ကြမ္းဖိုး ၂၀၀ ေတာင္းတာ မေပးလို႔ ယူၿပီးတာ ၅ ရက္သာရွိေသာ ၁၉ ႏွစ္အရြယ္ ဇနီးကို ဓားနဲ႔ ေလးငါးခ်က္ေလာက္ထိုးသတ္

ပဲခူးတိုင္းေဒသႀကီး ေတာင္ငူၿမိဳ႕ ကင္းဆိပ္ေက်းရြာအုပ္စု၊ စိန္ပန္းၿမိဳင္ရြာမွာ ကြမ္းဖိုး ၂၀၀ က်ပ္ ေတာင္းရာကေန လင္မယားခ်င္း စကားမ်ားရန္ျဖစ္ၿပီး ဓားထိုးမႈျဖစ္ပြားခဲ့လို႔ ကိုယ္ဝန္ေဆာင္ဇနီး ျဖစ္သူ ေသဆုံးခဲ့တယ္လို႔ ေတာင္ငူအမွတ္(၂)နယ္ေျမရဲစခန္းက ေျပာပါတယ္။

“ေဖေဖာ္၀ါရီ ၂၁ ရက္ေန႔ ညသန္းေခါင္ေလာက္မွာ တရားခံျဖစ္တဲ့ အသက္ ၂၅ ႏွစ္အရြယ္ ရဲဝင္း (ခ) ရဲကို ကို ရြာထဲကနာေရးကေန အေပါင္းအသင္းေတြနဲ႔ ေသာက္စားမူးယစ္ကာ ေနအိမ္ ျပန္ေရာက္လာၿပီး ၿပီးခဲ့တဲ့ ၅ ရက္ေလာက္ကမွ ယူထားတဲ့ အသက္ ၁၉ ႏွစ္အရြယ္ ဇနီးသည္ မယဥ္မင္းထက္ဆီက ကြမ္းယာဖိုးႏွစ္ရာေတာင္းတယ္၊ မရေတာ့ စကားမ်ား ရန္ျဖစ္တယ္။ မိန္းမလုပ္တဲ့သူက အနားမွာ႐ွိတဲ့ ဝါးလုံးနဲ႔႐ိုက္ေတာ့ ရဲဝင္း(ခ)ရဲကိုက အတင္းဝင္လုံးၿပီး အသင့္ပါလာတဲ့ အ႐ိုးသြား ၁၀ လက္မလာက္႐ွိတဲ့ ဓားနဲ႔ ေလးငါးခ်က္ေလာက္ထိုးလို႔ ေသဆုံး သြားတာျဖစ္ၿပီး၊ ေသဆုံးသူမယဥ္မင္းထက္မွာ အရင္အိမ္ေထာင္နဲ႔ရ႐ွိထားတဲ့ ၆ လ ေလာက္႐ွိၿပီျဖစ္တဲ့ ကိုယ္ဝန္ကိုလည္း လြယ္ထားသူျဖစ္တယ္” လို႔ ေတာင္ငူ အမွတ္(၂) နယ္ေျမ ရဲစခန္းမႉးက ေျပာပါတယ္။
တရားခံျဖစ္သူ ရဲကို (ခ) ရဲဝင္းသူကို အခင္းျဖစ္ပြားၿပီး မနက္ပိုင္းမွာ အုတ္တြင္းၿမိဳ႕နယ္ ဝဲေဒါင့္ေက်းရြာအုပ္စု မက်ီးပင္စုေက်းရြာ႐ွိ ဦးေက်ာ္ဝင္းဆိုင္မွာ အရက္ေသာက္ေနစဥ္ ဖမ္းဆီးရမိၿပီး ေတာင္ငူအမွတ္ (၂) နယ္ေျမရဲစခန္းက (ပ)၁၇၀/၂၀၁၇ ရာဇသတ္ႀကီး ပုဒ္မ-၃၀၂ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

သတင္း – သားႀကီး(ေတာင္ငူ)
DVB
=========
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကင်းဆိပ်ကျေးရွာအုပ်စု၊ စိန်ပန်းမြိုင်ရွာမှာ ကွမ်းဖိုး ၂၀၀ ကျပ် တောင်းရာကနေ လင်မယားချင်း စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့လို့ ကိုယ်ဝန်ဆောင်ဇနီး ဖြစ်သူ သေဆုံးခဲ့တယ်လို့ တောင်ငူအမှတ်(၂)နယ်မြေရဲစခန်းက ပြောပါတယ်။

“ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညသန်းခေါင်လောက်မှာ တရားခံဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ရဲဝင်း (ခ) ရဲကို ကို ရွာထဲကနာရေးကနေ အပေါင်းအသင်းတွေနဲ့ သောက်စားမူးယစ်ကာ နေအိမ် ပြန်ရောက်လာပြီး ပြီးခဲ့တဲ့ ၅ ရက်လောက်ကမှ ယူထားတဲ့ အသက် ၁၉ နှစ်အရွယ် ဇနီးသည် မယဉ်မင်းထက်ဆီက ကွမ်းယာဖိုးနှစ်ရာတောင်းတယ်၊ မရတော့ စကားများ ရန်ဖြစ်တယ်။ မိန်းမလုပ်တဲ့သူက အနားမှာရှိတဲ့ ဝါးလုံးနဲ့ရိုက်တော့ ရဲဝင်း(ခ)ရဲကိုက အတင်းဝင်လုံးပြီး အသင့်ပါလာတဲ့ အရိုးသွား ၁၀ လက်မလာက်ရှိတဲ့ ဓားနဲ့ လေးငါးချက်လောက်ထိုးလို့ သေဆုံး သွားတာဖြစ်ပြီး၊ သေဆုံးသူမယဉ်မင်းထက်မှာ အရင်အိမ်ထောင်နဲ့ရရှိထားတဲ့ ၆ လ လောက်ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ကိုလည်း လွယ်ထားသူဖြစ်တယ်” လို့ တောင်ငူ အမှတ်(၂) နယ်မြေ ရဲစခန်းမှူးက ပြောပါတယ်။
တရားခံဖြစ်သူ ရဲကို (ခ) ရဲဝင်းသူကို အခင်းဖြစ်ပွားပြီး မနက်ပိုင်းမှာ အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စု မကျီးပင်စုကျေးရွာရှိ ဦးကျော်ဝင်းဆိုင်မှာ အရက်သောက်နေစဉ် ဖမ်းဆီးရမိပြီး တောင်ငူအမှတ် (၂) နယ်မြေရဲစခန်းက (ပ)၁၇၀/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း – သားကြီး(တောင်ငူ)
DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...