သာကေတ ၁၀ မြောက်ဈေးတွင် ဈေးသည်များကို ဖယ်ပေးရန်ပြောဆိုရာမှ သံတုတ်ဖြင့် ရိုက်နှက်မှုဖြစ်

သာကေတ ၁၀ မြောက်ဈေးတွင် ဈေးသည်ချင်း အချင်းများရာမှ လူစုဝေးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၁၀ မြောက်ရပ်ကွက် ရတနာပုံ ၁ လမ်းထောင့်ရှိ စတိုးဆိုင်ရှေ့တွင် ပိတ်၍ရောင်းနေသောဈေးသည်များကို ဖယ်ပေးရန်ပြောဆိုရာမှ ကုန်စိမ်းဈေးသည်များက ဖယ်မပေးသည့်အတွက် စကားများရန်ဖြစ်ကြခြင်းဖြစ်ပြီး လူစုလူဝေးဖြစ်ပွားခဲ့ကြောင်း ၁၀ မြောက်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။
နံနက် ၆ နာရီ ၃၀ ခွဲတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စတိုးဆိုင်မှ ဒိုးလေးဆိုသူက ပျံကျဈေးသည်များအား သံတုတ်ဖြင့်စတင်ရိုက်နှက်ခဲ့ပြီး စကားများရန်ဖြစ်ခဲ့ရာ ဈေးသည်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၄င်းကပြောသည်။ လက်ရှိအချိန်၌ သာကေတရဲစခန်းတွင် ဒိုးလေးဆိုသူနှင့် ပျံကျ ဈေးသည်အချို့အား ခေါ်ယူမေးမြန်းလျက်ရှိကြောင်း သိရသည်။
လင်းလင်းအောင်/မင်းဇာနည်





Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...