အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးတော့မယ့် အောင်လ

ခဏလောက်ပဲ စောင့်ပေးပါလို့ ဆိုပါတယ်။အဆိုတော် အောင်လ ကတော့ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။
အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး အောင်လဘက်က ဖြေရှင်းတာကို ပရိသတ်တွေလည်း သိချင်လို့ နေပါတယ်။
ဒါပေမယ့် အောင်လကတော့ လက်ရှိမှာ အလုပ်တွေကိုပဲ အာရုံစိုက်နေပြီး သူ့အချစ်ရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေကို အချိန်တန်တာနဲ့ အသိပေးတော့မှာပါလို့ ဆိုပါတယ်။
အချိန်ကတော့ သိပ်မလိုတော့ပါဘူးလို့လည်း ပြောပါတယ်။ လတ်တလောမှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေအသစ်အတွက် စီစဉ်နေပြီး Idiots အဖွဲ့နဲ့ ပေါင်းကာ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ဖေဖော်ဝါရီလမှာ ထွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
အသုံးတော်ခံလို့ ပေးထားတဲ့ အောင်လရဲ့ အခွေမှာ သီချင်း (၁၂)ပုဒ်ပါဝင်မှာ ဖြစ်ပြီး အဲ့ဒီအခွေမှာ အချစ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများထက် ဘဝနဲ့ သက်ဆိုင်တဲ့ သီချင်းများ ပါဝင်မယ်လို့ သိရပါတယ်။
အောင်လက အခွေထွက်ပြီးရင်လည်း Idiots အဖွဲ့နဲ့ ပေါင်းကာ ဖျော်ဖြေပွဲများ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Credit: Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...