သြားကုိက္ေဝဒနာအတြက္ တကယ္ထိေရာက္တဲ့ သဘာဝေဆးနည္းေတြ


သြားကိုက္ေဝဒနာဆုိရင္ ေယာက်္ားေတြေတာင္ ၾကံ့ၾကံ့မခံႏုိင္ပါဘူး။ သြားကိုက္ရတဲ့အေၾကာင္းရင္းကိုအပထား၊ အျမန္ဆုံးေပ်ာက္ကင္းေစမယ့္ နည္းလမ္းရွာဖုိ႔က အေရးၾကီးဆုံးအခ်က္ျဖစ္ပါတယ္။ လူအမ်ားစုဟာ အကုိက္အခဲေပ်ာက္ေဆး မွီခုိအားထားၾကေပမယ့္ အကိုက္အခဲေပ်ာက္ေဆးသိပ္မ်ားလြန္းတာက တကယ္ေတာ့ ကုိယ္ခံအား ထိခုိက္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေဘးထြက္ဆုိးက်ဳိး လုံးဝမရိွတဲ့ သဘာဝအကိုက္အခဲေပ်ာက္ေဆးနည္းေတြကို ညြန္းေပးလုိက္ပါတယ္။

၁။ ၾကက္သြန္ျဖဴ ၊ ၾကက္သြန္နီ

ပဋိဇီဝအျဖစ္ အသုံးျပဳႏုိင္ျခင္းေၾကာင့္ ၾကက္သြန္နီကို သြားကိုက္ေဝဒနာကုသရာမွာ အသုံးျပဳ အၾကံျပဳထားပါတယ္။ နာက်င္ကုိက္ခဲမႈ ေလ်ာ့နည္းသက္သာေအာင္ ၾကက္သြန္ျဖဴ ၁မႊာ၊ ၂မႊာ ကိုက္ပါ ဒါမွမဟုတ္ ၾကက္သြန္ျဖဴမႈန္႔အနည္းငယ္နဲ႔ ဆားေရာစပ္ျပီး ကိုက္ခဲတဲ့သြားေပၚ လိမ္းေပးပါ။ ေဝဒနာေပ်ာက္ကင္းေစဖုိ႔ အာမခံပါတယ္။

၂။ ပူစီနံတီး

ပူစီနံတီးက ခံတြင္းအတြက္သာ ေကာင္းတာမဟုတ္ဘဲ သြားကိုက္ေဝဒနာပါ သက္သာေစပါတယ္။ ေရေႏြးခြက္ထဲ ပူစီနံရြက္ေျခာက္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းထည့္ျပီး မိနစ္ ၂၀ စိမ္ပါ။ ေအးတဲ့အခါ ပလုတ္က်င္းျပီး ျပန္ေထြးထုတ္ရပါမယ္။ အဲဒီတုိင္း ထပ္ခါထပ္ခါျပန္လုပ္ႏုိင္ပါတယ္။

၃။ ၾကက္သြန္နီ

သြားကိုက္ေဝဒနာခံစားေနရသူေတြအတြက္ ၾကက္သြန္နီဝါးေပးျခင္းက အေထာက္အကူျဖစ္ေစႏုိင္ပါတယ္။ ၾကက္သြန္နီကို နာက်င္ကုိက္ခဲမႈ သက္သာေစႏုိင္တဲ့ ပိုးသတ္ေဆးအစြမ္းသတိၱေတြေၾကာင့္ လူသိမ်ားပါတယ္။ တစ္ခ်ိန္တည္းမွာ ေရာင္ရမ္းမႈနဲ႔ ေရာဂါကူးစက္မႈ ေလ်ာ့နည္းေစပါတယ္။ သြားကိုက္ေဝဒနာခံစားရပါက ခ်က္ခ်င္း ၾကက္သြန္နီကုိက္ေပးပါ။ သြားေပၚ အခ်ပ္လုိက္လွီးထားတဲ့ ၾကက္သြန္နီ ကပ္ေပးႏုိင္ပါတယ္။

၄။ ေလးညွင္းပြင့္ဆီ

သြားေတြ တဒုတ္ဒုတ္ကုိက္ခဲေနပါက နည္းလမ္းတစ္ခုက သြားေပၚ ေလးညွင္းပြင့္ဆီေတြ လိမ္းေပးဖုိ႔ပါပဲ။ ေလးညွင္းပြင့္ဆီမွာ ဘက္တီးရီးယားပိုေသေစႏုိင္တဲ့သတၱိေတြပါဝင္ျပီး အကိုက္အခဲေပ်ာက္ကင္းေစတဲ့ အစြမ္းသတၱိအတြက္ လူသိမ်ားပါတယ္။ စစလိမ္းခ်င္းမွာ နာက်င္ေပမယ့္ ေနာက္ပုိင္းမွာ သက္သာေစပါတယ္။

၅။ ဆားေရေႏြးေႏြး

ေရေႏြးတစ္ခြက္ထဲ ဆား (၁) ဇြန္း ခပ္ထည့္၊ ေသခ်ာေမႊေပးျပီး အဲဒီအရည္နဲ႔ ပလုတ္က်င္းေပးရုံေလးသာ ျဖစ္ပါတယ္။ သြားဖုံးေရာင္၊ သြားကိုက္ေဝဒနာေတြ ေလ်ာ့နည္းသက္သာေစႏုိင္ပါတယ္။

Trend Myanmar
======
 Unicode
သွားကိုက်ဝေဒနာအတွက် တကယ်ထိရောက်တဲ့ သဘာဝဆေးနည်းတွေ

သွားကိုက်ဝေဒနာဆိုရင် ယောကျ်ားတွေတောင် ကြံ့ကြံ့မခံနိုင်ပါဘူး။ သွားကိုက်ရတဲ့အကြောင်းရင်းကိုအပထား၊ အမြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်းရှာဖို့က အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ လူအများစုဟာ အကိုက်အခဲပျောက်ဆေး မှီခိုအားထားကြပေမယ့် အကိုက်အခဲပျောက်ဆေးသိပ်များလွန်းတာက တကယ်တော့ ကိုယ်ခံအား ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ သဘာဝအကိုက်အခဲပျောက်ဆေးနည်းတွေကို ညွန်းပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ

ပဋိဇီဝအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် ကြက်သွန်နီကို သွားကိုက်ဝေဒနာကုသရာမှာ အသုံးပြု အကြံပြုထားပါတယ်။ နာကျင်ကိုက်ခဲမှု လျော့နည်းသက်သာအောင် ကြက်သွန်ဖြူ ၁မွှာ၊ ၂မွှာ ကိုက်ပါ ဒါမှမဟုတ် ကြက်သွန်ဖြူမှုန့်အနည်းငယ်နဲ့ ဆားရောစပ်ပြီး ကိုက်ခဲတဲ့သွားပေါ် လိမ်းပေးပါ။ ဝေဒနာပျောက်ကင်းစေဖို့ အာမခံပါတယ်။

၂။ ပူစီနံတီး

ပူစီနံတီးက ခံတွင်းအတွက်သာ ကောင်းတာမဟုတ်ဘဲ သွားကိုက်ဝေဒနာပါ သက်သာစေပါတယ်။ ရေနွေးခွက်ထဲ ပူစီနံရွက်ခြောက် လက်ဖက်ရည်ဇွန်း (၁) ဇွန်းထည့်ပြီး မိနစ် ၂၀ စိမ်ပါ။ အေးတဲ့အခါ ပလုတ်ကျင်းပြီး ပြန်ထွေးထုတ်ရပါမယ်။ အဲဒီတိုင်း ထပ်ခါထပ်ခါပြန်လုပ်နိုင်ပါတယ်။

၃။ ကြက်သွန်နီ

သွားကိုက်ဝေဒနာခံစားနေရသူတွေအတွက် ကြက်သွန်နီဝါးပေးခြင်းက အထောက်အကူဖြစ်စေနိုင်ပါတယ်။ ကြက်သွန်နီကို နာကျင်ကိုက်ခဲမှု သက်သာစေနိုင်တဲ့ ပိုးသတ်ဆေးအစွမ်းသတ္တိတွေကြောင့် လူသိများပါတယ်။ တစ်ချိန်တည်းမှာ ရောင်ရမ်းမှုနဲ့ ရောဂါကူးစက်မှု လျော့နည်းစေပါတယ်။ သွားကိုက်ဝေဒနာခံစားရပါက ချက်ချင်း ကြက်သွန်နီကိုက်ပေးပါ။ သွားပေါ် အချပ်လိုက်လှီးထားတဲ့ ကြက်သွန်နီ ကပ်ပေးနိုင်ပါတယ်။

၄။ လေးညှင်းပွင့်ဆီ

သွားတွေ တဒုတ်ဒုတ်ကိုက်ခဲနေပါက နည်းလမ်းတစ်ခုက သွားပေါ် လေးညှင်းပွင့်ဆီတွေ လိမ်းပေးဖို့ပါပဲ။ လေးညှင်းပွင့်ဆီမှာ ဘက်တီးရီးယားပိုသေစေနိုင်တဲ့သတ္တိတွေပါဝင်ပြီး အကိုက်အခဲပျောက်ကင်းစေတဲ့ အစွမ်းသတ္တိအတွက် လူသိများပါတယ်။ စစလိမ်းချင်းမှာ နာကျင်ပေမယ့် နောက်ပိုင်းမှာ သက်သာစေပါတယ်။

၅။ ဆားရေနွေးနွေး

ရေနွေးတစ်ခွက်ထဲ ဆား (၁) ဇွန်း ခပ်ထည့်၊ သေချာမွှေပေးပြီး အဲဒီအရည်နဲ့ ပလုတ်ကျင်းပေးရုံလေးသာ ဖြစ်ပါတယ်။ သွားဖုံးရောင်၊ သွားကိုက်ဝေဒနာတွေ လျော့နည်းသက်သာစေနိုင်ပါတယ်။

Trend Myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...