Share ပေးပါ.. နာတာ ရှည်ရောဂါများ ပျောက်ကင်းနိုင်တဲ့ ဟံလင်းမြို့ဟောင်းရှိ သဘာဝ ရေပူစမ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊၀က်လက်မြို့နယ်၊ဟံလင်းကြီးမြို့ဟောင်းရှိ သဘာဝ ရေပူစမ်း တွင်း တွေဟာ အယ်ကလိုင်း ဆားလ်ဖိတ်ဒြပ်တွေပါဝင်နေတာကြောင့် နာတာ ရှည်ရောဂါတွေပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ်။
‘နာတာရှည် ဝေဒနာရှင်တွေဟာ ရောဂါသက်
သာမှုရတာကြောင့် မကြာခဏမိသားစုအလိုက် လာကြပြီး သဘာဝ ရေပူစမ်းကို တစ်ပျော်တစ်ပါး ချိုးကြပါတယ် .. “လို့ ဟံလင်းကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။အဲဒီသဘာဝရေပူစမ်းတွင်းတွေနဲ့ပတ်သက်ပြီး(၁၉၁၀)ခုနှစ်က နိုင်ငံခြားသားသုတေသနပညာရှင် မေဂျာ ဗွီ -ပီ -အို ဂေါမင်လေးလား(Major V.P.O. Gorman Layor)ဆိုသူဟာ ကနဦး စတင်လာရောက်ပြီး သုတေသနဆိုင်ရာလုပ်ငန်းတွေစတင်လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့သုတေသနဆိုင်ရာ အစီရင်ခံစာမှာဟံလင်းကြီးမြို့ဟောင်းဒေသက သဘာဝ ရေပူစမ်းတွင်းတွေကထွက်ရှိတဲ့ရေပူတွေဟာ အယ်ကလိုင်းဆားလ်ဖိတ် ဒြပ်တွေပါဝင်နေတာကြောင့် နာတာရှည်ရောဂါတွေ၊ ဆီးရောဂါတွေ၊ ခါးနာ၊ ပေါင်နာ၊ အဆစ်အမြစ်၊ အကြောအခြင်ယောင်ရမ်း
ကိုက်ခဲတာတွေကို အဲဒီရေပူစမ်းရေကို ချိုးပါက သက်သာပျောက်ကင်းစေနိုင်တယ်လို့ဖော်ပြထားပါတယ်။
‘ လွန်ခဲ့တဲ့သုံးနှစ်ကျော်ကစလို့ ခြေထောက်
တစ်ဖက် ကွေးလို့ ဆန့်လို့မရဘူး။တစ်လကို နှစ်ကြိမ် ပုံမှန်လာပြီး ရေချိုးရင်း အနင်းခံလိုက်တယ် ..အခုတော့ ကောင်းသွားပါပြီ ..’ လို့ မြင်းမူမြို့နယ်က အဲဒီသဘာဝရေပူစမ်းကိုလစဉ်ပုံမှန်လာချိုးလေ့ရှိသူ ဝေဒနာရှင်တစ်ဦးကပြောပါတယ်။
နာတာရှည် ဝေဒနာရှင်တွေဟာသူတို့ရဲ့ရောဂါသက်သာပျောက်ကင်းစေဖို့အတွက် ဟံလင်းကြီး မြို့ဟောင်း အရပ်ရှိ သဘာဝရေပူစမ်းတွေကို မကြာခဏ လာရောက်ချိုးကြပါတယ်။
အဲဒီရေပူစမ်းတွင်းတွေရှိတဲ့ အရပ်မှာ အခြားနေ့တွေထက် အစိုးရရုံးပိတ်ရက်တွေ၊ကျောင်းပိတ်ရက်တွေနဲ့ဈေးပိတ်ရက်တွေမှာရေပူစမ်းလာရောက် ချိုးသူတွေ အထူးစည်းကားနေတယ်လို့သိရပါတယ်။အဲဒီဟံလင်းမြို့ဟောင်း ရေပူစမ်းတွင်း တွေ အနက် ကြက်ဥပြုတ်တွင်းဟာအနက် (၃) ပေ၊ အချင်း ၁ ပေခွဲရှိပြီးအဲဒီတွင်းကထွက်ရှိတဲ့ရေတွေဟာရေအောက်ကြမ်းပြင်က ရေနွေးအိုးရေတွေ ဆူပွက်နေသလို သဘာဝ အလျောက်ရေပူတွေဆူပွက် ထွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီရေပူစမ်းအနီးရှိရေပူစမ်းရေချိုးကန်ကြီးတွေ
ကထွက်ရှိ တဲ့ရေတွေကလည်း နွေး၊ အေး၊ ပူ ဆိုကာ သုံးမျိုးကွဲပြားခြားနားပြီး ရေတွေထွက်နေတယ်လို့သိရပါတယ်။ ရေပူစမ်းတွင်းတွေကို လာရောက်လေ့လာသူတွေဟာ ကြက်ဥတွေ ယူဆောင်လာကာ အဲဒီရေပူစမ်းတွင်းတွေမှာ စမ်းသပ်ပြုတ်ကြည့်လေ့ရှိတယ်လို့ သိရပါတယ်။
ဟံလင်းမြို့ဟောင်း သဘာဝ ရေပူးစမ်းတွင်းတွေက ထွက်ရှိလာတဲ့ ရေပူတွေဟာအယ်ကလိုင်း ဆားလ်ဖိတ် ဒြပ်တွေပါဝင်နေတဲ့အတွက် နာတာရှည် ရောဂါတွေသက်သာပျောက်ကင်းစေတဲ့အပြင် အခုအခါ လေးဖက်နာ၊ ဂေါက်ရောဂါ၊မျက်စိနာ၊အရိုးကြီးပေါင်းတက် ဝေဒနာရှင်တွေပါ လာရောက်ချိုးလေ့ရှိတယ်လို့ သိရပါတယ်။
By – ကိုတိုးကြီး (မုံရွာ)
Central News Bureau

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...