ဒီမိုကရေစီ ကာမ

ဒီမိုကရေစီ ဆိုတာ စည်းကမ်းရှိရှိ လွတ်လပ်မှုကို ခေါ်ပါတယ် ! မှန်ကန်တဲ့ နည်းစနစ်ကျတဲ့ ရသင့်ရထိုက်တဲ့ ကိုယ်ရဲ့လွတ်လပ်မှုကို အခြားသူတွေကို ထိခိုက်နှစ်နာမှု မရှိစေဘဲ ရယူခြင်း လုပ်ဆောင်ခြင်းတွေဟာ ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရတွေ ဖြစ်ပါတယ် ! 
 လောကကြီးမှာ လူရယ်လို ဖြစ်လာရင် ကာမ နဲ့ ကင်းသူ ၊တကြိမ်တခါမှ မကြုံဘူးသူရယ်လို့ မရှိပါဘူး ! ဘယ်အရာကို မဆို စည်းစနစ် နဲ့ သူ့အကျိုး ကိုယ့်အကျိုး နှစ်ဘက်ကြည့်ပြီး လုပ်သင့်ပါတယ် ! အဲလိုဘဲ ကာမ ကိုလည်း သူ့ဘက် ကိုယ့်ဘက် ၂ ဘက်ကြည့်ပြီး စည်းကမ်းရှိရှိ စနစ်တကျ ကိုင်သွယ် အသုံးချတတ်ရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သာယာပျော်ရွင်ဘွယ် ကောင်းတဲ့ ဘဝလေးကို ပိုင်ဆိုင် နိုင်ပါတယ် !

စည်းမရှိ ကမ်းမရှိ ကိုယ့်ဖို့ဘဲ တစ်ဘက်သတ်ကြည့်ပြီး စည်းကမ်းမဲ့ ကာမ ကို ရယူ ပိုင်ဆိုင်ခြင်းဟာ လူမဆန်တဲ့ တရိစ္ထာန်တွေရဲ့ လုပ်ရပ်တွေပါ ! 
ခုခေတ် lNTERNET တွေမှာ လူငယ်တွေ အပြာကားတွေ ကြည့်ကြည့်ပြီး အတုယူတွေမှားနေကြပါတယ် ! တိုးတက်တဲ့ နိုင်ငံတွေမှာ ၅ တန်း ကလေးတွေ ကအစ ကျောင်းတွေမှာ ကာမ နဲ့ ပတ်သက်တဲ့ သိသင့် သိထိုက်တဲ့ အချက်တွေကို ပညာပေးသင်ကြားပေးကြပါတယ် ! 
 အဲဒီ နိုင်ငံတွေမှာ ဒီ အပြာကားတွေကို တရားဝင် ခွင့်ပြုပေးထားတာက အသက် ၁၈ နှစ်ကျော်ပြီးသူတွေ ပညာတွေကို လေ့လာသင်ကြားနေရစဉ် ဖြစ်ဖြစ် အလုပ်ခွင်မှာ အလုပ်တွေကို ပင်ပန်းစွာ လုပ်ရလို့ဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို ဒါတွေကြည့်ပြီး မိမဘာသာ မိမိ အပူထုတ် ဖြေဖြောက်ဖို့ ( သို့ ) မိမိ ရည်းစား ချစ်သူ ရဲ့ လိုလိုလားလား သဘောတူညီ ချက်နဲ့ နှစ်ဘက်စလုံး နောက်ဆက်တွဲ ထိခိုက်နှစ်နာမှုတွေ မဖြစ်ကြရအောင် စည်းကမ်းရှိရှိ ဆက်ဆံ သာယာကြဖို့ ( သို့ ) အိမ်ထောင် ရှိသူတွေကြည့်ပြီး အိမ်ထောင် ရေး သက်တန်း ရင့်ကျက်လာသည်အထိ တဦးကို တစ်ဦး စိတ်ဝင်တစား ဆက်ဆံပေါင်းသင်း နေထိုင်ကြနိုင်ဖို့ ရည်ရွယ် ပါတယ် !
 အဲဒီ ရည်ရွယ်ချက် အမှန်တွေကို မသိဘဲ အပြာကားတွေကြည့်ပြီး ညစ်ညစ် ညမ်းညမ်း ဆဲဆို ပြောဆို ဆက်ဆံ နေကြတာတွေဟာ အခုခေတ် လူငယ်တွေရဲ့ မှားယွင်းနေတဲ့ အတုယူမှုတွေပါ ! ပိုပြီး မှားယွင်းနေကြတာက ကျောင်းသား ကျောင်းသူအရွယ်တွေ ကြည့်နေကြပြီး စည်းမဲ့ ကမ်းမဲ့ လက်တဲ့စမ်းနေကြတာတွေပါ !
နှစ်ဦး နှစ်ဘက်စလုံး စိတ်ပါလို့ လက်တည့် စမ်းချင်လို့ ဟောတယ် ခန်းထဲထိ အတူရောက်သွားကြတယ် ဆိုတာ မှန်ပေမဲ့ ကာမ ကို လက်တဲ့ မစမ်းခင် နှစ်ဘက်စလုံး လိုက်နာကျင့်သုံးရမဲ့ စည်းကမ်းတွေရှိပါတယ် !
 အဲဒါတွေကတော့ . . . .
၁ ။ မဆက်ဆံခင် အမျိုးသား ဖြစ်သူက မိမိအဂါင်္ ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြော သန့်စင်ရမှာဖြစ်ပါတယ် ! ထိပ်မဖြတ်ထားသူတွေ ထိပ်ကို လှန်ပြီး အတွင်းအထိ သေသေချာချာ ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ နဲ့ ဆေးကြော သန့်စင်ရပါမယ် !

၂ ။ အမျိုးသမီး ဖြစ်သူကလည်း မိမိအဂါင်္ အထဲ အထိ လက်နှိုက်ပြီး အဂါင်္ဆေး ဆပ်ပြာ ( သို့ ) PH Care တွေနဲ့ ဆေးကြော သန့်စင်ရမှာဖြစ်ပါတယ် !
( အပျိုရည်ကို မထိခိုက်စေဘဲ အမြဲ အပျိုစင်လေးလို နုပျို ကျန်းမာပြီး သာအိမ်ခေါင်းကင်ဆာ ဖြစ်ခြင်းမှ လည်း ကာကွယ်ပေးမဲ့ အမျိုး သမီးသုံး P-V CARE Gel ကို SKY LARK မှ မကြာခင် ထုတ်လုပ် ဖြန့်ချီ မှာဖြစ်ပါတယ် )

၃ ။ အမျိုးသား အမျိုးသမီး ၂ ဘက်စလုံး အနံ့ အသက် လုံးဝ ကင်းပြီး သန့်ရှင်းလာသည်အထိ ဆေးကြောပြီးမှ ဆက်ဆံတာကို စလုပ်ရမှာဖြစ်ပါတယ် ! ပါးစပ်ထဲ မှာ အနာရှိလို့ ( သို့) သွားဖုံးရောင်နေရင်ဖြစ်ဖြစ် ၊ လိင်အဂါင်္ တွေမှာ ပွန်းပဲ့ ဒါဏ်ရာ ရထားရင်ဖြစ်ဖြစ် ပါးစပ် နဲ့ပြုစု ဆက်ဆံတာတွေကို လုံးဝ မလုပ်သင့်ပါဘူး ! 
စမဆက်ဆံခင် ၂ ဘက်စလုံး ကိုယ့်တာဝန်/ စည်းကမ်း သူ့တာဝန် / စည်းကမ်း တွေ ကျေပွန်ကြဖို့ အထူး လိုအပ်ပါတယ် ။ 
အမျိုးသား ဖြစ်သူ တွေက အစွပ် ကို မဖြစ်မနေ အသုံးပြုကို ပြုရမှာ ဖြစ်ပါတယ် ! တခါမှ အတွေ့အကြုံ မရှိသေးသူတွေ အရည်အသွေးကောင်းတဲ့ အစွပ်ကို ဝယ်ယူအသုံးပြုသင့်ပါတယ် ! 
အမျိုးသားတွေ အစွပ် မသုံးဘဲ ဒီ အတိုင်း ဆက်ဆံ မှာကို ငြင်းဆိုပြီး လုံးဝ လုံးဝ လက်မခံကြဖို့ အမျိုးသမီးတိုင်းမှာ တာဝန် ရှိပါတယ် ! 

၎ ။ ဆက်ဆံ လို့ ပြီးသွားတဲ့အခါမှာ အစွပ် အမျိုးသမီး အဂါင်္ ထဲ မှာ မကျန်ခဲ့အောင် အမျိုးသားတွေ သေသေချာချာ သတိနဲ့ ထုတ်သင့်ပါတယ် ! ပြီးရင် တစ်ရှူုး လေးနဲ့ အုပ်ပြီး မှ အစွပ်ကို ဆွဲ ချွတ်ပြီး စနစ်တကျ အမှိုက်ပုံးထဲ ပစ်ပါ !
တစ်ရှူုးမပါဘဲ လက်နဲ့ အစွပ်ကို မချွပ်သင့်ပါဘူး ! အစွပ်ချွတ်ပြီးရင် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ လက် ၂ ဘက် ကို အရင် သေသေချာချာ ဆေးကြောပြီးမှ လိင်တံကို ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ ဆေးပါ ! သွားတိုက်ဆေး သွားတိုက်တံနဲ့ သွား ခံတွင်း လျှာတွေ ကို လည်း သေသေချာချာ တိုက်ပါ !

၅ ။ အမျိုးသမီး တွေလည်း အဂါင်္ အတွင်းထဲ ထိ လက်နှိုက်ပြီး အဂါင်္ ဆေးဆပ်ပြာ ( သို့ ) Ph Care နဲ့ သေသေချာချာ ဆေးကြောသန့်စင် ရပါမယ် ! သွားတိုက်ဆေး တပွတ်တံ တွေနဲ့ ခံတွင်း သန့်ရှင်းရေူကိုလည်း လုပ်ရပါ့မယ် !
အဲဒီ လို ၂ ဦး ၂ ဘက် နှစ်နာမှု တွေဖြစ်မလာအောင် စည်းကမ်းရှိရှိ ကာမ ဆက်ဆံကြတာကို . . . . 
" ဒီမိုကရေစီ ကာမ " လို့ခေါ်ပါတယ် !
 အ သိဥာဏ် ရှိကြတဲ့ လူတွေ ပီပီ အဲလို သူ့ဘက် ကိုယ်ဘက် ကြည့်ပြီး စည်းကမ်းရှိရှိ ကာမ ကို ရမယူဘဲ စည်းမဲ့ ကမ်းမဲ့ ရယူနေကြရင်တော့ မလိုလား အပ်တဲ့ ရင်နှင့်ဖွယ် အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ပြီး အရှက်တွေ ရကြရမှာဖြစ်ပါတယ် !
စည်းမဲ့ကမ်းမဲ့ ကာမ ဆက်ဆံမှုကြောင့် ယောင်္ကျား လေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် မလိုလားအပ်တဲ့ ရောဂါတွေ ရသွားရင် မိမိဘဝ ဆုံးရှူုံး နိုင်ရုံမက ဘဲ မိဘ မိသားစု နဲ့ ဆွေမျိုးတွေပါ အရှက်တကွဲ ဖြစ်ကြရပါလိမ့်မယ် ! အဲလိုဘဲ မိန်းကလေးက ကိုယ်ဝန်ရသွားလို့ ယောင်္ကျားလေးက တာဝန် မယူနိုင်ရင် လည်း မိန်းကလေး အပါအဝင် မိဘ မိသားစုဆွေမျိုးတွေ အရှက်တကွဲ ဖြစ်ရလိမ့်မယ် ။ ပြီးတော့ အဖေ မဖော်ပြနိုင်ဘဲ မွေးလာတဲ့ ကလေးဘဝ ကလည်း သာယာဖြောင့်ဖြူုးဖို့ မလွယ်ပါဘူး ! 
ကိုယ် ဝန် ဖျက်ချမယ် ဆိုရင်လည်း နှောင်ဘဝ သံသရာထိ ပါမဲ့ သူ့အသက်သတ်တဲ့ ကံကို ထပ်ပြီး ကျူုးလွန် ရပါလိမ့်မယ် !
လူငယ် အချင်းချင်း လက်မထပ်ယူခင် ကာမ ဆက်ဆံတာတွေ မလုပ်သင့်ဘူး လို့ ပြောနေရင်လည်း ဘယ်သူမှ ရှောင်လာမှာ မဟုတ်ပါဘူး ! ဒါတွေက သဘာဝ တရားတွေဖြစ်လို့ ခေတ်အဆက်ဆက် ဘယ်သူမှ တားမရခဲ့တဲ့အပြင် လက်တဲ့စမ်းသူတွေ ပိုပိုတိုးလာကြတာပါ ! 
အဲဒါကြောင့် တားတာက ဘယ်လိုမှ အကျိုးမရှိနိုင်လို့ လူငယ်အချင်းချင်း နှစ်ဦး နှစ်ဘက် ကျေကျေနပ်နပ် မိမိသဘော မိမိစိတ်ဆန္ဒ သဘောတူညီ မှု အပြည့်အဝ နဲ့ လက်တဲ့စမ်းကြတော့မယ် ဆိုရင် .နှစ်ဦးနှစ်ဘက် မလိုလားအပ်တဲ့ နှစ်နာမှုတွေ မဖြစ်ကြရအောင် . . . .
" ဒီမိုကရေစီ ကာမ "
ဆိုတာလေး ခေါင်းထဲ ရောက်လာပြီး စည်းကမ်းတကျ ကာမ ကို ရယူနိုင်ကြဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးလေးကို တင်ပေးလိုက်ပါတယ် ။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...