ရယ်မောခြင်းသည် လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်စေနိုင်

ရယ်မောခြင်းဟာ သွေးဖိအားကို လျော့ကျ စေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်တဲ့အပြင် ခန္ဓာကိုယ် ခုခံအား စနစ်ကိုလည်း တွန်းအား ပေးတဲ့အတွက် ကိုယ်တွင်း လမ်းလျှောက် လေ့ကျင့်ခန်း လို့ ခေါ်ဆိုနိုင်ကြောင်း ကာလီဖိုးနီးယားပြည်နယ် လိုမာလင်ဒါ တက္ကသိုလ်မှ ပညာရှင်တွေ ရဲ့ လေ့လာမှုမှာ ဖော်ပြပါတယ် ။

အဲဒီလေ့လာမှုမှာ ပါဝင်သူတွေကို ဟာသ ကားတွေ မိနစ် ၂၀ ကြာ ကြည့်ခိုင်းပြီးနောက် နေ့စဉ် ဗာဟီရတွေကို ဆက်လက် လုပ်ဆောင်စေတဲ့အခါ ၎င်းတို့မှာ စိတ်ဖိစီးမှု ဟော်မုန်း၊ သွေးဖိအားနဲ့ ကိုလက်စထရောတို့ သိသိသာသာ ကျဆင်းလာတာကို တွေ့ရှိခဲ့ပါတယ် ။

ဒါကြောင့် ရယ်မောခြင်းဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့ နည်းလမ်း တစ်ရပ်ဖြစ်ကြောင်း ၊ အထူးသဖြင့် ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ဖို့ မလွယ် တဲ့ အသက် အရွယ်ကြီးမြင့်သူတွေမှာ ရယ်မောခြင်းဟာ အရေးပါကြောင်း ဆရာဝန်တွေက ဆိုပါတယ် ။

Credit:Mg Mandalay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...