မွေးရာပါ အောက်လမ်းပညာရှင်ကို အထင်မသေးနဲ့နော်.. နှိပ်ကြည့်လိုက်..။

သင်္ချိုင်းကုန်းဆိုတာ ကျုပ်​တို့လို ​အောက်​လမ်းဆရာ​တွေ
ကျင်​လည်​ကျက်​စား​နေကျ ​နေရာတစ်​ခု​ပေါ့
ဒီ​အောက်​လမ်းပညာကို ဘယ်​​တော့မှ အသုံးမပြုဘူး လို့
ရည်​ရွယ်​ထား​ပေမဲ့ ဒီည​တော့ သုံးရ​တော့မယ်
သြော်​ :-) :-)ကျုပ်​အ​ကြောင်း ​ပြောပြရဦးမယ်
ကျုပ်​အဘိုးက ​အောက်​လမ်းဆရာကြီးတစ်​​ယောက်​ပါ
သူ့ကို တစ်​ရွာလုံးက ဝိုင်းကြဉ်​ထားကြတယ်
ကြောက်​လို့​တော့ မဟုတ်​ပါဘူး
အဘိုးက အိမ်​သာတွင်း​တို့ ​ရေ​မြောင်းတို့်
တူးတဲ့အလုပ်​ လုပ်​တာမို့ ​အားလုံးက
အောက်​လမ်းဆရာကြီးလို့ ​ခေါ်ကြတာ :-D
လုပ်​တဲ့အလုပ်​က ညစ်​ပတ်​​တော့ သူလာရင်​ နံ​​စော်​​နေလို့ အားလုံးက ​ရှောင်​သွားကြရတယ်​​လေ
အဘွားက​တော့ ​မှော်​ဆရာမကြီး​ပေါ့​ဗျာ
မိုးကုတ်​က ​မှော်​​တွေထဲ ​ရေမ​ဆေး​ကျောက်
အတိုအစ​လေး​တွေ လိုက်​​ကောက်​တဲ့အလုပ်​ လုပ်​ခဲ့တာ​လေ :-D
ဒါ​ပေမဲ့ သူ ထဘီခြုံလိုက်​ရင်​ ဖျင်​​ပေါ်တာက​တော့ တကယ်​ပါ
ကဲ ကဲ အ​ပြောင်​အ​နောက်​​တွေ​လျှော့ အတည်​​ပြောမယ်
ကျုပ်​ အဘိုးက ​အောက်​လမ်း​မှော်​အတတ်​ကို
ဒုတိယအဆင့်​ထိ လိုက်​စားဖူးတယ်​​ဗျ ( သိုင်း​စကားနဲ့ ​ပြောရရင်​ ထိပ်​သီးသိုင်းသမား​ပေါ့ )
ပီယ​ဆေး​ဖော်​ဖို့်​ ​ခေါ်ထားတဲ့ သူရဲမကို ဖွန်​​ကြောင်​လို့
သူ့ဆရာက အပစ်​ပေးတဲ့အ​နေနဲ့ အိမ်​သာတွင်းတူး ​မြောင်း​ဖော်​စတဲ့ အလုပ်​​တွေကို လုပ်​ခိုင်းထားတာရယ်
ကျုပ်​အ​ဖေအ​မေက​တော့ သာမန်​လူ​တွေပါ
မျိုးဆက်​တစ်​ဆက်​​ကျော်​ပြီး ကျုပ်​အလှည့်​ကျမှ
ဘယ်​လိုဖြစ်​တယ်​ မသိပါဘူး
အဘိုးအဘွားရဲ့ ​သွေး​တွေ စိမ့်​ဝင်​​နေတယ်
မွေးရာပါ ​အောက်​လမ်းပညာရှင်​တစ်​​ယောက်​ ဖြစ်​ခဲ့တယ်
ကိုယ့်​ကိုယ်​ကို ​အောက်​လမ်းပညာတတ်​​နေမှန်း သိပေမဲ့
တစ်​ခါမှ အသုံးမပြုခဲ့ပါဘူး
ဒီ​နေ့​တော့ မသုံးမဖြစ်​ သုံးရ​တော့မယ်
ကျုပ်​ ကြိုက်​​နေတဲ့ candy sweety ​လေးကို
ကျုပ်​တို့ရွာက ​နေထက်​ဘုန်းမြင့်​ဆိုတဲ့​ကောင်​က ရည်းစားစကား လိုက်​​ပြောတယ်​ လို့ သတင်းကြားရလို့​လေ
ဆောရီး​​ဗျာ ​မေ့ပြီး ​ဖေ့စ်​ဘုတ်​နာမည်​​တွေသုံး​နေမိတယ်
Candy sweety နာမည်​က မ​အေးသန်းတဲ့
ဟိုအ​ကောင်​ ​နေထက်​ဘုန်းမြင့်​နာမည်​က မြင့်​​သောင်း တဲ့
အေးသန်းဆိုတဲ့​ကောင်​မက ​ပြောလိုက်​ရင်​​တော့
မောင်​တစ်​​ယောက်​တည်းပါ )
ဟို​ကောင့်​ကို fb မှာ​တောင်​ block မလုပ်​ဘူး​ဗျ
သူတင်​သမျှ ဟို​ကောင်​က love reacted ​လေး​တွေ​ပေး
မထိတထိ​လေး​တွေ မန့်
သူက အဟိ ခ်​ခ်​နဲ့ reply ​တွေ ပြန်​​ပေး
ကျုပ်​ မခံစားနိုင်​​တော့ဘူး ဒီည​တော့ အပြတ်ရှင်းကိုရှင်းရမယ်
ကိုယ်​တိုင်​​တော့ မသတ်​ဘူး 
ထောင်​က​ကျွေးတဲ့ ပဲဟင်းနဲ့ငါးပိ​ကြော်​ မစားချင်​ဘူး​ဗျ
မွေးရာပါ ​အောက်​လမ်းပညာရှင်​ပီပီ သူရဲ​တွေကို ​​စေခိုင်းဖို့
ဒီသင်္ချိုင်းကြီးထဲကို ကျုပ်​​ရောက်​​နေတာပဲ
ဟို​ကောင်​လဲ​သေ ကျုပ်​လဲအမှုလဲမပတ်​ မ​အေးသန်း​လေးနဲ့လဲညား [ ဒီးဒီး မင်းပိုင်​သကွာ ]
သင်္ချိုင်းအလယ်​​ခေါင်​ကို ​ရောက်​တာနဲ့
ပါလာတဲ့ အစားအ​သောက်​​တွေကို
အုတ်​ဂူတစ်​ခု​ပေါ်တင်​လိုက်​တယ်
ကျုပ်​ပါးစပ်​က ​အောက်​လမ်း စကားလုံး​တချို့ကို
တစ်​လုံးချင်းရွတ်​​လိုက်​တယ်​ [ လာမ​ရေးခိုင်းနဲ့ ကျုပ်​လဲမ​ရေးတတ်​ဘူး:-D
ဝုန်း "
မြူခိုးလိုလို အ​ငွေ့​တွေနဲ့အတူ ​ကောင်​မ​လေးတစ်​​ယောက်
ကျုပ်​​ရှေ့မှာ ​ပေါ်လာတယ်
မျက်​နှာက ​တော်​​တော်​​လေး စုတ်​ပြတ်​​နေပြီ
ကိုယ်​လုံးကိုယ်​​ပေါက်​ကြည့်​ပြီး ​ကောင်​မ​လေး လို့ ​ပြောရတာ
"​ပြောစမ်း မင်းနာမည်​ဘယ်​သူလဲ "
"ခင်​ချင်​လို့လား Hi ခဲ့​လေ account လာ add ​ပေးမှာ​ပေါ့ ခ်​ခ်​"
"တိန်​ ဘာ​တွေလာ​ပြော​​နေတာလဲ
နင့်​နာမည်​​မေး​နေတာ "
"အိုက်​စ်​ ကွီး ​တော်​​တော်​ပိန်းတာပဲ
ခေးက ​ဖေ့စ်​ဘုတ်​ဆယ်​လီ သံစဉ်​ချို​ တဲ့
Follower ဆယ်​သိန်း​ကျော်​ရှိတယ်​ ညှင်းညှင်း "
"ဟာ သိတာ​ပေါ့ ​ခေးရရ်
ကွီး​တောင်​ ​ခေး ပို့စ်​မှာ add me sis လို့ ဝင်​​ယောင်​ဖူးတယ်
ခေးက ဘယ်​လိုဖြစ်​ပြီး ဒီဘဝ​ရောက်​​နေတာလဲ ?"
"​ဖေ့စ်​ဘုတ်​​ပေါ်က မသာတစ်​​ကောင်​​ပေါ့
cb က​နေ စာပို့တာကို ပြန်​မ​ပြောလို့ ဆိုပြီး
ခေး ဂျန်းရှင်း​စ်​စကွဲစ်​စ်​စ်​ မှာ "
"ဟဲ့ အာပုတ်​ရည်​​တွေစင်​တယ်​ဟ ဖီ"
"အဲမှာ ​ဘဲအလန်းစား​လေးနဲ့ ​ဈေးဝယ်​​နေတုန်း
အက်​ဆစ်​နဲ့​ချောင်းအပက်​ခံရလို့ ဒီလိုဖြစ်​ခဲ့ရတာပါ
အာ့ ကွီး လက်​စား​ချေ​ပေးပါ​နော်
ကျေးဇူးဆပ်​တဲ့ အ​နေနဲ့ ကွီး wall ထဲဝင်​ပြီး like bomb ကြဲ​ပေးပါ့မယ်​ "
"အမ်​ ငါ​တောင်​ လူမသတ်​ရဲလို့ နင့်​ကို ​ခေါ်တာ​လေ မသာမရဲ့
နင်​ကငါ့ပြန်​ခိုင်း​နေတယ်
ကွကိုယ်​သတ်​ပါ့လား သူရဲမဖြစ်​​နေပြီပဲ ဂုတ်​ချိုးသတ်​ပစ်​​ပေါ့ "
"သူများကို ဂုတ်​ချိုးဖို့ ​နေ​နေသာသာ
ခန္ဓာကိုယ်​က ပိန်​လွန်းလို့
သူရဲ​လောကမှာ AIDS နဲ့​သေတဲ့သူရဲမဆိုပြီး
နာမည်​ပျက်​​နေတာပါ "
"​တော်​ပါ​တော့ ဒီသူရဲမ အလုပ်​မဖြစ်​ပါဘူး
ပြန်​​ဖျောက်​လိုက်​တာပဲ ​ကောင်းပါတယ်
ဥုံ ဘာညာ ဘာညာ သာရကာ သာရကာ ​ပျောက်​​စေ
ကိုင်း ငါ ဆရာအမိန့်​ ​နောက်​တစ်​​ယောက်​ထပ်​​ရောက်​​စေ​"
မျက်​မှန်​ဝိုင်းကြီးတပ်​ထားပြီး ရှပ်​အင်္ကျီကို ​ကော်​လံ​ထောင်​ကာ
ဝတ်​ထား​သော သူရဲတစ်​​ကောင်​​ပေါ်လာ​လေသည်
"မင်္ဂလာပါ ​မောင်​သူရဲ "
"မင်္ဂလာပါ သားရယ်
သား စ လို့ရပါပြီကွယ်​ "
"အမ်​ ကျုပ်​က ဘာစရမှာလဲ ?
ခများကို ခိုင်းစရာရှိလို့ ​ခေါ်လိုက်​တာ​ဗျ
ပြော ခများနာမည်​ နဲ့ ​သေပုံ​သေနည်း​လေး "
"အန်​ကယ်​က​တော့ လပွတ္တာသိန်းဟန်​ပါကွယ်
ဒါနဲ့ ဒီအင်္ကျီ​လေးက ရပ်​ကွက်​ထဲက သူခိုးငပိန်​ဆီက
ပြန်​ဝယ်​ထားတာ​လေ အန်​ကယ်​နဲ့ လိုက်​ရဲ့လားကွယ်​ "
"အာ ဘာ​တွေလာ​မေး​နေတာတုန်း ​သေပုံ​သေနည်း​ပြော "
"ဒီလိုပါကွယ်​ အန်​ကယ်​က ရပ်​ကွက်​ထဲက
ကာရာအို​ကေပြိုင်​ပွဲမှာ အမှတ်​​ပေးဒိုင်​လုပ်​ခဲ့တယ်​​လေ
လာပြိုင်​ကြတဲ့သူ​တွေက အသံ​သေးအ​သံ​ကြောင်​​တွေနဲ့
ဆို​နေကြ​တော့ အန်​ကယ်​လဲ No ​တွေပဲ ​ပြောမိတယ်​ "
"အန်​ကယ်​ကလဲ​ဗျာ ကိုယ့်​​ငွေကုန်တာ​ ကျ​နေတာပဲ
Yes လို့​ပြောလိုက်​ ပြီး​နေတာပဲကို "
"မဟုတ်​ဘူး​လေကွယ်
လပွတ္တာသိန်းဟန်​က ​ကောင်းပါတယ်​ Yes လို့
ထောက်​ခံလိုက်​တဲ့လူရဲ့ အသံက သာမန်​ပဲဆိုရင်
လူ​တွေက ကဲ့ရယ်​ကြမှာ​ပေါ့
အန်​ကယ်​ Yes လို့ ​ထောက်​ခံလိုက်​သူ​တွေက
သာမန်​ထက်​​တော့ ထူးမယ်​ဆိုတာ အာမခံပါတယ်​ကွယ်​ "
"​ဟုတ်​ပါပြီ​ဗျာ ဒါနဲ့ အန်​ကယ်​က ဘယ်​လိုဖြစ်​ပြီး
ဒီဘဝ​ရောက်​တာလဲ"
"အန်​ကယ်​က No လို့ငြင်းတာကို ခံရတဲ့ က​လေး​တွေက
ဝိုင်းရိုက်​လို့ ဒီလိုဖြစ်​သွားရတာပါကွယ်​ "
"အန်​ကယ့်​ကို ကျုပ်​​ခေါ်လိုက်​ရတာက​တော့ ကျုပ်​ရည်းစားကို
ကြောင်​​နေတဲ့​ကောင်ကို သတ်​​ပေးဖို့ပဲ"
"အန်​ကယ်​တို့အနုပညာသမား​တွေက စိတ်​ထားနူးညံ့ပါတယ်
လူသတ်​​ပေးရမယ်​ ဆိုရင်​​တော့
Sorry ပါကွယ်​ အန်​ကယ်​က​တော့ No လို့ပဲ ​ပြောပါရ​စေ "
"ဒီဘဝ​ရောက်​တာ​တောင်​ No ​နေတုန်း
အလုပ်​ဖြစ်​မှာလဲမဟုတ်​ပါဘူး ​ပျောက်​​စေ
ဟူး သူရဲကလဲ သုံး​ကောင်​ထိပဲ ​ခေါ်လို့ရတာ
နောက်​ဆုံးအ​ကောင်​ လာ​လေ​ရော့
ဝုန်း
"ဟယ်​ ​မှော်​ဆရာ​လေးက အကိတ်​က​လေး​တော့်​"
"ငင့်​ အ​ခြောက်​မကြီး "
"အို ဘယ်​လို​ပြောလိုက်​တာလဲကွယ်
အ​ခြောက်လို့​ခေါ်တာရိုင်းတာ​ပေါ့
အလှမက်​တာရဲ့ ​နောက်​မှာ ​ဂွေးကျိကို အသုံးမပြုချင်​တာ​လေး ကပ်​ပါလာတာပါ"
"တိန်​ ဟုတ်​ပါပြီ အခု ခများကို ကျုပ်​​ခေါ်လိုက်​တာက လူတစ်​​ယောက်​ကို​ သတ်​​ပေးဖို့ပဲ "
"အိုက်​စ်​ ​မော်​တကူး ​လော်​တကိုက်​လိုက်​တာကွယ်​ "
"ဟမ်​ ဘာ​ပြောတာလဲ "
"မူးလိုက်​တာ လို့​ပြောတာပါ
မသိပါဘူး တို့ကို​ခေါ်တာ ​ဖော်​တကင်​​ချော်​တက မလို့လားလို့ "
"ဒါက​ရောဘာ​ပြောတာတုန်း "
"​အော်​ နှိပ်​ခိုင်း​မလို့လား လို့ ​မေးတာပါ ခ်​ခ်
လူ​တော့ မသတ်​ပါ​ရ​စေနဲ့ မင်း​နားမှာပဲ တစ်​သက်​လုံး​နေပြီး
စောင့်​​ရှောက်သွားမယ်​လေ​ ​နော်​ ​နော်​ "
"အာ ကျုပ်​လက်​ကို လွှတ်​စမ်း"
"လွှတ်​ဘူးကွာ လွှတ်​ဘူး
ဒီလိုအချိန်​ ဒီလို​နေရာမှာ ဒီလိုသူငယ်​​တွေ့ဖို့ဆိုတာ
လွယ်​တာမဟုတ်​ဘူး စကတ်​ပျားစွဲတာပဲ"
"မုတ်​ဆိတ်​ပျားစွဲပါ​ဗျာ "
"တို့မှာ မုတ်​ဆိတ်​မှ မရှိတာကိုကွာ
အိုကွယ်​ အချိန်​နဲ့သူငယ်​သည်​ လူကိုမ​စောင့်​တဲ့
အချိန်​မဖြုန်းချင်​ဘူး အင့်​ အာ မွ"
"ဖီ ​ဈေးဦး​တော့ လန်​ပါပြီ
မဖြစ်​ဘူး ဒီ​အ​ခြောက်​မနဲ့ တစ်​ညလုံး​နေရရင်
ငါ့ဘဝ ​ရေတိမ်​နစ်​လိမ့်​မယ်​ ​ပျောက်​​စေကွာ
ဟူး ပြန်​တာပဲ​ကောင်းပါတယ်
ထပ်​​ခေါ်​နေရင်​ ဘာ​တွေလာဦးမလဲမသိဘူး "
ကျုပ်​လဲ စိတ်​ပျက်​လက်​ပျက်​နဲ့ပဲ အိမ်​ကို​ခေါင်းငိုက်​စိုက်​ချပြီး
ပြန်​လာရ​တော့တာ​ပေါ့
ကျုပ်​ရည်းစား မိ​အေးသန်းကို မရလဲ​နေပါ​စေ​တော့
အောက်​လမ်းပညာလဲ ထပ်​မသုံးရဲ​တော့ပါဘူး
လူကလဲမသတ်​ရဲ​တော့ မိအေး​သန်းရေဒီဘဝ​တော့ ဒီမျှသာ လို့ 😔😔
The End

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...