သရ(၀ဏ္(ျပည္) ေရးသားသည္)
တကယ္ေတာ့ဤကိစၥေတြကိုမေျပာခ်င္ ၊မေရးခ်င္ ၊ မပါခ်င္ ။ သို ့ေသာ္ ပုဂၢိဳလ္ေရးေတြအတင္းအဖ်င္ေတြကိုစိတ္မ၀င္စားေသာ္ျငားလည္း အမ်ားနွင့္ဆိုင္ေသာကိစၥတခုပါ၀င္ေနသျဖင့္ေျပာစရာေရးစရာျဖစ္လာရျခင္းျဖစ္သည္ ။ ျဖစ္စဥ္ကိုအားလံုးသိသျဖင့္ ဇာတ္ေၾကာင္းလွန္မေနခ်င္ေတာ့ ။ ျပသနာ၏အစက ေဖ.စ္ဘြတ္တြင္ လူတဖက္သားသိကၡာက်ေအာင္ အတင္းအဖ်င္းေတြေရးေသာသူတေယာက္မွစသည္ ။ Cele Cele Small ဆိုေသာ အေကာင့္ပိုင္ရွင္က အနုပညာေလာကမွ အတင္းလိုလိုသတင္းလိုလိုဟာေတြ အညွီအေဟာက္ေတြကို ေရးတင္သည္ ။ဓာတ္ပံုေတြတင္သည္ ။ ဟုတ္တာနည္းနည္း မဟုတ္တာမ်ားမ်ား ထင္ရာေတြေလ်ွာက္ေရးသည္ ။ သူ ့အေကာင့္ထဲ၀င္ၾကည့္ရာ အတင္းအဖ်င္းေပါင္းစံုတကာေစ့လွသည္ ။ မင္းသမီးနွစ္ေယာက္အေၾကာင္းလည္းပါသည္ ။ အမ်ိဳးသားအဆိုေတာ္သရုပ္ေဆာင္ တေယာက္အေၾကာင္းလည္းပါသည္ ။ အလွမယ္တေယာက္အေၾကာင္းလည္းပါသည္ ။ မဟုတ္ကဟုတ္ကေတြကအမ်ားစုျဖစ္သည္ ။ ျမန္မာ့ရုပ္ရွင္ေတြထဲမွာပါေသာ ခင္ေအးဟန္ၾကီး၏စတိုင္လ္အတိုင္း ေျပာကိုမေျပာခ်င္ေတာ့ပါဘူးေအ ဆိုေသာ ေလသံမ်ိဳးျဖင့္ လူတကာ၏အတင္းကိုလိုက္ခ်ေနေသာ စာသားမ်ားကိုဖတ္ရပါသည္ ။ စာနွင့္အတူ သင့္ေလ်ာ္ေသာဓာတ္ပံုအခ်ိဳ့ကိုလည္း ပူးတြဲတင္ထားပါသည္ ။ သို ့ေသာ္ အခ်ိဳ ့ဓာတ္ပံုမ်ားမွာလည္း သိကၡာက်ေစရံုသက္သက္ေလ်ွာက္ေရးထားတာေတြ ့ရသည္ ။
ဥပမာ ၀တ္မွုန္ေရြွရည္ကိုစပြန္ဆာေပးေနသူတဦးဆိုျပီးဓာတ္ပံုတပံုတင္ထားရာ ထိုပံုထဲမွာ လူတေယာက္ကပုခံုးဖက္ေနပါသည္ ။ သို ့ေသာ္ထိုသူမွာ Cele Cele Small စြပ္စြဲသလို အမ်ိဳးသားတေယာက္မဟုတ္ပါ ။ ေနစည္ဗေဆြ ဆိုေသာအမ်ိဳးသမီးျဖစ္ေနပါသည္ ။ဧည့္ခံပြဲတခုတြင္ မိန္းကေလးခ်င္းတြဲရိုက္ထားေသာဓာတ္ပံုကို ဘုမသိဘမသိ သမုတ္ျခင္းျဖစ္ပါေပ၏ ။ ထိုသို ့ ရမ္းသမ္း သမုတ္ထားေသာအျခားဓာတ္ပံုတပံုမွာလည္း နာမည္ေက်ာ္အလွမယ္တေယာက္နွင့္ ခရီးသြားေလာကမွာထင္ရွားေသာစားေသာက္ဆိုင္ပိုင္ရွင္ တေယာက္ပံုကိုလည္း ညားေနျပီဟုဆိုကာမဟုတ္ကဟုတ္ကစြပ္စြဲထားေသးသည္ ။ က်ြန္ေတာ္သည္ထိုဓာတ္ပံုထဲမွနွစ္ေယာက္စလံုးကိုသိ၏ ။ ထုိသို ့မဟုတ္ပါ ။ စားေသာက္ဆိုင္ပိုင္ရွင္သည္ သေဘာေကာင္းသည္ ။ ဓာတ္ပံုရိုက္ရတာ၀ါသနာပါသည္ ။ နာမည္ေက်ာ္ပုဂၢိဳလ္ေတာ္ေတာ္မ်ားမ်ားနွင့္ဓာတ္ပံုတြဲရိုက္ျပီးသူ ့ဆိုင္တြင္ ဂုဏ္ယူစြာခ်ိတ္ဆြဲထားပါသည္ ။ ထိုလူနွင့္ ဓာတ္ပံုအတူတြဲရိုက္ရံုျဖင့္ သူ ့မယားငယ္လိုလိုေရးထားျပီး ေဖ.စ္ဘြတ္တင္ျခင္းမွာလည္းမလုပ္သင့္မလုပ္အပ္ပါ ။ သို ့ေသာ္ထိုအလွမယ္ကေတာ့ ဘာမွတုန့္ျပန္ေျဖရွင္းတာမလုပ္ပါ ။ မလုပ္တာပဲေကာင္းပါသည္ ။ ထားေတာ့ ဒီအရွုပ္အရွင္းေတြကိုေရးလိုရင္းမဟုတ္ပါ ။ ေျပာလိုရင္းက အျခားျဖစ္သည္ ။
ဒီလိုမဟုတ္ကဟုတ္ကေတြ အေရးခံရေတာ့ ၀တ္မွုန္ေရြွရည္(ေခါ ္)ကစ္ကစ္ က ရဲစခန္းတြင္ ပုဒ္မ ၆၆ (ဃ)ျဖင့္အမွုဖြင့္သည္ ။ သူ၏စာျဖင့္ေရးသားေသာတိုင္ခ်က္ ကိုေပါ ္ျပဴလာဂ်ာနယ္၏ေဖ.စ္ဘြတ္တြင္ေဖာ္ျပထားသျဖင့္ဖတ္ရသည္ ။ ထိုအထဲတြင္ နာမည္တပ္၍ဘယ္သူဘယ္၀ါပါဟုေတာ့တိုင္မထား ။Cele Cele Small ဟူသည့္အေကာင့္ကိုအေရးယူေပးဖို ့ေရးသားထားသည္ ။ သို ့ေသာ္ စာျဖင့္ေရးမျပေသာ္လည္း ပါးစပ္ျဖင့္ မသကၤာသူတေယာက္၏အမည္ကိုေ၀တ္မွုန္ေရြွရည္တို ့ ရဲကိုေျပာမေျပာ ေသေသခ်ာခ်ာမသိရပါ ။ တေယာက္ေယာက္ကေျပာ၍လား၊ ရဲကပဲ ထိုးထြင္းဥာဏ္ေကာင္းလြန္းသျဖင့္ သိသလားေတာ့မေျပာတတ္ ၊ မ်ိဳးကိုကိုစန္းဆိုေသာ သူကို ရန္ကုန္ေလဆိပ္တြင္ ဇန္န၀ါရီ ၁၇ ညက ဖမ္းဆီးခဲ့သည္ ။ ေရးစရာအေၾကာင္းကဒီမွာတင္စသည္ ။ မ်ိဳးကိုကိုစန္းသည္ျမန္မာနိုင္ငံသားတေယာက္ျဖစ္သည္ ။ သူ အဖမ္းခံရသည္ ။ ဘာမွုညာမွု ဘာအျပစ္ညာအျပစ္က်ဴးလြန္သည္ဟု ဘာမွခိုင္ခိုင္မာမာမသိပဲ အဖမ္းခံရျခင္းျဖစ္သည္ ။ ျမန္မာနိုင္ငံသားတေယာက္သည္ ကိုယ္ကအျပစ္မက်ဴးလြန္ပါလဲ ထိုသို ့ဂ်ာမန္ဂက္စတာဗိုလ္ ေတြ ၊ အေမွာင္ေခတ္က ျမန္မာစစ္ေထာက္လွမ္းေရးေတြ လုပ္သလို အခ်ိန္မေရြး ဖမ္းဆီးခံရနိုင္သည္ ။ ဘယ္သူမွုလံုျခံဳမွုမရွိဆိုေသာ ထိတ္လန္ ့ဖြယ္သတင္းစကားကို ျမန္မာနိုင္ငံသားအားလံုကိုအပါးခံလိုက္ရျခင္းျဖစ္သည္ ။တကယ္က်ဴးလြန္လ်ွင္ကိစၥမရွိ ။ သတင္္းအတိအက်ရ၍ဖမ္းသည္ပဲမွတ္ေနမိရာမွ မ်ိဳးကိုကိုစန္း အခ်ဳပ္ထဲတြင္ သံုးညတိတိအိပ္လိုက္ရသည္ ။သံုးရက္လံုးလံုးအခ်ဳပ္အေနွာင္ခံရသည္။ ေနာက္ေတာ့ ဇန္န၀ါရီ ၂၀ တြင္ ျပန္လြတ္လာသည္ ။ လူကိုေရာဟန္းဖုန္းကိုေရာစစ္ေဆးျပီးရာတြင္ မသကၤာစရာဘာမွမေတြ ့သျဖင့္ ခံ၀န္ျဖင့္ျပန္လြွတ္ေပးသည္ဟုလည္းေျပာၾကေသးသည္ ။
က်ြန္ေတာ္တို ့နိုင္ငံ၏ဥပေဒသည္ ဘယ္လိုဥပေဒမ်ိဳးလဲ ။ အထူးသျဖင့္ ဆီသည္မလက္သုတ္ဖတ္လို ေဖတရာေတေနေအာင္သံုးေနၾကေသာ ပုဒ္မ ၆၆(ဃ) သည္ ဥပေဒလား ။ ဖိနွိပ္ေရးယႏၱယားလား ။ ဥပေဒဆိုလ်ွင္ မဆိုင္သူေတြ မခံၾကရစေကာင္းေပ ။ ျပည္သူလူထုအားလံုးကိုအကာအကြယ္ေပးရမည္ျဖစ္သည္ ။ လူတေယာက္ကစိတ္ရူးေပါက္၍ အမွုဖြင့္တိုင္ၾကားရံုျဖင့္ ဟုတ္ဟုတ္မဟုတ္ဟုတ္အခ်ဳပ္ထဲကို ဖမ္းထည့္ေသာ စာတပိုဒ္သည္ ဥပေဒမဟုတ္ေခ် ။ ဥပေဒေယာင္ေဆာင္ထားေသာ ရူးသြပ္မွုသက္သက္သာျဖစ္ေပမည္ ။ျမန္မာနိုင္ငံတြင္ ဥပေဒပုဒ္မအမ်ိဳးမ်ိဳး၇ွိၾကသည့္အနက္ ဥပေဒအားလံုး၏အေခါင္အခ်ဳပ္မွာ ဖြဲ ့စည္းပံုအေျခခံဥပေဒျဖစ္သည္ ။ထို ၂၀၀၈ ဖြဲ့စည္းပံုအေျခခံဥပေဒ အခန္း (၈) နိုင္ငံသား၊နိုင္ငံသားမ်ား၏မူလအခြင့္အေရးႏွင့္တာ၀န္မ်ား ဟူေသာအခန္း ၊ပုဒ္မ ၃၅၄ တြင္ “ နိုင္ငံသားတိုင္းသည္ နိုင္ငံေတာ္လံုျခံဳေရး၊တရားဥပေဒစိုးမိုးေရး၊ရပ္ရြာေအးခ်မ္းသာယာေရး သို ့မဟုတ္ ျပည္သူတို့၏ကိုယ္က်င့္တရားအက်ိဳးငွာျပဌာန္းထားသည့္ဥပေဒမ်ားနွင့္မဆန္ ့က်င္လ်ွင္ေအာက္ပါအခြင့္အေရးမ်ားကိုလြတ္လပ္စြာ သံုးစြဲေဆာင္ရြက္ခြင့္ရွိသည္ ။
(က) မိမိ၏ယံုၾကည္ခ်က္ ၊ ထင္ျမင္ယူဆခ်က္မ်ားကိုလြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ ၊ေရးသားျဖန္ ့ေ၀ခြင့္ “ ဟူ၍အတိအလင္းပါရွိေပသည္ ။( ဤဥပေဒမွာပင္ နိုင္ငံသားတို ့၏အခြင့္အေရးကိုတားျမစ္ပိတ္ပင္လိုေသာသေဘာျဖင့္ အဓိပါယ္တိတိက်က်မထြက္သည့္ၾကိယာ၀ိေသသနမ်ားစြာေရွ့ကခံထားတာသတိျပဳမိေပသည္ ) ။ထားေတာ့ အနည္းဆံုးေတာ့ ဖြဲ့စည္းပံုအေျခခံဥပေဒက နိုင္ငံသားတို့၏အခြင့္အေရးကိုအာမခံထားေလသည္ ။ ဖြဲ့စည္းပံုအေျခခံဥပေဒကေပးထားေသာနိုင္ငံသားတိုင္း၏အခြင့္အေရးကို ပုဒ္မ ၆၆(ဃ) က ပိတ္ပင္တားဆီးလိုက္တာကေတာ့ ေက်ာင္းထိုင္ဆရာေတာ္ၾကီးအမိန္ ့ကို ကပၹိယၾကီးကဖ်က္လိုက္တာနွင့္တူေနေပသည္ ။
အမွန္စင္စစ္ ဥပေဒနွစ္ခုသည္ ဆန္ ့က်င္ဘက္အသြင္ေဆာင္လာျပီဆိုလ်ွင္ ပို၍ခိုင္မာေသာ ဖြဲ ့စည္းပံုအေျခခံဥပေဒကိုသာအတည္မွတ္ယူရေပမည္ ။ ထို့ေၾကာင့္ ဖြဲ့စည္းပံုအေျခခံဥပေဒပုဒ္မ ၃၅၄ အရ နိုင္ငံသားတိုင္းသည္ မိမိ၏ယံုၾကည္ခ်က္ကိုထုတ္ေဖာ္ေျပာဆိုခြင့္ ၊ ထင္ျမင္ယူဆခ်က္မ်ားကို လြတ္လပ္စြာေျပာဆို ေရးသားျဖန္ ့ေ၀ခြင့္ခိုင္ခိုင္မာမာရွိရေပမည္ ။ ထိုသို ့ေျပာဆိုျခင္းအတြက္ မေရမရာမခိုင္မမာေသာစြပ္စြဲခ်က္တခုေၾကာင့္ဖမ္းဆီးခ်ဳပ္ေနွာင္ခံရျခင္းသည္ ဖြဲ ့စည္းပံုအေျခခံဥပေဒကိုခ်ိဳးေဖာက္ေသာလုပ္ရပ္မ်ားျဖစ္ေပ၏ ။ ဆိုလိုရင္းမွာ ေဖ.စ္ဘြတ္တြင္ ေျပာခ်င္ရာေျပာ ၊ဆဲခ်င္ရာဆဲ ၊သိကၡာခ်ခ်င္ရာကိုခ်ေနေသာ Cele Cele Small လို လူမ်ားကိုေထာက္ခံအားေပးေနျခင္းမဟုတ္ ။သို ့ေသာ္ လူတေယာက္ကေရးခ်င္တာေရးလိုက္တာကို မေသခ်ာမေရရာပဲ ေနာက္တေယာက္ကို အထင္ျဖင့္ ဖမ္းဆီးျခင္း ၊ ထိုသူေရးပါသည္ဟု မယ္မယ္ရရ သက္ေသမျပနိုင္ပဲ တိုင္သည့္သူ စြပ္စြဲသူရွိလာတိုင္း ဖမ္းဆီးခ်ဳပ္ေနွာင္မွုကိုကန္ ့ကြက္ေနျခင္းျဖစ္သည္ ။ ဆိုၾကပါစို ့ Cele Cele Small ဆိုသည္မွာ စာေရးသူျဖစ္သည္ဟုဆိုလ်ွင္ က်ြန္ုပ္ကိုလာဖမ္းၾကမည္ေလာ ။ ထိုသူမွာ စာေရးဆရာေကာင္းဆက္နိုင္ျဖစ္သည္ဟု တေယာက္က ခ်ြန္တြန္းလုပ္လ်ွင္ ေကာင္းဆက္နိုင္ကိုဖမ္းမည္ေလာ ။ ေနဘုန္းလတ္ပါဟု ဆိုလ်ွင္ေနဘုန္းလတ္ကိုဖမ္းမည္ေလာ ။ ခင္စန္း၀င္းဟုဆိုလ်ွင္ခင္စန္း၀င္းကိုဖမ္းမည္လား ။ ဘာမွေရေရရာရာမရွိေသာဥပေဒျဖစ္သည္ ။ မ်ိဳးကိုကိုစန္းေနရာတြင္ ေက်ာေထာက္ေနာက္ခံမရွိေသာ ဆင္းရဲသားနင္းျပားတေယာက္ကိုအစြပ္စြဲဖမ္းဆီးခံရလ်ွင္ ထိုသူသည္ အခ်ဳပ္ထဲမွာပင္တ၇ားခံအစစ္မေပါ ္မခ်င္းေစာင့္ဆိုင္းရမည္ေလာ ။ ပုဒ္မ ၆၆(ဃ)သည္ မ်က္နွာရွိသူ ၊ေငြရိွသူ ၊အာဏာရွိသူ တို အတြက္ဖန္တီးထားေသာသီးသန္ ့ဥပေဒလိုမ်ိဳးျဖစ္ေနပါသည္ ။
Cele Cele Small လို လူမ်ိဳးကိုေတာ့အေရးယူရမည္ ။သို ့ေသာ္ မဆိုင္သူမ်ားကိုထင္ေၾကးျဖင့္ဖမ္းျခင္းကိုကားလက္ခံနိုင္စရာမရွိပါ ။ မတရားသိကၡာခ်ခံရလ်ွင္ အသေရဖ်က္မဟူ၍ွု တည္ဆဲဥပေဒအရရွိေနေပသည္ ။ ထိုအသေရဖ်က္မွုအရ အေရးယူသင့္ေပသည္ ။ အသေရဖ်က္မွု ပုဒ္မ ၅၀၀ တြင္ျပဌာန္းထားေသာ ျပစ္ဒဏ္မ်ားမွာ ယခုေခတ္နွင့္မကိုက္ညီေတာ့ ၊မထိေရာက္ေတာ့ဆိုလ်ွင္လည္း ဥပေဒပါျပစ္ဒဏ္မ်ားကို ျပင္ဆင္ရမည္မွာ လြွတ္ေတာ္မ်ား၏တာ၀န္ျဖစ္ေလသည္ ။ထိုကိစၥမ်ားေဆာင္ရြက္ရန္ လြွတ္ေတာ္အမတ္မ်ားကိုျပည္သူလူထုကမဲေပးေရြးခ်ယ္ခဲ့ျခင္းျဖစ္သည္ ။ယခုျဖစ္ေနေသာကိစၥကိုၾကည့္လ်ွင္ Cele Cele Small ဆိုသူသည္ သူမ်ားမေကာင္းေၾကာင္းမ်ားကိုစိုက္လိုက္မတ္တပ္ေရးခဲ့သည္ ။ထို ့ေနာက္ ဇန္န၀ါရီ၂၀ရက္ေန ့ညသန္းေခါင္တြင္အေကာင့္ကို မည္သူမ်ွၾကည့္၍မရေတာ့ေအာင္ပိတ္သိမ္းသြားသည္ ။ သူ ့ေၾကာင့္ လူမ်ားစြာနစ္နာရသည္ ။ ကာယကံရွင္ (တရားလို)ျဖစ္ေသာ သရုပ္ေဆာင္၀တ္မွုန္ေရြွရည္ ကအရင္ဆံုးနစ္နာရသည္ ။ ထို ့ေနာက္ မ်ိဳးကိုကိုစန္း ဆိုသူမွာ ဖမ္းဆီးခ်ဳပ္ေနွာင္စြပ္စြဲခံရသျဖင့္နစ္နာရသည္ ။ တတိယနစ္နာရသူမွာ ရဲတပ္ဖြဲ့ျဖစ္သည္ ။
ရဲတပ္ဖြဲ ့သည္ မေသခ်ာပဲလူတေယာက္ကိုဖမ္းဆီးတတ္ေသာအေလ့အထရွိေၾကာင္းေဖာ္ျပသလိုျဖစ္ေနေပ၏ ။ မည္သူက နာမည္နွင့္တကြလက္ေထာက္ခ်လိုက္သလဲဆိုတာ ဤအမွု၏တရားလို နွင့္ ရဲတပ္ဖြဲ ့ တို ့ကယေန ့ (၂၄.၁.၂၀၁၇အထိ)ရွင္းရွင္းလင္းလင္းမေျပာၾကားေသးေပ ။ေနာက္ဆံုးနစ္နာရသည္က ျမန္မာနိုင္ငံသားမ်ားျဖစ္သည္ ။ ျပည္သူလူထုၾကားတြင္အေၾကာက္တရားမ်ားစိုးမိုးလာပါသည္ ။ ငါေကာင္းေကာင္းေနလဲ အခ်ိန္မေရြးအဖမ္းခံရနိုင္တာပဲ ။ ေဖ.စ္ဘြတ္မွာ အေကာင့္အတုနဲ့သံုးတာပဲေကာင္းမယ္၊ အေကာင့္ပုန္းနဲ ့ေရးခ်င္တာေရးရင္လြတ္နိုင္တယ္ဟူေသာအေတြးမ်ိဳး အယူအဆမ်ိဳး၊တာ၀န္မဲ့စိတ္မ်ိဳး၀င္လာဖြယ္ရွိပါ၏ ။ စင္စစ္ လူေတြကိုအရမ္းမဖမ္းပဲ နည္းပညာအကူအညီျဖင့္ တရားခံကို ရွာေဖြေဖာ္ထုတ္သင့္ပါ၏ ။မသမာေသာသူတေယာက္ေၾကာင့္ လူ ့အဖြဲ့အစည္းမွ ျပည္သူလူထုအမ်ားစုကိုထိခိုက္ရသည္ဆိုလ်ွင္ အဓိပါယ္မရွိပါ ။
သူမ်ားအေၾကာင္းမေကာင္းေရးသူမ်ားသည္ မိမိနာမည္ကိုအျမဲဖံုး၀ွက္ထားၾကသူမ်ားျဖစ္သည္ ။ အမ်ားအားျဖင့္ နာမည္အတု ၊ဓာတ္ပံုအတုမ်ားျဖင့္သာ သူတပါးကိုေ၀ဖန္ရဲၾကသူမ်ားျဖစ္သည္ ။ မိမိေရးေသာမိမိေျပာေသာ စာတေၾကာင္း ဓာတ္ပံုတပံုကိုတာ၀န္ယူရဲေသာ စိတ္ဓာတ္မရွိသူ ၊သိမ္ဖ်င္းေသာစိတ္ထားပိုင္ရွင္မ်ားျဖစ္သည္ ။
ယခင္ကလည္းပေရာ္ဖက္ဆာေဒါက္တာဆိတ္ဖြားဆိုေသာအေကာင့္ပိုင္ရွင္သည္ လြွတ္ေတာ္ကိုေ၀ဖန္တိုက္ခိုက္ဖူးပါသည္ ။ သို ့ေသာ္ ထိုအခ်ိန္ကပင္ ဦးသိန္းစိန္အစိုးရသည္ မဆိုင္ေသာသူမ်ားကိုဖမ္းဆီးစစ္ေဆးျခင္းမျပဳလုပ္ခဲ့ပါ။ စစ္ပြဲတပြဲတြင္ သူတင္ကိုယ္တင္ ေပါ ္ေပါ ္တင္တင္ပစ္ခတ္တိုက္ခိုက္ၾကသူမ်ားကိုေလးစားမိပါသည္ ။ သို ့ေသာ္ ယေန ့စစ္ပြဲမ်ားတြင္ စနိက္္ပါေခါ ္ေခ်ာင္းေျမာင္းပစ္ခတ္သူမ်ားလည္းရွိလာပါသည္ ။ သူသည္ တိုက္ရိုက္ရင္ဆိုင္တိုက္ခိုက္ေလ့ရွိသူမဟုတ္ပါ ။ အေမွာင္မွာ ပုန္းေနသူ၊ ေခ်ာင္ထဲမွာပုန္းေနျပီး သူတပါးကို ေခ်ာင္းေျမာင္းလုပ္ၾကံသူျဖစ္ပါသည္ ။သူ ့အတြက္အေျခအေနမေကာင္းလ်ွင္အသာေလးလစ္ထြက္ကာေျခရာေဖ်ာက္သြားနိုင္ပါသည္ ။ စနိုက္ပါသမားကိုဖမ္းခ်င္သျဖင့္ သူရွိေနနိုင္ေသာေနရာတ၀ိုက္ကို ဗံုးၾကဲတိုက္ခိုက္သလိုမ်ိဳးလုပ္မည္ဆိုလ်ွင္မဆိုင္ေသာသူမ်ားစြာေသေၾကပ်က္စီးမည္ျဖစ္သည္ ။
အေကာင္းဆံုးကေတာ့ စနိုက္ပါသမားကို စနိက္္ပါသမားကသာျပန္ျပီးဖမ္းဆီးပစ္ခတ္နိုင္မည္ျဖစ္သည္ ။နည္းပညာသည္ စနိုက္ပါျဖစ္သည္ ။ ေဖ့စ္ဘြတ္ကုမၼဏီသည္ နိုင္ငံအစိုးရမ်ားကအကူအညီေတာင္းလာလ်ွင္ အသံုးျပဳသူ user မ်ား၏အေသးစိတ္အခ်က္အလက္ကို ေပးနိုင္ပါသည္ ။ရဲတပ္ဖြဲ့နွင့္ အစိုးရအေနျဖင့္ ဒိထက္ လိမၼာပါးနပ္ကာနည္းပညာတတ္က်ြမ္းဖို ့ေတာ့ လိုအပ္ေပသည္ ။ ပုဒ္မ ၆၆ (ဃ)ျဖင့္အမွုလာဖြင့္တိုင္း ထင္ရာလူကိုေလ်ွာက္ဖမ္းေနေသာအျဖစ္မ်ားရပ္သင့္ပါျပီ ။ အကယ္၍ ေရးသားသူကိုေတြ ့လ်ွင္ပင္ အာမခံမေပးပဲဖမ္းဆီးခ်ဳပ္ေနွာင္ထားျခင္းမျပဳသင့္ေပ ။ တရားရံုးကစီရင္ခ်က္မခ်ေသးသမ်ွ အျပစ္ရွိသူမဟုတ္ေသးဟူေသာတရားစီရင္ေရးမူအတိုင္း အခ်ဳပ္လြတ္ထုေခ်ခြင့္ရသင့္ေပသည္ ။ ယခုအမွုတြင္ မ်ိဳးကိုကိုစန္းပါဟု နာမည္တပ္စြပ္စြဲသူသည္မည္သူနည္း ၊ ရဲဘက္ကလား ၊ တိုင္ၾကားသူဘက္ကလားဆိုတာသဲသဲကြဲကြဲ မီဒီယာကိုေျပာျပသင့္ေပသည္ ။ ရဲတပ္ဖြဲ ့အေနျဖင့္ အထင္ျဖင့္လုပ္ေလ့လုပ္ထမရွိရာ ထိုသို ့ ဖမ္းဆီးရေလာက္ေအာင္ မသကၤာဖြယ္မည္သည့္ အေထာက္အထားရွိေနသနည္းဆိုတာလည္း ျပည္သူလူထုကိုခ်ျပသင့္ေပသည္ ။
က်ြန္ေတာ္တို့သည္ NLD ပါတီကို မဲေပးေရြးခ်ယ္ခဲ့ၾကျခင္းမွာ ေဒါ ္ေအာင္ဆန္းစုၾကည္ကိုယံုၾကည္စိတ္ျဖင့္ေရြးခ်ယ္ခဲ့ၾကျခင္းျဖစ္သလို ဖြဲ့စည္းပံုအေျခခံဥပေဒပါအခ်က္အခ်ိဳ့ကိုျပင္ဆင္မည္ ၊တည္ဆဲဥပေဒမ်ားမွမတရားေသာ ဥပေဒမ်ား ၊ နည္းဥပေဒမ်ားကို ျပင္ဆင္ဖ်က္သိမ္းၾကမည္ဟုယံုၾကည္သျဖင့္ မဲေပးေရြးခ်ယ္ခဲ့ၾကျခင္းျဖစ္ပါသည္ ။ပုဒ္မ ၅(ည)လိုမတရားေသာဥပေဒမ်ားကိုေတာ့ လြွတ္ေတာ္တြင္ရုပ္သိမ္းပါယ္ဖ်က္ခဲ့ေလျပီ ။ ပုဒ္မ ၆၆(ဃ)အလွည့္သို့မေရာက္ေသး ။ ျပီးခဲ့သည့္အစိုးရလက္ထက္နွင့္ ယခုအစိုးရသစ္လက္ထက္ လက္ရွိအခ်ိန္အထိ ပုဒ္မ ၆၆(ဃ)ျဖင့္တရားရင္ဆိုင္ေနရသည့္အမွုေပါင္းမွာ ၄၇ မွုအထိရွိေနျပီး အမ်ားစုမွာ အစိုးရသစ္လက္ထက္တြင္အမွုဖြင့္တိုင္ၾကားမွုမ်ားျဖစ္ေၾကာင္းသိရေပ၏။ ၆၆(ဃ) ကား အစိုးရမင္းမ်ားနွစ္သက္ေလေသာ ၀ရဇိန္လက္နက္သဖြယ္ျဖစ္ေနေပ၏ ။ မိုးၾကိဳးလက္နက္သိၾကားစက္ ၊ ေလာင္မီးက်လ်က္နတ္တို ့စက္ ၊ ဘြဲ ့ျဖဴလက္နက္ဘီလူးစက္ ၊ေတာင္ဟုန္ျပင္းလ်က္ဂ႒ဳန္မင္းစက္ ၊ အာခံတြင္းက၀င္း၀င္းေတာက္လ်က္နဂါးစက္ စသည့္စက္ၾကီးတဆယ့္သံုးပါးကဲ့သို ့ ဂငယ္ဃၾကီးအသီးသီးျဖင့္ အစိုးရအဆက္ဆက္ ၆၆ စက္ ဆိုသကဲ့သို ့ အၾကိဳက္ေတြ ့ေနၾကသလားဟုပင္ေတြးမိေလ၏ ။
အမွန္စင္စစ္ ျပည္သူလူထုသည္ အစိုးရနွင့္တသားတည္းရွိေၾကာင္းကို ျပီးခဲ့ေသာဇန္န၀ါရီ ၁၆ ရက္ေန ့က ရန္ကုန္ျမိဳ့တြင္ YBS ဘတ္စ္ကားစနစ္သစ္စတင္ေျပာင္းလဲက်င့္သံုးစဥ္ကျပသခဲ့ျပီးျဖစ္၏ ။ ယခင္အစိုးရလက္ထက္က အစိုးရနွင့္ျပည္သူအေစးမကပ္သမ်ွ ယခုအစိုးရလက္ထက္တြင္ ေမ်ွာ္လင့္မထားေလာက္ေအာင္ပင္ လိုင္းကားမ်ားေနရာတြင္ အခမဲ့ကားမ်ား ကူညီေျပးဆြဲသူေတြကေျပးဆြဲ၏ ။ ကိုယ့္စာရိတ္ကိုယ္စိုက္ ၊မိမိထမင္းမိမိစားကာ လုပ္အားေပးမ်ားအျဖစ္ ပညာတတ္လူငယ္မ်ားစြာ ပါ၀င္ကူညီခဲ့ၾကေပသည္ ။ ျပည္သူလူထုကလည္းအေျပာင္းအလဲတြင္ေတြ ့ရတတ္ေသာဒုကၡမ်ားကိုမညဥ္းမညူ သည္းခံလိုက္ပါခဲ့ၾကေလသည္ ။ ဒါေတြအားလံုးမွာ အလုပ္လုပ္ေသာအစိုးရေၾကာင့္ျဖစ္သည္ ။ ျပည္သူလူထုအတြက္ေရွ့ရွုေသာအေျပာင္းအလဲတခုကိုလုပ္ျပေသာေၾကာင့္အားလံုးက၀ိုင္း၀န္းေထာက္ခံၾကျခင္းျဖစ္သည္ ။ ထိုစနစ္အတိုင္း အားလံုးကိုဆက္၍အားေပးေထာက္ခံခ်င္ပါသည္ ။
ယခင္အစိုးရလက္ထက္က သူတို့ေခါင္းေဆာင္မ်ားကို ထိပါးေ၀ဖန္မွုမွကာကြယ္ရန္ ျပဌာန္းသြားေသာဥပေဒတခုသည္ ၆၆ (ဃ) ဟုလူသိမ်ားေသာ ဆက္သြယ္ေရးဥပေဒျဖစ္သည္ ။ ထိုဥပေဒကိုပိုေကာင္းေအာင္ ၊ ပို၍ ထိေရာက္ေအာင္ ၊မဆိုင္သူမ်ားဒုကၡမခံရေအာင္ ၊ ဖြဲ့စည္းပံုအေျခခံဥပေဒ ပုဒ္မ ၃၅၄ ကေပးထားေသာနိုင္ငံသားအခြင့္အေရးမ်ားမဆံုးရွံုးေအာင္ ျပင္ဆင္နိုင္ေသာ္ေကာင္းေလစြဟုမွတ္ယူပါသည္ ။ျပင္ဆင္ရန္တာ၀န္သည္လည္း NLD အမတ္မင္းအမ်ားစုလြွမ္းမိုးထားေသာ ျပည္သူ ့လြွတ္ေတာ္၊အမိ်ိဳးသားလြွတ္ေတာ္ ၊ ျပည္ေထာင္စုလြွတ္ေတာ္တို့ကလုပ္နိုင္ပါလိမ့္မည္ ။
ဆီသည္မလက္သုတ္ဖတ္လို ဖန္တရာေတေနေသာ ပုဒ္မေတြ နည္းဥပေဒေတြနွင့္ျပည္သူလူထုကို ဒုကၡေပးတာေတြမလိုခ်င္ေတာ့ပါ ။
၀တ္မွုန္ေရြွရည္လို သိကၡာခ်ခံရသူေတြကိုလည္းကာကြယ္ပါ ။
Cele Cele Small လို သူရဲေဘာေၾကာင္ေသာ အတင္းအဖ်င္းသမားေတြကိုလည္း အေရးယူပါ ။
မ်ိဳးကိုကိုစန္းလို မဆီမဆိုင္ဖမ္းဆီးခံရနိုင္ေသာ ျမန္မာနိုင္ငံသားအေပါင္းကိုလည္း ကိုယ္ခ်င္းစာကာကြယ္ပါဟု ဥပေဒျပဳသူ ၊အုပ္ခ်ဳပ္သူ ၊တရားစီရင္သူအေပါင္းအား တိုက္တြန္းလိုက္ရေပသည္ ။
သရ၀ဏ္(ျပည္)
ေစာင့္ၾကည့္ဂ်ာနယ္
၂၇.၁.၂၀၁၇
====================
သရ(ဝဏ်(ပြည်) ရေးသားသည်)
တကယ်တော့ဤကိစ္စတွေကိုမပြောချင် ၊မရေးချင် ၊ မပါချင် ။ သို ့သော် ပုဂ္ဂိုလ်ရေးတွေအတင်းအဖျင်တွေကိုစိတ်မဝင်စားသော်ငြားလည်း အများနှင့်ဆိုင်သောကိစ္စတခုပါဝင်နေသဖြင့်ပြောစရာရေးစရာဖြစ်လာရခြင်းဖြစ်သည် ။ ဖြစ်စဉ်ကိုအားလုံးသိသဖြင့် ဇာတ်ကြောင်းလှန်မနေချင်တော့ ။ ပြသနာ၏အစက ဖေ.စ်ဘွတ်တွင် လူတဖက်သားသိက္ခာကျအောင် အတင်းအဖျင်းတွေရေးသောသူတယောက်မှစသည် ။ Cele Cele Small ဆိုသော အကောင့်ပိုင်ရှင်က အနုပညာလောကမှ အတင်းလိုလိုသတင်းလိုလိုဟာတွေ အညှီအဟောက်တွေကို ရေးတင်သည် ။ဓာတ်ပုံတွေတင်သည် ။ ဟုတ်တာနည်းနည်း မဟုတ်တာများများ ထင်ရာတွေလျှောက်ရေးသည် ။ သူ ့အကောင့်ထဲဝင်ကြည့်ရာ အတင်းအဖျင်းပေါင်းစုံတကာစေ့လှသည် ။ မင်းသမီးနှစ်ယောက်အကြောင်းလည်းပါသည် ။ အမျိုးသားအဆိုတော်သရုပ်ဆောင် တယောက်အကြောင်းလည်းပါသည် ။ အလှမယ်တယောက်အကြောင်းလည်းပါသည် ။ မဟုတ်ကဟုတ်ကတွေကအများစုဖြစ်သည် ။ မြန်မာ့ရုပ်ရှင်တွေထဲမှာပါသော ခင်အေးဟန်ကြီး၏စတိုင်လ်အတိုင်း ပြောကိုမပြောချင်တော့ပါဘူးအေ ဆိုသော လေသံမျိုးဖြင့် လူတကာ၏အတင်းကိုလိုက်ချနေသော စာသားများကိုဖတ်ရပါသည် ။ စာနှင့်အတူ သင့်လျော်သောဓာတ်ပုံအချို့ကိုလည်း ပူးတွဲတင်ထားပါသည် ။ သို ့သော် အချို ့ဓာတ်ပုံများမှာလည်း သိက္ခာကျစေရုံသက်သက်လျှောက်ရေးထားတာတွေ ့ရသည် ။
ဥပမာ ဝတ်မှုန်ရွှေရည်ကိုစပွန်ဆာပေးနေသူတဦးဆိုပြီးဓာတ်ပုံတပုံတင်ထားရာ ထိုပုံထဲမှာ လူတယောက်ကပုခုံးဖက်နေပါသည် ။ သို ့သော်ထိုသူမှာ Cele Cele Small စွပ်စွဲသလို အမျိုးသားတယောက်မဟုတ်ပါ ။ နေစည်ဗဆွေ ဆိုသောအမျိုးသမီးဖြစ်နေပါသည် ။ဧည့်ခံပွဲတခုတွင် မိန်းကလေးချင်းတွဲရိုက်ထားသောဓာတ်ပုံကို ဘုမသိဘမသိ သမုတ်ခြင်းဖြစ်ပါပေ၏ ။ ထိုသို ့ ရမ်းသမ်း သမုတ်ထားသောအခြားဓာတ်ပုံတပုံမှာလည်း နာမည်ကျော်အလှမယ်တယောက်နှင့် ခရီးသွားလောကမှာထင်ရှားသောစားသောက်ဆိုင်ပိုင်ရှင် တယောက်ပုံကိုလည်း ညားနေပြီဟုဆိုကာမဟုတ်ကဟုတ်ကစွပ်စွဲထားသေးသည် ။ ကျွန်တော်သည်ထိုဓာတ်ပုံထဲမှနှစ်ယောက်စလုံးကိုသိ၏ ။ ထိုသို ့မဟုတ်ပါ ။ စားသောက်ဆိုင်ပိုင်ရှင်သည် သဘောကောင်းသည် ။ ဓာတ်ပုံရိုက်ရတာဝါသနာပါသည် ။ နာမည်ကျော်ပုဂ္ဂိုလ်တော်တော်များများနှင့်ဓာတ်ပုံတွဲရိုက်ပြီးသူ ့ဆိုင်တွင် ဂုဏ်ယူစွာချိတ်ဆွဲထားပါသည် ။ ထိုလူနှင့် ဓာတ်ပုံအတူတွဲရိုက်ရုံဖြင့် သူ ့မယားငယ်လိုလိုရေးထားပြီး ဖေ.စ်ဘွတ်တင်ခြင်းမှာလည်းမလုပ်သင့်မလုပ်အပ်ပါ ။ သို ့သော်ထိုအလှမယ်ကတော့ ဘာမှတုန့်ပြန်ဖြေရှင်းတာမလုပ်ပါ ။ မလုပ်တာပဲကောင်းပါသည် ။ ထားတော့ ဒီအရှုပ်အရှင်းတွေကိုရေးလိုရင်းမဟုတ်ပါ ။ ပြောလိုရင်းက အခြားဖြစ်သည် ။
ဒီလိုမဟုတ်ကဟုတ်ကတွေ အရေးခံရတော့ ဝတ်မှုန်ရွှေရည်(ခေါ ်)ကစ်ကစ် က ရဲစခန်းတွင် ပုဒ်မ ၆၆ (ဃ)ဖြင့်အမှုဖွင့်သည် ။ သူ၏စာဖြင့်ရေးသားသောတိုင်ချက် ကိုပေါ ်ပြူလာဂျာနယ်၏ဖေ.စ်ဘွတ်တွင်ဖော်ပြထားသဖြင့်ဖတ်ရသည် ။ ထိုအထဲတွင် နာမည်တပ်၍ဘယ်သူဘယ်ဝါပါဟုတော့တိုင်မထား ။Cele Cele Small ဟူသည့်အကောင့်ကိုအရေးယူပေးဖို ့ရေးသားထားသည် ။ သို ့သော် စာဖြင့်ရေးမပြသော်လည်း ပါးစပ်ဖြင့် မသင်္ကာသူတယောက်၏အမည်ကိုဝေတ်မှုန်ရွှေရည်တို ့ ရဲကိုပြောမပြော သေသေချာချာမသိရပါ ။ တယောက်ယောက်ကပြော၍လား၊ ရဲကပဲ ထိုးထွင်းဉာဏ်ကောင်းလွန်းသဖြင့် သိသလားတော့မပြောတတ် ၊ မျိုးကိုကိုစန်းဆိုသော သူကို ရန်ကုန်လေဆိပ်တွင် ဇန်နဝါရီ ၁၇ ညက ဖမ်းဆီးခဲ့သည် ။ ရေးစရာအကြောင်းကဒီမှာတင်စသည် ။ မျိုးကိုကိုစန်းသည်မြန်မာနိုင်ငံသားတယောက်ဖြစ်သည် ။ သူ အဖမ်းခံရသည် ။ ဘာမှုညာမှု ဘာအပြစ်ညာအပြစ်ကျူးလွန်သည်ဟု ဘာမှခိုင်ခိုင်မာမာမသိပဲ အဖမ်းခံရခြင်းဖြစ်သည် ။ မြန်မာနိုင်ငံသားတယောက်သည် ကိုယ်ကအပြစ်မကျူးလွန်ပါလဲ ထိုသို ့ဂျာမန်ဂက်စတာဗိုလ် တွေ ၊ အမှောင်ခေတ်က မြန်မာစစ်ထောက်လှမ်းရေးတွေ လုပ်သလို အချိန်မရွေး ဖမ်းဆီးခံရနိုင်သည် ။ ဘယ်သူမှုလုံခြုံမှုမရှိဆိုသော ထိတ်လန် ့ဖွယ်သတင်းစကားကို မြန်မာနိုင်ငံသားအားလုံကိုအပါးခံလိုက်ရခြင်းဖြစ်သည် ။တကယ်ကျူးလွန်လျှင်ကိစ္စမရှိ ။ သတင််းအတိအကျရ၍ဖမ်းသည်ပဲမှတ်နေမိရာမှ မျိုးကိုကိုစန်း အချုပ်ထဲတွင် သုံးညတိတိအိပ်လိုက်ရသည် ။သုံးရက်လုံးလုံးအချုပ်အနှောင်ခံရသည်။ နောက်တော့ ဇန်နဝါရီ ၂၀ တွင် ပြန်လွတ်လာသည် ။ လူကိုရောဟန်းဖုန်းကိုရောစစ်ဆေးပြီးရာတွင် မသင်္ကာစရာဘာမှမတွေ ့သဖြင့် ခံဝန်ဖြင့်ပြန်လွှတ်ပေးသည်ဟုလည်းပြောကြသေးသည် ။
ကျွန်တော်တို ့နိုင်ငံ၏ဥပဒေသည် ဘယ်လိုဥပဒေမျိုးလဲ ။ အထူးသဖြင့် ဆီသည်မလက်သုတ်ဖတ်လို ဖေတရာတေနေအောင်သုံးနေကြသော ပုဒ်မ ၆၆(ဃ) သည် ဥပဒေလား ။ ဖိနှိပ်ရေးယန္တယားလား ။ ဥပဒေဆိုလျှင် မဆိုင်သူတွေ မခံကြရစကောင်းပေ ။ ပြည်သူလူထုအားလုံးကိုအကာအကွယ်ပေးရမည်ဖြစ်သည် ။ လူတယောက်ကစိတ်ရူးပေါက်၍ အမှုဖွင့်တိုင်ကြားရုံဖြင့် ဟုတ်ဟုတ်မဟုတ်ဟုတ်အချုပ်ထဲကို ဖမ်းထည့်သော စာတပိုဒ်သည် ဥပဒေမဟုတ်ချေ ။ ဥပဒေယောင်ဆောင်ထားသော ရူးသွပ်မှုသက်သက်သာဖြစ်ပေမည် ။မြန်မာနိုင်ငံတွင် ဥပဒေပုဒ်မအမျိုးမျိုးရှိကြသည့်အနက် ဥပဒေအားလုံး၏အခေါင်အချုပ်မှာ ဖွဲ ့စည်းပုံအခြေခံဥပဒေဖြစ်သည် ။ထို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသား၊နိုင်ငံသားများ၏မူလအခွင့်အရေးနှင့်တာဝန်များ ဟူသောအခန်း ၊ပုဒ်မ ၃၅၄ တွင် “ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေး သို ့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာပြဌာန်းထားသည့်ဥပဒေများနှင့်မဆန် ့ကျင်လျှင်အောက်ပါအခွင့်အရေးများကိုလွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် ။
(က) မိမိ၏ယုံကြည်ချက် ၊ ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊ရေးသားဖြန် ့ဝေခွင့် “ ဟူ၍အတိအလင်းပါရှိပေသည် ။( ဤဥပဒေမှာပင် နိုင်ငံသားတို ့၏အခွင့်အရေးကိုတားမြစ်ပိတ်ပင်လိုသောသဘောဖြင့် အဓိပါယ်တိတိကျကျမထွက်သည့်ကြိယာဝိသေသနများစွာရှေ့ကခံထားတာသတိပြုမိပေသည် ) ။ထားတော့ အနည်းဆုံးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံသားတို့၏အခွင့်အရေးကိုအာမခံထားလေသည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားသောနိုင်ငံသားတိုင်း၏အခွင့်အရေးကို ပုဒ်မ ၆၆(ဃ) က ပိတ်ပင်တားဆီးလိုက်တာကတော့ ကျောင်းထိုင်ဆရာတော်ကြီးအမိန် ့ကို ကပ္ဖိယကြီးကဖျက်လိုက်တာနှင့်တူနေပေသည် ။
အမှန်စင်စစ် ဥပဒေနှစ်ခုသည် ဆန် ့ကျင်ဘက်အသွင်ဆောင်လာပြီဆိုလျှင် ပို၍ခိုင်မာသော ဖွဲ ့စည်းပုံအခြေခံဥပဒေကိုသာအတည်မှတ်ယူရပေမည် ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ အရ နိုင်ငံသားတိုင်းသည် မိမိ၏ယုံကြည်ချက်ကိုထုတ်ဖော်ပြောဆိုခွင့် ၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာပြောဆို ရေးသားဖြန် ့ဝေခွင့်ခိုင်ခိုင်မာမာရှိရပေမည် ။ ထိုသို ့ပြောဆိုခြင်းအတွက် မရေမရာမခိုင်မမာသောစွပ်စွဲချက်တခုကြောင့်ဖမ်းဆီးချုပ်နှောင်ခံရခြင်းသည် ဖွဲ ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်သောလုပ်ရပ်များဖြစ်ပေ၏ ။ ဆိုလိုရင်းမှာ ဖေ.စ်ဘွတ်တွင် ပြောချင်ရာပြော ၊ဆဲချင်ရာဆဲ ၊သိက္ခာချချင်ရာကိုချနေသော Cele Cele Small လို လူများကိုထောက်ခံအားပေးနေခြင်းမဟုတ် ။သို ့သော် လူတယောက်ကရေးချင်တာရေးလိုက်တာကို မသေချာမရေရာပဲ နောက်တယောက်ကို အထင်ဖြင့် ဖမ်းဆီးခြင်း ၊ ထိုသူရေးပါသည်ဟု မယ်မယ်ရရ သက်သေမပြနိုင်ပဲ တိုင်သည့်သူ စွပ်စွဲသူရှိလာတိုင်း ဖမ်းဆီးချုပ်နှောင်မှုကိုကန် ့ကွက်နေခြင်းဖြစ်သည် ။ ဆိုကြပါစို ့ Cele Cele Small ဆိုသည်မှာ စာရေးသူဖြစ်သည်ဟုဆိုလျှင် ကျွန်ုပ်ကိုလာဖမ်းကြမည်လော ။ ထိုသူမှာ စာရေးဆရာကောင်းဆက်နိုင်ဖြစ်သည်ဟု တယောက်က ချွန်တွန်းလုပ်လျှင် ကောင်းဆက်နိုင်ကိုဖမ်းမည်လော ။ နေဘုန်းလတ်ပါဟု ဆိုလျှင်နေဘုန်းလတ်ကိုဖမ်းမည်လော ။ ခင်စန်းဝင်းဟုဆိုလျှင်ခင်စန်းဝင်းကိုဖမ်းမည်လား ။ ဘာမှရေရေရာရာမရှိသောဥပဒေဖြစ်သည် ။ မျိုးကိုကိုစန်းနေရာတွင် ကျောထောက်နောက်ခံမရှိသော ဆင်းရဲသားနင်းပြားတယောက်ကိုအစွပ်စွဲဖမ်းဆီးခံရလျှင် ထိုသူသည် အချုပ်ထဲမှာပင်တရားခံအစစ်မပေါ ်မချင်းစောင့်ဆိုင်းရမည်လော ။ ပုဒ်မ ၆၆(ဃ)သည် မျက်နှာရှိသူ ၊ငွေရှိသူ ၊အာဏာရှိသူ တို အတွက်ဖန်တီးထားသောသီးသန် ့ဥပဒေလိုမျိုးဖြစ်နေပါသည် ။
Cele Cele Small လို လူမျိုးကိုတော့အရေးယူရမည် ။သို ့သော် မဆိုင်သူများကိုထင်ကြေးဖြင့်ဖမ်းခြင်းကိုကားလက်ခံနိုင်စရာမရှိပါ ။ မတရားသိက္ခာချခံရလျှင် အသရေဖျက်မဟူ၍ှု တည်ဆဲဥပဒေအရရှိနေပေသည် ။ ထိုအသရေဖျက်မှုအရ အရေးယူသင့်ပေသည် ။ အသရေဖျက်မှု ပုဒ်မ ၅၀၀ တွင်ပြဌာန်းထားသော ပြစ်ဒဏ်များမှာ ယခုခေတ်နှင့်မကိုက်ညီတော့ ၊မထိရောက်တော့ဆိုလျှင်လည်း ဥပဒေပါပြစ်ဒဏ်များကို ပြင်ဆင်ရမည်မှာ လွှတ်တော်များ၏တာဝန်ဖြစ်လေသည် ။ထိုကိစ္စများဆောင်ရွက်ရန် လွှတ်တော်အမတ်များကိုပြည်သူလူထုကမဲပေးရွေးချယ်ခဲ့ခြင်းဖြစ်သည် ။ယခုဖြစ်နေသောကိစ္စကိုကြည့်လျှင် Cele Cele Small ဆိုသူသည် သူများမကောင်းကြောင်းများကိုစိုက်လိုက်မတ်တပ်ရေးခဲ့သည် ။ထို ့နောက် ဇန်နဝါရီ၂ဝရက်နေ ့ညသန်းခေါင်တွင်အကောင့်ကို မည်သူမျှကြည့်၍မရတော့အောင်ပိတ်သိမ်းသွားသည် ။ သူ ့ကြောင့် လူများစွာနစ်နာရသည် ။ ကာယကံရှင် (တရားလို)ဖြစ်သော သရုပ်ဆောင်ဝတ်မှုန်ရွှေရည် ကအရင်ဆုံးနစ်နာရသည် ။ ထို ့နောက် မျိုးကိုကိုစန်း ဆိုသူမှာ ဖမ်းဆီးချုပ်နှောင်စွပ်စွဲခံရသဖြင့်နစ်နာရသည် ။ တတိယနစ်နာရသူမှာ ရဲတပ်ဖွဲ့ဖြစ်သည် ။
ရဲတပ်ဖွဲ ့သည် မသေချာပဲလူတယောက်ကိုဖမ်းဆီးတတ်သောအလေ့အထရှိကြောင်းဖော်ပြသလိုဖြစ်နေပေ၏ ။ မည်သူက နာမည်နှင့်တကွလက်ထောက်ချလိုက်သလဲဆိုတာ ဤအမှု၏တရားလို နှင့် ရဲတပ်ဖွဲ ့ တို ့ကယနေ ့ (၂၄.၁.၂၀၁ရအထိ)ရှင်းရှင်းလင်းလင်းမပြောကြားသေးပေ ။နောက်ဆုံးနစ်နာရသည်က မြန်မာနိုင်ငံသားများဖြစ်သည် ။ ပြည်သူလူထုကြားတွင်အကြောက်တရားများစိုးမိုးလာပါသည် ။ ငါကောင်းကောင်းနေလဲ အချိန်မရွေးအဖမ်းခံရနိုင်တာပဲ ။ ဖေ.စ်ဘွတ်မှာ အကောင့်အတုနဲ့သုံးတာပဲကောင်းမယ်၊ အကောင့်ပုန်းနဲ ့ရေးချင်တာရေးရင်လွတ်နိုင်တယ်ဟူသောအတွေးမျိုး အယူအဆမျိုး၊တာဝန်မဲ့စိတ်မျိုးဝင်လာဖွယ်ရှိပါ၏ ။ စင်စစ် လူတွေကိုအရမ်းမဖမ်းပဲ နည်းပညာအကူအညီဖြင့် တရားခံကို ရှာဖွေဖော်ထုတ်သင့်ပါ၏ ။မသမာသောသူတယောက်ကြောင့် လူ ့အဖွဲ့အစည်းမှ ပြည်သူလူထုအများစုကိုထိခိုက်ရသည်ဆိုလျှင် အဓိပါယ်မရှိပါ ။
သူများအကြောင်းမကောင်းရေးသူများသည် မိမိနာမည်ကိုအမြဲဖုံးဝှက်ထားကြသူများဖြစ်သည် ။ အများအားဖြင့် နာမည်အတု ၊ဓာတ်ပုံအတုများဖြင့်သာ သူတပါးကိုဝေဖန်ရဲကြသူများဖြစ်သည် ။ မိမိရေးသောမိမိပြောသော စာတကြောင်း ဓာတ်ပုံတပုံကိုတာဝန်ယူရဲသော စိတ်ဓာတ်မရှိသူ ၊သိမ်ဖျင်းသောစိတ်ထားပိုင်ရှင်များဖြစ်သည် ။
ယခင်ကလည်းပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားဆိုသောအကောင့်ပိုင်ရှင်သည် လွှတ်တော်ကိုဝေဖန်တိုက်ခိုက်ဖူးပါသည် ။ သို ့သော် ထိုအချိန်ကပင် ဦးသိန်းစိန်အစိုးရသည် မဆိုင်သောသူများကိုဖမ်းဆီးစစ်ဆေးခြင်းမပြုလုပ်ခဲ့ပါ။ စစ်ပွဲတပွဲတွင် သူတင်ကိုယ်တင် ပေါ ်ပေါ ်တင်တင်ပစ်ခတ်တိုက်ခိုက်ကြသူများကိုလေးစားမိပါသည် ။ သို ့သော် ယနေ ့စစ်ပွဲများတွင် စနိက််ပါခေါ ်ချောင်းမြောင်းပစ်ခတ်သူများလည်းရှိလာပါသည် ။ သူသည် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်လေ့ရှိသူမဟုတ်ပါ ။ အမှောင်မှာ ပုန်းနေသူ၊ ချောင်ထဲမှာပုန်းနေပြီး သူတပါးကို ချောင်းမြောင်းလုပ်ကြံသူဖြစ်ပါသည် ။သူ ့အတွက်အခြေအနေမကောင်းလျှင်အသာလေးလစ်ထွက်ကာခြေရာဖျောက်သွားနိုင်ပါသည် ။ စနိုက်ပါသမားကိုဖမ်းချင်သဖြင့် သူရှိနေနိုင်သောနေရာတဝိုက်ကို ဗုံးကြဲတိုက်ခိုက်သလိုမျိုးလုပ်မည်ဆိုလျှင်မဆိုင်သောသူများစွာသေကြေပျက်စီးမည်ဖြစ်သည် ။
အကောင်းဆုံးကတော့ စနိုက်ပါသမားကို စနိက််ပါသမားကသာပြန်ပြီးဖမ်းဆီးပစ်ခတ်နိုင်မည်ဖြစ်သည် ။နည်းပညာသည် စနိုက်ပါဖြစ်သည် ။ ဖေ့စ်ဘွတ်ကုမ္မဏီသည် နိုင်ငံအစိုးရများကအကူအညီတောင်းလာလျှင် အသုံးပြုသူ user များ၏အသေးစိတ်အချက်အလက်ကို ပေးနိုင်ပါသည် ။ရဲတပ်ဖွဲ့နှင့် အစိုးရအနေဖြင့် ဒိထက် လိမ္မာပါးနပ်ကာနည်းပညာတတ်ကျွမ်းဖို ့တော့ လိုအပ်ပေသည် ။ ပုဒ်မ ၆၆ (ဃ)ဖြင့်အမှုလာဖွင့်တိုင်း ထင်ရာလူကိုလျှောက်ဖမ်းနေသောအဖြစ်များရပ်သင့်ပါပြီ ။ အကယ်၍ ရေးသားသူကိုတွေ ့လျှင်ပင် အာမခံမပေးပဲဖမ်းဆီးချုပ်နှောင်ထားခြင်းမပြုသင့်ပေ ။ တရားရုံးကစီရင်ချက်မချသေးသမျှ အပြစ်ရှိသူမဟုတ်သေးဟူသောတရားစီရင်ရေးမူအတိုင်း အချုပ်လွတ်ထုချေခွင့်ရသင့်ပေသည် ။ ယခုအမှုတွင် မျိုးကိုကိုစန်းပါဟု နာမည်တပ်စွပ်စွဲသူသည်မည်သူနည်း ၊ ရဲဘက်ကလား ၊ တိုင်ကြားသူဘက်ကလားဆိုတာသဲသဲကွဲကွဲ မီဒီယာကိုပြောပြသင့်ပေသည် ။ ရဲတပ်ဖွဲ ့အနေဖြင့် အထင်ဖြင့်လုပ်လေ့လုပ်ထမရှိရာ ထိုသို ့ ဖမ်းဆီးရလောက်အောင် မသင်္ကာဖွယ်မည်သည့် အထောက်အထားရှိနေသနည်းဆိုတာလည်း ပြည်သူလူထုကိုချပြသင့်ပေသည် ။
ကျွန်တော်တို့သည် NLD ပါတီကို မဲပေးရွေးချယ်ခဲ့ကြခြင်းမှာ ဒေါ ်အောင်ဆန်းစုကြည်ကိုယုံကြည်စိတ်ဖြင့်ရွေးချယ်ခဲ့ကြခြင်းဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်အချို့ကိုပြင်ဆင်မည် ၊တည်ဆဲဥပဒေများမှမတရားသော ဥပဒေများ ၊ နည်းဥပဒေများကို ပြင်ဆင်ဖျက်သိမ်းကြမည်ဟုယုံကြည်သဖြင့် မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်ပါသည် ။ပုဒ်မ ၅(ည)လိုမတရားသောဥပဒေများကိုတော့ လွှတ်တော်တွင်ရုပ်သိမ်းပါယ်ဖျက်ခဲ့လေပြီ ။ ပုဒ်မ ၆၆(ဃ)အလှည့်သို့မရောက်သေး ။ ပြီးခဲ့သည့်အစိုးရလက်ထက်နှင့် ယခုအစိုးရသစ်လက်ထက် လက်ရှိအချိန်အထိ ပုဒ်မ ၆၆(ဃ)ဖြင့်တရားရင်ဆိုင်နေရသည့်အမှုပေါင်းမှာ ၄၇ မှုအထိရှိနေပြီး အများစုမှာ အစိုးရသစ်လက်ထက်တွင်အမှုဖွင့်တိုင်ကြားမှုများဖြစ်ကြောင်းသိရပေ၏။ ၆၆(ဃ) ကား အစိုးရမင်းများနှစ်သက်လေသော ဝရဇိန်လက်နက်သဖွယ်ဖြစ်နေပေ၏ ။ မိုးကြိုးလက်နက်သိကြားစက် ၊ လောင်မီးကျလျက်နတ်တို ့စက် ၊ ဘွဲ ့ဖြူလက်နက်ဘီလူးစက် ၊တောင်ဟုန်ပြင်းလျက်ဂဋ္ဌုန်မင်းစက် ၊ အာခံတွင်းကဝင်းဝင်းတောက်လျက်နဂါးစက် စသည့်စက်ကြီးတဆယ့်သုံးပါးကဲ့သို ့ ဂငယ်ဃကြီးအသီးသီးဖြင့် အစိုးရအဆက်ဆက် ၆၆ စက် ဆိုသကဲ့သို ့ အကြိုက်တွေ ့နေကြသလားဟုပင်တွေးမိလေ၏ ။
အမှန်စင်စစ် ပြည်သူလူထုသည် အစိုးရနှင့်တသားတည်းရှိကြောင်းကို ပြီးခဲ့သောဇန်နဝါရီ ၁၆ ရက်နေ ့က ရန်ကုန်မြို့တွင် YBS ဘတ်စ်ကားစနစ်သစ်စတင်ပြောင်းလဲကျင့်သုံးစဉ်ကပြသခဲ့ပြီးဖြစ်၏ ။ ယခင်အစိုးရလက်ထက်က အစိုးရနှင့်ပြည်သူအစေးမကပ်သမျှ ယခုအစိုးရလက်ထက်တွင် မျှော်လင့်မထားလောက်အောင်ပင် လိုင်းကားများနေရာတွင် အခမဲ့ကားများ ကူညီပြေးဆွဲသူတွေကပြေးဆွဲ၏ ။ ကိုယ့်စာရိတ်ကိုယ်စိုက် ၊မိမိထမင်းမိမိစားကာ လုပ်အားပေးများအဖြစ် ပညာတတ်လူငယ်များစွာ ပါဝင်ကူညီခဲ့ကြပေသည် ။ ပြည်သူလူထုကလည်းအပြောင်းအလဲတွင်တွေ ့ရတတ်သောဒုက္ခများကိုမညဉ်းမညူ သည်းခံလိုက်ပါခဲ့ကြလေသည် ။ ဒါတွေအားလုံးမှာ အလုပ်လုပ်သောအစိုးရကြောင့်ဖြစ်သည် ။ ပြည်သူလူထုအတွက်ရှေ့ရှုသောအပြောင်းအလဲတခုကိုလုပ်ပြသောကြောင့်အားလုံးကဝိုင်းဝန်းထောက်ခံကြခြင်းဖြစ်သည် ။ ထိုစနစ်အတိုင်း အားလုံးကိုဆက်၍အားပေးထောက်ခံချင်ပါသည် ။
ယခင်အစိုးရလက်ထက်က သူတို့ခေါင်းဆောင်များကို ထိပါးဝေဖန်မှုမှကာကွယ်ရန် ပြဌာန်းသွားသောဥပဒေတခုသည် ၆၆ (ဃ) ဟုလူသိများသော ဆက်သွယ်ရေးဥပဒေဖြစ်သည် ။ ထိုဥပဒေကိုပိုကောင်းအောင် ၊ ပို၍ ထိရောက်အောင် ၊မဆိုင်သူများဒုက္ခမခံရအောင် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ကပေးထားသောနိုင်ငံသားအခွင့်အရေးများမဆုံးရှုံးအောင် ပြင်ဆင်နိုင်သော်ကောင်းလေစွဟုမှတ်ယူပါသည် ။ပြင်ဆင်ရန်တာဝန်သည်လည်း NLD အမတ်မင်းအများစုလွှမ်းမိုးထားသော ပြည်သူ ့လွှတ်တော်၊အမျိိုးသားလွှတ်တော် ၊ ပြည်ထောင်စုလွှတ်တော်တို့ကလုပ်နိုင်ပါလိမ့်မည် ။
ဆီသည်မလက်သုတ်ဖတ်လို ဖန်တရာတေနေသော ပုဒ်မတွေ နည်းဥပဒေတွေနှင့်ပြည်သူလူထုကို ဒုက္ခပေးတာတွေမလိုချင်တော့ပါ ။
ဝတ်မှုန်ရွှေရည်လို သိက္ခာချခံရသူတွေကိုလည်းကာကွယ်ပါ ။
Cele Cele Small လို သူရဲဘောကြောင်သော အတင်းအဖျင်းသမားတွေကိုလည်း အရေးယူပါ ။
မျိုးကိုကိုစန်းလို မဆီမဆိုင်ဖမ်းဆီးခံရနိုင်သော မြန်မာနိုင်ငံသားအပေါင်းကိုလည်း ကိုယ်ချင်းစာကာကွယ်ပါဟု ဥပဒေပြုသူ ၊အုပ်ချုပ်သူ ၊တရားစီရင်သူအပေါင်းအား တိုက်တွန်းလိုက်ရပေသည် ။
သရဝဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၂၇.၁.၂၀၁၇
Home
/
ျပည္တြင္းသတင္း
/
၀တ္မႈန္ေရႊရည္၊ မ်ိဳးကိုကိုစန္း၊ သူရဲေဘာေၾကာင္တဲ့ အတင္းသမား Cele Cele Small နဲ ့ဆီသည္မလက္သုတ္ဖတ္ ဥပေဒ
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment