ဆဲချင်ယုံသက်သက် follow လုပ်ထားတဲ့သူများ အောင်လ ပြောပြီ..

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကတည်းက ချစ်သူများဖြစ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည့် အဆိုတော်အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့က ၎င်းတို့၏ ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာများမှတစ်ဆင့် တရားဝင်အသိပေးလိုက်သည်။
အဆိုတော်အောင်လ၏ Zwal Yan Aung Hla ဖေ့စ်ဘွတ်တွင်ပြီးခဲ့သည့် နာရီပိုင်းက ဝိုင်းစုခိုင်သိန်း၏ Wine Su ဖေ့စ်ဘွတ်နှင့် Relationship ချိတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ စုံတွဲပုံကို အကောင့်နှစ်ခုစလုံးတွင် ပရိုဖိုင် ချိန်းထားခဲ့သည်။
"တစ်ခုပဲပြောချင်ပါတယ်။ ဆဲချင်ယုံသက်သက် follow လုပ်ထားတဲ့သူများ။ ခင်များတို့ ထင်သလို ကျွန်တော်က အိမ်ထောင်ရေးဖောက်ပြန်ခဲ့တယ်ဆို မြန်မာပြည်ဥပဒေအရ သံတိုင်ကြားထဲရောက် နေခဲ့တာကြာပြီ။ ကျွန်တော်တို့က ဖမ်းရတာ ပိုတောင်လွယ်သေးတယ်။ personal ကိစ္စမို့တွေ့ကရာ page တွေက ထင်ရာရေးနေကြတာကို ယုံပြီးဆဲနေကြတာကို ရှင်းစရာမလိုလို့ မရှင်းခဲ့ဘူး။ရှင်းစရာလည်း မလိုဘူး။ ကျွန်တော့် music ကို ချစ်တဲ့သူတွေ၊ ကျွန်တော့် ကိုဂရုစိုက်တဲ့ ကျွန်တော့် သူငယ်ချင်းတွေ အပေါင်းအသင်းတွေ။ ပြီးတော့ကျွန်တော် ချစ်တဲ့သူတွေ ဘေးမှာရှိနေသ၍ ဒီဘဝမှာ လူဖြစ်ရတာ တန်နေပါပြီ။"ဟု အောင်လ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
ဓာတ်ပုံ- Zwal Yan Aung Hla FB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...