ေတာ္လိုက္ၾကတဲ့ လက္နက္ကိုင္ လံုျခံဳေရးသမားေတြ နဲ႔ ရဲအရာရွိေတြ ! ညံ့ လိုက္ၾကတဲ့ အုတ္နီခဲကိုင္ အရပ္သား TAXI သမားေတြ !
ဒါမ်ိဳးေရးေလ့မရွိပါဘူး.. မ်က္ျမင္မို႔ ေရးတာပါ..
..
က်ေနာ္က ရန္ကုန္ေလဆိပ္ လမ္းထဲအဝင္ domestic terminal အေက်ာ္ အဝိုင္းပတ္ၿပီး ျမင္လိုက္ရတာက လူ ၅၀-၆၀ ေလာက္က အုတ္နီခဲေတြ တုတ္ေတြနဲ႔ ေျပးလာတာကိုျမင္ရတယ္..
က်ေနာ္ကားရပ္လိုက္တယ္.. ေသခ်ာၾကည့္တယ္
တီရွပ္နဲ႔ ေဘာင္ဘီတိုဝတ္ထားတဲ့ တ႐ုတ္တစ္ေယာက္ေနာက္ကို ဝိုင္းလိုက္ေနတာ..
မွန္ခ်ၿပီး အသံနားေထာင္ၾကည့္ေတာ့ ဆဲသံဆိုသံေတြၾကားမွာ အနားမကပ္နဲ႔ ေသနတ္ပါတယ္ ဆိုမွ သူ႔လက္ထဲၾကည့္မိေတာ့ ေျပာင္းရွည္ ပစၥတိုေသနတ္ပါတာျမင္ရတယ္..
ၾကည့္ေနရင္း သူ႔ေနာက္ ၅ ေပ ေလာက္အကြာေရာက္ေနတဲ့ Taxi သမား ( ေနာက္မွသိရတာ ) က သူ႕လက္ထဲက အုတ္နီခဲနဲ႔ လွမ္းပစ္တယ္..
အဲ့တ႐ုတ္က ခ်က္ခ်င္းလွည့္ၿပီး ေသနတ္နဲ႔ပစ္တာ ေဘာင္းဆို Taxi သမားရဲ႕ေက်ာကိုမွန္တယ္..
က်ေနာ္လည္း ခ်က္ျခင္းကားကိုဘယ္ဘက္က ကားပါကင္ထဲေမာင္းခ်ၿပီး ခ်က္ျခင္းဆင္းလိုက္တယ္တယ္..
ေပ ၁၀၀ ေလာက္အကြာမွာ သူက ေသနတ္ျပၿပီး ကားေတြကိုတားတယ္...
..
က်ေနာ္ေျပာခ်င္တာ ခုစၿပီ..
..
Terminal 1 ကေန ခုေနရာထိ ေသနတ္ကိုင္ထားတဲ့လူေနာက္ကို တုတ္ေတြ အုတ္ခဲေတြကိုင္ၿပီးလိုက္လာတာ အရပ္သား taxi သမားေတြခ်ည္းပဲ..
ရဲဝတ္စံုနဲ႔ တပ္သားတစ္ေယာက္ကေတာ့ ဖုန္းေလးပြတ္ရင္း လမ္းေလွ်ာက္လိုက္လာတယ္..
ေလဆိပ္ထဲမွာ မ်က္ႏွာအလြန္မာၿပီး ေဆာ္ၾကည္ေအာင္ ႏိုင္ငံျခားစတိုင္ဖမ္းေနတဲ့ ေလဆိပ္တြင္းလံုျခံဳေရးခ်ာတိတ္က သူ႔ခါးက က်ည္မပါတဲ့ပစၥတိုကို မကိုင္ရဲကိုင္ရဲစမ္းရင္း အနားမကပ္ရဲဘူး...
..
အဲ့ တ႐ုတ္ ေသနတ္ျပၿပီး ရပ္ခိုင္းလို႔ရပ္သြားတဲ့ taxi ေပၚေရာက္သြားေတာ့ လူအုပ္ႀကီးက taxi ကို ခဲေတြနဲ႔ဝိုင္းထုတယ္
အေသခံၿပီး အဲ့ တ႐ုတ္ကို ကားေပၚကဝိုင္းဆြဲခ်ၾကတယ္ သူက ေနာက္ထပ္ ၂ ခ်က္ထပ္ပစ္တယ္..
ျမန္မာ့ေသြးေလ.. ကားေပၚကေနဆြဲခ်ၿပီး အုတ္နီခဲေတြ တုတ္ေတြနဲ႔ဝိုင္းလိုက္ၾကတာ အျခားပို႔စ္က ပံုေတြမွာျမင္တဲ့အတိုင္းပဲ...
မိၿပီဆိုေတာ့မွ..
ယူနီေဖာင္း ေကာ့ေက်ာ့ၿပီး ၃ ပြင့္ေတြ ၂ပြင့္ေတြျခံရံထားတဲ့ ဖူးစတား ( ေငြပြင့္ ) ႀကီး က ေရာက္လာၿပီး က်ေနာ့္တစ္သက္တာ မေမ့ႏိုင္မယ့္
" ေဟ့ .. မဆိုင္တဲ့သူေတြ အကုန္ေဘးဖယ္ "
ဆိုတဲ့ စကားႀကီးကိုမိန္႔ၾကားလိုက္ေတာ့ ..
က်ေနာ္သူ႔ကို ျပန္ေျပာလိုက္တယ္
" မဆိုင္သူေတြသာ ဝင္မပါေၾကးဆို ခင္ဗ်ား ခုေရာက္လာခ်ိန္ ေလဆိပ္မွာ ေသနတ္တစ္ဒိုင္းဒိုင္းပစ္ေနတဲ့ ခင္ဗ်ားအေဖက taxi စီးၿပီး ၈ မိုင္ေရာက္ေနၿပီ " ဆိုေတာ့ ျပန္ေတာင္မေျပာရဲဘူး ဖူးစတားႀကီးက..
အဲ့ခ်ိန္ထိ terminal 1 မွာ အဲ့ တ႐ုတ္က ဦးကိုနီ ကို ပစ္ၿပီး ေျပးလာတာ သူမသိေသးဖူးေနာ္..
က်ေနာ္လဲ မသိဘူး..
ဒါေပမယ့္ ေသခ်ာတာကေတာ့ သူ အထဲဝင္ရေတာ့မယ္..
..
ေလးစားစရာကေတာ့ ေလဆိပ္က taxi သမားေတြပါပဲ သူတို႔ဝိုင္းလိုက္လို႔ မိတာ..
ေသနတ္ကေတာ့ 9mm ထက္ပိုႀကီးမယ္ ထင္တယ္
9mm က ဖန္းဖန္းပဲျမည္တာေလ..
ခုဟာက က်ေနာ့္ေရွ႕ ေပ ၂၀ ေလာက္မွာပစ္တာ ေဘာင္းဆို ယမ္းကန္အားက မီးခိုးျပာေတြေတာင္ထြက္တယ္.. ေျပာင္းကလည္းရွည္ေတာ့ .
.45 ထင္တာပဲ ခါးမွန္တဲ့ taxi သမားေတာင္ တစ္ခ်က္တည္းနဲ႔ အၿပီးပဲေလ..
.
www.apannpyay.com
CREDIT TO - Phyowai Thinn
==============
Unicode>>>
တော်လိုက်ကြတဲ့ လက်နက်ကိုင် လုံခြုံရေးသမားတွေ နဲ့ ရဲအရာရှိတွေ ! ညံ့ လိုက်ကြတဲ့ အုတ်နီခဲကိုင် အရပ်သား TAXI သမားတွေ !
ဒါမျိုးရေးလေ့မရှိပါဘူး.. မျက်မြင်မို့ ရေးတာပါ..
..
ကျနော်က ရန်ကုန်လေဆိပ် လမ်းထဲအဝင် domestic terminal အကျော် အဝိုင်းပတ်ပြီး မြင်လိုက်ရတာက လူ ၅၀-၆၀ လောက်က အုတ်နီခဲတွေ တုတ်တွေနဲ့ ပြေးလာတာကိုမြင်ရတယ်..
ကျနော်ကားရပ်လိုက်တယ်.. သေချာကြည့်တယ်
တီရှပ်နဲ့ ဘောင်ဘီတိုဝတ်ထားတဲ့ တရုတ်တစ်ယောက်နောက်ကို ဝိုင်းလိုက်နေတာ..
မှန်ချပြီး အသံနားထောင်ကြည့်တော့ ဆဲသံဆိုသံတွေကြားမှာ အနားမကပ်နဲ့ သေနတ်ပါတယ် ဆိုမှ သူ့လက်ထဲကြည့်မိတော့ ပြောင်းရှည် ပစ္စတိုသေနတ်ပါတာမြင်ရတယ်..
ကြည့်နေရင်း သူ့နောက် ၅ ပေ လောက်အကွာရောက်နေတဲ့ Taxi သမား ( နောက်မှသိရတာ ) က သူ့လက်ထဲက အုတ်နီခဲနဲ့ လှမ်းပစ်တယ်..
အဲ့တရုတ်က ချက်ချင်းလှည့်ပြီး သေနတ်နဲ့ပစ်တာ ဘောင်းဆို Taxi သမားရဲ့ကျောကိုမှန်တယ်..
ကျနော်လည်း ချက်ခြင်းကားကိုဘယ်ဘက်က ကားပါကင်ထဲမောင်းချပြီး ချက်ခြင်းဆင်းလိုက်တယ်တယ်..
ပေ ၁၀၀ လောက်အကွာမှာ သူက သေနတ်ပြပြီး ကားတွေကိုတားတယ်...
..
ကျနော်ပြောချင်တာ ခုစပြီ..
..
Terminal 1 ကနေ ခုနေရာထိ သေနတ်ကိုင်ထားတဲ့လူနောက်ကို တုတ်တွေ အုတ်ခဲတွေကိုင်ပြီးလိုက်လာတာ အရပ်သား taxi သမားတွေချည်းပဲ..
ရဲဝတ်စုံနဲ့ တပ်သားတစ်ယောက်ကတော့ ဖုန်းလေးပွတ်ရင်း လမ်းလျှောက်လိုက်လာတယ်..
လေဆိပ်ထဲမှာ မျက်နှာအလွန်မာပြီး ဆော်ကြည်အောင် နိုင်ငံခြားစတိုင်ဖမ်းနေတဲ့ လေဆိပ်တွင်းလုံခြုံရေးချာတိတ်က သူ့ခါးက ကျည်မပါတဲ့ပစ္စတိုကို မကိုင်ရဲကိုင်ရဲစမ်းရင်း အနားမကပ်ရဲဘူး...
..
အဲ့ တရုတ် သေနတ်ပြပြီး ရပ်ခိုင်းလို့ရပ်သွားတဲ့ taxi ပေါ်ရောက်သွားတော့ လူအုပ်ကြီးက taxi ကို ခဲတွေနဲ့ဝိုင်းထုတယ်
အသေခံပြီး အဲ့ တရုတ်ကို ကားပေါ်ကဝိုင်းဆွဲချကြတယ် သူက နောက်ထပ် ၂ ချက်ထပ်ပစ်တယ်..
မြန်မာ့သွေးလေ.. ကားပေါ်ကနေဆွဲချပြီး အုတ်နီခဲတွေ တုတ်တွေနဲ့ဝိုင်းလိုက်ကြတာ အခြားပို့စ်က ပုံတွေမှာမြင်တဲ့အတိုင်းပဲ...
မိပြီဆိုတော့မှ..
ယူနီဖောင်း ကော့ကျော့ပြီး ၃ ပွင့်တွေ ၂ပွင့်တွေခြံရံထားတဲ့ ဖူးစတား ( ငွေပွင့် ) ကြီး က ရောက်လာပြီး ကျနော့်တစ်သက်တာ မမေ့နိုင်မယ့်
" ဟေ့ .. မဆိုင်တဲ့သူတွေ အကုန်ဘေးဖယ် "
ဆိုတဲ့ စကားကြီးကိုမိန့်ကြားလိုက်တော့ ..
ကျနော်သူ့ကို ပြန်ပြောလိုက်တယ်
" မဆိုင်သူတွေသာ ဝင်မပါကြေးဆို ခင်ဗျား ခုရောက်လာချိန် လေဆိပ်မှာ သေနတ်တစ်ဒိုင်းဒိုင်းပစ်နေတဲ့ ခင်ဗျားအဖေက taxi စီးပြီး ၈ မိုင်ရောက်နေပြီ " ဆိုတော့ ပြန်တောင်မပြောရဲဘူး ဖူးစတားကြီးက..
အဲ့ချိန်ထိ terminal 1 မှာ အဲ့ တရုတ်က ဦးကိုနီ ကို ပစ်ပြီး ပြေးလာတာ သူမသိသေးဖူးနော်..
ကျနော်လဲ မသိဘူး..
ဒါပေမယ့် သေချာတာကတော့ သူ အထဲဝင်ရတော့မယ်..
..
လေးစားစရာကတော့ လေဆိပ်က taxi သမားတွေပါပဲ သူတို့ဝိုင်းလိုက်လို့ မိတာ..
သေနတ်ကတော့ 9mm ထက်ပိုကြီးမယ် ထင်တယ်
9mm က ဖန်းဖန်းပဲမြည်တာလေ..
ခုဟာက ကျနော့်ရှေ့ ပေ ၂၀ လောက်မှာပစ်တာ ဘောင်းဆို ယမ်းကန်အားက မီးခိုးပြာတွေတောင်ထွက်တယ်.. ပြောင်းကလည်းရှည်တော့ .
.45 ထင်တာပဲ ခါးမှန်တဲ့ taxi သမားတောင် တစ်ချက်တည်းနဲ့ အပြီးပဲလေ..
.
www.apannpyay.com
CREDIT TO - Phyowai Thinn
Home
/
ျဖစ္ရပ္မွန္
/
ေတာ္လိုက္ၾကတဲ့ လက္နက္ကိုင္ လံုျခံဳေရးသမားေတြ နဲ႔ ရဲအရာရွိေတြ ! ညံ့ လိုက္ၾကတဲ့ အုတ္နီခဲကိုင္ အရပ္သား TAXI သမားေတြ !
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment