နှစ်ယောက်ပေါင်းလို့ ငါးပေမပြည့်တဲ့ ကမ္ဘာ့အရပ်အပုဆုံး ဇနီးမောင်နှံ

ဘရားဇီးလူမျိုးတွေဖြစ်ကြတဲ့ Silva Barros နဲ့ Lie Hoshino တို့ဟာ လူမှုကွန်ယက်ပေါ်ကနေ စတင်တွေ့ရှိခဲ့ကြပြီး ချစ်သူသက်တမ်း ၈ နှစ်အကြာမှာတော့ လန်ဒန်သို့သွားရောက် လက်ထပ်ခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူ Barros က အရပ် ၂ ပေသာရှိပြီး သူ့ရဲ့ အသစ်စက်စက်ဇနီးHoshino ကတော့ အရပ် ၂ ပေ ၁ လက်မသာ ရှိပြီး နှစ်ယောကိပေါင်း ၄ ပေ ၁ လက်မသာရှိလို့ ကမ္ဘာ့အရပ်အပုဆုံး ဇနီးမောင်နှံ အဖြစ်မှတ်တမ်းတင်ခြင်းခံခဲ့ရပါတယ်။
 သူတို့ ဇနီးမောင်နှံဟာ " သာမန်လူတွေအနေနဲ့ အခြားသူတွေမှာ ရှိတဲ့အားနည်းချက်တွေကို မလှောင်ပြောင်ပဲ အားလုံးနဲ့ တန်းတူညီမျှ ဖေးဖေးမမဆက်ဆံသင့်တယ်" ဆိုပြီး ပြောကြားခဲ့ပါတယ်။

Source: People's Daily, China
Translated by Go Goe



Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...