မြန်မာပြည်မှာ ကလေးတယောက်နဲ့ မိန်းမရှိတဲ့ မလေးရှာနိုင်ငံက မကျွတ်မလွတ်သေးတဲ့ ၀ိဥာည် (ဖြစ်ရပ်မှန်)

မလေးရှားနိုင်ငံ ကွန်တန်းမြို့မှာဖြစ်ခဲ့တဲ့ အကြောင်းလေး တခုကို ပြောပြချင်ပါတယ်
ကွန်တန်းမြို့ ဘန်တာရာယာသစ်စက်ရုံတွင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မှာ လေးယောက်ရှိပါတယ် သူတို့က ပါမစ်သက်တန်းကုန်လို့ အမိမြေကိုပြန်လာခါနီး တညမှာ စုပီးအရက်သောက်ကြတယ်တဲ့ မနက်ဖြန် ဆိုရင် လေဆိတ်ကိုသွားရမှာပေါ့ ခုညမှာ အကုန် ပျော်ပါးသောက်စားကြတယ် အဲ့နေ့မှာမှ ဒိုက်ဦးမြို့နယ်ကတယောက်ကနေပီးထဖောက်တယ်တဲ့ လုံးဝကိုထိန်းမရဘူးတဲ့ အကုန်သူတွေကို လိုက်ခုတ်တာတဲ့ ဒါးနဲ့ ကျန်သုံးယောက်ကလဲ နည်းနည်းမူးနေတာနဲ့ လက်လွန်သွားတယ် အဲ့တော့ ထဖောက်တဲ့လူသေကို ကြံရာမရတာနဲ့အမှိုက်အိပ်ထည့်ထည့်ပီး ပြစ်လိုက်တယ်တဲ့ သူရဲ့ပစ္စည်းတွေကိုလဲ အဲ့ဒီ အမိုက်ပုံးနားပဲ ပြစ်လိုက်ကြတယ်
လေးနှစ်လောက်ကြာတော့ သူတို့နေခဲ့တဲ့ အဆောင်ရဲ့ဘေးခန်းကို မြန်မာတယောက်ရောက်လာတယ် ရန်ကုန်သားပဲ သူက
သူရောက်တည်းကပြောကြတယ်တဲ့ အမှိုပုံးနားကို မသွားနဲ့လို့ နီပေါလူမျိုးတွေက
သူက ရောက်တော့ တလလောက်မှာပဲ အမှတ်မထင်ပဲ အမှိုက်သွားပြစ်တယ်တဲ့ ညနေ၇နာရီခွဲလောက်ကိုသူက အခန်းမှာဆိုတော့ မြန်မာပဆိုးလေးနဲ့ပေါ့
အမိုက်ပြစ်ပီးပြန်လာတော့ အိပ်ထည့်ဝင်မလို့ တံခါးကိုဖွင့်လိုက်တာနဲ့ နောက်က လူတယောက်လိုက်ခေါ်တယ်တဲ့ ညီလေး ညီလေး လို့
သူကလှည့်ကြည့်လိုက်တော့ ဘာမှ မရှိဘူးတဲ့
သူ ငါနားကြားများမှားတာလား ဒီအနီးအနားမှာ မြန်မာတွေလဲ မရှိပါဘူးလို့
နားကြားမှားတာပဲနေမှာပါလေလို့ ပထမ တရက်က သတိမထားလိုက်ဘူး
နောက်နေ့ သူ အလုပ်က ပြန်လာတော့လဲ အနောက်က လိုက်ခေါ်တယ်တဲ့ အဲ့တော့ သူက ဘာမှာ မပြောပဲ အထည့်ဝင်လာခဲ့တယ်
ညကမှပဲ ဘုရားရှေ့ခိုးတယ် အမျှပေးဝေတယ် ပီးတော့ သူကို ခေါ်တယ်တဲ့ ဒီနေရာမှာ မကျွတ်မဝတ်ပဲရှိနေကြရင်လဲ အကူအညီလိုရင်ပြောအဲ့လို ပြောလိုက်တော့ သူအိပ်ပျော်သွားတာနဲ့ဝိဉာဏ်ရောက်လာပီးတော့ ညီရာ ငါ့ကို ကူညီပါကွာငါ့မှာ မြန်မာပြည်မှာ ကလေးတယောက်နဲ့ မိန်းမရှိတယ် သူတို့အဆင်မှ ပြေကြရဲ့လား မသိဘူး မင်းဖုန်းဆက်ပေးလားဆိုတော့ ရန်ကုန်သားကခင်ဗျားမိန်းမ ဖုန်းနံပါတ်မှ ကျနော်မသိတာလို့ပြောတော့ ဖုန်းနံပါတ်ပေးတယ်တဲ့ ပီးတော့ ရန်ကုန်သားနိုးပီးဖုန်းနံပါတ်လိုက်မှတ်လိုက်တယ် နေ့လည်လောက်ကျတော့ သူဖုန်းဆက်ကြည့်ရင် တကယ်ပဲ ဝင်တယ်တဲ့
အဲ့ဒီနေ့ကလဲ မလေးရှားထီရှိတဲ့နေ့ဆိုတော့ သူ ဖုန်းနံပါတ် ရဲ့ နောက်ဆုံးလေးလုံးကို ထီထိုးပီးမေ့နေတယ်တဲ့ နောက်တနေ့ အလုပ်က ပြန်လာတော့ နောက်က လိုက်မေးတယ်တဲ့ ညီလေးထီတိုက်ပီးပီလားလို့ အဲ့တော့မှ သူသွားတိုက်တော့ ပထမ ဆုကတန်းနေတာပဲတဲ့
ရန်ကုန်သားက ထီပေါက်တဲ့သုံးပုံတပုံလောက်ကို ဝိဉာဏ်ရဲ့မိန်းမနဲ့ခလေးကို ပေးတယ်ပီးတော့ အဲ့ဒီကွန်တန်းမြို့မှာ ရှိတဲ့ မြန်မာတွေကို ဆက်သွယ်ပီး ဘုန်းကြီး ပင့် အလှူလုပ်တယ်
နောက်ထပ် သူဘာလုပ်ပေးရမလဲဝိဉာဏ်ကို မေးတော့ ဝိဉာဏ်ကပြောတယ်တ
ဲ့ အမှိုက်ပုံးနားက ကလေးစီးစက်ဘီး လေးတစီကို သချိုင်းမှာသွားထားပေးပါဆိုတော့ သူက အလှူလာတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့
နီးစပ်ရာ သချိုင်း တခုခု မောင်လို့ပြောပီးတော့ တရုပ်တက္ကစီ သမားနဲ့ သွားတယ်
သူတို့ သချိုင်း ထည့်ကိုရောက်တော့ ရှေ့က ကလေးတယောက် လမ်းလျှောက်ပီး အုပ်ဂူတခုရဲ့ အနားမှာ ရပ်ပြတယ်တဲ့သူတို့က အဲ့နေရာဖြစ်နိုင်တယ်လို့ ထားခဲ့ တယ် တဲ့ စက်ဘီးလေးကို ပြန်လာတော့ တရုပ်တက္ကစီသမားက မေးတယ်တဲ့ မင်းတို့နဲ့ ပါလာတဲ့ ကလေး ပြန်မလိုက်ဘူးလားလို့ သူတို့က ဘယ်ကကလေးလဲ ဆိုတော့ မင်းတို့ လာတုန်းက ပါလာတဲ့ ကလေးလေတဲ့ သူက ငါနဲ့တောင်စကားပြောသေးတယ် ဒီသချိုင်းလို့လဲ သူပဲ ပြောတာတဲ့
အဖြစ်က သေသွားတဲ့ မြန်မာဟာ သချိုင်းထည့်ကနေ အဲ့ဒီစက်ဘိန်းလေးကို ကောက်လာတာ မြန်မာပြည်ကို ယူလာမယိပေါ့ သူ့သားကစားဖို့
ဒါမယ့်အဲ့ဒီစက်ဘီးကြောင့်ပဲ သူအသက်ဆုံးရှုံးခဲ့ရတယ်
ခုတော့ ကျွတ်လွတ်သွားပီနဲ့ တူပါတယ်..။

.
Credit - ပရလောက သရဲတစ္ဆေဇတ်လမ်းများ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...