ခိုးရာလိုက္ေျပးရာမွ လေပါင္းသံုးဆယ္ေက်ာ္ အခန္းတြင္း ပိတ္ေလွာင္ခံခဲ့ရသူ

‘‘ညီမကို သုံးႏွစ္ေလာက္ အခန္းထဲမွာ ပိတ္ၿပီးထားတဲ့ဘဝကို စာနာေစခ်င္တယ္။ ညီမလို ေနာက္ထပ္ မိန္းကေလးေတြလည္း အခုလို မျဖစ္ေစခ်င္တဲ့အတြက္ ညီမကေတာ့ ဥပေဒအတိုင္း လုပ္ေဆာင္သြားမွာပါ’’
 မိန္းကေလးငယ္တစ္ဦးကို ခိုးေျပးၿပီးေနာက္ သံုးႏွစ္ခန္႔ (၂ ႏွစ္ႏွင့္ ၈လ) ၾကာ ေနအိမ္တြင္ ေသာ့ခတ္ ပိတ္ေလွာင္ထားၿပီး ေပါင္းသင္း ဆက္ဆံကာ လက္ထပ္ယူရန္ ျငင္းဆုိခဲ့သည္ဆိုေသာ အမ်ိဳးသားတစ္ဦးကိုဗဟန္းရဲစခန္း၌ အမႈဖြင့္ထားသည္။

လြန္ခဲ့ေသာသံုးႏွစ္က အ သက္(၁၈) ႏွစ္အရြယ္ မသီရိ ေအာင္တင္သည္ ၎၏ရည္းစား ကိုေအာင္ထြန္းဟိန္း (၂၇)ႏွစ္ႏွင့္ ခိုးရာလိုက္ေျပးခဲ့သည္။ ခိုးယူၿပီး ေနာက္ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ Proart ေဆာက္လုပ္ေရးႏွင့္ အိမ္ တြင္းအလွဆင္႐ံုးခန္း၌ ထားရွိ ၿပီးေနာက္ ေရႊျပည္သာ၊ လွည္း ကူး၊ လွည္းတန္း၊ ဘုရင့္ေနာင္ရွိ ေနအိမ္တိုက္ခန္းမ်ားသို႔ ေျပာင္း ေရႊ႕ေနထိုင္ခဲ့ရေၾကာင္း မသီရိ ေအာင္တင္ကေျပာသည္။ မသီရိ ေအာင္တင္၏ အေမသည္ သမီး ေပ်ာက္ဆံုးသြားျခင္းအတြက္ ရဲ စခန္းသို႔ တုိင္ၾကားေသာ္လည္း သံုးႏွစ္ၾကာသည္အထိ သမီးကို ရွာမေတြ႕ေခ်။


၂၀၁၄  ဇြန္လက ေပ်ာက္သြားေသာ သမီးကို ယခု ၂၀၁၇ ေဖေဖာ္၀ါရီ ၁၀ရက္တြင္ျပန္ေတြ႕ခဲ့သည္။

ျပန္ေတြ႕ေသာ အခ်ိန္တြင္ သမီးျဖစ္သူသည္ေပ်ာက္ဆံုးသြား သည့္အခ်ိန္ကႏွင့္မတူဘဲ ခႏၶာ ကိုယ္မွာ ပိန္လွီေနၿပီး မတ္တတ္ ပင္မရပ္ႏိုင္ေၾကာင္း၊ အသား အေရာင္မွာ ျဖဴေဖ်ာ့ေနေၾကာင္း၊ ေနထိပင္ မခံႏိုင္ခဲ့ေၾကာင္း 7Day Daily သတင္းစာအား ေျပာ သည္။ သားအမိျပန္ေတြ႕ေသာ အခါ မသီရိေအာင္တင္ကိုေဆး႐ံု တင္ကာ ေဆးသြင္းရၿပီး ေဆးစာ မ်ားအရ ၎၏ကိုယ္အေလးခ်ိန္ မွာ 33 ကီလိုဂရမ္ (၇၃ ေပါင္) သာ ရွိသည္။

မသီရိေအာင္တင္က ၎၏ ခ်စ္သူသည္ တရား၀င္လက္ ထပ္မည္ဟု ေျပာဆိုကာ ခိုးေျပး ၿပီးေနာက္ ေနအိမ္တစ္အိမ္ၿပီးတစ္ အိမ္ေျပာင္းလဲ၍ ေသာ့ခတ္ပိတ္ ေလွာင္ထားခဲ့ေၾကာင္း ေျပာသည္။ ေနာက္ပိုင္းတြင္ အတင္းအဓမၼ လိင္ဆက္ဆံျခင္းမ်ားလည္းျပဳခဲ့ ေၾကာင္း ေျပာၾကားသည္။ ၎ကဲ့ သို႔ အျခားမိန္းကေလးမ်ားအယံု မလြယ္ရန္ 7Day Daily သတင္း စာသို႔ ေျဖၾကားျခင္းျဖစ္ေၾကာင္း ရွင္းျပသည္။

 ယခု ျပစ္မႈက်ဴးလြန္သူဟု စြပ္စြဲခံထားရေသာ ေအာင္ထြန္း ဟိန္း (ခ) ႐ိႈ႕တီကိုေဖေဖာ္၀ါရီ ၂၀ ရက္တြင္ ဗဟန္းရဲစခန္း၌ ၁၀ရက္(သို႔မဟုတ္) ဆယ္ရက္ထက္ပို၍ ခ်ဳပ္ေႏွာင္ထားမႈအတြက္ ပုဒ္မ ၃၄၄ ၊ မိန္းမခိုးယူမႈ (သို႔မဟုတ္)ေသြးေဆာင္ေခၚယူမႈ (သို႔မဟုတ္)ေသြးေဆာင္မႈပုဒ္မ ၃၆၆ ျဖင့္ဖမ္းဆီး အမႈဖြင့္စစ္ေဆးေနသည္။

မသီရိေအာင္တင္ႏွင့္ ၎၏ မိခင္ ေဒၚသန္းသန္း၀င္းတို႔အား 7Day Daily သတင္းစာကေတြ႕ဆံု ေမးျမန္းထားသည္မ်ားကို ေဖာ္ျပ လိုက္ပါသည္။

ညီမခ်စ္ႀကိဳက္ခဲ့တဲ့ အမ်ိဳးသား ကို ဘယ္လိုစၿပီးသိခဲ့လဲ။

ကြၽန္မနဲ႔သူ ၂၀၁၄ က အင္း လ်ားျပည္လမ္းမ႑ပ္တစ္ခုမွာစၿပီးေတြ႕ခဲ့တယ္။ သူနဲ႔သႀကၤန္အတြင္းမွာပဲ ခ်စ္သူရည္းစားေတြျဖစ္ခဲ့တာပါ။ အဲဒီတုန္းက ညီမအသက္က (၁၈) ႏွစ္ေလာက္ရွိေနပါၿပီ။ အႏုပညာသင္တန္းကို (စကား၀ါ)မွာ တက္ေနတယ္။ ေက်ာင္းတက္ေနတာလည္း ဆယ္တန္းပဲေရာက္ပါ ေသးတယ္။ အခု အသက္ (၂၁) ႏွစ္ရွိေနပါၿပီ။

ခ်စ္ႀကိဳက္ၿပီး ဘယ္ႏွလေလာက္ မွာညီမနဲ႔သူ ခိုးေျပးၾကတာလဲ။
 ႏွစ္လေလာက္အၾကာမွာ အိမ္ကလူေတြ ရည္းစားထားတာ ရိပ္မိေနၿပီလားမသိဘူးလို႔ ဖုန္း ဆက္ေျပာမိတယ္။ သူကလည္း ဖုန္းဆက္ၿပီး ဒါဆိုရင္ အိမ္အျပင္ ထြက္လာခဲ့။ သူကားနဲ႔လာေခၚ မယ္ဆိုေတာ့အိမ္နဲ႔ေလးလမ္း ေလာက္အကြာမွာ သြားေစာင့္ေန တယ္။ သူကိုယ္တိုင္သူ႔ကားနဲ႔လာ ေခၚၿပီး စမ္းေခ်ာင္းက သူတို႔ဖြင့္ ထားတဲ့႐ံုးခန္းကိုေခၚသြားတယ္။ အိမ္ကိုေတာ့ ဘာစာမွ ေရးမထား ဘဲ ဒီအတိုင္း ထြက္လာခဲ့တာပါ။

ညီမကိုသူက ဘယ္လိုကတိေတြ ေပးၿပီးေပါင္းသင္းဆက္ဆံခဲ့တာ လဲ။
သူနဲ႔စမ္းေခ်ာင္းက႐ံုးခန္းမွာ အတူေနေပမယ့္ ညဥ့္နက္ရင္ သူ က အိမ္ျပန္သြားတယ္။ ညီမကို ေတာ့အျပင္ကေန အခန္းတံခါးကို ေသာ့ပိတ္ၿပီးထားခဲ့တယ္။ သူ႔ကို ဘယ္ေတာ့ လက္ထပ္မွာလဲေမး ရင္ အဆင္မေျပေသးလို႔ပါ၊ မိဘ ေတြမေျပာရေသးဘူး။ ဒီလိုေတြ ေျပာၿပီးအခ်ိန္ေတြ ၾကာလာတာ ပါ။

ညီမက အခ်ိန္ေတြၾကာလာေတာ့ အိမ္ကို ဖုန္းဆက္ဖို႔မႀကိဳးစားဘူး လား။
သူနဲ႔အတူလိုက္သြားၿပီးက တည္းက ညီမဖုန္းကို သူယူထား ပါတယ္။ ဖုန္းထဲက နံပါတ္ေတြ ကိုလည္း အကုန္ဖ်က္ပစ္ထား တယ္။ ညီမတယ္လီဖုန္းကိုျပန္ၿပီး ေပးကိုင္တာလည္း လပိုင္းေလာက္ ပဲရွိပါေသးတယ္။ ဖုန္းနံပါတ္ အ ေတာ္မ်ားမ်ားကိုလည္းမမွတ္မိ ေတာ့ဘူး။

တစ္ေနရာကေန တစ္ေနရာ အ ခန္းေတြေျပာင္းရင္ ဘယ္လို ေျပာင္းေပးလဲ။
စမ္းေခ်ာင္းကေန ငါးရက္ ေလာက္အၾကာမွာ ေရႊျပည္သာ မွာရွိတဲ့ စစ္တပ္အရာရွိရိပ္သာကို ေျပာင္းေပးတယ္။ အဲဒီမွာသူ႔႐ံုးက စာေရးမနဲ႔ ကေလးမေလးတစ္ ေယာက္ေနတယ္။ သူတို႔မနက္႐ံုး နဲ႔ေက်ာင္းသြားရင္ အခန္းတံခါး ေတြပိတ္ၿပီးသြားတယ္။ ညေနျပန္ လာရင္္ေတာ့ တံခါးေတြဖြင့္ထား တယ္။ စကားလည္းအမ်ားႀကီး မ ေျပာျဖစ္ဘူး။ သူကေတာ့ ႏွစ္ပတ္ တစ္ခါလာတယ္။ ၿပီးရင္ဟိုတယ္ မွာ ညအိပ္ၿပီး ေနာက္ေန႔မနက္ မွာ ျပန္ပို႔တယ္။ ကားစီးရင္ေတာ့ အၿမဲတမ္းေနာက္ခံုမွာ အိပ္ၿပီးစီးရ တယ္။ ေမးလိုက္ရင္လည္း အျပင္ ကသူေတြသိၿပီးအိမ္ကိုလွမ္းေျပာ မွာစိုးလို႔ေျပာတယ္။

ညီမကို သူကဘယ္လိုေတြေျပာဆို ေလ့ရွိလဲ။
သူ႔ကို ဘယ္ေတာ့လက္ထပ္ မွာလဲေမးရင္ေတာ့ အဆင္မေျပ ေသးလို႔ ခဏေစာင့္ပါဦးေျပာ တယ္။ ညီမကိုေတာ့ အျပင္မ ထြက္နဲ႔အခန္းထဲမွာပဲေနအိမ္က သူေတြရွာေနတယ္။ အိမ္ကသူ ေတြသိသြားရင္ နင့္္ကိုသတ္လိမ့္ မယ္ေျပာတယ္။ ေျပာရရင္ညီမ လည္း အိမ္ျပန္ခ်င္ေပမယ့္ အိမ္ ကေနဒီအတိုင္းထြက္လာတဲ့အ တြက္ မျပန္ရဲတာလည္းပါပါ တယ္။ စားေသာက္စရာအတြက္ ကေတာ့ တစ္ခါတေလ သူခိုင္း တဲ့သူေတြက လာပို႔တာရွိတယ္။ အမ်ားအားျဖင့္ ဆန္နဲ႔ၾကက္ဥပဲ အခန္းမွာစားရတာမ်ားပါတယ္။

ဘယ္လိုပံုစံမ်ိဳးနဲ႔ ညီမကိုထားတာ လဲ။
ညီမကိုေရႊျပည္သာတပ္ထဲ မွာ သံုးလေလာက္ထားၿပီးေတာ့ လွည္းကူးက ႏွစ္ထပ္အိမ္ကိုပို႔ တယ္။ အိမ္မေျပာင္းခင္မွာတျခား  တစ္ေနရာမွာေနဖို႔အတြက္ အ ဆင္သင့္လုပ္ထားၿပီးသားပါ။ အဲ ဒီအိမ္မွာလည္း သူ႔သူငယ္ခ်င္း လင္မယားက ေအာက္မွာေနပါ တယ္။ ညီမကိုေတာ့ အေပၚထပ္ မွာ တစ္ေယာက္တည္းထား တယ္။ စကားေျပာတာဆိုတာေတြ သိပ္မရွိပါဘူး။ သူကေတာ့ ႏွစ္ ပတ္တစ္ခါလာေခၚၿပီး ဟိုတယ္ မွာေနတယ္။ ဒီလိုနဲ႔ တစ္ႏွစ္နီးပါး ေလာက္ၾကာခဲ့ပါတယ္။ ၿပီး ေတာ့ ေရႊျပည္သာက အခန္းကို သံုးလ ေလာက္ျပန္ေနရတယ္။ ေနာက္ ၿပီးလွည္းတန္းက အေဆာင္တစ္ခု မွာလည္း သံုးလေလာက္ေျပာင္း ေနရတယ္။ ၿပီးေတာ့ေရႊျပည္သာ ကို တစ္ခါျပန္ပို႔တယ္။ ေနာက္ဆံုး ေနရတာေတာ့ ဘုရင့္္ေနာင္က တိုက္ခန္းမွာတစ္ႏွစ္နီးပါးေနခဲ့ရ ပါတယ္။ အခန္းေတြမွာေတာ့ဘာ မွမရွိပါဘူး။

ဒီေလာက္ အခ်ိန္ေတြၾကာလာ ေတာ့ ညီမသူ႔ကို သံသယမျဖစ္ဘူး လား။
ညီမက သူ႔ကိုယံုၿပီးအိမ္ကို ေတာင္ ဘာမွမေျပာဘဲ ထြက္လာ တာပါ။ သူကလည္းလူႀကီးလူ ေကာင္းပံုစံနဲ႔ဆိုေတာ့ သူေျပာသ မွ်ကို ယံုမိပါတယ္။ တစ္ခါတေလ သူ႔သူငယ္ခ်င္းေတြကိုေမးေပ မယ့္လည္း သူတို႔ကဘာမွေသေသ ခ်ာခ်ာျပန္မေျပာပါဘူး။ ညီမက သူ႔မိဘေတြဘာလုပ္တယ္၊ သူ ဘယ္မွာေနလဲဆိုတာေတာင္ေသ ခ်ာမသိပါဘူး။ ေမးရင္လည္း သူ က သူ႔အေဖက လႈိင္သာယာမွာ အထည္ခ်ဳပ္စက္႐ံုဖြင့္ထားတယ္။ ဒီေလာက္ပဲေျပာပါတယ္။ သူ ေျပာသမွ်ကိုေတာ့ ယံုၾကည္ခဲ့မိသ လို အိမ္ျပန္ရမွာလည္း အရမ္း ေၾကာက္ေနမိပါတယ္။

ဒီေလာက္အၾကာႀကီး ညီမ ဘယ္ လိုပံုစံျဖတ္သန္းလဲ။
ဘယ္မွလည္းမသြားရဘူး။ အခန္းထဲမွာလည္း လူမရွိသလို ေနရတယ္။ ဘယ္ၾကည့္ၾကည့္နံရံ ေတြပဲျမင္ေနရတယ္။ လမ္း လည္းေကာင္းေကာင္းမေလွ်ာက္ ရေတာ့ လူလည္းႏုံးခ်ည့္လာ တယ္။ ကုိယ့္ကိုယ္ကိုယ္ ႀကိဳးဆြဲ ခ်ေသဖို႔လုပ္ခဲ့ပါေသးတယ္။ အဲ ဒီေန႔က သူလည္းတိုက္ခန္းအေပၚ တက္လာတုန္း ညီမမေသခဲ့တာ ပါ။ သူကိုယ္တိုင္ကလည္း နင္ ေသတာအေရးမႀကီးဘူး။ ဒီအ ခန္းက ငါ့နာမည္နဲ႔ငွားထားတာ။ နင့္ေသရင္ ငါပါအမႈပတ္မယ္ဆုိ ၿပီးေျပာတယ္။

ညီမအခန္းကေန ဘယ္လိုမ်ိဳး လြတ္လာတာလဲ။
ေဖေဖာ္၀ါရီ ၉ ရက္ေန႔မနက္ ေလာက္မွာ သူအခန္းကိုေရာက္ လာတယ္။ ညီမကလည္းဘယ္ ေတာ့လက္ထပ္မလဲေမးတယ္။ သူက လက္ထပ္ဖုိ႔မျဖစ္ႏိုင္ေတာ့ ဘူး။ သူ႔မွာ ေနာက္ထပ္ေကာင္မ ေလးတစ္ေယာက္ရွိေနၿပီလို႔ေျပာ တယ္။ ဒါဆိုလည္း ငါ့ကိုအိမ္ျပန္ ခြင့္ေပးပါလို႔ေျပာလိုက္တယ္။ သူ က ေပးမျပန္ႏိုင္ဘူးေျပာၿပီး တစ္ ေယာက္တစ္ခြန္း စကားမ်ားရန္ ျဖစ္တယ္။

သူတိုက္ခန္းေအာက္ ဆင္းသြားတုန္း အခန္းေသာ့ က်န္ခဲ့တယ္။ ညီမအေဒၚတစ္ေယာက္ ဖုန္းကို စဥ္းစားၿပီး ဆက္ၾကည့္တယ္။ ႏွစ္ခါေလာက္ နံပါတ္မွားေနတယ္။ ေနာက္ေတာ့ နံပါတ္ အမွန္ရၿပီး ဆက္သြယ္မိတယ္။ အေဒၚက လာေခၚမယ္ေျပာေပမယ့္ ညီမလိပ္စာမေျပာတတ္ဘူး။ ဒါနဲ႔အေဒၚက ကားငွားလာခဲ့ဆိုေတာ့ သူ႔႐ံုးလိပ္စာကိုေျပာၿပီး ျပန္ေရာက္လာတာပါ။ အေဒၚက သခင္ျမပန္းၿခံနားက ဆိပ္ကမ္းအာဏာပိုင္႐ုံးမွာ အလုပ္လုပ္တယ္။ ဖုန္းဆက္ၿပီး ညီမေနတဲ့ေနရာေမးေတာ့ ဘယ္မွာေနတယ္ဆိုတာ မေျပာတတ္ဘူး။ အန္တီက ကားငွားၿပီးလာခဲ့ေျပာေတာ့ ႐ုံးကိုေရာက္သြားတယ္။ ညီမ ဘယ္က ကားငွားစီးလာတာလဲ ဆိုတာေတာ့ကားသမားကို ေမးေနတာျမင္လိုက္တယ္။

ညီမကို သူက လက္ထပ္ေပါင္း သင္းမယ္ဆိုရင္ေကာ လက္ခံမွာ လား။
ညီမ သူ႔ကိုယုံၾကည္ၿပီး အခု လို တစ္ေယာက္တည္းအခန္းထဲ မွာ ပိတ္ေလွာင္ခံၿပီး ေနခဲ့တယ္။ သူလက္မထပ္ႏိုင္ဘူးေျပာေတာ့ လည္း အိမ္ျပန္ပို႔ေပးပါေျပာခဲ့ တယ္။ ဒါေပမဲ့ ဘာမွမလုပ္ေပးခဲ့ ဘူး။ သူ႔ဘက္က လက္ထပ္မယ္ ဆိုရင္ေတာင္ ညီမဘက္က လက္ မခံပါဘူး။ ညီမကို သုံးႏွစ္ေလာက္ အခန္းထဲမွာ ပိတ္ၿပီးထားတဲ့ဘဝ ကို စာနာေစခ်င္တယ္။ ညီမလို ေနာက္ထပ္ မိန္းကေလးေတြ လည္း အခုလို မျဖစ္ေစခ်င္တဲ့အ တြက္ ညီမကေတာ့ ဥပေဒအတိုင္း လုပ္ေဆာင္သြားမွာပါ။

ညီမအေနနဲ႔ စာဖတ္ပရိသတ္ကို ဘာမ်ားေျပာခ်င္သလဲ။
အခုတရားဥပေဒအတိုင္း ဗဟန္းရဲစခန္းမွာ အမႈဖြင့္တိုင္ ၾကားထားပါတယ္။ လူတစ္ ေယာက္ကို သံုးႏွစ္ေလာက္အခန္း ထဲမွာတစ္ေယာက္တည္း ထားတဲ့ အတြက္ ဘယ္လိုခံစားရမလဲ သိ ေစခ်င္တယ္။ ညီမလိုေနာက္လူ ငယ္ေတြအေနနဲ႔ အယံုမလြယ္ဖို႔ အတြက္ အခုလို ေျပာျပေပးတာ ပါ။ ညီမတို႔ေမာင္ႏွမေလး ေယာက္မွာ ညီမက တတိယတစ္ ေယာက္ပါ။ ငယ္ငယ္ကတည္းက အႏုပညာအရမ္း၀ါသနာပါပါ တယ္။ သမီးမိန္းကေလးျဖစ္ၿပီး တစ္ဦးတည္းေသာ သမီးျဖစ္လို႔ မိသားစုက အရမ္းခ်စ္ပါတယ္။ အခုလိုမ်ိဳးျဖစ္ရတဲ့အတြက္စိတ္ မေကာင္းျဖစ္မိတယ္။ဒီအတြက္ တျခားေသာ မိန္းကေလးေတြ ကိုယ့္လိုမျဖစ္ဖို႔အတြက္ ညီမက ေျပာျပရတာပါ။

ေက်းဇူးတင္ပါတယ္။
Credit - 7Daily
  မိန်းကလေးငယ်တစ်ဦးကို ခိုးပြေးပြီးနောက် သုံးနှစ်ခန့် (၂ နှစ်နှင့် ၈လ) ကြာ နေအိမ်တွင် သော့ခတ် ပိတ်လှောင်ထားပြီး ပေါင်းသင်း ဆက်ဆံကာ လက်ထပ်ယူရန် ငြင်းဆိုခဲ့သည်ဆိုသော အမျိုးသားတစ်ဦးကိုဗဟန်းရဲစခန်း၌ အမှုဖွင့်ထားသည်။

လွန်ခဲ့သောသုံးနှစ်က အ သက်(၁၈) နှစ်အရွယ် မသီရိ အောင်တင်သည် ၎င်း၏ရည်းစား ကိုအောင်ထွန်းဟိန်း (၂၇)နှစ်နှင့် ခိုးရာလိုက်ပြေးခဲ့သည်။ ခိုးယူပြီး နောက် စမ်းချောင်းမြို့နယ်ရှိ Proart ဆောက်လုပ်ရေးနှင့် အိမ် တွင်းအလှဆင်ရုံးခန်း၌ ထားရှိ ပြီးနောက် ရွှေပြည်သာ၊ လှည်း ကူး၊ လှည်းတန်း၊ ဘုရင့်နောင်ရှိ နေအိမ်တိုက်ခန်းများသို့ ပြောင်း ရွှေ့နေထိုင်ခဲ့ရကြောင်း မသီရိ အောင်တင်ကပြောသည်။ မသီရိ အောင်တင်၏ အမေသည် သမီး ပျောက်ဆုံးသွားခြင်းအတွက် ရဲ စခန်းသို့ တိုင်ကြားသော်လည်း သုံးနှစ်ကြာသည်အထိ သမီးကို ရှာမတွေ့ချေ။


၂၀၁၄  ဇွန်လက ပျောက်သွားသော သမီးကို ယခု ၂၀၁၇ ဖေဖော်ဝါရီ ၁ဝရက်တွင်ပြန်တွေ့ခဲ့သည်။

ပြန်တွေ့သော အချိန်တွင် သမီးဖြစ်သူသည်ပျောက်ဆုံးသွား သည့်အချိန်ကနှင့်မတူဘဲ ခန္ဓာ ကိုယ်မှာ ပိန်လှီနေပြီး မတ်တတ် ပင်မရပ်နိုင်ကြောင်း၊ အသား အရောင်မှာ ဖြူဖျော့နေကြောင်း၊ နေထိပင် မခံနိုင်ခဲ့ကြောင်း 7Day Daily သတင်းစာအား ပြော သည်။ သားအမိပြန်တွေ့သော အခါ မသီရိအောင်တင်ကိုဆေးရုံ တင်ကာ ဆေးသွင်းရပြီး ဆေးစာ များအရ ၎င်း၏ကိုယ်အလေးချိန် မှာ 33 ကီလိုဂရမ် (၇၃ ပေါင်) သာ ရှိသည်။

မသီရိအောင်တင်က ၎င်း၏ ချစ်သူသည် တရားဝင်လက် ထပ်မည်ဟု ပြောဆိုကာ ခိုးပြေး ပြီးနောက် နေအိမ်တစ်အိမ်ပြီးတစ် အိမ်ပြောင်းလဲ၍ သော့ခတ်ပိတ် လှောင်ထားခဲ့ကြောင်း ပြောသည်။ နောက်ပိုင်းတွင် အတင်းအဓမ္မ လိင်ဆက်ဆံခြင်းများလည်းပြုခဲ့ ကြောင်း ပြောကြားသည်။ ၎င်းကဲ့ သို့ အခြားမိန်းကလေးများအယုံ မလွယ်ရန် 7Day Daily သတင်း စာသို့ ဖြေကြားခြင်းဖြစ်ကြောင်း ရှင်းပြသည်။

 ယခု ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထားရသော အောင်ထွန်း ဟိန်း (ခ) ရှို့တီကိုဖေဖော်ဝါရီ ၂၀ ရက်တွင် ဗဟန်းရဲစခန်း၌ ၁ဝရက်(သို့မဟုတ်) ဆယ်ရက်ထက်ပို၍ ချုပ်နှောင်ထားမှုအတွက် ပုဒ်မ ၃၄၄ ၊ မိန်းမခိုးယူမှု (သို့မဟုတ်)သွေးဆောင်ခေါ်ယူမှု (သို့မဟုတ်)သွေးဆောင်မှုပုဒ်မ ၃၆၆ ဖြင့်ဖမ်းဆီး အမှုဖွင့်စစ်ဆေးနေသည်။

မသီရိအောင်တင်နှင့် ၎င်း၏ မိခင် ဒေါ်သန်းသန်းဝင်းတို့အား 7Day Daily သတင်းစာကတွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။

ညီမချစ်ကြိုက်ခဲ့တဲ့ အမျိုးသား ကို ဘယ်လိုစပြီးသိခဲ့လဲ။

ကျွန်မနဲ့သူ ၂၀၁၄ က အင်း လျားပြည်လမ်းမဏ္ဍပ်တစ်ခုမှာစပြီးတွေ့ခဲ့တယ်။ သူနဲ့သင်္ကြန်အတွင်းမှာပဲ ချစ်သူရည်းစားတွေဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ညီမအသက်က (၁၈) နှစ်လောက်ရှိနေပါပြီ။ အနုပညာသင်တန်းကို (စကားဝါ)မှာ တက်နေတယ်။ ကျောင်းတက်နေတာလည်း ဆယ်တန်းပဲရောက်ပါ သေးတယ်။ အခု အသက် (၂၁) နှစ်ရှိနေပါပြီ။

ချစ်ကြိုက်ပြီး ဘယ်နှလလောက် မှာညီမနဲ့သူ ခိုးပြေးကြတာလဲ။
 နှစ်လလောက်အကြာမှာ အိမ်ကလူတွေ ရည်းစားထားတာ ရိပ်မိနေပြီလားမသိဘူးလို့ ဖုန်း ဆက်ပြောမိတယ်။ သူကလည်း ဖုန်းဆက်ပြီး ဒါဆိုရင် အိမ်အပြင် ထွက်လာခဲ့။ သူကားနဲ့လာခေါ် မယ်ဆိုတော့အိမ်နဲ့လေးလမ်း လောက်အကွာမှာ သွားစောင့်နေ တယ်။ သူကိုယ်တိုင်သူ့ကားနဲ့လာ ခေါ်ပြီး စမ်းချောင်းက သူတို့ဖွင့် ထားတဲ့ရုံးခန်းကိုခေါ်သွားတယ်။ အိမ်ကိုတော့ ဘာစာမှ ရေးမထား ဘဲ ဒီအတိုင်း ထွက်လာခဲ့တာပါ။

ညီမကိုသူက ဘယ်လိုကတိတွေ ပေးပြီးပေါင်းသင်းဆက်ဆံခဲ့တာ လဲ။
သူနဲ့စမ်းချောင်းကရုံးခန်းမှာ အတူနေပေမယ့် ညဥ့်နက်ရင် သူ က အိမ်ပြန်သွားတယ်။ ညီမကို တော့အပြင်ကနေ အခန်းတံခါးကို သော့ပိတ်ပြီးထားခဲ့တယ်။ သူ့ကို ဘယ်တော့ လက်ထပ်မှာလဲမေး ရင် အဆင်မပြေသေးလို့ပါ၊ မိဘ တွေမပြောရသေးဘူး။ ဒီလိုတွေ ပြောပြီးအချိန်တွေ ကြာလာတာ ပါ။

ညီမက အချိန်တွေကြာလာတော့ အိမ်ကို ဖုန်းဆက်ဖို့မကြိုးစားဘူး လား။
သူနဲ့အတူလိုက်သွားပြီးက တည်းက ညီမဖုန်းကို သူယူထား ပါတယ်။ ဖုန်းထဲက နံပါတ်တွေ ကိုလည်း အကုန်ဖျက်ပစ်ထား တယ်။ ညီမတယ်လီဖုန်းကိုပြန်ပြီး ပေးကိုင်တာလည်း လပိုင်းလောက် ပဲရှိပါသေးတယ်။ ဖုန်းနံပါတ် အ တော်များများကိုလည်းမမှတ်မိ တော့ဘူး။

တစ်နေရာကနေ တစ်နေရာ အ ခန်းတွေပြောင်းရင် ဘယ်လို ပြောင်းပေးလဲ။
စမ်းချောင်းကနေ ငါးရက် လောက်အကြာမှာ ရွှေပြည်သာ မှာရှိတဲ့ စစ်တပ်အရာရှိရိပ်သာကို ပြောင်းပေးတယ်။ အဲဒီမှာသူ့ရုံးက စာရေးမနဲ့ ကလေးမလေးတစ် ယောက်နေတယ်။ သူတို့မနက်ရုံး နဲ့ကျောင်းသွားရင် အခန်းတံခါး တွေပိတ်ပြီးသွားတယ်။ ညနေပြန် လာရင််တော့ တံခါးတွေဖွင့်ထား တယ်။ စကားလည်းအများကြီး မ ပြောဖြစ်ဘူး။ သူကတော့ နှစ်ပတ် တစ်ခါလာတယ်။ ပြီးရင်ဟိုတယ် မှာ ညအိပ်ပြီး နောက်နေ့မနက် မှာ ပြန်ပို့တယ်။ ကားစီးရင်တော့ အမြဲတမ်းနောက်ခုံမှာ အိပ်ပြီးစီးရ တယ်။ မေးလိုက်ရင်လည်း အပြင် ကသူတွေသိပြီးအိမ်ကိုလှမ်းပြော မှာစိုးလို့ပြောတယ်။

ညီမကို သူကဘယ်လိုတွေပြောဆို လေ့ရှိလဲ။
သူ့ကို ဘယ်တော့လက်ထပ် မှာလဲမေးရင်တော့ အဆင်မပြေ သေးလို့ ခဏစောင့်ပါဦးပြော တယ်။ ညီမကိုတော့ အပြင်မ ထွက်နဲ့အခန်းထဲမှာပဲနေအိမ်က သူတွေရှာနေတယ်။ အိမ်ကသူ တွေသိသွားရင် နင့််ကိုသတ်လိမ့် မယ်ပြောတယ်။ ပြောရရင်ညီမ လည်း အိမ်ပြန်ချင်ပေမယ့် အိမ် ကနေဒီအတိုင်းထွက်လာတဲ့အ တွက် မပြန်ရဲတာလည်းပါပါ တယ်။ စားသောက်စရာအတွက် ကတော့ တစ်ခါတလေ သူခိုင်း တဲ့သူတွေက လာပို့တာရှိတယ်။ အများအားဖြင့် ဆန်နဲ့ကြက်ဥပဲ အခန်းမှာစားရတာများပါတယ်။

ဘယ်လိုပုံစံမျိုးနဲ့ ညီမကိုထားတာ လဲ။
ညီမကိုရွှေပြည်သာတပ်ထဲ မှာ သုံးလလောက်ထားပြီးတော့ လှည်းကူးက နှစ်ထပ်အိမ်ကိုပို့ တယ်။ အိမ်မပြောင်းခင်မှာတခြား  တစ်နေရာမှာနေဖို့အတွက် အ ဆင်သင့်လုပ်ထားပြီးသားပါ။ အဲ ဒီအိမ်မှာလည်း သူ့သူငယ်ချင်း လင်မယားက အောက်မှာနေပါ တယ်။ ညီမကိုတော့ အပေါ်ထပ် မှာ တစ်ယောက်တည်းထား တယ်။ စကားပြောတာဆိုတာတွေ သိပ်မရှိပါဘူး။ သူကတော့ နှစ် ပတ်တစ်ခါလာခေါ်ပြီး ဟိုတယ် မှာနေတယ်။ ဒီလိုနဲ့ တစ်နှစ်နီးပါး လောက်ကြာခဲ့ပါတယ်။ ပြီး တော့ ရွှေပြည်သာက အခန်းကို သုံးလ လောက်ပြန်နေရတယ်။ နောက် ပြီးလှည်းတန်းက အဆောင်တစ်ခု မှာလည်း သုံးလလောက်ပြောင်း နေရတယ်။ ပြီးတော့ရွှေပြည်သာ ကို တစ်ခါပြန်ပို့တယ်။ နောက်ဆုံး နေရတာတော့ ဘုရင့််နောင်က တိုက်ခန်းမှာတစ်နှစ်နီးပါးနေခဲ့ရ ပါတယ်။ အခန်းတွေမှာတော့ဘာ မှမရှိပါဘူး။

ဒီလောက် အချိန်တွေကြာလာ တော့ ညီမသူ့ကို သံသယမဖြစ်ဘူး လား။
ညီမက သူ့ကိုယုံပြီးအိမ်ကို တောင် ဘာမှမပြောဘဲ ထွက်လာ တာပါ။ သူကလည်းလူကြီးလူ ကောင်းပုံစံနဲ့ဆိုတော့ သူပြောသ မျှကို ယုံမိပါတယ်။ တစ်ခါတလေ သူ့သူငယ်ချင်းတွေကိုမေးပေ မယ့်လည်း သူတို့ကဘာမှသေသေ ချာချာပြန်မပြောပါဘူး။ ညီမက သူ့မိဘတွေဘာလုပ်တယ်၊ သူ ဘယ်မှာနေလဲဆိုတာတောင်သေ ချာမသိပါဘူး။ မေးရင်လည်း သူ က သူ့အဖေက လှိုင်သာယာမှာ အထည်ချုပ်စက်ရုံဖွင့်ထားတယ်။ ဒီလောက်ပဲပြောပါတယ်။ သူ ပြောသမျှကိုတော့ ယုံကြည်ခဲ့မိသ လို အိမ်ပြန်ရမှာလည်း အရမ်း ကြောက်နေမိပါတယ်။

ဒီလောက်အကြာကြီး ညီမ ဘယ် လိုပုံစံဖြတ်သန်းလဲ။
ဘယ်မှလည်းမသွားရဘူး။ အခန်းထဲမှာလည်း လူမရှိသလို နေရတယ်။ ဘယ်ကြည့်ကြည့်နံရံ တွေပဲမြင်နေရတယ်။ လမ်း လည်းကောင်းကောင်းမလျှောက် ရတော့ လူလည်းနုံးချည့်လာ တယ်။ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲ ချသေဖို့လုပ်ခဲ့ပါသေးတယ်။ အဲ ဒီနေ့က သူလည်းတိုက်ခန်းအပေါ် တက်လာတုန်း ညီမမသေခဲ့တာ ပါ။ သူကိုယ်တိုင်ကလည်း နင် သေတာအရေးမကြီးဘူး။ ဒီအ ခန်းက ငါ့နာမည်နဲ့ငှားထားတာ။ နင့်သေရင် ငါပါအမှုပတ်မယ်ဆို ပြီးပြောတယ်။

ညီမအခန်းကနေ ဘယ်လိုမျိုး လွတ်လာတာလဲ။
ဖေဖော်ဝါရီ ၉ ရက်နေ့မနက် လောက်မှာ သူအခန်းကိုရောက် လာတယ်။ ညီမကလည်းဘယ် တော့လက်ထပ်မလဲမေးတယ်။ သူက လက်ထပ်ဖို့မဖြစ်နိုင်တော့ ဘူး။ သူ့မှာ နောက်ထပ်ကောင်မ လေးတစ်ယောက်ရှိနေပြီလို့ပြော တယ်။ ဒါဆိုလည်း ငါ့ကိုအိမ်ပြန် ခွင့်ပေးပါလို့ပြောလိုက်တယ်။ သူ က ပေးမပြန်နိုင်ဘူးပြောပြီး တစ် ယောက်တစ်ခွန်း စကားများရန် ဖြစ်တယ်။

သူတိုက်ခန်းအောက် ဆင်းသွားတုန်း အခန်းသော့ ကျန်ခဲ့တယ်။ ညီမအဒေါ်တစ်ယောက် ဖုန်းကို စဉ်းစားပြီး ဆက်ကြည့်တယ်။ နှစ်ခါလောက် နံပါတ်မှားနေတယ်။ နောက်တော့ နံပါတ် အမှန်ရပြီး ဆက်သွယ်မိတယ်။ အဒေါ်က လာခေါ်မယ်ပြောပေမယ့် ညီမလိပ်စာမပြောတတ်ဘူး။ ဒါနဲ့အဒေါ်က ကားငှားလာခဲ့ဆိုတော့ သူ့ရုံးလိပ်စာကိုပြောပြီး ပြန်ရောက်လာတာပါ။ အဒေါ်က သခင်မြပန်းခြံနားက ဆိပ်ကမ်းအာဏာပိုင်ရုံးမှာ အလုပ်လုပ်တယ်။ ဖုန်းဆက်ပြီး ညီမနေတဲ့နေရာမေးတော့ ဘယ်မှာနေတယ်ဆိုတာ မပြောတတ်ဘူး။ အန်တီက ကားငှားပြီးလာခဲ့ပြောတော့ ရုံးကိုရောက်သွားတယ်။ ညီမ ဘယ်က ကားငှားစီးလာတာလဲ ဆိုတာတော့ကားသမားကို မေးနေတာမြင်လိုက်တယ်။

ညီမကို သူက လက်ထပ်ပေါင်း သင်းမယ်ဆိုရင်ကော လက်ခံမှာ လား။
ညီမ သူ့ကိုယုံကြည်ပြီး အခု လို တစ်ယောက်တည်းအခန်းထဲ မှာ ပိတ်လှောင်ခံပြီး နေခဲ့တယ်။ သူလက်မထပ်နိုင်ဘူးပြောတော့ လည်း အိမ်ပြန်ပို့ပေးပါပြောခဲ့ တယ်။ ဒါပေမဲ့ ဘာမှမလုပ်ပေးခဲ့ ဘူး။ သူ့ဘက်က လက်ထပ်မယ် ဆိုရင်တောင် ညီမဘက်က လက် မခံပါဘူး။ ညီမကို သုံးနှစ်လောက် အခန်းထဲမှာ ပိတ်ပြီးထားတဲ့ဘဝ ကို စာနာစေချင်တယ်။ ညီမလို နောက်ထပ် မိန်းကလေးတွေ လည်း အခုလို မဖြစ်စေချင်တဲ့အ တွက် ညီမကတော့ ဥပဒေအတိုင်း လုပ်ဆောင်သွားမှာပါ။

ညီမအနေနဲ့ စာဖတ်ပရိသတ်ကို ဘာများပြောချင်သလဲ။
အခုတရားဥပဒေအတိုင်း ဗဟန်းရဲစခန်းမှာ အမှုဖွင့်တိုင် ကြားထားပါတယ်။ လူတစ် ယောက်ကို သုံးနှစ်လောက်အခန်း ထဲမှာတစ်ယောက်တည်း ထားတဲ့ အတွက် ဘယ်လိုခံစားရမလဲ သိ စေချင်တယ်။ ညီမလိုနောက်လူ ငယ်တွေအနေနဲ့ အယုံမလွယ်ဖို့ အတွက် အခုလို ပြောပြပေးတာ ပါ။ ညီမတို့မောင်နှမလေး ယောက်မှာ ညီမက တတိယတစ် ယောက်ပါ။ ငယ်ငယ်ကတည်းက အနုပညာအရမ်းဝါသနာပါပါ တယ်။ သမီးမိန်းကလေးဖြစ်ပြီး တစ်ဦးတည်းသော သမီးဖြစ်လို့ မိသားစုက အရမ်းချစ်ပါတယ်။ အခုလိုမျိုးဖြစ်ရတဲ့အတွက်စိတ် မကောင်းဖြစ်မိတယ်။ဒီအတွက် တခြားသော မိန်းကလေးတွေ ကိုယ့်လိုမဖြစ်ဖို့အတွက် ညီမက ပြောပြရတာပါ။

ကျေးဇူးတင်ပါတယ်။
Credit - 7Daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...