ဒဂုံၿမိဳ႕နယ္၊ ေရႊတိဂုံဘုရားလမ္း၊ ေရႊနဂါးဝင္းအတြင္း တိုက္အမွတ္ ၂၉၂ (B) ေလးလႊာ၌ ေနထိုင္သူ အသက္ ၆၇ ႏွစ္အရြယ္ အၿငိမ္းစား ပါေမာကၡတဦး ယေန႔ေန႔လည္ပိုင္းက အသတ္ခံရမႈျဖစ္ပြား ခဲ့ သည္။
အသတ္ခံရသူမွာ ဓာတုေဗဒ အၿငိမ္းစားပါေမာကၡ ဦးထြန္းေအာင္လင္းျဖစ္ၿပီး၊ အခန္းေနအိမ္အတြင္း တဦးတည္းရွိစဥ္ အသတ္ခံရျခင္းျဖစ္ေၾကာင္း ဒဂုံၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ေျပာသည္။
အခင္းျဖစ္ပြားသည့္ အခန္းေအာက္ထပ္တြင္ ေနထိုင္သူ ကိုနႏၵက “ပထမက ေအာ္ဟစ္ငိုသံၾကားေတာ့ စကားမ်ားတယ္ပဲထင္တာ၊ ေနာက္မွ လူသတ္သြားလို႔ဆိုၿပီးေအာ္ေတာ့မွ သြားတက္ၾကည့္ေတာ့ လူက ေတာင့္ေနၿပီ၊ ေအာ္တဲ့သူ႔အမ်ိဳးသမီး ဆရာမႀကီးလည္း သူျပန္လာမွသိတာထင္တယ္၊ က်ေနာ္တက္ ၾကည့္ေတာ့ မြန္းတည့္ ၁၂ နာရီေလာက္ရွိၿပီ”ဟု ျဖစ္စဥ္ကိုေျပာျပသည္။
အမႈျဖစ္ပြားမႈအေပၚ ရဲတပ္ဖြဲ႕မွ စစ္ေဆးေဆာင္ရြက္လ်က္ရွိရာတြင္ လမ္းထိပ္တြင္ CB ဘဏ္ရွိသည့္ အတြက္ ဘဏ္တြင္တပ္ဆင္ထားသည့္ စီစီတီဗီ မွတ္တမ္းတြင္ က်ဴးလြန္သူမ်ား၏ ပုံရိပ္ဖမ္းမိနိုင္ေၾကာင္းလည္း ရပ္ကြက္အတြင္းေနသူမ်ားက ေျပာသည္။
လက္ရွိတြင္ အမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာက စစ္ေဆးေဆာင္ရြက္လ်က္ရွိၿပီး တရားခံဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ရွိသည္။
.
Credit - http://burma.irrawaddy.com/news/short-news/2017/02/03/129813.html
===========
Unicode>>>
ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ရွှေနဂါးဝင်းအတွင်း တိုက်အမှတ် ၂၉၂ (B) လေးလွှာ၌ နေထိုင်သူ အသက် ၆၇ နှစ်အရွယ် အငြိမ်းစား ပါမောက္ခတဦး ယနေ့နေ့လည်ပိုင်းက အသတ်ခံရမှုဖြစ်ပွား ခဲ့ သည်။
အသတ်ခံရသူမှာ ဓာတုဗေဒ အငြိမ်းစားပါမောက္ခ ဦးထွန်းအောင်လင်းဖြစ်ပြီး၊ အခန်းနေအိမ်အတွင်း တဦးတည်းရှိစဉ် အသတ်ခံရခြင်းဖြစ်ကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
အခင်းဖြစ်ပွားသည့် အခန်းအောက်ထပ်တွင် နေထိုင်သူ ကိုနန္ဒက “ပထမက အော်ဟစ်ငိုသံကြားတော့ စကားများတယ်ပဲထင်တာ၊ နောက်မှ လူသတ်သွားလို့ဆိုပြီးအော်တော့မှ သွားတက်ကြည့်တော့ လူက တောင့်နေပြီ၊ အော်တဲ့သူ့အမျိုးသမီး ဆရာမကြီးလည်း သူပြန်လာမှသိတာထင်တယ်၊ ကျနော်တက် ကြည့်တော့ မွန်းတည့် ၁၂ နာရီလောက်ရှိပြီ”ဟု ဖြစ်စဉ်ကိုပြောပြသည်။
အမှုဖြစ်ပွားမှုအပေါ် ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် လမ်းထိပ်တွင် CB ဘဏ်ရှိသည့် အတွက် ဘဏ်တွင်တပ်ဆင်ထားသည့် စီစီတီဗီ မှတ်တမ်းတွင် ကျူးလွန်သူများ၏ ပုံရိပ်ဖမ်းမိနိုင်ကြောင်းလည်း ရပ်ကွက်အတွင်းနေသူများက ပြောသည်။
လက်ရှိတွင် အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
.
Credit - http://burma.irrawaddy.com/news/short-news/2017/02/03/129813.html
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment