မိန္းမသားေတြမ်က္ရည္က်ၾကတဲ့ အေၾကာင္းအရင္း..

သားအမိႏွစ္ေယာက္ ထိုင္ေနၾကတဲ့အခ်ိန္မွာ အေမျဖစ္သူက ေထြေထြထူးထူး အေၾကာင္းမရွိဘဲ ငိုေနေတာ့ သားငယ္ေလးက

“ေမေမ ဘာလုိ႔ငိုေနတာလဲ ဟင္” လို႔ေမးလိုက္တယ္။

အေမျဖစ္သူက ” ေမေမက မိန္းမသားမို႔ ငိုတာေပါ့ ” လို႔ ေျဖလိုက္တယ္။

“သား နားမလည္ဘူး ေမေမ” ဆိုျပီးေျပာေတာ့ သူ႔ေမေမက ၾကင္နာစြာ ေပြ႕ဖက္လိုက္ရင္း “သားဘယ္ေတာ့မွ နားလည္မွာ မဟုတ္ပါဘူး” ဆို ေျပာလိုက္ပါတယ္။

ကေလးေလး အသက္အရြယ္ေရာက္လာတဲ့ အထိ အဲဒီအေျဖကို သူနားမလည္ႏိုင္တာနဲ႔ သူ႔ေဖေေဖကို ေမးေတာ့တာေပါ့။

ဒါနဲ႔ သူ႔ေဖေဖက ” မိန္းမသား ေတာ္ေတာ္မ်ားမ်ားဟာ ဒီလိုပဲ ဘာအေၾကာင္းမွ မရွိဘဲ ငိုတတ္ၾကတယ္။ မိန္းမသားေတြကို ဘုရားသခင္က ထူဆန္းတဲ့ ဝိေသႆ၊ ဂုဏ္ပုဒ္ေတြနဲ႔ ဖန္ဆင္းေပးလိုက္တာေလ…
မိန္းမသားေတြမွာ လူသားေတြကို အႏူးည့ံ အသိမ္ေမြ႔ဆံုး ေမတၱာထား ဆက္ဆံႏိုင္ဖို႔ မြန္ၿမတ္တဲ့ ႏွလံုးသားတစ္စံု။
ရင္ေသြးေလးေတြကို ေမြးဖြားတဲ့ အခိ်န္မွာ ခံစားရတဲ့ နာက်င္မႈကိုေရာ၊ အသက္ၾကီးလာတဲ့အခါ သားသမီးေတြရဲ႕ အဖက္မလုပ္ခ်င္ေတာ့တဲ့ အျပဳအမူေတြကိုပါ ခံႏိုင္ရည္ရွိဖို႔ ခြန္အားေတြ။
မိသားစုအတြက္ဆို စက္ရုပ္တစ္ခုလို မေမာႏိုင္မပန္းႏိုင္နဲ႔ ေဝယာဝစၥေတြ ၿဖည့္စည္းေပးၿပီး အၿမဲ ဂရုတစိုက္ရွိေနေပးတတ္စိတ္ထား။
သားသမီးေတြက အရြယ္ေရာက္လာလို႔ နာက်င္မႈေတြ ျဖစ္ေစခဲ့ရင္ေတာင္ မျပယ္ေသာ ခ်စ္ျခင္းေမတၱာေတြနဲ႔ ဆက္ခ်စ္ေနဖို႔ ခိုင္မာတဲ့ ႏွလံုးသား။
လင္ေယာက္်ားက ဘယ္ေလာက္ပဲ ဆိုးသြမ္းေနပါေစ မယားဝတၱရားမပ်က္ ျပဳစုျပီး သည္းခံခြင့္လႊတ္ႏိုင္တဲ့ ႏွလံုးသား။
ေလာကဓံနဲ႔ ရင္ဆိုင္ရတဲ့အခါ၊ နာၾကင္မႈေတြ ၾကံဳေတြ႔ရတဲ့အခါ သူတို႔အတြက္ အေဖာ္ျပဳေပးဖို႔ မ်က္ရည္ေတြကို ဘုရားသခင္က လက္ေဆာင္အျဖစ္ ထည့္ေပးလိုက္တယ္။

ဒီလို သူမ်ားဆႏၵေတြ ျဖည့္ဆည္းေပးက် မိန္းမသားေတြဟာ သူတို႔အတြက္ဆိုတာ ေမ့ေနတတ္ၾကတာေၾကာင့္ သူတို႔ရင္ထဲျပည့္က်ပ္လာတဲ့အခါ မ်က္ရည္ေတြ အေၾကာင္းမရွိဘဲ က်က်လာတာေပါ့ သားရဲ႕” ဆိုျပီး ရွင္းျပလိုက္ပါတယ္။

‘သား မွတ္ထား။ မိန္းမေတြရဲ႕ အလွဆိုတာ သူ႕ရဲ႕ ရုပ္ပိုင္းဆိုင္ရာအလွထက္ စိတ္ထားအလွ က ပိုၿပီးအေရးပါတယ္။ အဲဒီစိတ္ထားအလွကေတာ့ သူတို႔မ်က္ဝန္းေတြမွာ ဖတ္ၾကည့္လို႔ ရတာေပါ့သားရယ္။ ဘာလို႔လဲဆိုေတာ့ မ်က္ဝန္းေတြဟာ ခ်စ္ျခင္းေမတၱာေတြ တည္ရွိရာ ႏွလံုးသားရဲ႕ တံခါးေပါက္ျဖစ္ေနလို႔ပါ။’ ဆိုျပီး ရွင္းျပေျပာဆိုခဲ့ပါတယ္။

သေဘာက် ႏွစ္သက္ခဲ့ရင္ Share ဖို႔မေမ့နဲ႔ေနာ္။


Credit:ဂႏၲဝင္ မဂၢဇင္း

#Unicode Version

သားအမိနှစ်ယောက် ထိုင်နေကြတဲ့အချိန်မှာ အမေဖြစ်သူက ထွေထွေထူးထူး အကြောင်းမရှိဘဲ ငိုနေတော့ သားငယ်လေးက

“မေမေ ဘာလို့ငိုနေတာလဲ ဟင်” လို့မေးလိုက်တယ်။

အမေဖြစ်သူက ” မေမေက မိန်းမသားမို့ ငိုတာပေါ့ ” လို့ ဖြေလိုက်တယ်။

“သား နားမလည်ဘူး မေမေ” ဆိုပြီးပြောတော့ သူ့မေမေက ကြင်နာစွာ ပွေ့ဖက်လိုက်ရင်း “သားဘယ်တော့မှ နားလည်မှာ မဟုတ်ပါဘူး” ဆို ပြောလိုက်ပါတယ်။

ကလေးလေး အသက်အရွယ်ရောက်လာတဲ့ အထိ အဲဒီအဖြေကို သူနားမလည်နိုင်တာနဲ့ သူ့ဖေေဖေကို မေးတော့တာပေါ့။

ဒါနဲ့ သူ့ဖေဖေက ” မိန်းမသား တော်တော်များများဟာ ဒီလိုပဲ ဘာအကြောင်းမှ မရှိဘဲ ငိုတတ်ကြတယ်။ မိန်းမသားတွေကို ဘုရားသခင်က ထူဆန်းတဲ့ ဝိသေဿ၊ ဂုဏ်ပုဒ်တွေနဲ့ ဖန်ဆင်းပေးလိုက်တာလေ…
မိန်းမသားတွေမှာ လူသားတွေကို အနူးညံ့ အသိမ်မွေ့ဆုံး မေတ္တာထား ဆက်ဆံနိုင်ဖို့ မွန်မြတ်တဲ့ နှလုံးသားတစ်စုံ။
ရင်သွေးလေးတွေကို မွေးဖွားတဲ့ အချိန်မှာ ခံစားရတဲ့ နာကျင်မှုကိုရော၊ အသက်ကြီးလာတဲ့အခါ သားသမီးတွေရဲ့ အဖက်မလုပ်ချင်တော့တဲ့ အပြုအမူတွေကိုပါ ခံနိုင်ရည်ရှိဖို့ ခွန်အားတွေ။
မိသားစုအတွက်ဆို စက်ရုပ်တစ်ခုလို မမောနိုင်မပန်းနိုင်နဲ့ ဝေယာဝစ္စတွေ ဖြည့်စည်းပေးပြီး အမြဲ ဂရုတစိုက်ရှိနေပေးတတ်စိတ်ထား။
သားသမီးတွေက အရွယ်ရောက်လာလို့ နာကျင်မှုတွေ ဖြစ်စေခဲ့ရင်တောင် မပြယ်သော ချစ်ခြင်းမေတ္တာတွေနဲ့ ဆက်ချစ်နေဖို့ ခိုင်မာတဲ့ နှလုံးသား။
လင်ယောက်ျားက ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ မယားဝတ္တရားမပျက် ပြုစုပြီး သည်းခံခွင့်လွှတ်နိုင်တဲ့ နှလုံးသား။
လောကဓံနဲ့ ရင်ဆိုင်ရတဲ့အခါ၊ နာကြင်မှုတွေ ကြုံတွေ့ရတဲ့အခါ သူတို့အတွက် အဖော်ပြုပေးဖို့ မျက်ရည်တွေကို ဘုရားသခင်က လက်ဆောင်အဖြစ် ထည့်ပေးလိုက်တယ်။

ဒီလို သူများဆန္ဒတွေ ဖြည့်ဆည်းပေးကျ မိန်းမသားတွေဟာ သူတို့အတွက်ဆိုတာ မေ့နေတတ်ကြတာကြောင့် သူတို့ရင်ထဲပြည့်ကျပ်လာတဲ့အခါ မျက်ရည်တွေ အကြောင်းမရှိဘဲ ကျကျလာတာပေါ့ သားရဲ့” ဆိုပြီး ရှင်းပြလိုက်ပါတယ်။

‘သား မှတ်ထား။ မိန်းမတွေရဲ့ အလှဆိုတာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာအလှထက် စိတ်ထားအလှ က ပိုပြီးအရေးပါတယ်။ အဲဒီစိတ်ထားအလှကတော့ သူတို့မျက်ဝန်းတွေမှာ ဖတ်ကြည့်လို့ ရတာပေါ့သားရယ်။ ဘာလို့လဲဆိုတော့ မျက်ဝန်းတွေဟာ ချစ်ခြင်းမေတ္တာတွေ တည်ရှိရာ နှလုံးသားရဲ့ တံခါးပေါက်ဖြစ်နေလို့ပါ။’ ဆိုပြီး ရှင်းပြပြောဆိုခဲ့ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။


Credit:ဂန္တဝင် မဂ္ဂဇင်း

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...