ဆရာမကိုယူထားသော သူငယ်ချင်းများ ဆရာမကို ချစ်မိနေသော သူငယ်ချင်းများ နှိပ်ကြည့်လိုက်နော်..

Share ပေးသွားခဲ့ဦးနော်..။
ဆရာမ တစ်ယောက်အား ချစ်မိနေသော FB ပေါ်မှ သူငယ်ချင်းတစ်ယောက်မှ ကျွန်တော်အား အတွေ့ကြုံများလာမေး၍ လူစုံတုန်းရှင်းပြလိုက်သည် ဒီအဖြစ် အပျက် ရှစ်ခုအား ခံနိုင်မှဆရာမကိုချစ်ပါလို့ ================== (1)ကိုယ့်အတွက် ထမင်းဟင်းမဆိုထားနှင့်။ မိုးလင်းလျှင် သူ့အတွက်မနက်စာပင်အနိုင်နိုင် မစားနိုင်ပဲ မှင်နီးအောက်မရောက်ရလေအောင် အပြေးအလွှားအလှပြင်ကာသွားရခြင်း (မင်းမနေနိုင်ပါက ထမင်းချိုင့် ထချက်ပြီး ထည့်ပေးလိုက်ပါ သူငယ်ချင်း) ======================= (2)ကျောင်းရောက်တာနှင့် မျောက်လောင်းတွေက တစ်မျိုး ဂျူတီကတစ်ဖုံ ရုံးခန်းက ဆရာမကြီးကတစ်မောက် စစ်ဆေးရေးက အာရုံနောက် နေ့လည်စာ ထမင်းစား မမှန်၍ရောဂါဖြစ်တက်သည် (အခန့်မသင့်လျှင် ဆေးရုံတက်ရနိုင်၍။ (လူနာပြုစုနည်းလေးပါသင်ထားပါသူငယ်ချင်း) ====================== (3)တစ်နေကုန် စစ်ဆေးရေး ရစ်သမျှ ကျောင်းသားမိဘ ရစ်သမျှ ကျောင်းက စီနီယာဆရာမကြီးများမှ C.M ပေးသမျှကို ပြုံးပြုံးကြီးခေါင်းငုံ့ခံခဲ့ရ၍ (ကုလားမနိုင် ရခိုင်မဲပါက မင်းကသာ ရခိုင်ဖြစ်ရပါလိမ့်မည် သူငယ်ချင်း) ====================== (4)မနက်ကျောင်းသွားချိန်တွင် ရိုးရိုးလေးယဉ်တယ်ဗျာ သိပ်လှတယ်ဆရာမရယ်ဆိုတဲ့အတိုင်း ပြင်ဆင်ထားသော်လည်း ညနေကျောင်းဆင်း၍ အိမ်ပြန်ရောက်လျှင် ဘီးလူး သရဲရုပ်ပေါက်လာ၍ အသံမထွက် မှန်ချိုယပ်၍ (ထမင်းဟင်း ခူး၍ အဆင်သင့်ပြင်ပေးလိုက်ပါသူငယ်ချင်း)(အထူးမှတ်ချက်)(မင်းကိုယ်တိုင်ချက်ရမည်) ==================== (5)လကုန်နှင့် လဆန်းရက်များတွင် မိုးမလင်းခင် ကျောင်းသွားကြရပြီး မိုးစုန်းစုန်းချုပ်မှသာ အိမ်ပြန်လာကြတက်၍ ငါ့အိမ်၌ ငါမွေးထားသော အိမ်ကခွေးလေးက သူ့သခင်မအား မမှတ်မိလို့ သဲကြီးမဲကြီး ထိုးဟောင်နေတာသာ (မင်း လာလေ့လာပါသူငယ်ချင်း) ====================== (6)ကလေးမွေးပြီးပါက လပိုင်းအတွင်း ကျောင်းပြန်တက်ရ၍ ကလေးကိုပစ်ထားခဲ့သဖြင့် မိမိအိမ်ရှိ လူကုန်မနေရပဲ ကလေးတစ်ယောက်အား ဝိုင်းဝန်းထိမ်းကြရချင်း (စီနီယာကလေးအဖေ အစ်ကိုကြီးများမှ ပြောပြခြင်း) ========================= (7)ဤကိစ္စတွေအား မင်းမခံစားနိုင်ပါက သူ့ကိုဘယ်လောက်ပြဿနာရှာရှာ ကျောင်းအစည်းဝေး ကျောင်းကျမ်းမာရေး ကျောင်းအုပ်ကြီးခိုင်းထားလို့ဟု၍ ထိုထိုကိစ္စများအား အကြောင်းပြ၍ မင်းလက်က ရှောင်ပြေးနိုင်သဖြင့် (မင်းတစ်ယောက်တည်း ဒေါသထွက်၍ ကျန်ခဲ့ရခြင်း) ========================= (8)အဆိုးဆုံးမှာ မင်းနေမကောင်းဖြစ်လျှင် မင်းအားပြုစုရမည်ဆိုပါက ခွင့်မရသဖြင့် မဲရုံကိစ္စ သန်းခေါင်းစာရင်းကိစ္စတွေရှုပ်နေတက်၍ ဒီဇင်ဘာပိတ်ရက် သို့မဟုတ် နွေရာသီပိတ်ရက်များ၌ (တစ်နှစ်စာစုပေါင်း၍ မင်း ဖျားနာပါကအကောင်းဆုံးဖြစ်ပေလိမ့်မည်သူငယ်ချင်း) ========================= credit-Myat Noe Oo ကြိုးစားရမှာ​ပေါ့ချစ်​တာကို

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...