ကားမီးလောင်လို့ သေဆုံးသွားသူတွေရဲ့အကောင့်တွေမှာ မသေခင်တင်ထားတဲ့ ပို့စ်တွေက ဖြစ်မှာကိုကြိုသိနေသလိုပဲ..


ဒီနေ့ကိုယ့်အတွက်တော့ ပျော်စရာ စနေနေ့မဟုတ်ခဲ့ဘူး.. သတင်းဆိုးတစ်ခုကြောင့် SaddestSaturday တစ်ခု၊ ဖြစ်သွားခဲ့တယ်.. အရမ်းလဲ အံ့သြထိတ်လန့်သွားခဲ့တယ်.. နိမိတ်တွေ၊ သေမှာကြိုသိနေတဲ့ဖြစ်ရပ်တွေကို ယုံရမလိုဖြစ်သွားတယ် မနက်က အမြန်လမ်း၊ ရန်ကုန်ကိုအဝင် လှည်းကူးမှာ HiAce အန်စာတုံးကားလေး မီးလောင်သွားလို့ လူ9ယောက်မှာ၊ 8ယောက်သေသွားတဲ့၊ သတင်းပါပဲ.. ဟိုယောင်္ကျားလေး၊ driverက၊ ကားပေါ်က လွင့်ကျသွားလို့၊ မသေခဲ့ဘူး၊ ကျန်တဲ့ မိန်းကလေးတွေအကုန် မီးသွေးခဲဖြစ်ပြီး သေသွားတယ်တဲ့၊ အံ့သြစရာကြီးဖြစ်နေလို့... (7days မှာတော့၊ driver ကောင်လေးပါသေသွားပြီး၊ မိန်းကလေး တစ်ယောက်ထဲ လွတ်သွားတယ်လို့ရေးထား) နောက်ပြီး၊ နည်းပညာတက္ကသိုလ်ကနေ၊ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာလုပ်နေတဲ့ လူငယ်ကောင်မလေးတွေ.. ရုပ်လေးတွေကလဲ အပြစ်ကင်းတဲ့ရုပ်လေးတွေ၊ ချောချောလေးတွေ၊ FBပေါ်မှာ လူတစ်ယောက်က၊ သေသွားတဲ့ကောင်မလေး တွေရဲ့ accကို၊ screen shot ရိုက်ပြထားလို့၊ ကိုယ်တွေကလဲ ဒီဖြစ်ရပ်ကို မသင်္ဂါဖြစ်နေတာနဲ့၊ သူတို့ရဲ့ profile လေးတွေကို၊ ဝင်ကြည့်ဖြစ်တယ်.. အဲ့မှာပဲ ပါးစပ်အဟောင်းသားနဲ့ အံသြထိတ်လန့်ရတော့တာပဲ. Acc တိုင်းမှာ၊ အခု Decလမှာ၊ ရှေ့ပြေးနိမိတ်တွေ၊ စိတ်ဓာတ်အရမ်းကျနေတဲ့ပုံတွေ တွေ့ရတယ်... အံသြဖို့အကောင်းဆုံးကတော့.. K Khin Thida ဆိုတဲ့၊ acc ပဲ၊ မသေခင်နာရီပိုင်းလေးမှာပဲ 2NE1ရဲ့ Goodbye ဆိုတဲ့ korea သီချင်းလေးကို နားထောင်ပြီး fbပေါ်၊ တင်သွားတယ်.. နောက်ပြီး.. Jan17ရက်က၊ လက်စွပ်က လက်ကနေ၊ ဘယ်လိုမှ ချွတ်လို့မရတော့လို့၊ လက်ချောင်းက ရောင်ကိုင်းပြီးဖောင်းနေတာကို၊ ရေခဲတုံးတွေနဲ့ ဘာတွေနဲ့ အမျိုးမျိုးချွတ်ပြီးမှ လက်စွပ်ကပြတ်သွားခဲ့တယ်.. သွေးလဲထွက်သွားခဲ့တယ်.. အရမ်းလဲနာခဲ့တယ်တဲ့.. နိမိတ်တစ်ခုလေလား??? နောက်ပြီးကြောက်စရာတစ်ခုတင်ထားသေးတယ်.. "Don't forgot to smile everyday in the mirror. Say Goodbye to the one with brightest smile" ဆိုတဲ့စာကြီးတင်ထားတယ်.. သူသေမှများ ကြိုသိနေသလား?? အရင်အချိန်တွေ ပြနိရချင်တယ်ဆိုပြီး အမြဲလွမ်းနေတယ်.. Yu Yadanarနဲ့၊ May ThuKoကတော့.. နှစ်ယောက်လုံး ကားလမ်းဘေးလိုနေရာမှာ ရိုက်ထားတဲ့ပုံတွေမှာ 'One day I'll leave and never come again' လို့ရေးသွားတယ်.. အံသြစရာကြီး အိမ်မက်ဆိုးတွေကြောင့်၊ သူတို့သေမဲ့ ကားလမ်းဘေးကို မြင်ထားလို့၊ ဒီလိုတင်ထားတာလား?? MayThuကတော့.. ကားလမ်းဘေးမှာရိုက်ထားတဲ့ပုံအောက်မှာ ယောင်္ကျားလေးတွေက သရဲမလို့ ဝင်မန့်နေကြတယ်.. တိုက်တိုက်ဆိုင်ဆိုင်ကြီး၊ 'လိပ်ပြာလေးရေ ငါ့ဆီပြန်လာခဲ့' 'သရဲမကြောက်တတ်သူများ ခနအတွင်းကြောက်သွားစေရမယ်' သူမကပြန်ပြောတယ် 'ဟဲ့.. အရောင်မရှိ အနံ့မရှိတဲ့အကောင်' တဲ့.. ဘယ်လိုကြီးလဲဗျာ.. ဒီလောက်တိုက်ဆိုင်တာ ဖြစ်နိုင်ပါ့ မလား၊ သေသွားတဲ့လမ်းဘေးကော၊ သရဲဖြစ်တာတွေကော မသေခင်မှာ ပြောဆိုနေကြတာ.. ရှေ့ပြေးနိမိတ်တစ်ခုလေလား? နှစ်ယောက်လုံးအဲ့လိုဖြစ်တာနော်.. screen shotတွေဖမ်းပြီး တင်ပေးထားတယ်၊ ကြောက်တတ်ရင်တော့ မကြည့်နဲ့. အရမ်းအံသြသွားလိမ့်မယ်.. နောက်ပြီး YuYadanar ဆိုတဲ့၊ ကောင်မလေးက၊ အရမ်းအထီးကျန်နေတဲ့ပုံပေါ်နေတယ်.. ဝက်ဝံရုပ်လေးတစ်ခု Suicide လုပ်တဲ့ပုံတင်ထားတယ်၊ ငါ့ကိုအထီးကျန်အောင် မထားကြနဲ့ တနေ့နေ့မှာ ငါ့ရဲ့အတွေးတွေက ကြောက်စရာ ကောင်းလာနိုင်တယ်ဆိုပြီး၊ မျက်နှာမရှိတဲ့ပုံကြီးတင်ထားတယ်. အခု ဒီအချက်တွေက public တင်ထားတာတွေချည်းပဲ.. နောက် fri only တင်ထားတာတွေလဲ၊ ဘာတွေရှိအုံးမလဲ မသိဘူး၊ ဒါတွေကိုတော့ ကျနော်မသိနိုင်တော့ဘူး.. သူ့သူငယ်ချင်းတွေပဲ တွေ့နိုင်တော့မယ်... အရမ်းအံသြစရာကြီးဗျာ.. ကျနော့်အဖိုးလဲ သူမသေခင် မက်သွားတဲ့ အိပ်မက်ကို diary ထဲမှာရေးသွားတာ.. နောက်အမေတို့၊ အဖွားတို့က ဖတ်ကြည့်မိတော့.. ကြောက်စရာကြီး၊ သူသေမဲ့ဟာကိုရေးထားတာ ဖြစ်နေတယ်. ကျားက အဖိုးရဲ့မျက်နှာကို ကုပ်တယ်တဲ့၊ အမှောင်ထဲက လမ်းမီးတိုင်အောက်မှာ၊ နောက်ပြီးကျားက အိမ်ခေါင်မိုးပေါ် တက်သွားတယ်တဲ့၊ အဖွားကို အဖိုးက အိပ်မက်ထဲမှာ ကွမ်းယာခိုင်းသွားတယ်တဲ့.. အဓိပ္ပါယ်ပြန်ကြည့်တော့.. အဖွားက တနင်္လာနံ၊ ကျားကလဲ တနင်္လာ၊ ကျားခေါင်မိုးပေါ်တက်သွားဆိုတော့၊ အဖွားက အိမ်ထောင် ဦးစီးဖြစ်တော့မယ်၊ အဖိုးမဟုတ်တော့ဘူး.. ဒါ့ကြောင့် သေတော့မယ်.. ကျားကုတ်ခံရတာတော့ ဘာသဘောလဲ မသိဘူး.. အဖွားက သတ်တာတော့မဟုတ်နိုင်လောက်ပါဘူး. ရုံးမှာပဲ သေသွားတာ၊ အိမ်မှာသေတာ မဟုတ်ဘူး.. အော်... လောကကြီးက ကိုယ်မသိတာတွေနဲ့ အရမ်းထူးဆန်းတယ်ဗျာ.. သိပ္ပံကိုပဲယုံတယ်. လက်တွေ့ကျမှ ယုံတတ်ပေမဲ့၊ ဒါတွေကိုတွေ့တော့.. စဉ်းစားရတာ ခေါင်းတော်တော်ခြောက်လာတယ်. လောကရဲ့အမှန်တရားက ဘာဖြစ်မလဲ၊ လူတွေက ကိုယ်သေမှာကို ကြိုသိနိုင်တဲ့ အစွမ်းတစ်ခုခုများရှိနေတာလား၊ ဒါမှမဟုတ် ဘုရားသခင်က သေမဲ့လူကို နိမိတ်ပြနေတာလား?? အော်.. ကိုယ်တွေလဲ ဘယ်အချိန်၊ ဘယ်လို သေရမယ် မသိဘူး၊ သေခြင်းက လူကြီး၊ ခလေး မရွေးတော့ဘူး..

 Crd......










Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...