၁၅၀၀ CC ကားအထက်နှင့် ရွှေရောင်းရငွေ အခွန်များ ကောက်ခံရန် လွှတ်တော်အတည်ပြု
=============
၁၅၀၁ CC ကားတွေကစပြီး အခွန် ၂၀ ရာခိုင်နှုန်းကောက်ဖို့နဲ့ ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းရငွေအပေါ် အခွန် ၁ ရာခိုင်နှုန်းကောက်ခံဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အ ကောက်ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အတည်ပြုချက်အရ Double Cab 4 Door Pickup မှအပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိ ဗင်ကားတွေ၊ ဆ လွန်း၊ ဆီဒင်နဲ့ ဝက်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၂၀ ရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှအပ ၂၀၀၁ CC မှ ၅၀၀၀ CC အထိ ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ဝက်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe)ကားတွေကို အခွန် ၃၀ ရာခိုင်နှုန်း၊ Double Cab 4 Door Pickup မှအပ ၅၀၀၁ CC မှအထက် ဗင်ကားတွေ၊ ဆလွန်း၊ ဆီဒင်နဲ့ ဝက်ဂွန်(Eatate Wagon)ကားတွေ၊ ကူပေး(Coupe) ကားတွေကို အခွန် ၅၀ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ရွှေထည်လက်ဝတ်ရတနာတွေ ရောင်းချခြင်းမှ ရောင်းရေငွေအပေါ်မှာ မူလဥပဒေကြမ်းမှာ အဆိုပြု ထားတဲ့ ၃ ရာခိုင်နှုန်းအစား ၁ ရာခိုင်နှုန်း ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ဖို့ကိုလည်း အတည်ပြုခဲ့ပါတယ်။
မူလဥပဒေကြမ်းမှာ မပါတဲ့ နိုင်ငံဝန်ထမ်းတွေ အငြိမ်းစားယူတဲ့အခါ ရရှိတဲ့ ပင်စင်နဲ့ ကရုဏာကြေးကိုလည်း ဝင် ငွေခွန်ပေးတာကနေ ကင်းလွတ်ခွင့်ပြုဖို့ကိုလည်း အသစ်ထည့်သွင်း အတည်ပြုခဲ့ပါတယ်။
0 comments :
Post a Comment