ဘုရားပြဲၾကည့္ရန္ ေခၚေဆာင္ခဲ့ေသာ လင္မယားႏွစ္ဦးမွ ၁၆ ႏွစ္မိန္းကေလးကို အလိုမတူပဲ သားမယားျပဳ႕က်င့္ခဲ့ဟုဆို

ေပါက္ၿမိဳ႕နယ္၊ အုန္းေတာေတာင္စုရြာေန အမ်ိဳးသမီးတစ္ဦးက ၎အား ဘုရားပြဲၾကည့္ရန္ေခၚေဆာင္သူ လင္မယားႏွစ္ဦးမွ အလိုမတူဘဲ သားမယားျပဳက်င့္ခဲ့သည္ဆိုကာ ေဖေဖာ္ဝါရီ(၁၀)ရက္ေန႔တြင္ တုိင္ၾကားအမႈဖြင့္ခဲ့ေၾကာင္း ေပါက္ၿမိဳ႕မရဲစခန္းမွ သိရသည္။

 ျဖစ္စဥ္မွာ ေပါက္ၿမိဳ႕နယ္၊ အုန္းေတာေတာင္စုရြာေန မ-----၊၁၆ႏွစ္သည္ ေဖေဖာ္ဝါရီ(၈)ရက္ေန႔ ည(၇)နာရီအခ်ိန္က ေနအိမ္တြင္ရွိေနစဥ္ ေပါက္ၿမိဳ႕၊ ေအာင္တံခြန္(ေလသာ)ရပ္ကြက္ေန မၾကင္တုိး၊၃၀ႏွစ္ ႏွင့္ မၾကင္တိုး၏ ခင္ပြန္းျဖစ္သူ ခ်စ္စန္းကို၊၃၄ႏွစ္တုိ႔ ေရာက္ရွိလာၿပီး ေအာင္တံခြန္ရပ္ကြက္ရွိ ေလသာေတာင္ဘုရားပြဲၾကည့္ရႈရန္ မ-----၏ဖခင္ျဖစ္သူ ဦးသန္းဝင္းထံ ေျပာဆိုခြင့္ေတာင္း၍ လာေရာက္ေခၚေဆာင္ခဲ့သျဖင့္ ဘုရားပြဲသို႔လုိက္ပါသြားခဲ့ၿပီး မၾကင္တိုးတုိ႔ လင္မယားႏွစ္ဦးႏွင့္အတူ ဇတ္ပြဲၾကည့္ရႈခဲ့ေၾကာင္း၊ ထို႔ေနာက္ယင္းေန႔ ည(၁၁)နာရီ(၅၀)မိနစ္အခ်ိန္ မၾကင္တုိးတုိ႔ေနအိမ္ လိုက္သြားခဲ့ၿပီး မ----ႏွင့္ မၾကင္တိုးမွာ ေနအိမ္ေအာက္ထပ္တြင္ တန္းလ်ားႏွစ္လံုးအားဆက္၍ အတူအိပ္ခဲ့ၿပီး ခ်စ္စန္းကိုမွာ တန္းလ်ားအနီး ေျမျပင္တြင္ ဖ်ာခင္းအိပ္ခဲ့ေၾကာင္း။

ထို႔ေနာက္ ေဖေဖာ္ဝါရီ(၉)ရက္ေန႔ နံနက္(၂)နာရီအခ်ိန္ခန္႔တြင္ မ----သည္အိပ္ေပ်ာ္ေနစဥ္ မၾကင္တိုးမွ မ------၏ ထမီ ႏွင့္ ေအာက္ခံေေဘာင္းဘီတုိ႔အား အတင္းဆြဲခၽြတ္ေနသျဖင့္ လန္႔ႏုိးလာခဲ့ၿပီး “အစ္မ ဘာလုပ္တာလဲ”ဟုေျပာရာ မၾကင္တုိးမွ “မေအာ္နဲ႔ အေပၚထပ္မွာ ေကာင္ေလးေတြရွိတယ္၊ နင္ပဲအရွက္ရမွာ” ဟုေျပာၿပီး ခ်စ္စန္းကိုအား ႏႈိးေခၚရာ ခ်စ္စန္းကိုသည္ မ-------၏ခႏၶာကိုယ္ေပၚသုိ႔တက္ခြ၍ အလိုမတူဘဲ သားမယားအျဖစ္(၁၅)မိနစ္ခန္႔ အတင္းအဓမၼျပဳက်င့္ၿပီးေနာက္ မၾကင္တိုးမွ “မေအာ္နဲ႔၊ မတုိင္နဲ႔၊ ညည္းပဲအရွက္ရမွာ ဘာမွမျဖစ္ေစရဘူး “ ဟုေျပာၿပီး အိပ္ယာ ထဲတြင္ ျပန္အိပ္ေနခဲ့ေၾကာင္း။

ထို႔ေနာက္ နံနက္(၇)နာရီအခ်ိန္တြင္ ၎တို႔မွ ေနအိမ္သုိ႔လုိက္ပို႔ေပးခဲ့ရာ ေနအိမ္အတြင္း၌ ထမင္းမစားဘဲေနရာမွ မိခင္ျဖစ္သူေဒၚသန္းသန္းဝင္းမွ ေမးျမန္းခဲ့၍ ျဖစ္စဥ္အား ေျပာျပခဲ့ျခင္းျဖစ္ေၾကာင္း တရားလို၏ တုိင္ၾကားခ်က္အရသိရသည္။

 ျဖစ္စဥ္ႏွင့္ပက္သက္၍ ခ်စ္စန္းကို ႏွင့္ မၾကင္တုိးတုိ႔(၂)ဦးအား အေရးယူေပးရန္ ေဖေဖာ္ဝါရီ (၁၀)ရက္ေန႔တြင္ မ-------မွတရားလိုျပဳတုိင္ၾကားခဲ့၍ ေပါက္ၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းက (ပ)၂၆/၂၀၁၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆/၁၁၄ ျဖင့္အမႈဖြင့္ထားသည္။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
========

Unicode>>>
ပေါက်မြို့နယ်၊ အုန်းတောတောင်စုရွာနေ အမျိုးသမီးတစ်ဦးက ၎င်းအား ဘုရားပွဲကြည့်ရန်ခေါ်ဆောင်သူ လင်မယားနှစ်ဦးမှ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဆိုကာ ဖေဖော်ဝါရီ(၁၀)ရက်နေ့တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ပေါက်မြို့မရဲစခန်းမှ သိရသည်။

 ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ အုန်းတောတောင်စုရွာနေ မ-----၊၁၆နှစ်သည် ဖေဖော်ဝါရီ(၈)ရက်နေ့ ည(၇)နာရီအချိန်က နေအိမ်တွင်ရှိနေစဉ် ပေါက်မြို့၊ အောင်တံခွန်(လေသာ)ရပ်ကွက်နေ မကြင်တိုး၊၃ဝနှစ် နှင့် မကြင်တိုး၏ ခင်ပွန်းဖြစ်သူ ချစ်စန်းကို၊၃၄နှစ်တို့ ရောက်ရှိလာပြီး အောင်တံခွန်ရပ်ကွက်ရှိ လေသာတောင်ဘုရားပွဲကြည့်ရှုရန် မ-----၏ဖခင်ဖြစ်သူ ဦးသန်းဝင်းထံ ပြောဆိုခွင့်တောင်း၍ လာရောက်ခေါ်ဆောင်ခဲ့သဖြင့် ဘုရားပွဲသို့လိုက်ပါသွားခဲ့ပြီး မကြင်တိုးတို့ လင်မယားနှစ်ဦးနှင့်အတူ ဇတ်ပွဲကြည့်ရှုခဲ့ကြောင်း၊ ထို့နောက်ယင်းနေ့ ည(၁၁)နာရီ(၅၀)မိနစ်အချိန် မကြင်တိုးတို့နေအိမ် လိုက်သွားခဲ့ပြီး မ----နှင့် မကြင်တိုးမှာ နေအိမ်အောက်ထပ်တွင် တန်းလျားနှစ်လုံးအားဆက်၍ အတူအိပ်ခဲ့ပြီး ချစ်စန်းကိုမှာ တန်းလျားအနီး မြေပြင်တွင် ဖျာခင်းအိပ်ခဲ့ကြောင်း။

ထို့နောက် ဖေဖော်ဝါရီ(၉)ရက်နေ့ နံနက်(၂)နာရီအချိန်ခန့်တွင် မ----သည်အိပ်ပျော်နေစဉ် မကြင်တိုးမှ မ------၏ ထမီ နှင့် အောက်ခံေဘောင်းဘီတို့အား အတင်းဆွဲချွတ်နေသဖြင့် လန့်နိုးလာခဲ့ပြီး “အစ်မ ဘာလုပ်တာလဲ”ဟုပြောရာ မကြင်တိုးမှ “မအော်နဲ့ အပေါ်ထပ်မှာ ကောင်လေးတွေရှိတယ်၊ နင်ပဲအရှက်ရမှာ” ဟုပြောပြီး ချစ်စန်းကိုအား နှိုးခေါ်ရာ ချစ်စန်းကိုသည် မ-------၏ခန္ဓာကိုယ်ပေါ်သို့တက်ခွ၍ အလိုမတူဘဲ သားမယားအဖြစ်(၁၅)မိနစ်ခန့် အတင်းအဓမ္မပြုကျင့်ပြီးနောက် မကြင်တိုးမှ “မအော်နဲ့၊ မတိုင်နဲ့၊ ညည်းပဲအရှက်ရမှာ ဘာမှမဖြစ်စေရဘူး “ ဟုပြောပြီး အိပ်ယာ ထဲတွင် ပြန်အိပ်နေခဲ့ကြောင်း။

ထို့နောက် နံနက်(၇)နာရီအချိန်တွင် ၎င်းတို့မှ နေအိမ်သို့လိုက်ပို့ပေးခဲ့ရာ နေအိမ်အတွင်း၌ ထမင်းမစားဘဲနေရာမှ မိခင်ဖြစ်သူဒေါ်သန်းသန်းဝင်းမှ မေးမြန်းခဲ့၍ ဖြစ်စဉ်အား ပြောပြခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ ချစ်စန်းကို နှင့် မကြင်တိုးတို့(၂)ဦးအား အရေးယူပေးရန် ဖေဖော်ဝါရီ (၁၀)ရက်နေ့တွင် မ-------မှတရားလိုပြုတိုင်ကြားခဲ့၍ ပေါက်မြို့နယ်၊ မြို့မရဲစခန်းက (ပ)၂၆/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၁၁၄ ဖြင့်အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...