ဘောလိဝုဒ်ကို သိမ်းပိုက်ထားတဲ့ Sunny Leone

Sunny Leone ကိုတော့ ပရိသတ်ကြီး သိပါလိမ့်မယ်။ အထူးသဖြင့်တော့ အမျိုးသားပရိသတ်ကြီး သိမှာပါ။ Sunny ဟာ သူမရဲ့ အနုပညာလောကို Porn ဇာတ်ကားတွေကနေ စတင်ခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် 35 နှစ်အရွယ်ကို ရောက်နေပေမယ့် သူရဲ့ အောင်မြင်မှုနယ်ပယ်ဟာ ဘောလိဝုဒ်မှာလည်း ရပ်တန့်မနေခဲ့ပါဘူး။

သူမရဲ့ နာမည်အရင်းဟာ Karenjit Kaur Vohra ဖြစ်ပါတယ်။ မနာလိုမရှုစိမ့်တဲ့ နယ်ပယ်တူအလုပ်တူတွေရဲ့ မှိုချိုးမျှစ်ချိုး အမနာပ ဝေဖန်ခြင်းကို ကောင်းကောင်းခံခဲ့ရပေမယ့် Sunny ကတော့ ပန်းပန်လျှက်ပါဘဲ။ သူမဟာ အိန္ဒိနိုင်ငံမှာတော့ Google မှာ ရှာဖွေမှုအခံရဆုံး အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။
 သူမရဲ့နောက်မှာ ရပ်တည်နေသူတွေကတော့ အိန္ဒိယ၀န်ကြီးချုပ်မိုဒီနဲ့ မင်းသား စလန်မန်ခန်း ဖြစ်ပါတယ်။ Sunny ဟာ BBC ရဲ့ သြဇာတိက္ကမအရှိအမျိုးသမီး 100 မှာ ငါးနှစ်ဆက်တိုက် စာရင်းဝင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ 2016 ခုနှစ်မှာလည်း လွှမ်းမိုးမှုအရှိဆုံးအမျိုးသမီးအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။

Sunny က ” အမျိုးသမီးတစ်ယောက်အနေနဲ့ အိပ်မက်တွေ ရှိတယ်ဆိုတာ သူ့ရဲ့ အခွင့်အရေးပါ … ဒီအိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ လုပ်ဆောင်ရန်ကျတော့ သူရဲ့ တာဝန်ခံနိုင်မှုနဲ့ မဆုက်မနစ်ကြိုးစားစိတ်ပါ “လို့ ပြောခဲ့ပါတယ်။
 Sunny ဟာ ကနေဒါနိုင်ငံ၊ အွန်တာရီယိုဇာတိ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ပြောင်းရွှေ့အခြေမချခင်က ကြမ်းပေ့ဆိုတဲ့ အပြာဇာတ်ကားတွေကြောင့် လူသိများခဲ့ပါတယ်။ တကယ်တော့ သူမရဲ့ ပင်ကိုယ်ဝါသနာက သူနာပြုဆရာမတစ်ယောက် ဖြစ်ဖို့ပါ။ LA ကို ရောက်ကာမှ သူမရဲ့ အပြာမင်းသမီးဘ၀ကို စတင်ခဲ့တာပါ။
သူမဟာ 16 နှစ်သမီးဘ၀မှာ ဘေ့စ်ဘောကစားသမားတစ်ယောက်ရဲ့ နင်းချေခြင်းကို ခံခဲ့ရပါတယ်။ 18 နှစ်သမီးအရွမယ် လူတွေအားပေးများလှတဲ့ Bi Sexual ဇာတ်ကားတွေဖြစ်တဲ့ Descent into Bondage’ နဲ့ Costumed Damsels in Distress ဆိုတဲ့ ဇာတ်ကားတွေမှာ လူသိများသွားခဲ့ပါတယ်။
 2003 ခုနှစ်မှာ ‘Penthouse Pet of the Year’ ဆိုတဲ့ သရဖူကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 2010 မှာ Maxim’s TOP Risqué Icons စာရင်းမှာ ပါဝင်နိုင်ခဲ့ပါတယ်။ သူမဟာ အပြာဇာတ်ကားပေါင်း 58 ကား ရိုက်ကူးပြီးနောက် 2011 ခု
နှစ်မှာ အိန္ဒိယကိုအပြီးပြောင်းရွှေ့ခဲ့ပါတယ်။ လူသိများတဲ့ Big Boss TV SHOW မှာ စတင်ပါဝင်ခဲ့ပြီး၊ ဘောလိဝုဒ်နယ်မှာ ၀င်ဆန့်ဖို့ ကြိုစားခဲ့ပါတယ်။
 အောင်မြင်မှုတွေ ဆက်တိုက်ရလာပြီးတဲ့နောက် သတင်းသမားတွေ သတင်းမီဒီယာတွေနဲ့ ခဏခဏ အင်တာဗျူးတာကို ခံခဲ့ရပါတယ်။ တစ်ချို့သတင်းထောက်တွေက သတင်းထောက်စည်းမျဉ်းစည်းကမ်းကို နားမလည်စွာနဲ့ သူမရဲ့ ပုဂ္ဂိုလ်ရေးဖြတ်သန်းမှုကို အစဖော် မေးတဲအခါတိုင်း သူမက ပြုံးပြုံးလေးနဲ့ ပညာသားပါပါ တုန့်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီ သတင်းထောက်တွေ ဂျာနယ်လစ်တွေပဲ အလုပ်ပြုတ်ပြီး မိခင်သတင်းစာတိုက်တွေက ၎င်းတို့ဂုဏ်သိက္ခာကျဆင်းစေတယ်ဆိုပြီး တရားစွဲခံရတာ များပါတယ်။

 ဒါပေမယ့် အနုပညာနယ်ပယ်မှာတော့ Sunny ကို မသမာသောနည်းလမ်းဖြင့် အောင်မြင်မှုတွေ ခိုးယူတယ်လို့ ဝေဖန်သံတွေက အခုထိ မဆဲသေးပါဘူး။ အိန္ဒိယ၀ါရင့်သရုပ်ဆောင်တကယ့်အကျော်အမော်တွေဖြစ်တဲ့ Aamir Khan, Rishi Kapoor နဲ့ Anushka Sharma တို့က ၎င်းတို့ဟာ Sunny ကို အားပေးထောက်ခံကြောင်း အတိအလင်း ကြေငြာခဲ့မှ ဝေဖန်သံတွေ တိတ်သလောက် ဖြစ်သွားခဲ့ပါတယ်။
Sunny အောင်မြင်ရခြင်းရဲ့ အဓိကသော့ချက်ကတော့ ဝေဖန်မှုတွေကို ပြုံးပြုံးလေးနဲ့ တုန့်ပြန်နိုင်ခဲ့တာပါဘဲ။ သာမန်လူဆို ဝေဖန်သံတွေကြောင့် ရှေ့ဆက်ရမယ့် ခြေလှမ်းတွေမှာ စိုးရိမ်စိတ်တွေနဲ့၊ နောက် တဖြည်းဖြည်း ယုံကြည်မှုပျောက်ဆုံးပြီး သူ ရရှိထားတဲ့ နယ်ပယ်ကနေ ရှုံးနိမ့်ကျောခိုင်းရမှာ အသေအချာပါဘဲ။ Sunny ကတော့ ဘာကိုမှ အရှုံး မပေးခဲ့ပါဘူး။ သူမ ကြိုးစားတယ်။ ဒါကြောင့် တစ်နှစ်ဝင်ငွေ ပေါင် 1.9 သန်း (ပေါင် 2 သန်းအထိ) ၀င်ငွေခိုင်မာနေဆဲ …ဘောလိဝုဒ်နယ်ပယ်ကို ခိုင်မာတဲ့ ပရိသတ်နဲ့အတူ အောင်မြင်စွာ သိမ်းပိုက်ထားနေဆဲပါဘဲ။

Credit - Shwemom

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...