၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့မှာကျင်းပမယ့် တတိယအကြိမ်မြောက် အာရှရဲ့ Cosmopolitan awards ဆိုတဲ့ ဆုကို ဦးသိန်းစိန်ရရှိ.. .

တတိယအကြိမ်မြောက် အာရှရဲ့ Cosmopolitan awards တွေထဲကမှ Grand Prize ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး (၂၀၁၀-၂၀၁၅) ဦးသိန်းစိန် ကို
အိုဘားမားကိုယ်တိုင်ချီးမြှင့်လိုက်ပါတယ်။
ဒီဆုကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက်နေ့မှာကျင်းပမယ့် NARA FORUM 2017 မှာ ချီးမြှင့်သွားမယ်လို့ Economic Research Institute For ASEAN and East Aisa (ERIA) ရဲ့ ဝက်ဘ်ဆိုဒ်မှာ နိုဝင်ဘာလ (၂၈) ရက်နေ့ကက တရားဝင် ကြေညာထားတာကို တွေ့ရပါတယ်။
ဒီဆုဟာ 
သမ္မတကြီး ဦးသိန်းစိန် အတွက် နိုင်ငံတော်သမ္မတ တာဝန်ကို အောင်မြင်ပြည့်စုံစွာ သက်တမ်းပြည့်ထမ်းဆောင်ပြီးတဲ့နောက် အငြိမ်းစား သမ္မတဘဝနဲ့ ပထမဆုံး ချီးမြှင့်ခံရတဲ့ ဆု ဖြစ်လာပါလိမ့်မယ်။
ဒီဆုမျိုးကို ၂၀၁၄ ခုနှစ်မှာ အိန္ဒိယသမ္မတက တစ်ကြိမ် ရရှိခဲ့ဖူးတာဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံရဲ့ သမ္မတ(ငြိမ်း)က ရရှိခြင်းပဲဖြစ်ပါတယ်။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...