မိဘေတြ မမိုက္ၾကဖို႔လိုသည္

(၁)

ေဆာင္းပါးရဲ႕ ေခါင္းစဥ္ဟာ စာေရးသူ ခုိင္ၾကည္သစ္နဲ႔ သက္ တူရြယ္တူ မိဘျဖစ္ခါစ မိဘမ်ား နဲ႔ ေနာင္မိဘျဖစ္လာလတၱံ႕ေသာ လူငယ္မ်ိဳးဆက္မ်ားကိုသာ ရည္ ၫႊန္းပါေၾကာင္း တင္ကူးအစီရင္ ခံပါရေစ။ ခုိင္ၾကည္သစ္အေနနဲ႔ ေက်းဇူးအရာမွာ ကိုးကြယ္ဆည္း ကပ္ရာရတနာသံုးပါးနဲ႔ တစ္ဂိုဏ္း တည္းထားရတဲ့ မိဘမ်ားအေပၚ ေစာ္ကားေမာ္ႂကြားလိုျခင္းမဟုတ္ ဘဲ မ်က္ေမွာက္ေလာကရဲ႕ အ ေတြ႕အႀကံဳေတြအေပၚ သင္ခန္း စာထုတ္မိရင္းက ရရွိလာတဲ့အ ေတြးေလးတစ္စကို အနာဂတ္မွာ ပိုမိုေကာင္းမြန္တဲ့ လူ႔အသိုက္အ ဝန္းကို ဖန္တီးႏုိင္ပါေစေၾကာင္း ေစတနာေကာင္းနဲ႔ ေဝမွ်လိုက္ရ ျခင္းသာ ျဖစ္ပါတယ္။

(၂)

ရန္ကုန္အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွာ လုပ္ႀကံခံခဲ့ရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥပေဒအႀကံေပး တရားလႊတ္ ေတာ္ေရွ႕ေနႀကီး ဦးကုိနီ၊ လုပ္ႀကံ သူကို ဖမ္းဆီးရမိေရးအတြက္ အ သက္ေပးသြားရတဲ့ အငွားယာဥ္ ေမာင္း ဦးေနဝင္းနဲ႔ တာဝန္သိအ ငွားယာဥ္ေမာင္းေတြကို ဂုဏ္ျပဳ တဲ့ အခမ္းအနားကို ေဖေဖာ္ဝါရီ လ ၁၇ ရက္က ရန္ကုန္ၿမိဳ႕ ေတာ္ ဝင္ႏွင္းဆီမွာ ျပဳလုပ္ခဲ့ပါတယ္။ အြန္လိုင္းက ေကာက္ခံထားတဲ့ အလွဴေငြေတြအပါအဝင္ အလွဴ ရွင္ေတြက ဦးကိုနီအတြက္ ဂုဏ္ ျပဳေငြ က်ပ္သိန္းႏွစ္ရာ၊ ဦးေနဝင္း မိသားစုအတြက္ တိုက္ခန္းတစ္ ခန္းနဲ႔ က်ပ္သိန္းကိုးရာေက်ာ္ ဂုဏ္ျပဳေပးအပ္ခဲ့ၾကပါတယ္။ ဒီအခမ္း အနားဟာ လုပ္ႀကံမႈအၿပီး ပထမ ဆံုးျပဳလုပ္တဲ့ ဂုဏ္ျပဳပြဲျဖစ္ၿပီး သည့္အရင္ကလည္း အလွဴရွင္ တစ္ဦးခ်င္း၊ တစ္ဖြဲ႕ခ်င္း ဦးေနဝင္း အိမ္ကို သီးျခားသြားေရာက္ဂုဏ္ ျပဳမႈေတြ ရွိခဲ့ပါတယ္။

ဒီေနရာမွာ ေထာက္ျပလို တာက ဂုဏ္ျပဳေငြေတြ၊ ေထာက္ ပံ့ေငြေတြမဟုတ္ဘဲ ျပည္သူအ မ်ားစုရဲ႕ ရင္ထဲက ဦးကုိနီနဲ႔ ဦးေန ဝင္းတုိ႔အေပၚမွာ ထားရွိတဲ့ ေမတၱာ၊ေစတနာနဲ႔ ဂုဏ္ယူမႈ၊ ဂုဏ္ျပဳမႈကို ျဖစ္ပါတယ္။ ဦးကိုနီရဲ႕ သားသမီး ေတြ၊ ဦးေနဝင္းရဲ႕ သားသမီးေတြ ဟာ ျပည္သူလူထုရဲ႕ အဲဒီေမတၱာ၊ ေစတနာ၊ ဂုဏ္ယူမႈ၊ ဂုဏ္ျပဳမႈ ေတြနဲ႔ အနာဂတ္ကို လွလွပပျဖတ္ သန္းႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ဒါ ဟာ တိုက္ခန္းေတြ၊ ဂုဏ္ျပဳဆုေငြ ေတြထက္ကို ပိုၿပီး အဖိုးထိုက္တန္ လြန္းလွပါတယ္။ အဲဒီေန႔ အခမ္း အနားမွာ ဦးကိုနီရဲ႕ သမီးျဖစ္သူ ေဒါက္တာယဥ္ႏြယ္ခိုင္ ေျပာၾကား သြားတဲ့ စကားတစ္ခြန္းကလည္း ရင္ဘတ္ထဲမွာ ထိရွခံစားရေစပါ တယ္။ ‘‘ကြၽန္မတို႔အေနနဲ႔ ဒီလို ေတြလုပ္လို႔ ဒီလိုေတြျဖစ္ရတယ္ လို႔ ဘယ္ေသာအခါမွ ေနာင္တရ မွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲ ဆုိေတာ့ ကြၽန္မအေဖက ဂုဏ္ရွိ စြာ က်ဆံုးခဲ့လို႔ပါ’’ဆုိတဲ့ စကားပဲ ျဖစ္ပါတယ္။

ဟုတ္ပါတယ္။ ဂုဏ္ရွိတဲ့သူ ေတြရဲ႕ သားသမီးေတြဟာ ဘဝကို ဂုဏ္ရွိစြာျဖတ္သန္းဖုိ႔ မဟာအခြင့္အလမ္းႀကီးပဲ ျဖစ္ပါတယ္။ ကြၽန္ ေတာ္တုိ႔ သားသမီးေတြအတြက္၊ ကြၽန္ေတာ္တုိ႔ တိုင္းျပည္ရဲ႕ အနာ ဂတ္အတြက္ ကြၽန္ေတာ္တုိ႔ တစ္ေယာက္စီတုိင္းဟာ ဂုဏ္ျပဳခံထိုက္တဲ့သူေတြ၊ ဂုဏ္ရွိသူေတြ ျဖစ္ဖို႔လုိပါတယ္။ ဂုဏ္ျပဳခံထိုက္ သူေတြ မျဖစ္ဘူးဆုိရင္ေတာင္ အနည္းဆံုးလူအမ်ား ႏွာေခါင္း႐ႈံ႕ ျခင္းခံရတဲ့ လူမိုက္ေတြ မျဖစ္သင့္ ဘူးလို႔ ယံုၾကည္မိပါတယ္။

(၃)

ဦးကိုနီကို လုပ္ႀကံဖို႔ ေငြေပး ေစခိုင္းသူကို ႏုိင္ငံေတာ္သမၼတ႐ံုး က ေဖေဖာ္ဝါရီလ ၁၅ ရက္ ညေန ပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။ အ သက္ (၄၅)ႏွစ္အရြယ္ ဒုတိယဗိုလ္မွဴးႀကီးေဟာင္း ေအာင္ဝင္းခုိင္က ဦးကိုနီကို လုပ္ႀကံဖုိ႔ ေငြေပးေစ ခုိင္းခဲ့တာလုိ႔ ဆုိပါတယ္။ ဒီစာကို ေရးေနခ်ိန္အထိ ေအာင္ဝင္းခိုင္ ဟာ ထြက္ေျပးလြတ္ေျမာက္လ်က္ ရွိေနၿပီး မိသားစုသံုးေယာက္ က်န္ေနခဲ့ပါတယ္။ အဲဒီမိသားစုဝင္ ေတြကေတာ့ ဇနီးသည္နဲ႔ ဆယ္ေက်ာ္သက္အရြယ္ သားႏွစ္ ေယာက္ျဖစ္ပါတယ္။ သတင္းစာ ေတြမွာ ေဖာ္ျပခ်က္ေတြအရ ဒုဗိုလ္မွဴးႀကီးေဟာင္း ေအာင္ဝင္း ခိုင္နဲ႔ မိသားစုေနထိုင္ခဲ့ရာ ေဒါပံုၿမိဳ႕နယ္ ဝါဆိုရပ္ကြက္ မ႑ိဳင္ လမ္း အိမ္အမွတ္ (၃၃)ဆိုတဲ့ သံုးထပ္တိုက္ႀကီးကို စာဖတ္သူေတြ ေတြ႕ျမင္ခဲ့ၾကရၿပီး ျဖစ္ပါတယ္။ဒီလိုအေျခအေန၊ ဒီလိုအဆင့္အ တန္းနဲ႔ သားသမီးေတြကို ထားႏုိင္ေပမယ့္ ေအာင္ဝင္းခိုင္ထားခဲ့တဲ့ အရိပ္မည္းကေတာ့ ေအာင္ဝင္းခုိင္ရဲ႕ လုပ္ရပ္နဲ႔ ဘာမွမပတ္သက္ခဲ့ရတဲ့ ဆယ္ေက်ာ္သက္အရြယ္ သားႏွစ္ေယာက္ရဲ႕ ဘဝတစ္ေလွ်ာက္မွာ အစြန္းထင္းခံရေတာ့ မွာ ျဖစ္ပါတယ္။ လုပ္ႀကံမႈျဖစ္ပြား တဲ့ ေန႔ကစၿပီး အဲဒီအိမ္ႀကီးထဲမွာ လူရွိေပမယ့္ အိမ္တံခါးကို အၿမဲပိတ္ထားတယ္လို႔ ရပ္ကြက္ေန သူေတြက ေျပာေၾကာင္းလည္း သတင္းေတြမွာ ဖတ္ခဲ့ရပါတယ္။ ပတ္ဝန္းက်င္ကို ရင္မဆုိင္ရဲရွာတဲ့ဇနီးသည္နဲ႔ သားႏွစ္ဦးအျဖစ္က ရင္နင့္စရာေကာင္းလွပါတယ္။

ဒီေနရာမွာ ႏိႈင္းယွဥ္စဥ္းစား မိတာကေတာ့ ေအာင္ဝင္းခုိင္နဲ႔ အသက္အရြယ္ မတိမ္းမယိမ္းျဖစ္ တဲ့ တကၠစီယာဥ္ေမာင္း ဦးေနဝင္း တုိ႔ရဲ႕ မိသားစုႏွစ္စု ျဖတ္သန္းေန ရတဲ့ ဘဝအေျခအေန၊ လူအမ်ား က သူတုိ႔အေပၚ ထားရွိတဲ့ သေဘာထား၊ က်န္ရစ္သူမိသားစု ရဲ႕ လိပ္ျပာလံုမႈ၊ အနာဂတ္ကို ရင္ ဆုိင္ဖို႔ ရဲဝံ့မႈ စတာေတြပဲ ျဖစ္ပါ တယ္။ သူတစ္ထူးအတြက္ အ သက္ကိုေပးၿပီး စြန္႔စားဝံ့တဲ့ တကၠ စီယာဥ္ေမာင္း ဦးေနဝင္းရဲ႕ သား သမီးမ်ားဟာ ဆင္းရဲခ်ိဳ႕တဲ့ခဲ့ၾက ေပမယ့္၊ အိမ္ေသးေသးေလးမွာ ေနခဲ့ၾကရေပမယ့္ ေလာကအ လယ္မွာ သူတို႔ေလးေတြ ေခါင္း ေမာ့ရင္ေကာ့ႏုိင္ၾကပါၿပီ။ ဖခင္ ကို ဆံုး႐ႈံးလိုက္ရသည့္တုိင္ ဖခင္ ေပးခဲ့တဲ့ ဂုဏ္ယူစရာ‘နာမည္ ေကာင္း’အေမြကို လက္ဆင့္ကမ္း သယ္ေဆာင္ႏုိင္ၿပီျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ အေဖျဖစ္ သူက ျပည္သူခ်စ္တဲ့ စြန္႔လႊတ္စြန္႔ စားသူတစ္ေယာက္ျဖစ္လို႔ပါ။ ဒု တိယဗိုလ္မွဴးႀကီးေဟာင္း ေအာင္ ဝင္းခုိင္ရဲ႕ သားႏွစ္ေယာက္အ တြက္ကေတာ့ စိတ္မေကာင္းစရာ ျဖစ္ပါတယ္။ သူတုိ႔ေလးေတြဟာ သံုးထပ္တိုက္အႀကီးႀကီးမွာ အက် အနေနထိုင္ႏုိင္ေပမယ့္ စိတ္ေသာ ကေရာက္ေနၾကရရွာမွာပါ။ သူတုိ႔ေလးေတြရဲ႕ ဖခင္ဟာ ယေန႔အ ခ်ိန္အထိ အသက္ရွင္ေနေသးေပ မယ့္ သူတုိ႔ေလးေတြ ဖခင္ကို ဆံုး ႐ႈံးလိုက္ၾကရၿပီျဖစ္ပါတယ္။ တကၠစီယာဥ္ေမာင္း လူေကာင္းတစ္ ေယာက္ရဲ႕ သားသမီးေတြဟာ တပ္မေတာ္အရာရွိ ဒုတိယဗိုလ္ မွဴးႀကီး လူမိုက္တစ္ေယာက္ရဲ႕ သားသမီးေတြထက္ ပိုၿပီး ဂုဏ္တင့္တယ္ဆုိတာက တရားရစရာ၊သတိထားစရာ၊ ဆင္ျခင္စရာ ျဖစ္ ပါတယ္။

(၄)

အမ်ိဳးသားေခါင္းေဆာင္ ႀကီး ဦးေအာင္ဆန္းနဲ႔ အာဇာနည္ ႀကီးေတြကို လုပ္ႀကံခဲ့သူရဲ႕ မိသား စုဝင္ေတြကို ခြဲျခားဆက္ဆံမႈမျပဳ ၾကဖို႔ ဦးေအာင္ဆန္းရဲ႕ ဇနီးသည္ ေဒၚခင္ၾကည္ကေရာ သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ကပါ ေျပာဆုိခဲ့ဖူးေၾကာင္း မွတ္သားရ ပါတယ္။ ဒုတိယဗိုလ္မွဴးႀကီး ေဟာင္း ေအာင္ဝင္းခိုင္ရဲ႕ သား ႏွစ္ေယာက္ကိုလည္း ဒီလိုသေဘာ ထားမ်ိဳးပဲ ကြၽန္ေတာ္တုိ႔ ထားရွိရ မွာ ျဖစ္ပါတယ္။ သို႔ေသာ္လည္းပဲ သူတို႔မိသားစုရဲ႕ အျဖစ္အပ်က္က ေနၿပီး သင္ခန္းစာထုတ္ယူႏုိင္ၾက ဖို႔ေတာ့ လုိအပ္မွာ ျဖစ္ပါတယ္။ ဘယ္ေလာက္ပဲ ခ်မ္းသာႂကြယ္ဝ ပါေစ၊ ဘယ္ေလာက္ပဲႀကီးက်ယ္ ခမ္းနားပါေစ၊ ဘယ္ေလာက္ပဲ ရာထူးရာခံေတြ ႀကီးမားပါေစ၊ ဘယ္ေလာက္ပဲ ေနာက္ခံေကာင္း ပါေစ၊ အမွားက်ဴးလြန္တဲ့သူ၊ မိုက္မဲတဲ့သူေတြဟာ သူတုိ႔ကိုယ္သူတုိ႔ သာမကဘဲ သူတုိ႔ရဲ႕ မိသားစုနဲ႔ ေနာက္မ်ိဳးဆက္မ်ားကိုပါ ဒုကၡ ေတာထဲကို အေရာက္ပို႔ေလ့ရွိပါ တယ္။

ဒါေၾကာင့္ပဲ ေပးထားခဲ့တဲ့ ေခါင္းစဥ္လို မိဘေနရာေရာက္ေန ၾကတဲ့ ကြၽန္ေတာ္တုိ႔ေတြ မမိုက္ ၾကဖို႔ လိုအပ္ပါတယ္။ သားသမီး ေတြအတြက္ စားဝတ္ေနေရးျပည့္ စံုေအာင္ ေဆာင္ရြက္ေပးေန႐ံုနဲ႔ မၿပီးပါဘူး။ ေက်ာင္းေကာင္း ေကာင္းထားႏုိင္႐ံုနဲ႔ မၿပီးပါဘူး။ ကားေကာင္းေကာင္း ေပးစီးႏုိင္႐ံု နဲ႔ မၿပီးပါဘူး။ မိဘဝတ္ငါးပါးကို ‘မေကာင္းျမစ္တာ၊ ေကာင္းရာ ၫႊန္လတ္၊ အတတ္သင္ေစ၊ ေပး ေဝႏွီးရင္း၊ ထိမ္းျမားျခင္းလွ်င္ ဝတ္ငါးအင္၊ ဖခင္မယ္တို႔တာ’လုိ႔ ျပဆိုပါတယ္။

  သားသမီးဝတ္ငါးပါးထဲ မွာ ‘ေမြခံထိုက္ေစ’ဆိုတဲ့ ဝတ္တစ္ ပါး ပါဝင္ပါတယ္။ မိဘေတြျဖစ္ တဲ့ ကြၽန္ေတာ္တုိ႔အေနနဲ႔ မိဘဝတ္ ငါးပါးေက်ပြန္ဖို႔လုိသလို ကိုယ့္ရဲ႕ သားသမီးေတြကို အေမြခံထိုက္သူ ေတြျဖစ္ေစဖို႔ လိုအပ္လွပါတယ္။ ဒါ့အျပင္ ကိုယ္ကိုယ္တုိင္ကလည္း သားသမီးေတြအတြက္ ေကာင္း ေမြကို ေပးခဲ့ႏုိင္ဖို႔ ႀကိဳးစားအား ထုတ္ဖို႔ လိုအပ္ပါလိမ့္ဦးမယ္။(၅)

ခုိင္ၾကည္သစ္ကေတာ့ျဖင့္ လူပံုအလယ္မွာ ေခါင္းငံု႔ေနစရာ မလိုေအာင္ ပ်ိဳးေထာင္ေပးခဲ့တဲ့ မိဘႏွစ္ပါးကို ဒီေဆာင္းပါးနဲ႔ ဦးခ်ကန္ေတာ့လိုက္ရပါတယ္။ ခုိင္ၾကည္သစ္ရဲ႕ သမီးေလးအ တြက္လည္း ဂုဏ္ယူထုိက္တဲ့ ဖခင္မ်ိဳးျဖစ္ေအာင္ ႀကိဳးစားဖို႔၊ သမီး ေလးဂုဏ္ယူထိုက္သူမျဖစ္လာ ရင္ေတာင္ ကိုုယ့္ရဲ႕ မိိုက္မဲဆုိး ယုတ္မႈေၾကာင့္ သမီးေလးမ်က္ႏွာ မငယ္ရဖုိ႔ ႀကိဳးစားသြားမယ္လို႔ သႏၷိ႒ာန္ခ်ထားပါတယ္။

ဒုတိယဗိုလ္မွဴးႀကီးေဟာင္း ေအာင္ဝင္းခိုင္အေနနဲ႔လည္း သား ႏွစ္ေယာက္ရဲ႕ ဂုဏ္ယူထိုက္သူ ျပန္ျဖစ္ဖို႔ ႀကိဳးစားမယ္ဆုိရင္ အ ခြင့္အေရးရွိပါေသးတယ္။ အဲဒါကေတာ့ မိမိရဲ႕အမွားကို သိျမင္ၿပီး လုပ္ႀကံမႈရဲ႕ အေၾကာင္းရင္းအမွန္ ကို ဝန္ခံဖို႔၊ ဥပေဒရဲ႕ အျပစ္ေပးမႈ ကို ရဲရဲဝံ့ဝံ့ရင္ဆုိင္ဖို႔ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေနာက္ကြယ္မွာ ႀကိဳးကိုင္ ျခယ္လွယ္ခဲ့သူရွိေနဦးမယ္ဆုိရင္ လည္း အဲဒီသူကို ရဲရဲဝံ့ဝံ့ေဖာ္ထုတ္ ေပးရင္း ဥပေဒရဲ႕ သက္ညႇာမႈကို ရယူဖို႔ ျဖစ္ပါတယ္။ ဒီလိုသာဆုိ ရင္ ဘယ္ေလာက္ပဲ ႀကီးေလးတဲ့ အမွားတစ္ခုကို က်ဴးလြန္ခဲ့ပါေစ၊ မိမိအမွားကို တာဝန္ယူတတ္တဲ့ သူ၊ တာဝန္ခံတတ္တဲ့သူ၊ တုိင္း ျပည္နဲ႔ လူမ်ိဳးကို သစၥာမေဖာက္တဲ့ သူ၊ တရားမွ်တမႈအတြက္ သစၥာ မပ်က္တဲ့သူအျဖစ္ သားႏွစ္ ေယာက္က ထာဝရဂုဏ္ယူႏုိင္မွာ ျဖစ္ပါတယ္။

7Day
(၁)

ဆောင်းပါးရဲ့ ခေါင်းစဉ်ဟာ စာရေးသူ ခိုင်ကြည်သစ်နဲ့ သက် တူရွယ်တူ မိဘဖြစ်ခါစ မိဘများ နဲ့ နောင်မိဘဖြစ်လာလတ္တံ့သော လူငယ်မျိုးဆက်များကိုသာ ရည် ညွှန်းပါကြောင်း တင်ကူးအစီရင် ခံပါရစေ။ ခိုင်ကြည်သစ်အနေနဲ့ ကျေးဇူးအရာမှာ ကိုးကွယ်ဆည်း ကပ်ရာရတနာသုံးပါးနဲ့ တစ်ဂိုဏ်း တည်းထားရတဲ့ မိဘများအပေါ် စော်ကားမော်ကြွားလိုခြင်းမဟုတ် ဘဲ မျက်မှောက်လောကရဲ့ အ တွေ့အကြုံတွေအပေါ် သင်ခန်း စာထုတ်မိရင်းက ရရှိလာတဲ့အ တွေးလေးတစ်စကို အနာဂတ်မှာ ပိုမိုကောင်းမွန်တဲ့ လူ့အသိုက်အ ဝန်းကို ဖန်တီးနိုင်ပါစေကြောင်း စေတနာကောင်းနဲ့ ဝေမျှလိုက်ရ ခြင်းသာ ဖြစ်ပါတယ်။

(၂)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လုပ်ကြံခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ် တော်ရှေ့နေကြီး ဦးကိုနီ၊ လုပ်ကြံ သူကို ဖမ်းဆီးရမိရေးအတွက် အ သက်ပေးသွားရတဲ့ အငှားယာဉ် မောင်း ဦးနေဝင်းနဲ့ တာဝန်သိအ ငှားယာဉ်မောင်းတွေကို ဂုဏ်ပြု တဲ့ အခမ်းအနားကို ဖေဖော်ဝါရီ လ ၁၇ ရက်က ရန်ကုန်မြို့ တော် ဝင်နှင်းဆီမှာ ပြုလုပ်ခဲ့ပါတယ်။ အွန်လိုင်းက ကောက်ခံထားတဲ့ အလှူငွေတွေအပါအဝင် အလှူ ရှင်တွေက ဦးကိုနီအတွက် ဂုဏ် ပြုငွေ ကျပ်သိန်းနှစ်ရာ၊ ဦးနေဝင်း မိသားစုအတွက် တိုက်ခန်းတစ် ခန်းနဲ့ ကျပ်သိန်းကိုးရာကျော် ဂုဏ်ပြုပေးအပ်ခဲ့ကြပါတယ်။ ဒီအခမ်း အနားဟာ လုပ်ကြံမှုအပြီး ပထမ ဆုံးပြုလုပ်တဲ့ ဂုဏ်ပြုပွဲဖြစ်ပြီး သည့်အရင်ကလည်း အလှူရှင် တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း ဦးနေဝင်း အိမ်ကို သီးခြားသွားရောက်ဂုဏ် ပြုမှုတွေ ရှိခဲ့ပါတယ်။

ဒီနေရာမှာ ထောက်ပြလို တာက ဂုဏ်ပြုငွေတွေ၊ ထောက် ပံ့ငွေတွေမဟုတ်ဘဲ ပြည်သူအ များစုရဲ့ ရင်ထဲက ဦးကိုနီနဲ့ ဦးနေ ဝင်းတို့အပေါ်မှာ ထားရှိတဲ့ မေတ္တာ၊စေတနာနဲ့ ဂုဏ်ယူမှု၊ ဂုဏ်ပြုမှုကို ဖြစ်ပါတယ်။ ဦးကိုနီရဲ့ သားသမီး တွေ၊ ဦးနေဝင်းရဲ့ သားသမီးတွေ ဟာ ပြည်သူလူထုရဲ့ အဲဒီမေတ္တာ၊ စေတနာ၊ ဂုဏ်ယူမှု၊ ဂုဏ်ပြုမှု တွေနဲ့ အနာဂတ်ကို လှလှပပဖြတ် သန်းနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ ဟာ တိုက်ခန်းတွေ၊ ဂုဏ်ပြုဆုငွေ တွေထက်ကို ပိုပြီး အဖိုးထိုက်တန် လွန်းလှပါတယ်။ အဲဒီနေ့ အခမ်း အနားမှာ ဦးကိုနီရဲ့ သမီးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင် ပြောကြား သွားတဲ့ စကားတစ်ခွန်းကလည်း ရင်ဘတ်ထဲမှာ ထိရှခံစားရစေပါ တယ်။ ‘‘ကျွန်မတို့အနေနဲ့ ဒီလို တွေလုပ်လို့ ဒီလိုတွေဖြစ်ရတယ် လို့ ဘယ်သောအခါမှ နောင်တရ မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မအဖေက ဂုဏ်ရှိ စွာ ကျဆုံးခဲ့လို့ပါ’’ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဂုဏ်ရှိတဲ့သူ တွေရဲ့ သားသမီးတွေဟာ ဘဝကို ဂုဏ်ရှိစွာဖြတ်သန်းဖို့ မဟာအခွင့်အလမ်းကြီးပဲ ဖြစ်ပါတယ်။ ကျွန် တော်တို့ သားသမီးတွေအတွက်၊ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာ ဂတ်အတွက် ကျွန်တော်တို့ တစ်ယောက်စီတိုင်းဟာ ဂုဏ်ပြုခံထိုက်တဲ့သူတွေ၊ ဂုဏ်ရှိသူတွေ ဖြစ်ဖို့လိုပါတယ်။ ဂုဏ်ပြုခံထိုက် သူတွေ မဖြစ်ဘူးဆိုရင်တောင် အနည်းဆုံးလူအများ နှာခေါင်းရှုံ့ ခြင်းခံရတဲ့ လူမိုက်တွေ မဖြစ်သင့် ဘူးလို့ ယုံကြည်မိပါတယ်။

(၃)

ဦးကိုနီကို လုပ်ကြံဖို့ ငွေပေး စေခိုင်းသူကို နိုင်ငံတော်သမ္မတရုံး က ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အ သက် (၄၅)နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်က ဦးကိုနီကို လုပ်ကြံဖို့ ငွေပေးစေ ခိုင်းခဲ့တာလို့ ဆိုပါတယ်။ ဒီစာကို ရေးနေချိန်အထိ အောင်ဝင်းခိုင် ဟာ ထွက်ပြေးလွတ်မြောက်လျက် ရှိနေပြီး မိသားစုသုံးယောက် ကျန်နေခဲ့ပါတယ်။ အဲဒီမိသားစုဝင် တွေကတော့ ဇနီးသည်နဲ့ ဆယ်ကျော်သက်အရွယ် သားနှစ် ယောက်ဖြစ်ပါတယ်။ သတင်းစာ တွေမှာ ဖော်ပြချက်တွေအရ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်း ခိုင်နဲ့ မိသားစုနေထိုင်ခဲ့ရာ ဒေါပုံမြို့နယ် ဝါဆိုရပ်ကွက် မဏ္ဍိုင် လမ်း အိမ်အမှတ် (၃၃)ဆိုတဲ့ သုံးထပ်တိုက်ကြီးကို စာဖတ်သူတွေ တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ဒီလိုအခြေအနေ၊ ဒီလိုအဆင့်အ တန်းနဲ့ သားသမီးတွေကို ထားနိုင်ပေမယ့် အောင်ဝင်းခိုင်ထားခဲ့တဲ့ အရိပ်မည်းကတော့ အောင်ဝင်းခိုင်ရဲ့ လုပ်ရပ်နဲ့ ဘာမှမပတ်သက်ခဲ့ရတဲ့ ဆယ်ကျော်သက်အရွယ် သားနှစ်ယောက်ရဲ့ ဘဝတစ်လျှောက်မှာ အစွန်းထင်းခံရတော့ မှာ ဖြစ်ပါတယ်။ လုပ်ကြံမှုဖြစ်ပွား တဲ့ နေ့ကစပြီး အဲဒီအိမ်ကြီးထဲမှာ လူရှိပေမယ့် အိမ်တံခါးကို အမြဲပိတ်ထားတယ်လို့ ရပ်ကွက်နေ သူတွေက ပြောကြောင်းလည်း သတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲရှာတဲ့ဇနီးသည်နဲ့ သားနှစ်ဦးအဖြစ်က ရင်နင့်စရာကောင်းလှပါတယ်။

ဒီနေရာမှာ နှိုင်းယှဉ်စဉ်းစား မိတာကတော့ အောင်ဝင်းခိုင်နဲ့ အသက်အရွယ် မတိမ်းမယိမ်းဖြစ် တဲ့ တက္ကစီယာဉ်မောင်း ဦးနေဝင်း တို့ရဲ့ မိသားစုနှစ်စု ဖြတ်သန်းနေ ရတဲ့ ဘဝအခြေအနေ၊ လူအများ က သူတို့အပေါ် ထားရှိတဲ့ သဘောထား၊ ကျန်ရစ်သူမိသားစု ရဲ့ လိပ်ပြာလုံမှု၊ အနာဂတ်ကို ရင် ဆိုင်ဖို့ ရဲဝံ့မှု စတာတွေပဲ ဖြစ်ပါ တယ်။ သူတစ်ထူးအတွက် အ သက်ကိုပေးပြီး စွန့်စားဝံ့တဲ့ တက္က စီယာဉ်မောင်း ဦးနေဝင်းရဲ့ သား သမီးများဟာ ဆင်းရဲချို့တဲ့ခဲ့ကြ ပေမယ့်၊ အိမ်သေးသေးလေးမှာ နေခဲ့ကြရပေမယ့် လောကအ လယ်မှာ သူတို့လေးတွေ ခေါင်း မော့ရင်ကော့နိုင်ကြပါပြီ။ ဖခင် ကို ဆုံးရှုံးလိုက်ရသည့်တိုင် ဖခင် ပေးခဲ့တဲ့ ဂုဏ်ယူစရာ‘နာမည် ကောင်း’အမွေကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖေဖြစ် သူက ပြည်သူချစ်တဲ့ စွန့်လွှတ်စွန့် စားသူတစ်ယောက်ဖြစ်လို့ပါ။ ဒု တိယဗိုလ်မှူးကြီးဟောင်း အောင် ဝင်းခိုင်ရဲ့ သားနှစ်ယောက်အ တွက်ကတော့ စိတ်မကောင်းစရာ ဖြစ်ပါတယ်။ သူတို့လေးတွေဟာ သုံးထပ်တိုက်အကြီးကြီးမှာ အကျ အနနေထိုင်နိုင်ပေမယ့် စိတ်သော ကရောက်နေကြရရှာမှာပါ။ သူတို့လေးတွေရဲ့ ဖခင်ဟာ ယနေ့အ ချိန်အထိ အသက်ရှင်နေသေးပေ မယ့် သူတို့လေးတွေ ဖခင်ကို ဆုံး ရှုံးလိုက်ကြရပြီဖြစ်ပါတယ်။ တက္ကစီယာဉ်မောင်း လူကောင်းတစ် ယောက်ရဲ့ သားသမီးတွေဟာ တပ်မတော်အရာရှိ ဒုတိယဗိုလ် မှူးကြီး လူမိုက်တစ်ယောက်ရဲ့ သားသမီးတွေထက် ပိုပြီး ဂုဏ်တင့်တယ်ဆိုတာက တရားရစရာ၊သတိထားစရာ၊ ဆင်ခြင်စရာ ဖြစ် ပါတယ်။

(၄)

အမျိုးသားခေါင်းဆောင် ကြီး ဦးအောင်ဆန်းနဲ့ အာဇာနည် ကြီးတွေကို လုပ်ကြံခဲ့သူရဲ့ မိသား စုဝင်တွေကို ခွဲခြားဆက်ဆံမှုမပြု ကြဖို့ ဦးအောင်ဆန်းရဲ့ ဇနီးသည် ဒေါ်ခင်ကြည်ကရော သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကပါ ပြောဆိုခဲ့ဖူးကြောင်း မှတ်သားရ ပါတယ်။ ဒုတိယဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်ရဲ့ သား နှစ်ယောက်ကိုလည်း ဒီလိုသဘော ထားမျိုးပဲ ကျွန်တော်တို့ ထားရှိရ မှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ သူတို့မိသားစုရဲ့ အဖြစ်အပျက်က နေပြီး သင်ခန်းစာထုတ်ယူနိုင်ကြ ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝ ပါစေ၊ ဘယ်လောက်ပဲကြီးကျယ် ခမ်းနားပါစေ၊ ဘယ်လောက်ပဲ ရာထူးရာခံတွေ ကြီးမားပါစေ၊ ဘယ်လောက်ပဲ နောက်ခံကောင်း ပါစေ၊ အမှားကျူးလွန်တဲ့သူ၊ မိုက်မဲတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ သာမကဘဲ သူတို့ရဲ့ မိသားစုနဲ့ နောက်မျိုးဆက်များကိုပါ ဒုက္ခ တောထဲကို အရောက်ပို့လေ့ရှိပါ တယ်။

ဒါကြောင့်ပဲ ပေးထားခဲ့တဲ့ ခေါင်းစဉ်လို မိဘနေရာရောက်နေ ကြတဲ့ ကျွန်တော်တို့တွေ မမိုက် ကြဖို့ လိုအပ်ပါတယ်။ သားသမီး တွေအတွက် စားဝတ်နေရေးပြည့် စုံအောင် ဆောင်ရွက်ပေးနေရုံနဲ့ မပြီးပါဘူး။ ကျောင်းကောင်း ကောင်းထားနိုင်ရုံနဲ့ မပြီးပါဘူး။ ကားကောင်းကောင်း ပေးစီးနိုင်ရုံ နဲ့ မပြီးပါဘူး။ မိဘဝတ်ငါးပါးကို ‘မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေး ဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ’လို့ ပြဆိုပါတယ်။

  သားသမီးဝတ်ငါးပါးထဲ မှာ ‘မွေခံထိုက်စေ’ဆိုတဲ့ ဝတ်တစ် ပါး ပါဝင်ပါတယ်။ မိဘတွေဖြစ် တဲ့ ကျွန်တော်တို့အနေနဲ့ မိဘဝတ် ငါးပါးကျေပွန်ဖို့လိုသလို ကိုယ့်ရဲ့ သားသမီးတွေကို အမွေခံထိုက်သူ တွေဖြစ်စေဖို့ လိုအပ်လှပါတယ်။ ဒါ့အပြင် ကိုယ်ကိုယ်တိုင်ကလည်း သားသမီးတွေအတွက် ကောင်း မွေကို ပေးခဲ့နိုင်ဖို့ ကြိုးစားအား ထုတ်ဖို့ လိုအပ်ပါလိမ့်ဦးမယ်။(၅)

ခိုင်ကြည်သစ်ကတော့ဖြင့် လူပုံအလယ်မှာ ခေါင်းငုံ့နေစရာ မလိုအောင် ပျိုးထောင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ဒီဆောင်းပါးနဲ့ ဦးချကန်တော့လိုက်ရပါတယ်။ ခိုင်ကြည်သစ်ရဲ့ သမီးလေးအ တွက်လည်း ဂုဏ်ယူထိုက်တဲ့ ဖခင်မျိုးဖြစ်အောင် ကြိုးစားဖို့၊ သမီး လေးဂုဏ်ယူထိုက်သူမဖြစ်လာ ရင်တောင် ကိုုယ့်ရဲ့ မိိုက်မဲဆိုး ယုတ်မှုကြောင့် သမီးလေးမျက်နှာ မငယ်ရဖို့ ကြိုးစားသွားမယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။

ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အနေနဲ့လည်း သား နှစ်ယောက်ရဲ့ ဂုဏ်ယူထိုက်သူ ပြန်ဖြစ်ဖို့ ကြိုးစားမယ်ဆိုရင် အ ခွင့်အရေးရှိပါသေးတယ်။ အဲဒါကတော့ မိမိရဲ့အမှားကို သိမြင်ပြီး လုပ်ကြံမှုရဲ့ အကြောင်းရင်းအမှန် ကို ဝန်ခံဖို့၊ ဥပဒေရဲ့ အပြစ်ပေးမှု ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ကွယ်မှာ ကြိုးကိုင် ခြယ်လှယ်ခဲ့သူရှိနေဦးမယ်ဆိုရင် လည်း အဲဒီသူကို ရဲရဲဝံ့ဝံ့ဖော်ထုတ် ပေးရင်း ဥပဒေရဲ့ သက်ညှာမှုကို ရယူဖို့ ဖြစ်ပါတယ်။ ဒီလိုသာဆို ရင် ဘယ်လောက်ပဲ ကြီးလေးတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါစေ၊ မိမိအမှားကို တာဝန်ယူတတ်တဲ့ သူ၊ တာဝန်ခံတတ်တဲ့သူ၊ တိုင်း ပြည်နဲ့ လူမျိုးကို သစ္စာမဖောက်တဲ့ သူ၊ တရားမျှတမှုအတွက် သစ္စာ မပျက်တဲ့သူအဖြစ် သားနှစ် ယောက်က ထာဝရဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။

7Day

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...