အမ်ဳိးသားေတြအတြက္ မိမိရဲ႕ ညီေလး(အမ်ဳိးသားအဂၤါ) ေသးငယ္ေနတာဟာ ရွက္ရြံ႕စရာ၊ အားငယ္စရာလို႔ ထင္တတ္ၾကေပမဲ့ အသက္ ၅၄ ႏွစ္အရြယ္ မကၠဆီကို ႏိုင္ငံသားႀကီး Roberto Esquivel Cabrera က်ျပန္ေတာ့ ႀကီးမားလြန္းအားႀကီးေနတဲ့ ညီေလးေၾကာင့္ အခက္ေတြ႕ေနၿပီး ခ်စ္တင္းေႏွာဖို႔လည္း အဆင္မေျပျဖစ္ေနတယ္လို႔ သိရပါတယ္။ ဆရာ၀န္ေတြကေတာ့ Saltillo ၿမိဳ႕သားႀကီးရဲ႕ ဒူးအထိ တိုက္ေနတဲ့ ညီေလးဟာ ဆယ္ေက်ာ္သက္အရြယ္တုန္းက အေလးအပင္ ထမ္းခဲ့ရတာေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ထားၿပီး အရြယ္အစား ေလွ်ာ့ခ်ေပးႏိုင္ဖို႔ အႀကံေပးခဲ့ၾကေပမဲ့ အမ်ဳိးသားႀကီးကေတာ့ လက္မခံဘဲ ျငင္းဆန္ခဲ့ပါတယ္။
အခုလို ျငင္းဆန္ရတာနဲ႔ ပတ္သက္ၿပီးေတာ့လည္း သူ႕မွာ ခိုင္လံုတဲ့အေၾကာင္းျပခ်က္ ရွိေနပါတယ္။ အဲဒါကေတာ့ “ကၽြန္ေတာ္က ထင္ရွားတဲ့သူတစ္ေယာက္ပါ၊ ဘာျဖစ္လို႔လဲဆိုေတာ့ ကၽြန္ေတာ့္မွာ ကမ ၻာ့အရွည္ဆံုး ညီေလး ရွိေနပါတယ္၊ အဲဒီအတြက္လည္း ကၽြန္ေတာ္ ေပ်ာ္ရႊင္ပါတယ္၊ ကၽြန္ေတာ္ ယံုတယ္ ဘယ္သူမွ ကၽြန္ေတာ့္လို ညီေလးမ်ဳိး အရြယ္အစား မရွိၾကဘူးဆိုတာကိုေပါ႔” လို႔ ဂုဏ္ယူ၀ံ့ႂကြားစြာနဲ႔ ေျပာဆိုခဲ့ပါတယ္။ အမ်ဳိးသားႀကီးဟာ သူ႕ရဲ႕ ရွည္လ်ားလွတဲ့ ညီေလးေၾကာင့္ ၂၀၁၅ ခုႏွစ္အတြင္းမွာ ေက်ာ္ၾကားလာခဲ့သူ ျဖစ္ၿပီး ဂင္းနစ္စံခ်ိန္မွတ္တမ္း ၀င္ခ်င္ေပမဲ့ မွတ္တမ္းတင္ အဖြဲ႕ရဲ႕ သတ္မွတ္ခ်က္ စည္းမ်ဥ္းစည္းကမ္းထဲမွာ အဲဒီအခ်က္ မပါ၀င္လို႔ အခုခ်ိန္အထိေတာ့ သတ္မွတ္မခံရေသးဘူးလို႔ သိရပါတယ္။
အမ်ဳိးသားႀကီးရဲ႕ ႀကီးမား၊ ရွည္လ်ားလွတဲ့ ညီေလးကို ေလွ်ာ့ခ်ႏိုင္ေရးနဲ႔ ပတ္သက္လို႔ ေဒါက္တာ Jesus David Salazar Gonzalez က “ကၽြန္ေတာ္တို႔ သူ႕ကို အႀကံေပးတယ္၊ Roberto ကိုေပါ႔၊ ခင္ဗ်ားအတြက္ အေကာင္းဆံုးနည္းလမ္းက ခင္ဗ်ားရဲ႕ ညီေလးကို ဆရာ၀န္ေတြရဲ႕ အကူအညီနဲ႔ ပံုမွန္အရြယ္အစား ျဖစ္ေအာင္ ေဆာင္ရြက္ေပးဖို႔ပဲ၊ နာက်င္မႈ မခံစားရေစဘူး၊ သူမ်ားေတြလို ခ်စ္တင္းေႏွာႏိုင္မယ္၊ ရင္ေသြးေလးေတြ ပိုင္ဆိုင္ခြင့္ရွိမယ္လို႔ေပါ႔၊ ဒါေပမဲ့ သူက လက္မခံဘူး၊ သူက သူမ်ားေတြထက္ ႀကီးမား၊ ရွည္လ်ားတဲ့ ညီေလးကိုပဲ ပိုင္ဆိုင္ထားခ်င္ေနတယ္” လို႔ ေျပာဆိုပါတယ္။ အမ်ဳိးသားႀကီးရဲ႕ ၁၉ လက္မရွိတဲ့ ညီေလးဟာ တကယ္တမ္းေတာ့ အစိုင္အခဲက ခုနစ္လက္မသာ ရွိတာျဖစ္ၿပီး က်န္တဲ့အပိုင္းေတြက ထိပ္ကိုငံုထားတဲ့ အေရျပားနဲ႔ ေသြးေၾကာေတြေၾကာင့္ ျဖစ္ပါတယ္။
READ ေျခေထာက္ေတြပါ၀င္ျပီး ကမၻာေျမအႏွံ ့ ေရြ႕လ်ားႏိုင္မယ့္ ျမိဳ ့ကို ဗိသုကာပညာရွင္တစ္ဦး ဒီဇုိင္းေရးဆြဲ
(www.apannpyay.com)
Credit: MOMOLAY
==================
Unicode Version
အမျိုးသားတွေအတွက် မိမိရဲ့ ညီလေး(အမျိုးသားအင်္ဂါ) သေးငယ်နေတာဟာ ရှက်ရွံ့စရာ၊ အားငယ်စရာလို့ ထင်တတ်ကြပေမဲ့ အသက် ၅၄ နှစ်အရွယ် မက္ကဆီကို နိုင်ငံသားကြီး Roberto Esquivel Cabrera ကျပြန်တော့ ကြီးမားလွန်းအားကြီးနေတဲ့ ညီလေးကြောင့် အခက်တွေ့နေပြီး ချစ်တင်းနှောဖို့လည်း အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ ဆရာဝန်တွေကတော့ Saltillo မြို့သားကြီးရဲ့ ဒူးအထိ တိုက်နေတဲ့ ညီလေးဟာ ဆယ်ကျော်သက်အရွယ်တုန်းက အလေးအပင် ထမ်းခဲ့ရတာကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားပြီး အရွယ်အစား လျှော့ချပေးနိုင်ဖို့ အကြံပေးခဲ့ကြပေမဲ့ အမျိုးသားကြီးကတော့ လက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။
အခုလို ငြင်းဆန်ရတာနဲ့ ပတ်သက်ပြီးတော့လည်း သူ့မှာ ခိုင်လုံတဲ့အကြောင်းပြချက် ရှိနေပါတယ်။ အဲဒါကတော့ “ကျွန်တော်က ထင်ရှားတဲ့သူတစ်ယောက်ပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ကမ ္ဘာ့အရှည်ဆုံး ညီလေး ရှိနေပါတယ်၊ အဲဒီအတွက်လည်း ကျွန်တော် ပျော်ရွှင်ပါတယ်၊ ကျွန်တော် ယုံတယ် ဘယ်သူမှ ကျွန်တော့်လို ညီလေးမျိုး အရွယ်အစား မရှိကြဘူးဆိုတာကိုပေါ့” လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောဆိုခဲ့ပါတယ်။ အမျိုးသားကြီးဟာ သူ့ရဲ့ ရှည်လျားလှတဲ့ ညီလေးကြောင့် ၂၀၁၅ ခုနှစ်အတွင်းမှာ ကျော်ကြားလာခဲ့သူ ဖြစ်ပြီး ဂင်းနစ်စံချိန်မှတ်တမ်း ဝင်ချင်ပေမဲ့ မှတ်တမ်းတင် အဖွဲ့ရဲ့ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းထဲမှာ အဲဒီအချက် မပါဝင်လို့ အခုချိန်အထိတော့ သတ်မှတ်မခံရသေးဘူးလို့ သိရပါတယ်။
အမျိုးသားကြီးရဲ့ ကြီးမား၊ ရှည်လျားလှတဲ့ ညီလေးကို လျှော့ချနိုင်ရေးနဲ့ ပတ်သက်လို့ ဒေါက်တာ Jesus David Salazar Gonzalez က “ကျွန်တော်တို့ သူ့ကို အကြံပေးတယ်၊ Roberto ကိုပေါ့၊ ခင်ဗျားအတွက် အကောင်းဆုံးနည်းလမ်းက ခင်ဗျားရဲ့ ညီလေးကို ဆရာဝန်တွေရဲ့ အကူအညီနဲ့ ပုံမှန်အရွယ်အစား ဖြစ်အောင် ဆောင်ရွက်ပေးဖို့ပဲ၊ နာကျင်မှု မခံစားရစေဘူး၊ သူများတွေလို ချစ်တင်းနှောနိုင်မယ်၊ ရင်သွေးလေးတွေ ပိုင်ဆိုင်ခွင့်ရှိမယ်လို့ပေါ့၊ ဒါပေမဲ့ သူက လက်မခံဘူး၊ သူက သူများတွေထက် ကြီးမား၊ ရှည်လျားတဲ့ ညီလေးကိုပဲ ပိုင်ဆိုင်ထားချင်နေတယ်” လို့ ပြောဆိုပါတယ်။ အမျိုးသားကြီးရဲ့ ၁၉ လက်မရှိတဲ့ ညီလေးဟာ တကယ်တမ်းတော့ အစိုင်အခဲက ခုနစ်လက်မသာ ရှိတာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေက ထိပ်ကိုငုံထားတဲ့ အရေပြားနဲ့ သွေးကြောတွေကြောင့် ဖြစ်ပါတယ်။
READ ခြေထောက်တွေပါဝင်ပြီး ကမ္ဘာမြေအနှံ့ ရွေ့လျားနိုင်မယ့် မြို့ကို ဗိသုကာပညာရှင်တစ်ဦး ဒီဇိုင်းရေးဆွဲ
(www.apannpyay.com)
Credit: MOMOLAY
Home
/
ႏိုင္ငံတကာသတင္း
/
၁၉ လကၼရွိတဲ့ ငယ္ပါပိုင္ဆိုင္ထာတဲ့လူကို ဆရာ၀န္ေတြက ပံုမွန္ျဖစ္ေအာင္ ခြဲေပးမယ္ဆိုတာကို လက္မခံရတဲ့ အေၾကာင္းအရင္း
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment