မျိုးကိုကိုစမ်းကို တရားစွဲမယ့်ဝတ်မှုန်ရွှေရည်တို့ပေါက်ကွဲတဲ့ပွဲ...နှိပ်ကြည့်လိုက်နော်

မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က တရားစွဲဆို
မန္တလေး၊ ဇန်နဝါရီ ၁၈
မန္တလေးမြို့က 2014 Miss International Queen Myanmar မျိုးကိုကိုစန်းကို ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“တရားလိုက ရုပ်ရှင်မင်းသမီးဝတ်မှုံရွှေရည်လို့ ရန်ကင်းမြို့နယ် တရားသူကြီးကိုယ်တိုင်ပြောသွား တယ်။ တခြားဟာတော့ ကျွန်တော်တို့လဲ မသိသေးဘူး။ တရားရုံးမှာ စကားပြောခွင့်မရသေးဘူး။ အခု စခန်းကို ပြန်ပို့လိုက်တယ်”လို့ သည်အမှုမှာ ပါဝင်ကူညီပေးနေတဲ့ ရှေ့နေတစ်ဦးကပြောပါတယ်။
ယနေ့နေ့လည်ပိုင်းက တရားရုံးထုတ်တာဖြစ်ပြီး ရမန်(ချုပ်ရက်) ပြန်ယူလိုက်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ မျိုးကိုကိုစန်းကို ရန်ကုန်မြို့ရှိ ရန်ကင်းရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ သိရပါတယ်။
“သူက တတိယလိင်ဖြစ်နေလို့ အမျိုးသားနဲ့ရော၊ အမျိုးသမီးနဲ့ရော ရောမထားဘဲ သီးသန့်ထားပါ တယ်။ စခန်းမှာရှိတဲ့အချုပ်ထဲကိုလဲ ဝင်ကြည့်ပြီးသွားပြီ။ သူ့တစ်ယောက်တည်းဘဲ။ ဘယ်သူမှမရှိဘူး။ သူ့မိသားစုကိုတော့ အကြောင်းကြားပြီးပြီလို့ပြောတယ်”လို့ သည်အမှုမှာ ပါဝင်ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ယခုလ ၁၇ ရက်၊ ညပိုင်းက ဘန်ကောက်ကနေပြန်လာတဲ့ မျိုးကိုကိုစန်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အရပ်ဝတ်နဲ့ရဲတပ်ဖွဲ့ဝင်တချို့က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ LGBT အရေးဆောင်ရွက်သူ၊ Civil Authorize Negotiate Organization ဥက္ကဌ ကိုဆည်းဆာညီညီကပြောပါတယ်။
author အေးစုမွန်
credit kumudranews

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...