အရွယ်နဲ့ မမျှ နှိပ်စက်ခံခဲ့ရတဲ့ မိန်းကလေးငယ်လေး.။ Share ဖြစ်အောင် Share ပေးကြပါနော်..။

“သမီးကို ညလူတွေအိပ်တဲ့အချိန်မှာ အိပ်ငိုက်လို့ဆိုပြီး သမီးရင်သားကို ရေနွေးနဲ့လောင်း၊ နို့သီးခေါင်းကို ကတ်ကြေးနဲ့ဖြတ်တယ်၊ သမီးကို မအိပ်ခိုင်းဘူး” တဲ့- အ
ရွယ်နဲ့  မမျှနှိပ်စက်ခံခဲ့ရတဲ့ ကလေးငယ်လေး...
-
တစိမ်းတွေ နဲ့ တွေ့ ရင် အမြဲတမ်း ကြောက်လန့် နေခဲ့တဲ့ ဒီကလေးငယ်ဆီမှာ ရယ်မောပျော်ရွှင်မှုတွေကို သူ နဲ့ စကားပြောနေစဉ်မှာဘဲကျွန်တော် ရှာတွေ့ ခဲ့ပါပြီ....။
-
သူ့ အတွက် ဖက်အိပ်ဖို့ အရုပ်ကလေး တစ်ရုပ် ဘုရားရှိခိုးတိုင်း သူ့ မျက်နှာချင်းဆိုင်မှာအေးချမ်းတဲ့ မြတ်ဗုဒ္ဓကိုဖူးမြင်နိုင်ဖို့ ရုပ်ပွားတော် တစ်ဆူသူ့ အတွက်အဟာရဖြစ်တဲ့ စားစရာလေးတွေအ၀တ်အထည် အချို့ ထောက်ပံ့ငွေ
 သူ့ ကို လက်ဆောင်တွေပေးရင်း စကားတွေပြော- သူ ပြောသမျှ နားထောင်ရင်းသိလာသမျှက ထိတ်လန့် အံ့သြစရာ
-
သူ့ ကို နှစ်သိမ့်စကားတွေပြောရင်းကလေးငယ်တိုင်း ဒီလိုအဖြစ်ဆိုးတွေမှအစဉ်ထာဝရ ကင်းလွတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
-
ဘ၀များစွာ မိသားစုများစွာ
ငြိမ်းချမ်းသာယာ ရှိကြပါစေ
-
ဖိုးဇော်
09795405022
၂၁-၁၁-၂၀၁၆
 ကလေးငယ်အကြောင်းကို သတင်းတွေထဲကပဲ စုစည်းဖော်ပြပေးပါမယ်- ဒီ post ကို ဖတ်သူတွေ အကြမ်းဖျဉ်း သိအောင်လို့ ပါ-
-
ကလေးငယ်နာမည်က မသန်းသန်းအေး အသက် ( ၁၅ ) နှစ်-ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားလို့ အဖေနှင့်အတူ နေထိုင် မောင်နှမ(၄)ဦးရှိပြီး အထွေးဆုံးသမီး ဖြစ်- လွန်ခဲ့တဲ့ လေးနှစ်လောက်က တောင်ဒဂုံအပိုင် လဟာကွင်း၊ ဘုန်းကြီးကျောင်းက ဘုန်းကြီးတပါးက သူ့ရဲ့ အဖေမှ တဆင့် အိမ်အကူ လုပ်ဖို့အတွက် စပ်မိရာက ငရဲခန်း ခရီးစတင်ခဲ့

( သူ့ အဖေဟာ အရက်စွဲနေသူဖြစ်ပြီးမကြာသေးမီက ရေနှစ်သေဆုံးသွားပါပြီ )
 ဘုန်းကြီးကျောင်းမှာ ၀င်ထွက်နေတဲ့ ဒကာမတစ်ယောက်က သူ့ မြေးနဲ့ ဆော့ကစားဖို့ -ကျောင်းထားပေးမယ်ဆိုပြီး ခေါ်သွားခဲ့တာ အဲဒီကမှ အိမ်ဖော်အဖြစ်( ၅ နှစ် ကြာ )ခိုင်းစေပြီး လုပ်ခတပြားမှ မရခဲ့
-
“သမီးကို အိမ်ရဲ့အနောက်ဖေးမှာ အိပ်ခန်းထားပေးတယ်။ စောင်တွေ၊ခြင်ထောင်တွေ မရှိဘူး။ ဒီတိုင်းအိပ်ရတာ။ သမီးခေါင်းကို စတီးယောင်းမနဲ့ ၀ိုင်းရိုက်ကြတယ် “
ဆိုပြီးပြောတော့ သူမဦးခေါင်းကို ကြည့်လိုက် တဲ့အခါမှာ ကျိုးတိုးကျဲတဲ ဆံပင်ကြားမှာ ကွဲထားတာပြန်ချုပ်ထားတဲ့အရာတွေ၊ ဒဏ်ရာအပြည့်နဲ့ မြင်ရပါတယ်။

“သမီးကို၇ိုက်တော့ သွေးတွေထွက်လာတယ်။ ပြီးတော့ဆေးတွေ၊ ပြန်ထဲ့ပေးတယ်”
အိမ်သား တွေက သံယောင်းမနဲ့ ခေါင်းကို ခေါက်- လက်ကို ပလယာ နဲ့ ညှပ်- လက်သည်းခွံ ချွတ်- ကက်ကြေးနဲ့ မွှန်း ထမင်းမကျွေးဘဲ အငတ်ထား- သွား ကျွတ်အောင် ၀ိုင်းကန်
-
အဲလို ငရဲခန်းမှာ ၅ နှစ်နီးပါးနှိပ်စက်ခံရရင်း ထွက်ပြေးလာခဲ့တဲ့ ကလေးငယ်လေးပါ..။

ခုတော့ သူ့ ရဲ့ အမှုဟာ ၁ နှစ် ၇ လ ကြာမြင့် ခဲ့ပြီး ရုံးချိန်း ၅၂ ခေါက်မြောက်မှာ ပထမအဆင့်စွဲချက်အမှု ပြီးပြတ်သွားပါတယ်- -
ပထမအဆင့်မှာ နှိပ်စက်ခဲ့တဲ့ မိသားစုဝင်များက တစ်ဦးက ၇ နှစ်- ၅ နှစ် က ( ၂ ) ဦး- ၁ နှစ်ကျခံ ( ၁ ) ဦး စသဖြင့် အပြစ်ဒဏ် များ
ကျခံသွားပါပြီ- နောက်ထပ်နှစ်ဆင့် ကျန်ပါသေးတယ်
-
အားလုံးသတိပြုနိုင်ဖို့ 
----------------------------
ဗုဒ္ဓဘာသာ တိုင်းပြည်ရဲ့ ကျော်မကောင်းကြားမကောင်း သတင်းတွေဟာ နေ့ စဉ် နဲ့ အမျှ အံ့သြထိတ်လန့် ဖွယ် တစ်မျိုးနဲ့ တစ်မျိုး မရိုးရလေအောင် ကြားသိနေရပါတယ်
-
ခုလို လူမသိဘဲ နှိပ်စက်ခံနေရတဲ့ ကလေးငယ်တွေ- ရောင်းစားခံရသူတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိနေနိုင်ပါသေးတယ်-
ဒီလိုမျိုးကလေးတွေ တွေ့ လာရရင် ငါ နဲ့ မဆိုင်ဘူးလို့ ရှောင်ထွက်မသွားဘဲ နီးစပ်ရာ ပရဟိတအဖွဲ့ ထံ ဆက်သွယ်
သတင်းပေး ကူညီကြပါလို့  မေတ္တာရပ်ခံပါရစေ...
ဒါဟာ ဒီpost ကို တင်ရခြင်းရဲ့ရည်ရွယ်ချက်ပါပဲ ခင်ဗျာ....
ကလေးငယ်တိုင်း ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ကြပါစေ...
လူကြီးတိုင်း လူကြီး တိုင်း ကလေးငယ်များအပေါ် စောင့်ရှောက်နိုင်ကြပါစေ...

Credit.Phoe Zaw

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...