အစားအသောက်၊ ဆေးဝါး ၊ အလှကုန်စစ်ဆေးရေး ဘာကြောင့် ထိရောက်မှုနည်းသလဲ..?

စားသောက်ကုန်၊ ဆေးဝါး နဲ့အလှကုန်ပစ္စည်းတွေကို သုံးစွဲသူလူထုအန္တရာယ်ကင်းရှင်းရေး စစ်ဆေးရာမှာ တာဝန်နဲ့လုပ်ပိုင်ခွင့်ကွာခြားမှုတွေကြောင့် လုပ်ငန်းဆောင်ရွက်ချက်ထိရောက်မှုနည်းနေ
ရတယ် လို့ သိရပါတယ်။
စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ဦးတို့ဌာနအနေနဲ့က တရားမဝင်တဲ့စားသောက် ကုန်တွေစသဖြင့်ပေါ့၊ အဲဒါတွေစစ်ဆေးတဲ့အခါမှာကျန်တဲ့ အက်ဖ်ဒီအေတို့၊ စည်ပင်တို့နဲ့ပူးပေါင်းပြီးပဲလုပ် ရတာများတယ်၊အရေးယူမှုအပိုင်းမှာအခုလက်ရှိအရေးယူနေတာကတော့
 စည်ပင်ပေါ့၊ ဦးတို့ဌာနအနေနဲ့က လုပ်ပိုင်ခွင့်ရတာ အင်မတန်မှ နည်းတယ်၊ ဒါကြောင့် ဥပဒေသစ်ရေး
ဆွဲနေတယ်လို့ပြောပါတယ်။

လက်ရှိပြည်တွင်းမှာရောင်းချနေတဲ့စားသောက်ကုန်၊ ဆေးဝါး၊အလှကုန်တွေနဲ့ပတ်သက်ပြီးအက်ဖ်ဒီအေရဲ့
ထောက်ခံချက် မရှိရင်သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ဈေးစည်ပင်သာယာရေးကော်မတီတွေကနေ
 သူတို့ရဲ့စည်ပင် ဥပဒေနဲ့ အရေးယူဆောင်ရွက်နေပါတယ်။
ဒါ့အပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေနဲ့ကလည်း တရားမဝင် စားသောက်ကုန်၊ ဆေးဝါးနဲ့ အလှကုန်တွေတွေ့ရှိခဲ့ရင် လက်ရှိမှာအစားအသောက်ဥပဒေအရ အရေးယူဆောင်ရွက်ခင့်ရှိတယ်လို့ သိရပါတယ်။
ဦးဆွေတင့်ကြူးကစားသုံးသူရေးရာဦးစီးဌာနကဥပဒေအရခွင့်ပြုသလောက်ကလေးပဲဆောင်ရွက်ရတယ်၊
အဓိက ကတော့ပညာပေးတာပေါ့လို့ ပြောတယ်။

သူကဆက်ပြီး ပြည်သူတွေကိုအရေးယူမှုအပိုင်းအထိဦးတို့ကလုပ်ပိုင်ခွင့်မရှိဘူး၊ဒါ့ကြောင့်ဥပဒေအသစ်လဲ
 ပြန်ရေးဆွဲနေ တယ်၊ ဒီဥပဒေပေါ်ထွက်လာရင်တော့ ပြည်သူတွေမျှော်လင့်သလို ပိုပြီးအကာအကွယ်
ပေးနိုင်လိမ့်မယ် လို့ထင်ပါတယ်လို့ ပြောပါတယ်။

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ လက်ရှိမှာစားသောက်ကုန်တွေ၊ ဆေးဝါးတွေကို စစ်ဆေးတဲ့အခါမှာ
သက်ဆိုင်ရာအဖွဲ့ အစည်းတွေနဲ့ပူးပေါင်းပြီး ဆောင်ရွက်နေရပေမဲ့ အရေးယူမှုအပိုင်းကတော့
 ဈေးစည်ပင်နဲ့ အက်ဖ်ဒီအေတို့ ကသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ကတော့ လက်ရှိဥပဒေအရအရေးယူပိုင်ခွင့်မရှိဘဲ အငြင်းပွားမှုအဖွဲ့နဲ့
သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အဆင့်ဆင့်တင်ပြနေရတာဖြစ်ပါတယ်။လက်ရှိမှာတော့အက်ဖ်ဒီအေ၊
စည်ပင်နဲ့စားသုံးသူရေးရာ ဦးစီးဌာနတို့ပူးပေါင်းပြီးကိုယ်ပိုင်အမှတ်တံဆိပ်မရှိတဲ့အသေးစား၊အလတ်စား
လုပ်ငန်းတွေအတွက် သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီတွေကိုမေးမြန်းပြီး စက်မှုကြီးကြပ်
စစ်ဆေးရေး အဖွဲ့မှာ လုပ်ငန်းမှတ်ပုံတင်လာရောက်လျှောက်ထားကြဖို့ တိုက်တွန်းတယ်လို့
သိရပါတယ်။

Author – မာရီခိုင်
Credit: :Kumudra

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...