တစ်ပတ်အတွင်း သင့်ရဲ့ရုပ်ရည် လှပသွားစေမယ်နော် (အပြည့်အစုံကြည့်ရန်နှိပ်ပါ)
စားသုံးပုံ
        ဂရိတ်ဖရု ၅လုံး
        ကြက်ဥ ၅ လုံး
Credit:MyFood
=-=====
 Unicode
အစားအစာတွေနဲ့ ပြုလုပ်တဲ့ WEIGHT LOSS DIET PLAN တွေကို အလျဉ်းသင့်သလို မျှဝေပေးနေပြီးတော့ သူငယ်ချင်းတို့ရဲ့ တကယ် အလုပ်ဖြစ်ခဲ့တဲ့ နည်းလေးတွေ ရှိရင်လည်း Chat Box ကနေ တဆင့် မျှဝေလို့ ရပါတယ်။ ကဲ ဒီတပတ်မှာတော့ တစ်ပတ်စာ Plan လေးကို မျှဝေပေးပါမယ်။ ဂရိတ်ဖရုသီးနဲ့ ကြက်ဥ Diet Plan ဟာ 2014 ခုနှစ်ကစပြီး နာမည်ကျော်ခဲ့တဲ့ နည်းလေးတစ်ခုပါ။ ဘာကြောင့်လဲဆိုရင်တော့ စားရတဲ့ ရက်တိုပြီး ထိရောက်မှု ရှိတဲ့ အတွက်ပါ။
ဘာကြောင့် ဒီနည်းကို ရွေးချယ်ခဲသလဲ
ဂရိတ်ဖရုသီးဟာ အဆီကို လောင်ကျွမ်းစေနိုင်တဲ့ အစားအစာ အုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကြောင်ပဲ အာဟာရပညာရှင်တွေဟာ အဆီကို လောင်ကျွမ်းစေပြီး ကိုယ်ထဲကနေ ဖယ်ရှားပစ်ဖို့ ဂရိတ်ဖရုသီးကို ညွှန်းကြပါတယ်။ ကြက်ဥကတော့ လိုအပ်တဲ့ ပရိုတိန်းကို ရစေနိုင်ပြီး သင့်ကို ကျန်းမာရေးနဲ့ ညီညွှတ်စေမယ့် Body ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။ ဒီနည်းလေးဟာ ပြင်ဆင်ဖို့ လွယ်တဲ့ အတွက် စားဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ့်မှာ ကျန်းမာရေး ပြဿနာ ရှိနေရင်တော့ ဘယ် Weight Loss Plan ကိုမှ ကိုယ့်သဘောနဲ့ကိုယ် မစားဖို့ အကြံပေးပါရစေ။ ဥပမာ အစာအိမ်၊ လေရောဂါ၊ အမျိုးသမီးရောဂါ၊ ကိုယ်ဝန်သည်၊ နို့တိုက်မိခင် အစရှိသူတွေဟာ ဆရာဝန်နဲ့သာ တိုင်ပင်ပြီး အကြံဉာဏ် ယူသင့်ပါတယ်။
စားသုံးပုံ
၄ရက်၊ ၅ရက်၊ ၇ ရက် ကိုယ်အဆင်ပြေသလို စားပါ။ အနည်းဆုံး ၄ရက်တော့ စားပါ။
အဓိက လိုအပ်တဲ့ ပစ္စည်းများ (တစ်ရက်စာ)
        ဂရိတ်ဖရု ၅လုံး
        ကြက်ဥ ၅ လုံး
တစ်နာရီ တစ်ခါ ဂရိတ်ဖရု တစ်ခြမ်းနဲ့ ကြက်ဥ တစ်ခြမ်းစားပါ။ ရေများများ သောက်ပါ။ အနည်းဆုံး ၃လီတာလောက် တစ်နေ့ကို သောက်ပေးပါ။ တစ်နေ့ကို ၄၅မိနစ် လမ်းလျှောက်ပါ။ Green Tea ကို အချိုမပါဘဲ မနက်ပိုင်းမှာ သောက်ပါ။ အိပ်ယာဝင်ခါနီး တစ်ခွက်သောက်ပါ။ ကိုယ်ထဲက အဆိပ်တွေကို ရှင်းပေးဖို့ လက်ဖက်စိမ်းက ကူညီပေးနိုင်ပါတယ်။ ၃ရက်လောက် ကြာတဲ့အခါ သင်ရဲ့ ပြောင်းလဲမှုကို စတင်ခံစားရပါလိမ့်မယ်။
ပထမဆုံး ရက်မှာ လေနာတာ အစာအိမ်ထဲ နေလို့ မကောင်းတာတွေ ဖြစ်ရင်တော့ ဆက်မစားဖို့ အကြံပေးပါရစေ။ တစ်ခု သတိထားရမှာက ကြက်ဥစားတဲ့ အခါ ကျတ်အောင် ပြုတ်ပြီးမှ စားပါ။ ဆီလုံးဝ မထည့်ပါနဲ့။
အားလုံးကျန်းမာပြီး လှပနိုင်ကြပါစေ။
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...