ႏွစ္ေပါင္း ၁၀၀၀ ရွိ ဘုန္းႀကီးရုပ္ကလာပ္ကို CT scan ရိုက္ၾကည့္ေသာအခါ အံ့ၾသဖြယ္ေတြ႔ရွိခ်က္


Zawgyi -

နွစ္ေပါင္း ၁၀၀၀ ေက်ာ္သက္တမ္းရွိ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးတစ္ပါး၏ မံမီရုပ္ကလာပ္ကို CT scan ဖတ္ၾကည့္ရာတြင္ အရိုးမ်ားႏွင့္ ဦးေနွာက္ တစ္စိတ္တစ္ပိုင္းဟာ ေကာင္းမြန္ေနဆဲျဖစ္ေၾကာင္း ေတြ႔ရွိခဲ့သည္။

တရုတ္ႏုိင္ငံေျမာက္ပိုင္း ေဟဘိုင္ျပည္နယ္၊ ဒင္ဂူေက်ာင္းေတာ္မွာ ရွိေသာ ဘုန္းေတာ္ႀကီး စီရွန္၏ ရုပ္ကလာပ္ကို စစ္ေဆးခဲ့တာျဖစ္ပါတယ္။ 

စီရွန္ဘုန္းေတာ္ႀကီးဟာ ေရွးေခတ္ ႏွစ္ေပါင္း တစ္ေထာင္တည္းက အိႏၵိယႏုိင္ငံမွ တရုတ္ႏိုင္ငံသို႔ ဗုဒၶသာသာျပန္႔ပြားေစရန္ သာသနာျပဳ ၾကြလာျခင္းျဖစ္သည္ဟုဆိုသည္။

CT scan ကို ဇူလိုင္ ၈ ရက္ေန႔က ရိုက္ခဲ့ၿပီး ဒါကို ရဟန္းေတာ္မ်ား၊ ၾကည္ညိဳသူမ်ားႏွင့္ မီဒီယာေတြက ေစာင့္ၾကည့္ခဲ့ၾကပါတယ္။

ေဒါက္တာက ဘုန္းေတာ္ႀကီး စီရွန္ဟာ အရိုးဖဲြ႔စည္းပံုေတြ အေကာင္းတိုင္းရွိေသးေၾကာင္း၊ ဦးေႏွာက္တစ္ခုဟာလည္း ျပည့္စံုေသးေၾကာင္း ေျပာလုိက္ေတာ့ လူေတြဟာ ထိတ္လန္႔ အံ့ၾသခဲ့ၾကသည္။

ေဒါက္တာ ၀ုယြန္ကင္က CT scan ၿပီးတဲ့ေနာက္ ''သူ႔ရဲ့ အရိုးေတြဟာ သာမန္လူတစ္ေယာက္ ေကာင္းသလိုမ်ိဳး ေကာင္းေနတာကို ျမင္ရတယ္'' ဟု Pear Video မီဒီယာကို ေျပာသည္။

အေပၚပိုင္းေမးရိုး၊ အေပၚပိုင္းသြားမ်ား၊ နံရိုး၊ ေက်ာရိုးႏွင့္ အရိုးအခ်ိတ္အဆက္မ်ားသည္ အေကာင္းတိုင္း ရွိေနသည္ ဟုဆိုသည္။

''ဒါဟာ မယံုၾကည္ႏိုင္စရာပါပဲ''ဟုေျပာသည္။

သမိုင္းမွတ္တမ္းမ်ားအရ ဘုန္းေတာ္ႀကီး စီရွန္ဟာ အိႏၵိယမွ ျဖစ္သည္ဟု ဆိုသည္။

၉၁၆ မွ ၁၁၂၅ ခုႏွစ္ခန္႔မွာ သူဟာ အိႏၵိယမွ တရုတ္ႏိုင္ငံ ေခတၱန္ဘုရင္အုပ္ခ်ဳပ္ေသာ ေဒသသို႔ ဗုဒၶေဒသနာေတာ္မ်ား ေဟာေျပာရန္ ခရီးထြက္ခဲ့သည္။ ယခု တရုတ္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ကိုရီးယားကြၽန္းဆြယ္အရပ္ျဖစ္သည္။

သူဟာ အေရးႀကီးေသာ သုတၱန္ေဒသနာေတာ္ ၁၀ ခုခန္႔ကို တရုတ္ဘာသာသို႔ ျပန္ဆိုခဲ့သည္ ဟုဆိုသည္။ ေနာက္ပိုင္းမွာေတာ့ ဘုရင္ကိုယ္တိုင္က သူ႔ ကိုႏိုင္ငံေတာ္ရဲ့ဘုန္းႀကီးတစ္ပါးအေနျဖင့္ ေခတၱန္ဘုန္းေတာ္ႀကီး ဟု ဘဲြ႔မည္ေပးခဲ့သည္။

သူ႔ရဲ့ဘာသာျပန္အခ်ိ႕ကို ေက်ာက္စာမ်ားတြင္ ေရးထိုးခ့ဲၿပီး ယေန႔တိုင္ ေတြ႔ႏုိင္ေပသည္။

ဘုန္းေတာ္ႀကီး ပ်ံေတာ္မူၿပီးေနာက္ တပည့္တပန္းမ်ားက သူ႔၏ရုပ္ကလာပ္ေတာ္ကို မံမီျပဳလုပ္ၿပီး ထိန္းသိမ္းခဲ့ၾကသည္။ သို႔ေသာ္ ထိုရုပ္ကလာပ္ေတာ္မွာ ေနာက္ပိုင္းတြင္ နွစ္ေပါင္းမ်ားစြာ ေပ်ာက္ဆံုးေနခဲ့ေသးသည္။

ရုပ္ကလာပ္ေတာ္ကို ၁၉၇၀ ခုႏွစ္တြင္ ဂူတစ္ခုအတြင္းမွ ျပန္လည္ေတြ႔ရွိခဲ့သည္။

ဒင္ဂူေက်ာင္းေတာ္မွ ဘုန္းႀကီး ဒူက ''ဘုန္းေတာ္ႀကီးစီရွန္ရဲ့ မံမီရုပ္ကလာပ္ေတာ္ကို ၂၀၁၁ ခုႏွစ္ကစၿပီး ယခု ဒင္ဂူေက်ာင္းေတာ္မွာ ကိုးကြယ္လာခဲ့တယ္''ဟု မိန္႔ၾကားသည္။

ရုပ္ကလာပ္ေတာ္ကို ယခုေနရာမွ ရွန္တန္ေတာ္ေပၚရွိ အေဆာက္အဦးတစ္ခုသို႔ ေျပာင္းေရႊ႕ရန္ စီစဥ္ေနၾကသည္။

ရုပ္ကလာပ္ေတာ္ကို ခုကေန ၂၀၁၇ အကုန္ထိ ဒင္ဂူေက်ာင္းသို႔ သြားေရာက္ဖူးေျမာ္ႏုိင္ေၾကာင္း သိရသည္။

PannPwint

ref-Dailymail
======
နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး၏ မံမီရုပ်ကလာပ်ကို CT scan ဖတ်ကြည့်ရာတွင် အရိုးများနှင့် ဦးနှောက် တစ်စိတ်တစ်ပိုင်းဟာ ကောင်းမွန်နေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံမြောက်ပိုင်း ဟေဘိုင်ပြည်နယ်၊ ဒင်ဂူကျောင်းတော်မှာ ရှိသော ဘုန်းတော်ကြီး စီရှန်၏ ရုပ်ကလာပ်ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ 

စီရှန်ဘုန်းတော်ကြီးဟာ ရှေးခေတ် နှစ်ပေါင်း တစ်ထောင်တည်းက အိန္ဒိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ဗုဒ္ဓသာသာပြန့်ပွားစေရန် သာသနာပြု ကြွလာခြင်းဖြစ်သည်ဟုဆိုသည်။

CT scan ကို ဇူလိုင် ၈ ရက်နေ့က ရိုက်ခဲ့ပြီး ဒါကို ရဟန်းတော်များ၊ ကြည်ညိုသူများနှင့် မီဒီယာတွေက စောင့်ကြည့်ခဲ့ကြပါတယ်။

ဒေါက်တာက ဘုန်းတော်ကြီး စီရှန်ဟာ အရိုးဖွဲ့စည်းပုံတွေ အကောင်းတိုင်းရှိသေးကြောင်း၊ ဦးနှောက်တစ်ခုဟာလည်း ပြည့်စုံသေးကြောင်း ပြောလိုက်တော့ လူတွေဟာ ထိတ်လန့် အံ့သြခဲ့ကြသည်။

ဒေါက်တာ ဝုယွန်ကင်က CT scan ပြီးတဲ့နောက် ''သူ့ရဲ့ အရိုးတွေဟာ သာမန်လူတစ်ယောက် ကောင်းသလိုမျိုး ကောင်းနေတာကို မြင်ရတယ်'' ဟု Pear Video မီဒီယာကို ပြောသည်။

အပေါ်ပိုင်းမေးရိုး၊ အပေါ်ပိုင်းသွားများ၊ နံရိုး၊ ကျောရိုးနှင့် အရိုးအချိတ်အဆက်များသည် အကောင်းတိုင်း ရှိနေသည် ဟုဆိုသည်။

''ဒါဟာ မယုံကြည်နိုင်စရာပါပဲ''ဟုပြောသည်။

သမိုင်းမှတ်တမ်းများအရ ဘုန်းတော်ကြီး စီရှန်ဟာ အိန္ဒိယမှ ဖြစ်သည်ဟု ဆိုသည်။

၉၁၆ မှ ၁၁၂၅ ခုနှစ်ခန့်မှာ သူဟာ အိန္ဒိယမှ တရုတ်နိုင်ငံ ခေတ္တန်ဘုရင်အုပ်ချုပ်သော ဒေသသို့ ဗုဒ္ဓဒေသနာတော်များ ဟောပြောရန် ခရီးထွက်ခဲ့သည်။ ယခု တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကိုရီးယားကျွန်းဆွယ်အရပ်ဖြစ်သည်။

သူဟာ အရေးကြီးသော သုတ္တန်ဒေသနာတော် ၁၀ ခုခန့်ကို တရုတ်ဘာသာသို့ ပြန်ဆိုခဲ့သည် ဟုဆိုသည်။ နောက်ပိုင်းမှာတော့ ဘုရင်ကိုယ်တိုင်က သူ့ ကိုနိုင်ငံတော်ရဲ့ဘုန်းကြီးတစ်ပါးအနေဖြင့် ခေတ္တန်ဘုန်းတော်ကြီး ဟု ဘွဲ့မည်ပေးခဲ့သည်။

သူ့ရဲ့ဘာသာပြန်အချိ့ကို ကျောက်စာများတွင် ရေးထိုးခဲ့ပြီး ယနေ့တိုင် တွေ့နိုင်ပေသည်။

ဘုန်းတော်ကြီး ပျံတော်မူပြီးနောက် တပည့်တပန်းများက သူ့၏ရုပ်ကလာပ်တော်ကို မံမီပြုလုပ်ပြီး ထိန်းသိမ်းခဲ့ကြသည်။ သို့သော် ထိုရုပ်ကလာပ်တော်မှာ နောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သေးသည်။

ရုပ်ကလာပ်တော်ကို ၁၉၇၀ ခုနှစ်တွင် ဂူတစ်ခုအတွင်းမှ ပြန်လည်တွေ့ရှိခဲ့သည်။

ဒင်ဂူကျောင်းတော်မှ ဘုန်းကြီး ဒူက ''ဘုန်းတော်ကြီးစီရှန်ရဲ့ မံမီရုပ်ကလာပ်တော်ကို ၂၀၁၁ ခုနှစ်ကစပြီး ယခု ဒင်ဂူကျောင်းတော်မှာ ကိုးကွယ်လာခဲ့တယ်''ဟု မိန့်ကြားသည်။

ရုပ်ကလာပ်တော်ကို ယခုနေရာမှ ရှန်တန်တော်ပေါ်ရှိ အဆောက်အဦးတစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်နေကြသည်။

ရုပ်ကလာပ်တော်ကို ခုကနေ ၂၀၁၇ အကုန်ထိ ဒင်ဂူကျောင်းသို့ သွားရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။

PannPwint

ref-Dailymail











Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...