❆ ❆ ❆ ❆ ✔ စီလီကွန် ဓမ္မ ✔ ❆ ❆ ❆ ❆

အခုတလောနာမည်ကြီး လူပြောများနေတဲ့ 
ဂျပန်နည်းပညာရှင်တွေရဲ့ထူးခြားတဲ့တီထွင်မှုက
ဗုဒ္ဓရဲ့ဟောကြားချက်ကို ကွက်ကွက်ကွင်းကွင်း
မြင်သာအောင် လက်တွေ့ကျကျ
ထုတ်ဖေါ်ပြသတဲ့သဘောလို့မြင်မိပါသည်။
ကိလေသာတဏှာ၏သဘောကို
မှန်ကန်စွာမသိမြင်သူများသည်
တပ်မက်မှု့တဏှာသည် သူတစ်ပါးကိုမှီပြီး
ထကြွသောင်းကြမ်းခြင်းကြောင့်
ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု
ဗဟိဒ္ဓအာရုံကိုညွှန်ပြပြောဆိုနေသည်မှာ
မှန်ကန်မှုမရှိကြောင်း
သက်သေပြခြင်းပင်ဖြစ်ပေ၏။
ဘုရားရှင်ဥပမာပြ၍ဟောကြားခဲ့သည့်
ခွေးအိုကြီးတစ်ကောင်ဆာလောင်မွတ်သိပ်၍
မြေကြီးအတွင်း ကာလကြာညောင်းမြုတ်နေသည့်
အသွေးအသားခမ်းခြောက်နေသောအမဲရိုးကို
တွေ့မြင် ဖော်ထုတ်ကာ အားပါးတရ ကိုက်ဝါးလေသော်
နဂိုရ်အနှစ်မရှိသော်လည်း မိမိသွားရည်ဖြင့်
လိမ်းကျံကာထွက်ပေါ်လာသည့်အနံ့ကိုမှီပြီး
မိမိကိလေသာနှင့်မိမိခံစားသည်ကို ထင်ရှားစေရန်
အမဲရီုးကိုစီလီကွန်အဖြစ်ပုံဖေါ်လိုက်ခြင်းဖြစ်ပေသည်။
ထိုနည်း၎င်းပင် စီလီကွန်အမဲရီုးဖြစ်စေ
လူသားခြင်းဖြစ်စေ မည်သူကမည်သူ့ကို
နှစ်သက်နေခြင်းမဟုတ်ဘဲ
ကိုယ့်ကိလေသာနှင့်ကိုယ်
နှစ်သက်နေခြင်းသာဖြစ်ကြောင်း
အကယ်၍ ကိုယ့်အလိုဆန္ဒမပြည့်ဝပါက
ဘယ်လောက်နှစ်သက်ပါသည်ပြောသော်လည်း
အိမ်ထောင်ရေးဖေါက်ပြန်မှု့
ကိုယ်ကျင့်တရားပျက်မှု့တို့
ပေါ်ပေါက်လာခြင်းဖြစ်ပေသည်ဟု
စီလီကွန်ပုံလေးကိုကြည့်ကာ
အတွေးဝင်မိလေ၏။ ။
.
ဖိုးရာမ
via : OhnNyunt

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...