လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်

တစ်နေ့မနက်မှာ..မယားဖြစ်သူက သူ့ယောက်ျားကိုပြောတယ်.
.``ကျွန်မဒီနေ့ အမေတို့အိမ်..ခဏပြန်လိုက်အုန်းမယ်..အမေတို့ဆီမှာ
တစ်ညလောက်အိပ်ဖြစ်လိမ့်မယ် …အမေနေသိပ်မကောင်းလို့တဲ့..အဲ့တာ
ရှင်..ကားမောင်းပြီးကျွန်မကို လိုက်ပို့ပေးလို့ရနိုင်မလား
ဒီလိုမိုးတွေတအားရွာနေတာ..လိုင်းကားနဲ့သွားလို့သိပ်အဆင်မပြေဘူးလေ…’’
.........................
မနက်ကတည်းကမျက်နှာကြီးစူပုတ်နေတဲ့..ယောက်ျားဖြစ်သူက ..သူ့မိန်းမကိုဘာတစ်ခွန်းမှပြန်မပြောဘူး ပြီးတော့မှ..လေသံမာမာနဲ့.ပြန်မေးတယ်..
..................
``မနေ့တုန်းက နင်အနွေးထည်အသစ်ထပ်ဝယ်လာတယ်မလား….
နင့်ကိုငါ ဘယ်နှခါပြောရမလည်း…ပိုက်ဆံတွေသိပ်မဖြုန်းပါနဲ့လို့…
ကားဖိုးအကြွေးလည်းပေးရအုန်းမယ်..ခုကားကပျက်နေတယ်
အိမ်ပြင်လဲဖို့စုရအုန်းမယ်.
သားသမီးတွေ ကျောင်းလခ
ကျူရှင်လခတွေ ပေးရအုန်းမယ်ဆိုတာနင်မသိဘူးလား..
ဘာလို့မချွေတာကူပဲနေရတာလည်း…ဟမ်…..’’
....................
မိန်းမဖြစ်သူလည်း….တိုးတိုးလေးပဲပြန်ပြောရှာ..တယ်
“လက်စသတ်တော့ ရှင်ကအဲ့တာကိုစိတ်တိုနေတာကိုး”
ပြီးတော့ခေါင်းလေးငုံပြီး..ယူသွားမဲ့အဝတ်အစားနဲ့ပစ္ဓည်းတွေကို
တိတ်တိတ်လေးသူ့ဖာသာ ထုပ်ပိုးသိမ်းဆည်းနေယင်း…
``ဒီနေ့မြို့ထဲကိုဝင်မဲ့လိုင်းကားတစ်စီးတည်းရှိတယ်
ကျွန်မမြန်မြန်သွားမှဖြစ်တော့မယ်တော်ကြာကားမမှီပဲနေတော့မယ်..ရှင်လိုက်မပို့နေနဲ့တော့…”
....................
လို့ပြောပြီး..မိုးဖွဲဖွဲထဲမှာထီးလေးဆောင်းပြီး အိမ်ကနေထွက်သွားရှာတယ်…
ယောက်ျားလုပ်သူကဘာမှပြန်မပြောဘူး..သူကစိတ်တိုနေတုန်း..
နောက်တစ်ရီကျော်ကျော်လောက်လည်းကြာရော
လမ်းပေါ်မှာ ရွာကလူတွေဆူညံဆူညံနဲ့ပြေးကြလွားနေကြတာတွေ လှမ်းမြင်ရလို့သူထွက်ကြည့်တော့..
.....................
လမ်းပေါ်ကလူတွေပြောနေကြတာ…ရွာအပြင်ဖက်ကတံတားပေါ်မှာ..လိုင်းကားကဖြတ်သွားနေတုန်း မနေကတည်းက..တိုက်စားနေတဲ့
တောင်ကျချောင်းရေဒါဏ်ကြောင့်
တံတားကျိုးပြီး ကားကြီးပါရေထဲကျသွားတယ်တဲ့…
....................
.အဲ့လိုလည်းကြားလိုက်ရရောသူအရမ်းလန့်သွားတယ်..
တစ်ခါတည်းခြံထဲကနေခုန်ထွက်ပြီးရွာပြင်တံတားဆီကို
ခြေကုန်သုတ်ပြေးတော့တာပဲ…
နာရီဝက်လောက်မနားတမ်းပြေးလာပြီး တံတားဆီရောက်တော့.
ကယ်ဆယ်ရေးတွေက..ကရိမ်းတွေနဲ့
ကားကိုရေထဲကနေဆယ်တင်နေကြပြီ…
...................
ခရီးသည်တွေရဲ့ပစ္စည်းတွေလည်းကမ်းပါးတစ်လျောက်ပြန့်ကျဲနေတယ်.
ကယ်ဆယ်ရေးတွေက ရေထဲကိုပိုက်ကွန်တွေနဲ့တားပြီး..ခရီးသည်တွေရဲ့
အလောင်းတွေ ကိုတစ်လောင်းပြီးတစ်လောင်းဆယ်ယူလာနေကြတယ်
..........................
သူလည်းတစ်ယောက်ချင်း တစ်ယောက်ချင်းစောင့်ကြည့်နေရင်းသူ့မိန်းမကိုအသဲအသန်လိုက်ရှာ..နေရှာတယ်…
ဒီလိုနဲ့အမောတကောလိုက်ရှာနေယင်းရှာလို့…မတွေ့တော့…
သတိလက်လွတ်ချင်သလိုဖြစ်လာပြီး..အလုပ်ရှုတ်နေကြတဲ့ကယ်ဆယ်ရေး
သမားတွေ ကိုကောတွေ့သမျှသူတွေကိုပါ..လိုက်မေးနေတော့တယ်..
...............
“ကျွန်တော်မိန်းမကိုတွေ့မိသေးလား…သူကအင်္ကျီအနီနဲဂျင့်းဘောင်းဘီဝတ်ထားပါတယ်..ဗျာ..ကူရှာပေးကြပါအုန်း…”
လူတိုင်းက…ခေါင်းခါကြတယ်..ဒီလိုနဲ့ညနေစောင်းခါနီးလောက်ကျတော့…
ကယ်ဆယ်ရေးသမားတွေလည်းရှာဖွေမှု့တွေရပ်နားလိုက်ကြတော့တယ်…
သူတို့သေသေချာချာပိုက်စိတ်တိုက်ရှာကြတာတောင်.
.သေဆုံးသူရေနစ်သူနောက်ထပ်ရှာမတွေ့တော့ဘူး
...................
…ပြီးတော့သူ့ကိုဝိုင်းပြီးအားပေးစကားပြောကြတယ်.
စိတ်လျော့လိုက်ပါတော့ ခင်ဗျာမိန်းမ ရေစီးနဲ့ အဝေးကြီး မျောပါသွားလောက်ပါပြီ ဒီမှာလည်းဆုံးရှုံးနှစ်နာကြရတာ ခင်ဗျားတစ်ယောက်တည်း မကပါဘူး
....................
ဒါနဲ့..သူလည်းအိမ်ကိုလေးပင်လွန်းတဲ့ခြေလှမ်းတွေနဲ့..ဝိဉာဉ် မရှိတဲ့စက်ရုပ် တစ်ရုပ်လို အိမ်ကိုဝမ်းနည်းခြင်းကြီးစွာနဲ့လျောက်ပြန်လာယင်း..
ပါစပ်ကလည်းကျေကွဲစွာနဲ့ ကိုယ့်ကိုကိုယ်ဒေါသတွေထွက်ယင်း တစ်ကိုယ် တည်းရေရွတ်နေရှာတယ်.
”ငါဘာလို့ ကိုယ်တိုင် သူ့ကိုကားမောင်းပြီး သွားမပို့ပေးမိတာလည်း
ဘာမဟုတ်တဲ့ အနွေးထည်လေးတစ်ထည်တည်း
ဘယ်လောက်တောင်ဈေးကြီးနေမှာမို့သူ့ကိုသွားဆူ သွားငေါက်လိုက်မိတာ
လည်း ငါတော်တော်အသုံးမကျတဲ့ကောင်ပဲ ”
......................
ဆိုပြီးမျက်ရည်တွေစီးကျရင်း
အမြင်တွေဝေဝါးလာတယ်….သူအိမ်ပြန်ရောက်တော့.
.မျော်လင့်မထားတဲ့မြင်ကွင်းကိုတွေ့လိုက်ရတယ်..
သူ့မိန်းမကမီးဖိုချောင်ထဲကထမင်းစားစာပွဲဘေးမှာထိုင်နေတယ်..
စားပွဲပေါ်မှာလည်းညစာကိုအသင်ပြင်ထားတယ်.
.ပြီးတော့သူ့ရဲ့အနွေးထည်အဟောင်းလေး ကို ထိုင်ပြီးဖာထေးနေရှာတယ်….
သူ့ကိုလှမ်းမြင်လိုက်တော့..မေးလာတယ်တစ်နေကုန်ရှင်ဘယ်တွေသွားနေတာလည်း….
.........................
မိန်းမဖြစ်သူစကားတောင်မဆုံးသေးဘူး…
.ယောက်ျားကပြေးပြီးတော့တင်းကြပ်စွာဖက်ထားလိုက်တယ်…
..........
“ရှင်ဘာဖြစ်နေတာလည်းပြီးတော့ဘာလို့မျက်ရည်တွေကျနေတာ
လည်း
…ကျမက ရှင်မကြိုက်လို့ ဆိုတာနဲ့..အင်္ကျီကိုဝယ်လာတဲ့ဆိုင်ပြန်သွားပေးနေတာ ဆိုင်ရှင်ကပြန်မယူဘူး လုပ်နေတာနဲ့မနည်းတောင်းပန်ပြီးပိုက်ဆံပြန်ယူလာခဲ့ရတာနဲ့ လိုင်းကားမမှီဘူးဖြစ်သွားတာ.ဒါနဲအမေတို့ဆီ နောက်နေ့မှသွားတော့မယ် ဆိုပြီး အိမ်ကိုပြန်လာတော့ရှင့်ကိုလည်းမတွေ့တော့ဘူး
ဘေးအိမ်တွေသွားမေးမလို့သွားရှာတော့လည်းတစ်ယောက်မှမတွေ့တာနဲ့အိမ်မှာလျော်ဖွတ်သန့်ရှင်းရေးတွေလုပ်ချက်ပြုတ်ပြီးတော့နေ
နေတာ
…ပြီးတော့အနွေးထည်အဟောင်းလေးကိုပြန်ပြင်ပြီး ဝတ်မလို့လုပ်နေတာလေရှင်ပြောတာလည်းဟုတ်နေတာပဲ
အဟောင်းရှိနေသေးတာကို
ဘာလို့အသစ်ထပ်ဝယ်မှာလည်းနော့ပြန်ပြင်ဝတ်ရင် ရနေသေးတာပဲလေ..
ကျွန်မကိုက ညံ့တာပါ…..တောင်းပန်ပါတယ်နော်..နောက်ဆို ဘာမဆိုရှင့်ကို
ခွင့်တောင်းကြည်ပြီးတော့..ရှင်ကြိုက်မှခွင့်ပြုမှလုပ်ပါတော့မယ်နော်…နော်….
………………………………………………………………………………………………………………………………………….
တစ်ချို့ကိစ္ဓတွေ ကျွန်တော်တို့ စိတ်တိုကြဒေါသထွက်ကြရင်းမေ့သွားတတ်ကြတာ.
အဲ့ဒေါသထွက်စရာတွေဟာ..ကျွန်တော်တို့ရဲ့ရှိနေပြီးသားပျော်ရွင်မှု့လေးတွေ နဲ့ ကိုယ့်ကချစ်နေရတဲ့ သူတွေရဲ့ပျော်ရွင်စရာလေးတွေ လောက်..အရေးမပါတာဆိုတာကိုပါ…
...........
…ကျွန်တော်တို့ဟာလောကကြီးထဲမှာနေရဖို့ အချိန်တွေ ဆိုတာ
အကန့်အသတ်တွေ ရှိနေပါတယ်…အထူးသဖြင့်ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့အတူတူနေကြရဖို့ဆိုတာပိုလို့တောင်မှအကန့်အသတ်ရှိနေတတ်ကြပါတယ်.
..................
သိပ်အရေးမပါလှတဲ့ကိစ္စလေးတွေကို ခံစားချက်ကြီးတွေလုပ်ပြီး
ဒေါသတွေမောဟတွေဖြစ်မနေစေပါနဲ့…
…မေ့သင့်တာကိုမေ့ထားပစ်လိုက်တတ်ပါစေ….ပညာရှိတတ်ဖို့
…တွေးခေါ်နည်းတွေထဲမှာ..ဘယ်အရာတွေမှာတင်းကြပ်သင့်ပြီး.
.ဘယ်အရာတွေမှာ…ဖြေလျော့လွတ်ချထားရမယ်ဆိုတာ..ခွဲခြားတတ်ခြင်းဟာလည်း…တစ်ခုအပါအဝင်ပါပဲ……ခင်ဗျာ .
.++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ
Credit to original uploader

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...