သစ်ပင်တွင် ကြိုးတုတ်ခံရသည့် မိသားစုမှ မိခင်အမျိုးသမီး ပုရွက်ဆိတ်များကြောင့် သေဆုံး

ရွာသားအချို့က ဒီပြစ်မှုကို ကျူးလွန်ခဲ့တာပါ။ကားတစ်စီးခိုးယူသူလို့ မှားယွင်းစွပ်စွဲခံရတဲ့ အမျိုးသမီးတစ်ဦးဟာ သစ်ပင်မှာ ကြိုးတုတ်ချည်နှောင်ခံခဲ့ရပြီးနောက် အဆိပ်ပြင်းတဲ့ ပုရွက်ဆိတ်တွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

ရွာသားတွေဟာ အဆိုပါ အမျိုးသမီးနဲ့အတူ သမီးနဲ့ သားဖြစ်သူ သုံးဦးတို့ကို မျက်လုံးမှာ အဝတ်စည်းပြီး သစ်ပင်မှာ ချည်နှောင်အပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က သိရှိသွားပြီး လာရောက်ကယ်ဆယ်ကာ ဆေးရုံကိုချက်ခြင်းပို့ဆောင်ခဲ့ပေမယ့် စွပ်စွဲဒဏ်ပေးခံရသူသုံးဦးထဲမှာ မိခင်ဖြစ်သူက သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သစ်ပင်မှာ ချည်နှောင်ထားခံရစဉ် အနီရောင်ပုရွက်ဆိတ်တွေ အကိုက်ခံခဲ့ရတဲ့အပြင် လေပြွန်ပေါက်ထဲကို ဝင်သွားတဲ့ပုရွက်ဆိတ်တွေကြောင့် အသက်ရှုမရဖြစ်ကာ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဘိုလီဗီးယားနိုင်ငံ မြို့တော် လာပက်ဇ်နဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ ကာရာနာဗီအရပ်မှာ အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ကြတာလို့ ဘိုလီဗီးယား ပြည်တွင်းမီဒီယာအချို့က ဖော်ပြကြပါတယ်။ ပြည်တွင်းရေဒီယိုသတင်းဌာနကတစ်ခုက ဖော်ပြခဲ့တဲ့ ဓာတ်ပုံထဲမှာတော့ သစ်ပင်မှာ ကြိုးချည်တုတ်နှောင်ခံထားရသူသုံးဦးကို တွေ့နိုင်ပြီးအနီးမှာလည်း အမျိုးသမီးတစ်ဦးက ကလေးချီကာ ကြည့်နေခဲ့တာ တွေ့ရပါတယ်။
အစပိုင်းမှာ အဆိုပါမှုခင်းအတွက် ကားခိုးမှုသံသယ ခေါင်းစဉ်နဲ့ အမှုဖွင့်ထားခဲ့ပေမယ့် အခုတော့ လူသတ်မှုခေါင်းစဉ်နဲ့ ပြန်ပြောင်းအမှုဖွင့်ထားကြောင့် ပြည်တွင်းရဲတပ်ဖွဲ့အကြီးအကဲ အဂူဒိုက ပြောပါတယ်။ ဒီဖြစ်ရပ်အတွက် လူတစ်ဦးကိုဖမ်းမိထားပြီးဖြစ်ပြီး ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။

Source : Mirror Caranavi-bolivia
Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...