင့္ၿခံခတ္ထားတဲ့ အထဲမွာ ပိတ္မိေနသလို မ်ိဳးပဲ။ စိတ္အိုက္ လူအိုက္ ျဖစ္တတ္တယ္။ အလုပ္ေတြ ပိေနတတ္တယ္။ ထြက္ေပါက္မရွိ ျဖစ္ေနတတ္တယ္။ စိတ္အိုက္စရာေတြ ႀကံဳရတတ္တယ္။

(၅)-ဂဏန္းက်ေသာေန႔
ဒီေန႔ဟာ ဘာပဲလုပ္လုပ္ ရည္ရါယ္ခ်က္ မထားပဲ လုပ္ပါ။ ရည္ရြယ္ခ်က္ေတြ ထားၿပီး ငါဘာလုပ္ရမလဲဆိုရင္ ပ်က္သြားတတ္တယ္။ ခရီးထြက္ခ်င္လည္း ထြက္လိုက္ပါ။ ေရာင္းစရာရွိလည္း ေရာင္းလိုက္ပါ။ ၀ယ္စရာရွိလည္း ၀ယ္ပစ္လိုက္ပါ။ ဘာကိုမွ စီမံခ်က္ခ်ၿပီး မလုပ္မိပါေစႏွင့္။ လုပ္ရင္ အကုန္လြဲမွာပဲ။ ဒီေန႔ဟာ ေမွ်ာ္လင့္ထားတဲ့ ဆီက လာဘ္လာဘ ၀င္မယ္။

(၆)-ဂဏန္းက်ေသာေန႔
ဒီေန႔ဟာ ကိုယ့္အတြက္ အလုပ္ လုပ္ရတာ နည္းတယ္။ သူတစ္ပါးကို ကူညီရတာ မ်ားတယ္။ သူတစ္ပါး အတြက္ အခ်ိန္ ယူၿပီး ကူညီ လုပ္ကိုင္ေပးရတာ မ်ားတယ္။ အဲဒီအတြက္ ပီတိ ျဖစ္ရတတ္တယ္။ ၿပီးေတာ့ လူငယ္ လူရြယ္ေတြ ဆိုရင္ အခ်စ္ေရး ကိစၥေတြ ေပၚမယ္။ ကိုယ္က သူတစ္ပါးကို ကူညီသလို သူတစ္ပါးက ဒီေန႔မွာ ကိုယ့္ကို ထိုက္ထိုက္တန္တန္ ကူညီမယ္။ ဒါေၾကာင့္ ဒီေန႔မွာ ရတဲ့ ရလာဒ္ဟာ ေနာင္အခါမွာ ကိုယ့္ကို ျပန္ၿပီး ေက်းဇူးျပဳလိမ့္မယ္။ ဒါေၾကာင့္ သူတစ္ပါးက ကိုယ့္ကို ဘယ္လို အကူအညီပဲ ေတာင္းေတာင္း ကူညီျဖစ္ေအာင္ ကူညီလိုက္ပါ။ အေရးႀကီးတဲ့ စာခ်ဳပ္စာတမ္းေတြ စာခ်ဳပ္ ခ်ဳပ္မယ္ဆိုရင္ ဒီေန႔ဟာ အေကာင္းဆံုးပဲ။

(၇)-ဂဏန္းက်ေသာေန႔
ဒီေန႔ဟာ ကိုယ့္ဟာကို ပုတီးထိုင္ၿပီး စိပ္ေနရတတ္တယ္။ တရား ထိုင္မိတတ္တယ္။ (သို႔) ကိုယ့္ေခါင္းထဲကို မေမွ်ာ္လင့္ပဲ အေတြးအေခၚေတြ ၀င္လာတတ္တယ္။ ၿပီးေတာ့ ထူးထူးဆန္းဆန္း စကားေတြ သတင္းေတြ ေရာက္လာတတ္တယ္။ အံ့ၾသစရာ ေကာင္းတဲ့ အျဖစ္အပ်က္ေတြ ေတြ႕ႀကံဳရတတ္တယ္။ ၿပီးေတာ့ သြားေလ့ သြားထ မရွိတဲ့ မိတ္ေဆြအိမ္ေတြ အမ်တ္မထင္ ေရာက္သြားတတ္တယ္။ တစ္ႏွစ္မွာ တစ္ခါေလာက္ေတြ႕တဲ့ မိတ္ေဆြမ်ိဳး ေရာက္လာတတ္တယ္။ ၀ါးရွည္နဲ႔ ဇီးျဖဴသီး ခ်က္စားရင္ ေကာင္းမယ္ဆိုတာ သိတယ္။ ဒါေပမယ့္ ခ်က္မစား ျဖစ္ဘူး။ အဲဒီလို ထူးထူးဆန္းဆန္း အစားအေသာက္ေတြလဲ ဒီလိုေန႔မွာ စားျဖစ္တယ္။

(၈)-ဂဏန္းက်ေသာေန႔
အဲဒီေန႔မွာ စိတ္ညစ္စရာေတြ ေၾကကြဲစရာေတြ ေရာက္လာတတ္တယ္။ ဘဝမွာ အေရးႀကီးတဲ့ အေျပာင္းအလဲ ေတြ ဒီလိုေန႔မ်ိဳးမွာ ျဖစ္တတ္တယ္။ ထူးျခားတဲ့ ေလာကီပညာေတြ ဂႏၶာရီအတတ္ေတြ စၿပီး သင္ျဖစ္တယ္။ အိပ္ယာႏိုးကတည္းက စိတ္မွာ ေလးသလို ထင္ေနတတ္တယ္။ ကံေကာင္းတဲ့ေန႔လို႔ မဆိုႏိုင္ဘူး။ အေရးႀကီးတဲ့ အလုပ္ေတြ မလုပ္ျဖစ္ဖို႔ အေရးႀကီးတယ္။

(၉)-ဂဏန္းက်ေသာေန႔
ဒီေန႔ဟာ အေကာင္းဆံုး ေန႔လည္း ျဖစ္ႏိုင္တယ္။ အဆိုးဆံုး ေန႔လည္း ျဖစ္နိုင္တယ္။ ဆံုးျဖတ္ခ်က္ ခက္ခဲတဲ့ ေန႔လည္း ျဖစ္မွာပဲ။ ဘာသာေရး အေၾကာင္းေတြ စကားစပ္မိၿပီး ေျပာျဖစ္တတ္တယ္။ ဒီေန႔ဟာ ဘာသာေရး ႏွင့္ ပါတ္သက္တဲ့ ကိစၥေတြ ေဆာင္ရြက္မိတယ္။ ကိုယ့္အိမ္ကို ဘုရား ဆင္းတုေတာ္ေတြ ရဟႏၲာ ပံုေတာ္ေတြ ေရာက္ လာတတ္တယ္။ ကိုယ္ကလည္း ဘုရားေစတီေတြ သြားျဖစ္တယ္။ ဒီေန႔မွာ တစ္ျခား အလုပ္ေတြ လုပ္မယ့္အစား တန္ခိုးႀကီး ဘုရားကို သြားၿပီၤး ပုတီး စိပ္ေနတာ အေကာင္းဆံုးပဲ။ အိမ္ကိုလည္း ရဟန္း သီလရွင္ေတြ သူေတာ္ေကာင္းေတြ
 ေရာက္လာတတ္တယ္။ ဂႏၶာရီဆရာေတြ ေလာကီပညာရွင္ေတြနဲ႔ ႀကံဳရတတ္တယ္။

သင္တို႔၏အက်ိဳးကိုထာ၀စဥ္လိုလားေသာ.......
Credit:Hein Tint Zaw
=====
Unicode Version
ကျွန်တော်တို့ ဂဏန်းဗေဒင်ပညာမှာ ဘယ်နေ့ကို ဘာဖြစ်မယ်ဆိုတာကို တွက်လို့ရတဲ့ တွက်နည်း ရှိပါတယ်။ ဟိုတစ်နေ့က အွန်းလိုင်းမိတ်ဆွေ တစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက ကျွန်တော့်ကို ဒီလို ပြောပါတယ်။

ဆရာတဲ့ အဘမင်းသိင်္ခ မရှိတော့ပေမယ့် ဆရာကြီးရဲ့ ပညာရပ်တွေကို အခုလို ဖြန့်ဝေပေးတာ

 ကျေးဇူးပါပဲတဲ့။ ကျွန်တော်တို့က အဘမင်းသိင်္ခရဲ့ အဝေးရောက် တပည့်တွေဆို မမှားပါဘူးတဲ့။ ဆရာကြီး မင်းသိင်္ခရဲ့ စာအုပ်တွေဆို မလွတ်တမ်းဖတ်တယ်တဲ့။ စာအုပ်ထဲမှာ ပါတဲ့ ဗေဒင်တွက်နည်းတွေဆို အမြဲတမ်းလေ့ကျင့်ပြီး တွက်နေကြတဲ့။ မိတ် ဆွေတွေ အမတွေဆိုလည်း တွက်ခိုင်းလို့ အမြဲတမ်း တွက်ပေးနေကြတဲ့။

အဲဒီမှာ ကျွန်တော်တို့ အားလုံးအတွက် အရမ်းမှန်ကန်တဲ့ ဗေဒင်တွက်နည်း တစ်ခုရှိတယ်။ ဂဏန်းဗေဒင် တွက်နည်းပါဆရာ။ ဆရာတော့ သိမလား မသိဘူး။ ရောက်ဆဲ ရက် လ ခုနှစ်ထဲက ကိုယ့်ရဲ့ မွေးရက် မွေးလ မွေးခုနှစ်ကို နှုတ်။ တစ်ခုထဲ ရအောင်ပေါင်းတယ်။ ရတဲ့ ဂဏန်းကို ကြည့်ပြီး ဒီနေ့က ကောင်းတယ် မကောင်းဘူး။ ဘာဖြစ်နိုင်တယ် ဆိုတာကို တွက်ယူလို့ရတဲ့ နည်းလေးပါ။ ဆရာ သိတယ် မဟုတ်လားဆိုတော့..

ကျွန်တော်ကလည်း သိတာပေါ့ဗျာ။ ကျွန်တော့်ရဲ့ ဘဝမှာ အရမ်းအရေးကြီးတဲ့ ကိစ္စတွေဆိုရင် ဒီနည်းနဲ့ပဲ တွက်ကြည့်ပြီး လုပ်နေကြပေါ့လို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့ သူကလည်း အရမ်းမှန်တာပဲ ဆရာရယ်တဲ့။ ကျွန်တော်ဆိုရင် အဲဒီနည်းနဲ့ တွက်ကြည့်လို့ မကောင်းဘူးဆိုရင် ဘာအလုပ်မှ မလုပ်တော့ဘူးတဲ။ အဲဒါနဲ့ ကျွန်တော်လည်း စိတ်ကူးတစ်ခုရတယ်။ ကျွန်တော့်ရဲ့ ဆိုက်ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေတွေ အတွက် ဒီဏန်းဗေဒင် တွက်နည်းလေး တင်ရရင် ကောင်းမှာပဲဆိုတဲ့ ဖြူစင်သောနှလုံးဖြင့် ဒီပို့လေးကို တင်လိုက်တာ ဖြစ်ပါကြောင်း.......

တွက်နည်းကတော့ လွယ်ပါတယ်။ ရောက်ဆဲ ခုလရက်ထဲကနေ မိမိရဲ့ မွေးရက် မွေးလ မွေးသက္ကရာဇ်ကို နှုတ်။ တစ်လုံးထဲ ရအောင်ပေါင်းပေါ့။ အောက်မှာ တစ်ကနေ ကိုးအထိ ဘာဂဏန်းရရင် ဘာဖြစ်မယ်ဆိုတာကို အတိအကျ ရေးထားတဲ့ ဟောကိန်းတွေ ပါပါတယ်။ အားလုံးသောသူများ ကျေနပ် ပျော်ရွှင်ကြလိမ့်မည်ဟု မျှော်လင့်ပါတယ်ဗျာ။

(၁)-ဂဏန်းကျသောနေ့
အကြံအစည်သစ်တွေ၊ လုပ်ငန်းသစ်တွေ၊ အတွေ့အကြုံသစ်တွေ ရောက်လာလိမ့်မယ်။ အိပ်ယာကနိုးပြီး မျက်လုံး နှစ်လုံး ပွင့်ကတည်းက ငါ တစ်ခုခုတော့ ရတော့မှာပဲလို့ စိတ်မှာ ပိုက်ထားပါ။ မုချ တစ်ခုခု ရရှိပါလိမ့်မည်။

(၂)-ဂဏန်းကျသောနေ့
ဒီနေ့ဟာ ဘယ်သူတွေ ဘာပဲဖြစ်ဖြစ် ကိုယ်ကကြားကနေပြီး ဝင်ပြီး ဖြန်ဖြေပေးရတတ်တယ်။ ဝေးကွာနေတဲ့ လူနှစ်ယောက်အတွက် ကိုယ်က ဆက်သွယ်ပေးရတတ်တယ်။ ဒီနေ့ဟာ ဘယ်လို အကြောင်းအရာတွေပဲ ပြောပြော ကိုယ်ပြောသမျှကို ဘယ်သူကမှ မဟုတ်ဘူးလို့ မပြောပဲ လက်ခံ၇မယ့် နေ့ဖြစ်တယ်။ အမှန်ကတော့ ဒီနေ့ဟာ နှစ်ဦးနှစ်ဖက် အုပ်စုနှစ်ခုကို ပြေပြေလည်လည် ဖြစ်သွားအောင် ဖျန့်ဖြေပေးရတဲ့ နေ့မျိုးပဲ။ ပြီးတော့ ဘာကိုုပဲ လုပ်လုပ် ကံတရားက ကိုယ့်ကို မျက်နှာသာပေးတဲ့နေ့မျိုး ဖြစ်တယ်။

(၃)-ဂဏန်းကျသောနေ့
ဒီနေ့ဟာ အူမြူးတဲ့နေ့ ဖြစ်တယ်။ ဘေးက ကိုယ့်ကို ကြည့်နေတဲ့ လူတွေတောင် အူမြူးလှချဉ်လားလို့ ပြောရ လောက်အောင် အူမြူးနေတတ်တယ်။ ပွဲလမ်းသဘင် ပျော်ပွဲ ရွှင်ပွဲ ကြည့်ဖြစ်မယ်။ ပျော်ပွဲစား အဖွဲနဲ့ ပါသွားရ တတ်တယ်။ အပျော်ကျူးတဲ့နေ့တစ်နေ့ ကံကောင်းတဲ့ နေ့တစ်နေ့ လုပ်ချင်တာ ရဲရဲသာ လုပ်ပါ။

(၄)-ဂဏန်းကျသောနေ
ဒီနေ့ကတော့ လေးဒေါင့်ခြံခတ်ထားတဲ့ အထဲမှာ ပိတ်မိနေသလို မျိုးပဲ။ စိတ်အိုက် လူအိုက် ဖြစ်တတ်တယ်။ အလုပ်တွေ ပိနေတတ်တယ်။ ထွက်ပေါက်မရှိ ဖြစ်နေတတ်တယ်။ စိတ်အိုက်စရာတွေ ကြုံရတတ်တယ်။

(၅)-ဂဏန်းကျသောနေ့
ဒီနေ့ဟာ ဘာပဲလုပ်လုပ် ရည်ရါယ်ချက် မထားပဲ လုပ်ပါ။ ရည်ရွယ်ချက်တွေ ထားပြီး ငါဘာလုပ်ရမလဲဆိုရင် ပျက်သွားတတ်တယ်။ ခရီးထွက်ချင်လည်း ထွက်လိုက်ပါ။ ရောင်းစရာရှိလည်း ရောင်းလိုက်ပါ။ ဝယ်စရာရှိလည်း ဝယ်ပစ်လိုက်ပါ။ ဘာကိုမှ စီမံချက်ချပြီး မလုပ်မိပါစေနှင့်။ လုပ်ရင် အကုန်လွဲမှာပဲ။ ဒီနေ့ဟာ မျှော်လင့်ထားတဲ့ ဆီက လာဘ်လာဘ ဝင်မယ်။

(၆)-ဂဏန်းကျသောနေ့
ဒီနေ့ဟာ ကိုယ့်အတွက် အလုပ် လုပ်ရတာ နည်းတယ်။ သူတစ်ပါးကို ကူညီရတာ များတယ်။ သူတစ်ပါး အတွက် အချိန် ယူပြီး ကူညီ လုပ်ကိုင်ပေးရတာ များတယ်။ အဲဒီအတွက် ပီတိ ဖြစ်ရတတ်တယ်။ ပြီးတော့ လူငယ် လူရွယ်တွေ ဆိုရင် အချစ်ရေး ကိစ္စတွေ ပေါ်မယ်။ ကိုယ်က သူတစ်ပါးကို ကူညီသလို သူတစ်ပါးက ဒီနေ့မှာ ကိုယ့်ကို ထိုက်ထိုက်တန်တန် ကူညီမယ်။ ဒါကြောင့် ဒီနေ့မှာ ရတဲ့ ရလာဒ်ဟာ နောင်အခါမှာ ကိုယ့်ကို ပြန်ပြီး ကျေးဇူးပြုလိမ့်မယ်။ ဒါကြောင့် သူတစ်ပါးက ကိုယ့်ကို ဘယ်လို အကူအညီပဲ တောင်းတောင်း ကူညီဖြစ်အောင် ကူညီလိုက်ပါ။ အရေးကြီးတဲ့ စာချုပ်စာတမ်းတွေ စာချုပ် ချုပ်မယ်ဆိုရင် ဒီနေ့ဟာ အကောင်းဆုံးပဲ။

(၇)-ဂဏန်းကျသောနေ့
ဒီနေ့ဟာ ကိုယ့်ဟာကို ပုတီးထိုင်ပြီး စိပ်နေရတတ်တယ်။ တရား ထိုင်မိတတ်တယ်။ (သို့) ကိုယ့်ခေါင်းထဲကို မမျှော်လင့်ပဲ အတွေးအခေါ်တွေ ဝင်လာတတ်တယ်။ ပြီးတော့ ထူးထူးဆန်းဆန်း စကားတွေ သတင်းတွေ ရောက်လာတတ်တယ်။ အံ့သြစရာ ကောင်းတဲ့ အဖြစ်အပျက်တွေ တွေ့ကြုံရတတ်တယ်။ ပြီးတော့ သွားလေ့ သွားထ မရှိတဲ့ မိတ်ဆွေအိမ်တွေ အမျတ်မထင် ရောက်သွားတတ်တယ်။ တစ်နှစ်မှာ တစ်ခါလောက်တွေ့တဲ့ မိတ်ဆွေမျိုး ရောက်လာတတ်တယ်။ ဝါးရှည်နဲ့ ဇီးဖြူသီး ချက်စားရင် ကောင်းမယ်ဆိုတာ သိတယ်။ ဒါပေမယ့် ချက်မစား ဖြစ်ဘူး။ အဲဒီလို ထူးထူးဆန်းဆန်း အစားအသောက်တွေလဲ ဒီလိုနေ့မှာ စားဖြစ်တယ်။

(၈)-ဂဏန်းကျသောနေ့
အဲဒီနေ့မှာ စိတ်ညစ်စရာတွေ ကြေကွဲစရာတွေ ရောက်လာတတ်တယ်။ ဘဝမှာ အရေးကြီးတဲ့ အပြောင်းအလဲ တွေ ဒီလိုနေ့မျိုးမှာ ဖြစ်တတ်တယ်။ ထူးခြားတဲ့ လောကီပညာတွေ ဂန္ဓာရီအတတ်တွေ စပြီး သင်ဖြစ်တယ်။ အိပ်ယာနိုးကတည်းက စိတ်မှာ လေးသလို ထင်နေတတ်တယ်။ ကံကောင်းတဲ့နေ့လို့ မဆိုနိုင်ဘူး။ အရေးကြီးတဲ့ အလုပ်တွေ မလုပ်ဖြစ်ဖို့ အရေးကြီးတယ်။

(၉)-ဂဏန်းကျသောနေ့
ဒီနေ့ဟာ အကောင်းဆုံး နေ့လည်း ဖြစ်နိုင်တယ်။ အဆိုးဆုံး နေ့လည်း ဖြစ်နိုင်တယ်။ ဆုံးဖြတ်ချက် ခက်ခဲတဲ့ နေ့လည်း ဖြစ်မှာပဲ။ ဘာသာရေး အကြောင်းတွေ စကားစပ်မိပြီး ပြောဖြစ်တတ်တယ်။ ဒီနေ့ဟာ ဘာသာရေး နှင့် ပါတ်သက်တဲ့ ကိစ္စတွေ ဆောင်ရွက်မိတယ်။ ကိုယ့်အိမ်ကို ဘုရား ဆင်းတုတော်တွေ ရဟန္တာ ပုံတော်တွေ ရောက် လာတတ်တယ်။ ကိုယ်ကလည်း ဘုရားစေတီတွေ သွားဖြစ်တယ်။ ဒီနေ့မှာ တစ်ခြား အလုပ်တွေ လုပ်မယ့်အစား တန်ခိုးကြီး ဘုရားကို သွားပြီၤး ပုတီး စိပ်နေတာ အကောင်းဆုံးပဲ။ အိမ်ကိုလည်း ရဟန်း သီလရှင်တွေ သူတော်ကောင်းတွေ

 ရောက်လာတတ်တယ်။ ဂန္ဓာရီဆရာတွေ လောကီပညာရှင်တွေနဲ့ ကြုံရတတ်တယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော.......
Credit:Hein Tint Zaw

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...