ဆီလီကွန်အရုပ်သုံးစွဲမယ့်ကိုကိုတွေ မေပန်းချီက ပြောလိုက်ပါတယ်

ဆီလီကွန်အရုပ်သုံးစွဲသူက ပုဒ်မ ၃၇၇နဲ့ ငြိစွန်းမှာ... ~ မေပန်းချီ
ဆီလီကွန်အရုပ်တွေက အခု ရက်ပိုင်း လူမှုကွန်ရက်မှာ တော်တော်များများတွေ့လာရသလို အသစ်အဆန်းအနေနဲ့ လူအများစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ဖြစ်နေပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဟာသအနေနဲ့ နောက်ပြီး ရေးကြတာကိုလည်းတွေ့နေရတယ်။ နိုင်ငံခြားမှာတော့ ဒီအရုပ်တွေကို Sex Toys လို့ခေါ်မှာပေါ့။ နိုင်ငံ တော်တော်များများမှာလည်း ထုတ်လုပ်ရောင်းချနေတာကိုလည်းတွေ့ ရတယ်။ နိုင်ငံခြားမှာဆိုရင် ဒီလို ပစ္စည်းတွေကို သီးသန့်ရောင်းတဲ့ ဆိုင်တွေလည်းရှိတယ်။ ထုတ်လုပ်သူတွေ ရောင်းချသူတွေကတော့ ဈေးကွက်ရှိလို့သာရောင်းနေတယ်လို့ ထင်ပါတယ်။ 
 ဘယ်လိုလူတွေ အတွက်ပဲ အသုံးဝင်နိုင်လဲဆိုရင် တစ်ကိုယ်ရေ တစ်ကာယသမားတွေ၊ single သမားတွေအတွက် အသုံးဝင်မှာပေါ့။ နောက်ပြီး ဆိုက်ကိုရှိတဲ့ သူတွေ၊ မိသားစုနဲ့ ဝေးတဲ့သူတွေ၊ အဝေးရောက်နေတဲ့ သူတွေ၊ လတ်တလော အိမ်ထောင် မပြုနိုင်သေးတဲ့ အမျိုးသားတွေပေါ့။ မိန်းမယူရင် မိန်းမတာဝန်၊ မိသားစုတွေ ကလေး တွေအတွက် တာဝန် မထမ်းဆောင် ချင်သေးတဲ့သူတွေ၊ လတ်တလော စိတ်အာသာဖြေချင်သူတွေအတွက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဒီအရုပ်တွေကို ကြိုက်တဲ့သူတွေတော့ မိန်းကလေးတွေကို စိတ်နဲ့ ပစ်မှားတာတွေ၊ ဖောက်ပြန်တာတွေ သိပ်မရှိတော့ဘူးပေါ့။ အရမ်းလိင် စိတ်ထကြွတဲ့သူမျိုးဆိုရင်တော့ အဆင်ပြေသွားမယ်ထင်တယ်။ လူမှုကွန်ရက်မှာ သာပေါ်ပြူလာဖြစ်နေပြီး၊ လူမှုအသိုင်းအ၀ိုင်းမှာ ဒါဟာ တရားဝင် လက်ခံနိုင်ဖို့ ခက်ခဲတဲ့ ကိစ္စပါ။ 
 အတုမြင် အတတ်သင်တဲ့ ကလေးတွေအတွက်တော့ စိုးရိမ်ရတယ်။ အသုံးပြုခဲ့မယ်ဆိုရင် ငယ်ရွယ်တဲ့ ကလေးတွေ မမြင်ကွယ်ရာမှာ ထားသင့်တယ်လို့ထင်တယ်။ ဒီပစ္စည်းက မြန်မာနိုင်ငံမှာ တရားဝင်တင်သွင်း ခွင့်မရှိသေးပါဘူး။ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကလည်း တရားဝင်သွင်း ကုန်လိုင်စင်ထုတ်ပေးထားခြင်း မရှိပါဘူး။ ဒီမှာက အွန်လိုင်းခေတ် ဖြစ်နေတော့ ဒီလိုပဲ ရောင်းချနေကြတယ်။ အမှန်တကယ်ဆို တင်သွင်း ရောင်းချသူက သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ ငြိစွန်းသလို၊ သုံးစွဲသူဟာ လည်း ဓမ္မတာနဲ့ ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှု ဥပဒေ ပုဒ်မ (၃၇၇)နဲ့ ငြိစွန်းမှာဖြစ်ပါတယ်။
#8days_a_week_journal

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...