အခ်စ္ႀကီးသူ စုဖုရားလတ္ (စုဖုရားလတ္အေၾကာင္း တေစ့တေစာင္း)

ေရြ႔လွ်ားခဲ့တဲ့ သကၠရာဇ္တို႔အတြင္း၌ ေခတ္ၿပိဳင္မတူ အယူကြဲျပားမွု႔ေတြၾကားက သမိုင္းျဖစ္စဥ္ ခဲျခစ္အကၡရာေတြထက္မွာ စုဖုရားလတ္ကို ညႊန္းဆိုထားလိုက္သည္က …
အရွက္အေၾကာက္မရွိတဲ့ မိဖုရားးး
ဘုရင္ကိုနိုင္တဲ့ မိဖုရားးး
လူႀကီးသူမကို ေဆာ္ကားတဲ့ မိဖုရားးး
တိုင္းျပည္ကို ဖ်က္တဲ့ မိဖုရားးး
စတဲ့သမိုင္းေရးဆရာတို႔ရဲ့ စြပ္စြဲခ်က္ေတြပာာ ခဲျခစ္ရာေတြ ေမွးမွိန္ခဲ့သည့္တိုင္ေအာင္ စုဖုရားလတ္ရဲ့ အေၾကာင္းက မေမွးမွိန္ပဲ ေၾကာက္မက္ဖြယ္ရာ မိန္းမရိုင္းႀကီး တစ္ေယာက္အျဖစ္ ထင္က်န္ေနခဲ့ရေလ၏ ။
တကယ္ေတာ့ … စုဖုရားလတ္ကို မိဖုရားတစ္ေယာက္အျဖစ္မွ ခဏထားလို႔ အရပ္စကားနဲ႔ အရပ္သူ/သား ဆန္ဆန္ ေတြးၾကည့္ေပးၾကစမ္းပါ ။ ကိုယ့္ခ်စ္သူပာာ တစ္ျခားေသား ခ်စ္သူမပာုတ္တဲ့သူတစ္ေယာက္နွင့္ လက္ထပ္မွာကို ဘယ္သူက လြယ္လြယ္နဲ႔ လက္ေလွ်ာ့ခ်င္ၾကမွာလဲ … ေနာက္ၿပီးေတာ့ အခ်စ္နဲ႔စစ္မွာ မတရားတာမရွိဘူးဆိုတဲ့ စကားကေရား တစ္ျခားသူေတြအတြက္ မွန္ၿပီးေတာ့ စုဖုရားလတ္အတြက္ၾကမွ ဘာျဖစ္လို႔မွန္မလာရတာလဲ … ဒိုင္းခင္ခင္(ေခၚ) အပ်ိဳးေတာ္ ခင္ခင္ႀကီးကို ကြက္ျမတ္ခဲ့တဲ့ အေပၚမွာလည္း ကိုယ္အရမ္းခ်စ္တဲ့ ေယာက်ၤားမွာ မယားငယ္ရွိေနတာကို ၾကည္ျဖဴေပးနိုင္တဲ့သူရယ္လို႔ ရွိမယ္မထင္ပါ မတတ္သာလို႔သာ ေနေနၾကရတာပါ။ တစ္လင္ တစ္မယားစနစ္ကို ဦးစားေပးေနတဲ့ စုဖုရားလတ္ လိုသူတစ္ေယာက္က ဒိုင္းခင္ခင္ ကိုကြက္ျမတ္လိုက္တယ္ဆိုတာ ျဖစ္တတ္တဲ့ စိတ္သေဘားဆိုတာကို နားလည္ခံစားေပးနိုင္ၾကပါ့မလား။
စုဖုရားဟာ ေမာင္ေတာ္ သီေပါကို ဘယ္ေလာက္အထိ ခ်စ္ခဲ့လည္းဆိုရင္ ဟိုးးး ငယ္ငယ္ေလးထဲက အၿမဲတမ္း ခ်စ္လာခဲ႔တဲ႔ သူပါ။ တစ္ေန႔ၾကရင္ ေမာင္ေတာ္ သီေပါ ဘုရင္ ျဖစ္လာလိမ္႔ဆိုတဲ႔ ေမ်ွာ္လင္႔ခ်က္နဲ႔ ခ်စ္ခဲ႔တာ မဟုတ္ဘူး။ ေမာင္ေတာ္ ..ဘုရင္ မျဖစ္လည္း စုဖုရားက လက္ထပ္မယ္ ဆိုတဲ႔ အေတြးနဲ႔ ခ်စ္ခဲ႔ရသူပါ...
ေျပာရရင္ ကေလးကလား ဆန္ေနမလားေတာ႔ မသိဘူး။ စုဖုရားက အပ်ိဳေပါက္ မင္းသမီးေလး ဘဝမွာေတာင္ ေယာကၤ်ားေလးလိုဝတ္၊ ေယာကၤ်ားေလးေတြနဲ႔ ခပ္ၾကမ္းၾကမ္း ေဆာ႔ေကာင္းတုန္း...
နန္းေတာ္ထဲက အေဆာင္ေတာ္ မွန္သမ်ွ စုဖုရား မေရာက္တဲ႔ေနရာ မရွိဘူး။ ေယာကၤ်ားေလးလို ဝတ္ျပီး ဟိုစပ္စပ္ ဒီစပ္စပ္ ပါတတ္လြန္းလို႔ နန္းတြင္းက သတင္း၊ အတင္းေပါင္းစုံ စုဖုရား သိပါရဲ႕။ ကေလးပီပီ သိသမ်ွ အကုန္ ေျပာတတ္လြန္းလို႔ ခမည္းေတာ္က သမီးေတာ္ေတြ အမ်ားႀကီးထဲမွာ စုဖုရားကို အလိုလိုက္ျပီး မ်က္နွာသာေပး၊ ေျပာရရင္ (အမိန္႔ေတာ္ထုတ္ျပီး ခန္႔အပ္ထားျခင္း မရွိတဲ႔) ခမည္းေတာ္ရဲ႕ ကေလးသူလ်ွိဳ ေပါက္စေလးေပါ႔...
တစ္ျခား မင္းသားေတြနဲ႔ စုဖုရားတို႔ ကစားေနျပီဆို ေမာင္ေတာ္ သီေပါက ခပ္လွမ္းလွမ္းကေန ေငး... သူ႔ ပုံစံက ခပ္ေအးေအးေလ.. စုဖုရားက အတူ ကစားဘို႔ေခၚရင္ ေခါင္းခါျပီး ထြက္ေျပးေရာ...
တစ္ေန႔ေတာ႔ စုဖုရားလည္း စိတ္ေပါက္ေပါက္ ရွိတာနဲ႔ သူ႔ လက္ကို အတင္းဆဲြၿပီး အတူ ကစားခိုင္းပါေလေရာ.. သူ႔ချမာ စုဖုရားကို ေၾကာက္လို႔ ကစားသာ ေနရတယ္.. မ်က္နွာက ငိုမဲ႔မဲ႔နဲ႔...
အဲဒီ အခ်ိန္ကတည္းက စိတ္အားငယ္တတ္တဲ႔ သူ႔ကို (မင္းသမီး ျဖစ္ပါလ်ွက္ ေယာကၤ်ားေလးလိုု ခပ္ၾကမ္းၾကမ္း ေနလာခဲ႔တဲ႔ ) စုဖုရားက.. သနားစိတ္နဲ႔ ခ်စ္မိသြားသလားေတာ႔ မေျပာတတ္ပါဘူး...
အမယ္.. တစ္ေန႔ေတာ႔ ကိုယ္ေတာ္ေခ်ာက ဘာစိတ္ကူး ေပါက္လာလည္း မသိဘူး။ ကစားရင္းနဲ႔ လူရွင္းသြားေတာ႔ သူ႔ ခါးၾကားထဲက စာလႊာတစ္ေစာင္ ထုတ္ေပးပါေရာ...
ဘာစာတုန္းလို႔ မသိခ်င္ေယာင္ ေဆာင္ျပီး ေမးလိုက္ေတာ႔ ထုံးစံအတိုင္း မ်က္နွာႀကီး နီလို႔.. ေခါင္းႀကီး ငုံ႔ၿပီး ေတမိမင္းသား လုပ္ေနျပန္ေပါ႔...
ဒီေလာက္ ေပ်ာ႔စိစိ နိူင္တဲ႔ သူ႔ကို စုဖုရားလတ္ စိတ္ေပါက္ေပါက္နဲ႔ ေခါင္းကို ေဒါက္ကနဲ ေခါက္ထားခဲ႔ျပီး ေျပးထြက္လာခဲ႔တယ္...(တကယ္ဆို သူက စုဖုရားထက္ ၂ နွစ္ေတာင္ ႀကီးတာ။ တတ္နိူင္ဘူး.. ငရဲ႕ႀကီးလည္း ႀကီးပေစေပါ႔။ ေနရာတကာ ၿမဳံစိစိ နိူင္လြန္းတဲ႔ ေရခဲတုံးကို တစ္ခါတစ္ေလ အျမင္ကို ကတ္ေရာ.. ဟြန္း..)
ခစ္ခစ္.. စာလႊာလား... ဘယ္က်န္ခဲ႔မွာတုန္း။ သူ႔လက္ထဲက ဆတ္ကနဲ ဆဲြယူလာျပီး အေဆာင္ေတာ္ကို အေျပးတပိုင္း ျပန္လာတာေပါ႔။
ေျပးရလို႔လား.. သူ႔ ေမတၱာစာေၾကာင္႔လား မသိ.. စုဖုရား ရင္ထဲမွာ တလွပ္လွပ္ တဖိုဖိုနဲ႔ အဲဒီေန႔ တစ္ေန႔လုံး ထိုင္ရမလို၊ ထရမလို ျဖစ္ေနခဲ႔တာ.. သူကေတာ႔ သိမွာ မဟုတ္ပါဘူးေလ...
ေျပာျပီးုျပီပဲ.. စုဖုရားက မဆြတ္မွီ ကတည္းက ညႊတ္ခ်င္ေနတဲ႔ သူပါ.. မေခြ်ခင္ ကတည္းက ေၾကြခ်င္ေနတဲ႔ သူပါ..ဒါေပမယ္႔ ထုံးစံအတိုင္း မိန္းကေလး ပီပီ နည္းနည္းေတာ႔ အိုက္တင္ ခံရေသးတာေပါ႔ေနာ႔...
အင္း... ေျပာရရင္ေတာ႔ အဲဒီရက္ေတြဟာ စုဖုရားရဲ႕ ဘဝမွာ ပ်ားရည္ျမစ္ေတြ စီးဆင္းခဲ႔တာပါ။ ျမင္ျမင္သမ်ွ ေလာကႀကီးဟာ.. စုဖုရားအတြက္ေတာ႔ အလွပဆုံး ကမၻာ၊ အလွပဆုံး အခ်ိန္ေတြပဲေပါ႔။ ျဖစ္နိူင္ရင္.. စုဖုရားေလ.. အဲဒီအခ်ိန္ေတြကို ျပန္လိုခ်င္လိုက္တာ...
ကိုရင္ဝတ္ခဲ႔တဲ႔ ေမာင္ေတာ္ .. ပထမႀကီး၊ ပထမလတ္၊ ပထမေက်ာ္ စာေမးပဲြေတြ ေအာင္ေတာ႔ ခမည္းေတာ္ မင္းတုန္းမင္းက" ဒါမွ ငါ႔သား" ဆိုျပီး လက္ခေမာင္း ခတ္သလို စုဖုရားမွာလည္း ေမာင္ေတာ္႔အတြက္ ဂုဏ္ယူလိုက္ရတာ.. တစ္သက္လုံး ေယာကၤ်ားေလးလို ေနလာတဲ႔ စိတ္ၾကမ္း၊ ကိုယ္ၾကမ္း စုဖုရားက ခ်စ္ရသူအတြက္ ၾကည္နူးမ်က္ရည္ေတြ က်ခဲ႔ရတယ္ ဆိုရင္ ဘယ္သူ ယုံမွာတဲ႔လည္း...
တစ္ေန႔..
မယ္ေတာ္ဘုရားရဲ႕ အေဆာင္ေတာ္မွာ ခမည္းေတာ္ဘုရားက " ငါ႔ သားေတာ္ႀကီးေတြထဲမွာ ထက္ျမက္တဲ႔ သူေတြ ရွိသလို၊ အေပ်ာ္ၾကဴးေနသူေတြလည္း ရွိရဲ႕။ အိမ္း.. ဒါေပမယ္႔ ပထမေက်ာ္ေတာ႔ ဘယ္သူမွ မျဖစ္ခဲ႔ဘူး။ အဲဒီေတာ႔..မင္းသားငယ္ ဆိုျပီး အားေတာ႔ မငယ္နဲ႔။ ႀကိဳးစားရင္ ဘုရင္ ျဖစ္နိူင္တာမို႔ ႀကိဴးစားဗ်".. လို႔ မိန္႔ေတာ္မူတာကို ေမာင္ဘုရားက ထုံးစံအတိုင္း ငူငူႀကီး လုပ္ေနျပန္ေရာ...
စုဖုရားမွာ သူ႔ကိုၾကည္႔ၿပီး အားမရလိုက္တာေလ.. ဒါနဲ႔ ေတာ္၏၊ မေတာ္၏ မစဥ္းစားေတာ႔ဘူး... ခမည္းေတာ္တို႔ ေရွ႕မွာတင္ သူ႔ကို တြန္းပစ္လိုက္ျပီး "အဲလိုဆိုလည္း ဘုန္းႀကီးပဲ တစ္သက္လုံး ဝတ္ေနေတာ႔"..လို႔ စိတ္ေပါက္ေပါက္နဲ႔ ေျပာပစ္လိုက္မိတယ္...ဟုတ္တယ္ေလ.. အဲဒါသာၾကည္႔။ စုဖုရား စိတ္တိုတာ လြန္သလားလို႔...
ခမည္းေတာ္နဲ႔ မယ္ေတာ္ ဆင္ျဖဴမရွင္ကေတာ႔ " အိမ္း.. သီေပါမင္းသားကေတာ႔ ရိုးယုံတင္မကဘူး။ အ တာကဲြ႔.. အတာ "..လို႔ မိန္႔ၿပီး ၿပဳံးေနေလရဲ႕...
တိုတိုပဲ ေျပာၾကပါစို႔ရဲ႕။ ေနာက္ေတာ႔ မယ္ေတာ္ ဆင္ျဖဴမရွင္နဲ႔ ကင္းဝန္ ဘိုးဘိုးတို႔ရဲ႕ ေထာက္ခံမႈနဲ႔ ေမာင္ေတာ္ အိမ္ေရွ႕မင္းသားျဖစ္၊ ခမည္းေတာ္ နန္ရြာစံေတာ႔ ဘုရင္ျဖစ္လာပါေလေရာ...
အင္း.. ေမာင္ေတာ္ကေတာ႔ "မရြယ္ပဲနဲ႔ ေစာ္ကဲ မင္းျဖစ္" ျပီ... ဒါဆို.. သူ႔ကို ေရႊရင္ သိမ္းသစ္စ အရြယ္ကတည္းက သနားစိတ္နဲ႔ ခ်စ္အားပိုခဲ႔ရသူ နွမေတာ္ေလး စုဖုရားကေကာ.. ဘာျဖစ္လာမွာတုန္း...
အို.. စုဖုရား တစ္ကိုယ္လုံး ရင္ေတြ ဖိုလိုက္တာ ေမာင္ေတာ္ရယ္...
နန္းရင္ျပင္ေပၚမွာ မိဖုရားအျဖစ္စံျမန္းရေတာ့ တိုင္းေရးျပည္ေရးရာမွာ ထင္သေလာက္ နားမလည္ပင္ေသာျငားလည္း တိုင္းျပည္ကို ခ်စ္လို႔ စစ္ေၾကျငာခဲ့ခ်င္တာအမွန္ပါ ။ အဲဒီေနရာမွာ စုဖုလတ္မပာုတ္ပဲ တစ္ျခားမင္းသားႀကီးေတြဆိုရင္လည္း စုဖုရားလတ္လိုပဲ စစ္တိုက္ခ်င္ၾကမွာပါပဲ ဒါ့ေၾကာင့္ စိတ္ထက္တဲ့ တစ္ျခားမင္းသားေတြကို နန္းမတင္ပဲ ေမာင္ေတာ္သီေပါမင္းသားကို နန္းတင္ခဲ့တာပဲၾကည့္ေပါ့ …
ကံအေၾကာင္းမလွေတာ့ ကုန္းေဘာင္းမင္းဇာတ္ရဲ့ မိုက္မဲမွု႔ေတြအားလံုးက စုဖုရားလတ္ ေခါင္းေပၚမွာပဲ စုပံုက်လာသလို ျဖစ္ခဲ့ရတယ္။ ဒါေပမယ့္ စုဖုရားလတ္က ပါေတာ္မူသည့္တိုင္ေအာင္ မာန္မက်ေသးပဲ တည္ရွိေနတာကေတာ့ မ်ိဳးခ်စ္စိတ္လား မာန္မာနလားဆိုတာေတာ့ စုဖုရားလတ္ကိုယ္တိုင္လည္း မေ၀ကြဲတတ္ေတာ့ပါ ။
ပါေတာ္မူတဲ႔အခ်ိန္မွာ ဗီရိုလွည္းနဲ႔ ႏွိမ္႔ခ် သယ္ေဆာင္ ခံရေတာ႔ လွည္းေဘးက အဂၤလိပ္စစ္သားဆီ မီးျခစ္ေတာင္းျပီး (ေဆးလိပ္ သိတ္မႀကိဳက္လွတဲ့ စုဖုရာလတ္) "နင္တို႔ေလာက္ေတာ႔ ငါက ေဆးလိပ္ေသာက္ေတာင္ မပ်က္ဘူး " ဆိုတဲ႔ မ်က္နွာေပးနဲ႔ ရန္သူကို ထီမထင္ လုပ္ျပခဲ႔တဲ႔ စုဖုရားလတ္...
သူရိယသေဘၤာေပၚက အခန္းထဲမွာ ေခတၱ လဲေလ်ာင္း ေနတဲ႔အခ်ိန္ တံခါးမေခါက္၊ ခြင္႔မေတာင္းပဲ ျဗဳန္းဆို အခန္းထဲ ဝင္လာတဲ႔ အဂၤလိပ္ ဗိုလ္မွဴးကို ေထြးခံနဲ႔ ေကာက္ေပါက္လိုက္တဲ႔ စုဖုရားလတ္ ...
သေဘၤာကပၸတိန္ရဲ႕ ဇနီးက သူထိုင္ေနတဲ႔ ဆိုဖာေပၚ ခြင္႔မေတာင္းပဲ ဝင္ထိုင္လို႔ သစ္သီးထည္႔တဲ႔ ပန္းကန္ျပားနဲ႔ မ်က္နွာကို ေပါက္ထည္႔လိုက္တဲ႔ အထိမခံ စုဖုရားလတ္ ...
ထမင္းပဲြ ျပင္ေပးတဲ႔ ကုလားစားပဲြထိုးက ေအာက္က်သြားတဲ႔ ခက္ရင္းကို မေဆးပဲ စားပဲြေပၚ ဒီအတိုင္း တင္ေပးလိုက္လို႔ အဲဒီခက္ရင္းနဲ႔ပဲ ကုလားလက္ကို ထိုးစိုက္ပစ္ခဲ႔တဲ႔ အာဂမိ စုဖုရားလတ္...
အရွင္နွစ္ပါး ေရွ႕ေတာ္ဝင္ရင္ ဘာလက္နက္မွ ကိုင္ေဆာင္ခြင္႔မရွိတဲ႔ ျမန္မာ႔ထီးနန္း ဓေလ႔ထုံးစံ ရွိေနတာ သိသိႀကီးနဲ႔ ေျခာက္လုံးျပဴး ခါးခ်ိတ္ျပီး ခပ္တည္တည္ ဝင္လာတဲ႔ မ်က္နွာျဖဴအရာရွိကို ( လင္ေတာ္ေမာင္ ဆဲြထားတဲ႔ၾကားက ) အလွစိုက္ ပန္းအိုးနဲ႔ ေပါက္ပစ္ခဲ႔တဲ႔ သတိၱခဲ စုဖုရားလတ္...
ရတနာဂီရိမွာ သီေပါမင္း နတ္ရြာစံေတာ႔ မသာစရိတ္ မစို႔မပို႔ လာဆက္တဲ႔ အဂၤလိပ္ အရာရွိက အရင္တုန္းကလို Your Majesty လို႔ မေခၚေတာ႔ပဲ ( သီေပါမင္း မရွိေတာ႔လို႔ ႏွိမ္႔ခ်တဲ႔ သေဘာနဲ႔ ) Queen Su Phaya Latt လို႔ တမင္ ေခၚခဲ႔တဲ႔အတြက္ အဲဒီေငြထုပ္နဲ႔ မ်က္နွာကို ပစ္ေပါက္ခဲ႔တဲ႔ မာနခဲ စုဖုရားလတ္ ...
သီေပါဘုရင္ရဲ့ အေလာင္းကို ဗုဒၶဘာသာ ထုံးတမ္း အစဥ္အလာအရ ေသသူအတြက္ သရဏဂုံေလးေတာင္ တင္ခြင္႔မေပးခဲ႔လို႔ လင္ျဖစ္သူရဲ႕ အေလာင္းကို လုံးဝ ထုတ္မေပးပဲ သူ႔အနားမွာ ၃ နွစ္နဲ႔ ၂ လၾကာေအာင္ ထားခဲ႔တဲ႔ အခ်စ္ႀကီးသူ စုဖုရားလတ္ ...
အေလာင္းေတာ္ကို ထုတ္မေပးရင္ အိမ္ေပၚက အတင္းဆဲြခ်မယ္ ဆိုျပီး လာဝိုင္းတဲ႔ အဂၤလိပ္စစ္တပ္ကို မုဆိုးမ ပူပူေႏြးေႏြးေပမယ္႔ အံကို တင္းတင္းႀကိတ္ျပီး အိမ္မွာ ေမြးထားတဲ႔ ေခြးေတြနဲ႔ ရွဴးတိုက္ကာ အတင္း ကိုက္ခိုင္းတဲ႔ မေၾကာက္မရြံ႕ စုဖုရားလတ္ ...
သီေပါမင္း မရွိေတာ႔လို႔ သူတို႔ မိသားစုေတြ ရန္ကုန္ ျပန္ပို႔ခံရတဲ႔အခ်ိန္ မက်န္းမမာ ျဖစ္ေနတာေတာင္ အဂၤလိပ္ဘုရင္ခံက လႊတ္လိုက္တဲ႔ ဖာရစီဆရာဝန္ရဲ႕ ေဆးကုသမႈကို လုံးဝ လက္မခံပဲ အသက္သာ အေသခံသြားတဲ႔ ကုန္းေဘာင္ မင္းဆက္ရဲ႕ ေနာက္ဆုံး နန္းက် မိဖုရား စုဖုရားလတ္ ...
၁၅.၁၂.၁၉၁၆ ေန႔မွာ နတ္ရြာစံခဲ႔တဲ႔ သီေပါမင္းရဲ႕ အေလာင္းေတာ္ကို အဂၤလိပ္က ျမန္မာျပည္ကို ျပန္သယ္ေဆာင္ခြင္႔မေပး၊ ယုတ္စြအဆုံး ျမန္မာျပည္က ဗုဒၶဘာသာ ရဟန္းေတာ္ေတြကို ပင္႔ေဆာင္ျပီး သရဏဂုံေလးေတာင္ တင္ခြင္႔မေပးတဲ႔အတြက္ စုဖုရားလတ္က အသည္းနာစြာနဲ႔ အေလာင္းေတာ္ကို ထုတ္မေပးပဲ ၃ နွစ္နဲ႔ ၂ လခန္႔ သူနဲ႔အတူထားျပီး တင္းခံ ေနတဲ႔အခ်ိန္...
အဲဒီအခ်ိန္မွာ အဂၤလိပ္က ဂ်ာမဏီနဲ႔ ပထမ ကမၻာစစ္ ျဖစ္ေနေတာ႔ ဒီ အေလာင္းေတာ္ ကိစၥကို ေခါင္းထဲ သိတ္ထည္႔ မထားဘူး။ ၁၉၁၈ ခုနွစ္၊ ႏိူဝင္ဘာလမွာ ဂ်ာမဏီ စစ္ရွဳံးလို႔ ပထမ ကမၻာစစ္ႀကီး ျပီးသြားေတာ႔ မွ မုဆိုးမ စုဖုရားလတ္တို႔ သားအမိ တေတြကို ျမန္မာျပည္ ျပန္ပို႔ဘို႔ စဥ္းစားျပီ။
ထြက္လာပါျပီ... အဂၤလိပ္ရဲ႕ ရာဇသံ။ "၂၃.၂.၁၉၁၉ ေန႔ ေနာက္ဆုံးထားျပီး စုဖုရားလတ္နဲ႔ သမီးေတာ္ေတြ ရတနာဂီရိက ထြက္။ သီေပါမင္း အေလာင္းကို ဒီအတိုင္း ထားခဲ႔။ ရတနာဂီရိမွာပဲ ဂူသြင္း သၿဂႋဳလ္ေပးမယ္ "...တဲ႔။
မာနခဲ စုဖုရားလတ္ကလည္း ခပ္ျပတ္ျပတ္ပဲ အေၾကာင္းျပန္တယ္။ " ငါ႔ေယာကၤ်ား အေလာင္းမပါပဲ ျပည္ေတာ္ မျပန္ဘူး။ နင္တို႔ ႀကိဳက္သလိုလုပ္ "
အေလာင္းေတာ္ တိုက္ပဲြက နွစ္ဖက္စလုံး တင္းခံေနေတာ႔ အဂၤလိပ္က ဘီလူးဆိုင္း စတီးပါျပီ။ ရတနာဂီရိ စံအိမ္ေတာ္ကို အဂၤလိပ္ စစ္တပ္နဲ႔ဝိုင္း။ အေလာင္းေတာ္ကို အသာတၾကည္ ထုတ္မေပးရင္ အင္အားသုံးျပီး လုေစ...
ႀကံရာမရျဖစ္သြားရွာတဲ႔ စုဖုရားလတ္ချမာ ေအးအတူ ပူအမ်ွ ေနလာခဲ႔တဲ႔ ခ်စ္ လင္ျဖစ္သူရဲ႕ အေလာင္း ပါသြားမွာ စိုးရိမ္တာနဲ႔ စံအိမ္မွာ ေမြးထားတဲ႔ ေခြးေတြကို ရိုက္နွက္ျပီး လက္နက္ အျပည္႔အစုံပါတဲ႔ အဂၤလိပ္ စစ္တပ္ကို ရွဴးတိုက္္ျပီး ကိုက္ခိုင္း။ ခ်စ္လင္ရဲ႕ အေလာင္းေပၚ အလ်ားလိုက္ ေမွာက္ျပီး " ငါ ေသမွ ငါ႔လင္ အေလာင္းကို ရမယ္။ သတၱိရွိရင္ ပစ္ၾက "... လို႔ စိန္ေခၚ... စံအိမ္ေတာ္ေပၚမွာ ကမၻာပ်က္သလို ေအာ္ဟစ္ ငိုယို ေနၾကရရွာေလေတာ့သည္ ။
ဒါေတြဟာ အားမတန္ေပမယ္႔ မာန္ကို မေလ်ွာ႔ခဲ႔တဲ့.. ဒူးလည္းမေထာက္ လက္လည္း မေျမွာက္ခဲ႔တဲ႔ စုဖုရားလတ္ရဲ႕ မာနေတြလား... ဒါမွမပာုတ္ တစ္တိုင္းျပည္လုံး သူ႔ကြ်န္ဘဝမွာ ျပားျပားဝပ္ ေနတာေတာင္ ရတဲ႔နည္းနဲ႔ နယ္ခ်ဲ႕ကို ဆန္႔က်င္ ဆႏၵျပခဲ႔တဲ႔နန္းက် မိဖုရား တစ္ဦးရဲ႕ ေတာ္လွန္ေရး စိတ္ဓာတ္ေတြလား ???စုဘုရားလတ္ ႏွင့္ပတ္သက္၍ လူေတြ မသိေသးတဲ့ အေၾကာင္း
စုဘုရားလတ္ ႏွင့္ပတ္သက္၍ လူေတြ မသိေသးတဲ့ အေၾကာင္း
သီေပါ မင္း ႏွင့္ မိဖုရား ျဖစ္သူ စုဖုရားလတ္
စုဖုရားလတ္နဲ႔ ပတ္သက္လာရင္ လူေတြ အမ်ားစုသိတာက...ဘိသိက္ခံတဲ႔အခ်ိန္ အစ္မကို တြန္းဖယ္ျပီး အတင္း ေနရာဝင္လုတဲ႔ မိဖုရား.လင္ကို အရမ္းနိူင္တဲ႔ မိဖုရား... ျပင္ပဗဟုသုတ အားနည္းတဲ႔ မိဖုရား...ကင္းဝန္မင္းႀကီးကို သနပ္ခါး ေက်ာက္ပ်ဥ္ေတြ ပို႔ခိုင္းတဲ႔ ခပ္ရင္႔ရင္႔ မိဖုရား... စသည္..စသည္ျဖင္႔ မေကာင္းတာေတြခ်ည္းပဲ ခပ္မ်ားမ်ား ဖတ္ခဲ႔ရေတာ႔ဘယ္လိုမိဖုရားပါလိမ္႔လို႔ ေတြးမယ္ဆို ေတြးခ်င္စရာခ်ည္း ပါပဲ။
 ဒါေပမယ္႔.. ဒါေပမယ္႔လည္းဗ်ာ... ပါေတာ္မူတဲ႔အခ်ိန္မွာ ဗီရိုလွည္းနဲ႔ ႏွိမ္႔ခ် သယ္ေဆာင္ ခံရေတာ႔ လွည္းေဘးက အဂၤလိပ္စစ္သားဆီ မီးျခစ္ေတာင္းျပီး (ေဆးလိပ္ သိတ္မႀကိဳက္လွေပမယ္႔) "နင္တို႔ေလာက္ေတာ႔ ငါက ေဆးလိပ္ေသာက္ေတာင္ မပ်က္ဘူး " ဆိုတဲ႔ မ်က္နွာေပးနဲ႔ ရန္သူကို ထီမထင္ လုပ္ျပခဲ႔တဲ႔ မိဖုရား...
သူရိယသေဘၤာေပၚက အခန္းထဲမွာ ေခတၱ လဲေလ်ာင္း ေနတဲ႔အခ်ိန္ တံခါးမေခါက္၊ ခြင္႔မေတာင္းပဲ ျဗဳန္းဆို အခန္းထဲ ဝင္လာတဲ႔ အဂၤလိပ္ ဗိုလ္မွဴးကို ေထြးခံနဲ႔ ေကာက္ေပါက္လိုက္တဲ႔ ဆတ္ဆတ္ႀကဲ မိဖုရား...
 သေဘၤာကပၸတိန္ရဲ႕ ဇနီးက သူထိုင္ေနတဲ႔ ဆိုဖာေပၚ ခြင္႔မေတာင္းပဲ ဝင္ထိုင္လို႔ သစ္သီးထည္႔တဲ႔ ပန္းကန္ျပားနဲ႔ မ်က္နွာကို ေပါက္ထည္႔လိုက္တဲ႔ အထိမခံ မိဖုရား...
 ထမင္းပဲြ ျပင္ေပးတဲ႔ ကုလားစားပဲြထိုးက ေအာက္က်သြားတဲ႔ ခက္ရင္းကို မေဆးပဲ စားပဲြေပၚ ဒီအတိုင္း တင္ေပးလိုက္လို႔ အဲဒီခက္ရင္းနဲ႔ပဲ ကုလားလက္ကို ထိုးစိုက္ပစ္ခဲ႔တဲ႔ အာဂမိဖုရား...
 အရွင္နွစ္ပါး ေရွ႕ေတာ္ဝင္ရင္ ဘာလက္နက္မွ ကိုင္ေဆာင္ခြင္႔မရွိတဲ႔ ျမန္မာ႔ထီးနန္း ဓေလ႔ထုံးစံ ရွိေနတာ သိသိႀကီးနဲ႔ ေျခာက္လုံးျပဴး ခါးခ်ိတ္ျပီး ခပ္တည္တည္ ဝင္လာတဲ႔ မ်က္နွာျဖဴအရာရွိကို ( လင္ေတာ္ေမာင္ ဆဲြထားတဲ႔ၾကားက ) အလွစိုက္ ပန္းအိုးနဲ႔ ေပါက္ပစ္ခဲ႔တဲ႔ သတိၱခဲ မိဖုရား...
 ရတနာဂီရိမွာ သီေပါမင္း နတ္ရြာစံေတာ႔ မသာစရိတ္ မစို႔မပို႔ လာဆက္တဲ႔ အဂၤလိပ္ အရာရွိက အရင္တုန္းကလို Your Majesty လို႔ မေခၚေတာ႔ပဲ ( သီေပါမင္း မရွိေတာ႔လို႔ ႏွိမ္႔ခ်တဲ႔ သေဘာနဲ႔ ) Queen S..u Phaya Latt လို႔ တမင္ ေခၚခဲ႔တဲ႔အတြက္ အဲဒီေငြထုပ္နဲ႔ မ်က္နွာကို ပစ္ေပါက္ခဲ႔တဲ႔ မာနခဲ မိဖုရား...
 အဂၤလိပ္က သီေပါမင္း အေလာင္းေတာ္ကို ျမန္မာျပည္ ျပန္သယ္ခြင္႔ မေပးပဲ ေရျခား ေျမျခား တိုင္းတစ္ပါးက ရတနာဂီရိ မွာအတင္း သၿဂႋဳလ္ခိုင္း။ ယုတ္စြအဆုံး ဗုဒၶဘာသာ ထုံးတမ္း အစဥ္အလာအရ ေသသူအတြက္ သရဏဂုံေလးေတာင္ တင္ခြင္႔မေပးခဲ႔လို႔ လင္ျဖစ္သူရဲ႕ အေလာင္းကို လုံးဝ ထုတ္မေပးပဲ သူ႔အနားမွာ ၂ နွစ္နဲ႔ ၃ လၾကာေအာင္ ထားခဲ႔တဲ႔ အခ်စ္ႀကီးသူ မိဖုရား...
 အေလာင္းေတာ္ကို ထုတ္မေပးရင္ အိမ္ေပၚက အတင္းဆဲြခ်မယ္ ဆိုျပီး လာဝိုင္းတဲ႔ အဂၤလိပ္စစ္တပ္ကို မုဆိုးမ ပူပူေႏြးေႏြးေပမယ္႔ အံကို တင္းတင္းႀကိတ္ျပီး အိမ္မွာ ေမြးထားတဲ႔ ေခြးေတြနဲ႔ ရွဴးတိုက္ကာ အတင္း ကိုက္ခိုင္းတဲ႔ မေၾကာက္မရြံ႕ မိဖုရား...
 သီေပါမင္း မရွိေတာ႔လို႔ သူတို႔ မိသားစုေတြ ရန္ကုန္ ျပန္ပို႔ခံရတဲ႔အခ်ိန္ မက်န္းမမာ ျဖစ္ေနတာေတာင္ အဂၤလိပ္ဘုရင္ခံက လႊတ္လိုက္တဲ႔ ဖာရစီဆရာဝန္ရဲ႕ ေဆးကုသမႈကို လုံးဝ လက္မခံပဲ အသက္သာ အေသခံသြားတဲ႔ ကုန္းေဘာင္ မင္းဆက္ရဲ႕ ေနာက္ဆုံး နန္းက် မိဖုရား...
ဒါေတြဟာ အားမတန္ေပမယ္႔ မာန္ကို မေလ်ွာ႔ခဲ႔တဲ႔.. ဒူးလည္းမေထာက္ လက္လည္း မေျမွာက္ခဲ႔တဲ႔ စုဖုရားလတ္ရဲ႕ မာနေတြလား...
တစ္တိုင္းျပည္လုံး သူ႔ကြ်န္ဘဝမွာ ျပားျပားဝပ္ ေနတာေတာင္ ရတဲ႔နည္းနဲ႔ နယ္ခ်ဲ႕ကို ဆန္႔က်င္ ဆႏၵျပခဲ႔တဲ႔ နန္းက် မိဖုရား တစ္ဦးရဲ႕ ေတာ္လွန္ေရး စိတ္ဓာတ္ေတြလား ဆိုတာကေတာ႔ သူပဲ အသိဆုံး ျဖစ္မွာပါဗ်ာ.....။
#စုဖုရားလတ္နဲ႔ဒိုင္းခင္ခင္
"စုဖုရားလတ္သည္ သီေပါမင္းကို မင္းသားဘဝထဲကေတြ႕ဖူးသျဖင့္ အ႐ိုအေသမရွိေခ် ။
ဒိုင္းခင္ခင္သည္ သီေပါမင္းကို ဘုရင္ျဖစ္မွေတြ႕ရျခင္းေၾကာင့္ ေလးစား ေၾကာက္ရြံ႕မႈ႕ရွိသည္ ။
ထို ၂ ခ်က္သည္ မိုးႏွင့္ေျမလို အကြာႀကီးကြာ၏ ။
စုဖုရားလတ္ထံတြင္ မေတြ႕ရေသာ မိန္းမတေယာက္၏ အေရးေပး ေလးစားျခင္းကို ဒိုင္းခင္ခင္ ဆီမွ ရ၏ ။ဒိုင္းခင္ခင္ႏွင့္ ေတြ႕ရသည့္အခါ သိမ္ငယ္စိတ္မ်ား ေလ်ာ့ပါးေစသည္။ မိန္းမတေယာက္ ၏ အေလးျမတ္ ျပဳျခင္း ေၾကာင့္ ေယာက္က်ားတေယာက္အတြက္ လိုအပ္ေသာ မိမိကိုယ္မိမိ ယုံၾကည္စိတ္ခ် ျခင္းကို ခံစား ရ၏ ထို႔ေၾကာင့္ အလြန္ ျမတ္ႏိုး ေလသည္။
စုဖုရားလတ္သိခ်ိန္တြင္ ဒိုင္းခင္ခင္သည္ ကိုယ္ဝန္လြယ္ ထားရေလၿပီ ။
မခန္႔မွန္းႏိုင္ေသာစုဖုရားလတ္ေဒါသကို မည္သူမွ် မတားဆည္း ႏိုင္ေပ ။ထိုကာလသည္ မိန္းမတေယာက္ အခ်စ္ဆိပ္ ငယ္ထိပ္မွာ တက္ေနေသာ အခ်ိန္ ပင္။ "
စာေရးေကာင္းတဲ့ Sis Ellen Grace ေရးထားတဲ့ စာေလးတပုဒ္ထဲက ဒါေလးဖတ္မိေတာ့ ေယာက်ာၤးျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ တန္ဖိုးထားမႈ႕ နဲ႕ ေလးစားမႈ႕ကို အနဲ နဲ႕ အမ်ားေတာ့ အားလံုးလိုခ်င္ၾကသူခ်ည္းလို႕ ေတြးမိတယ္ ။
ေဖာက္ျပန္တယ္လို႕ နာမည္ဆိုးေတြ တပ္ၾကတဲ့ ႏွလံုးသားအလိုလိုက္မႈ႕ေတြဟာ အဲဒီတန္ဖိုးထားမႈ႕နဲ႕ ေလးစားမႈ႕မရွိျခင္းကလာတယ္ ။
တခ်ိဳ႕က အခ်စ္ဆိုတဲ့ စကားလံုးကို တြင္တြင္သံုးတယ္ ။
ျပီးေတာ့ သူတို႕ က မခ်စ္တတ္ၾကဘူး ။
ငါ့ လက္ခုပ္ထဲကေရ ဆိုျပီး တန္ဖိုးထားမႈ႕ေလွ်ာ့လာရင္ ၾကာရင္ အိမ္ေထာင္ေရးကို စိတ္ကုန္လာတတ္တာပါပဲ ။
သိပ္ခ်စ္လို႕ လက္ထပ္ခဲ့ၾကတဲ့ လင္မယား ၂ ေယာက္ရွိတယ္ ။ အသက္လည္း မတိမ္းမယိမ္း ။ ဇနီးျဖစ္သူကလည္း သိပ္ေခ်ာ သိပ္က်က္သေရ ရွိတယ္ ။ သူတုိ႕ က မရွိအတူ ရွိအတူ ရုန္းကန္လာၾကတယ္ ။ ဇနီးျဖစ္သူက ပိုထက္ျမက္ စီးပြားရွာတာ ပို ေတာ္တယ္ ။ ေယာက်ာၤးက သိပ္မထက္ဘူး ။ ဇနီးရွာလို႕ ခ်မ္းသာလာတယ္ ေယာက်ာၤးက အလုပ္တခု လုပ္လုိက္ ရံႈးလိုက္ နဲ႕ မေအာင္ျမင္ဘူး ။ ၾကာေတာ့ မိန္းမက ေယာက်ာၤးကို အထင္ေသးလာတယ္ ။ အထင္မၾကီးေတာ့ တဲ့ အခါ အရိုအေသ တန္လာတယ္ ။ ႏွစ္ေတြၾကာေတာ့ ခ်ဴစားခ်င္လို႕ ေယာက်ာၤးကို အစ္ကို ရဲ႕ အစ္ကိုက သိပ္ေတာ္တာပဲ ဆိုျပီး ေျမွာက္တဲ့ မိန္းမနဲ႕ ေတြ႕ေတာ့ အဲဒီေယာက်ာၤးပါသြားေရာ ။ အဲဒီ ေျမွာက္ပင့္ခ်ဴ စားတဲ့ မိန္းမ ရဲ႕ ရုပ္ရည္ အသြင္အျပင္ဟာ မယားၾကီး ေျခဖ်ားေတာင္ မမွီဘူး ။ ဒါေပမယ့္ ေယာက်ာၤးရဲ႕ အတၱ နဲ႕ မာန ကို အေရာင္တင္ေပးႏိုင္ေတာ့ အဲဒီ မိန္းမကိုသာ ေပါင္းသငး္ဖို႕ ေယာက်ာၤးက ေရြးခ်ယ္ခဲ့တယ္ ။
ပံုျပင္ေလးကေတာ့ ဒါပါပဲ ။ လင္နဲ႕ မယား အတူေနတာၾကာျပီး တေယာက္အေၾကာင္း တေယာက္ သိပ္သိသြားရင္ ေလးစားအထင္ၾကီးတာေတြမက်န္ေတာ့တဲ့ အခါ အခ်စ္ဆိုတာလည္း မက်န္ေတာ့ဘူး ..
အခ်စ္နဲ႕ ေလးစားျခင္းဟာလည္း တိုက္ရိုက္ အခ်ိဳးက်ပါတယ္ ..ေလးစားႏိုင္မွလည္း ခ်စ္ႏိုင္မွာ ..
ေလးစားဖို႕ တန္ဖိုးထားဖို႕ ဆိုတာကလည္း အလကားမရႏိုင္ပါ ..
ေလးစားေအာင္ တန္ဖိုးရွိေအာင္ ေနပါမွ ပဲ ရႏိုင္မယ္ မဟုတ္ဘူး.
.
မႏၲေလးစာျကည့္တိုက္ ေဇာ္ေဇာ္  ၀၉၂၅၆၁၁၆၇၂၇
=============

ရွေ့လျှားခဲ့တဲ့ သက္ကရာဇ်တို့အတွင်း၌ ခေတ်ပြိုင်မတူ အယူကွဲပြားမှု့တွေကြားက သမိုင်းဖြစ်စဉ် ခဲခြစ်အက္ခရာတွေထက်မှာ စုဖုရားလတ်ကို ညွှန်းဆိုထားလိုက်သည်က …
အရှက်အကြောက်မရှိတဲ့ မိဖုရားးး
ဘုရင်ကိုနိုင်တဲ့ မိဖုရားးး
လူကြီးသူမကို ဆော်ကားတဲ့ မိဖုရားးး
တိုင်းပြည်ကို ဖျက်တဲ့ မိဖုရားးး
စတဲ့သမိုင်းရေးဆရာတို့ရဲ့ စွပ်စွဲချက်တွေပာာ ခဲခြစ်ရာတွေ မှေးမှိန်ခဲ့သည့်တိုင်အောင် စုဖုရားလတ်ရဲ့ အကြောင်းက မမှေးမှိန်ပဲ ကြောက်မက်ဖွယ်ရာ မိန်းမရိုင်းကြီး တစ်ယောက်အဖြစ် ထင်ကျန်နေခဲ့ရလေ၏ ။
တကယ်တော့ … စုဖုရားလတ်ကို မိဖုရားတစ်ယောက်အဖြစ်မှ ခဏထားလို့ အရပ်စကားနဲ့ အရပ်သူ/သား ဆန်ဆန် တွေးကြည့်ပေးကြစမ်းပါ ။ ကိုယ့်ချစ်သူပာာ တစ်ခြားသေား ချစ်သူမပာုတ်တဲ့သူတစ်ယောက်နှင့် လက်ထပ်မှာကို ဘယ်သူက လွယ်လွယ်နဲ့ လက်လျှော့ချင်ကြမှာလဲ … နောက်ပြီးတော့ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စကားကရေား တစ်ခြားသူတွေအတွက် မှန်ပြီးတော့ စုဖုရားလတ်အတွက်ကြမှ ဘာဖြစ်လို့မှန်မလာရတာလဲ … ဒိုင်းခင်ခင်(ခေါ်) အပျိုးတော် ခင်ခင်ကြီးကို ကွက်မြတ်ခဲ့တဲ့ အပေါ်မှာလည်း ကိုယ်အရမ်းချစ်တဲ့ ယောကျင်္ားမှာ မယားငယ်ရှိနေတာကို ကြည်ဖြူပေးနိုင်တဲ့သူရယ်လို့ ရှိမယ်မထင်ပါ မတတ်သာလို့သာ နေနေကြရတာပါ။ တစ်လင် တစ်မယားစနစ်ကို ဦးစားပေးနေတဲ့ စုဖုရားလတ် လိုသူတစ်ယောက်က ဒိုင်းခင်ခင် ကိုကွက်မြတ်လိုက်တယ်ဆိုတာ ဖြစ်တတ်တဲ့ စိတ်သဘေားဆိုတာကို နားလည်ခံစားပေးနိုင်ကြပါ့မလား။
စုဖုရားဟာ မောင်တော် သီပေါကို ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင် ဟိုးးး ငယ်ငယ်လေးထဲက အမြဲတမ်း ချစ်လာခဲ့တဲ့ သူပါ။ တစ်နေ့ကြရင် မောင်တော် သီပေါ ဘုရင် ဖြစ်လာလိမ့်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ချစ်ခဲ့တာ မဟုတ်ဘူး။ မောင်တော် ..ဘုရင် မဖြစ်လည်း စုဖုရားက လက်ထပ်မယ် ဆိုတဲ့ အတွေးနဲ့ ချစ်ခဲ့ရသူပါ...
ပြောရရင် ကလေးကလား ဆန်နေမလားတော့ မသိဘူး။ စုဖုရားက အပျိုပေါက် မင်းသမီးလေး ဘဝမှာတောင် ယောင်္ကျားလေးလိုဝတ်၊ ယောင်္ကျားလေးတွေနဲ့ ခပ်ကြမ်းကြမ်း ဆော့ကောင်းတုန်း...
နန်းတော်ထဲက အဆောင်တော် မှန်သမျှ စုဖုရား မရောက်တဲ့နေရာ မရှိဘူး။ ယောင်္ကျားလေးလို ဝတ်ပြီး ဟိုစပ်စပ် ဒီစပ်စပ် ပါတတ်လွန်းလို့ နန်းတွင်းက သတင်း၊ အတင်းပေါင်းစုံ စုဖုရား သိပါရဲ့။ ကလေးပီပီ သိသမျှ အကုန် ပြောတတ်လွန်းလို့ ခမည်းတော်က သမီးတော်တွေ အများကြီးထဲမှာ စုဖုရားကို အလိုလိုက်ပြီး မျက်နှာသာပေး၊ ပြောရရင် (အမိန့်တော်ထုတ်ပြီး ခန့်အပ်ထားခြင်း မရှိတဲ့) ခမည်းတော်ရဲ့ ကလေးသူလျှို ပေါက်စလေးပေါ့...
တစ်ခြား မင်းသားတွေနဲ့ စုဖုရားတို့ ကစားနေပြီဆို မောင်တော် သီပေါက ခပ်လှမ်းလှမ်းကနေ ငေး... သူ့ ပုံစံက ခပ်အေးအေးလေ.. စုဖုရားက အတူ ကစားဘို့ခေါ်ရင် ခေါင်းခါပြီး ထွက်ပြေးရော...
တစ်နေ့တော့ စုဖုရားလည်း စိတ်ပေါက်ပေါက် ရှိတာနဲ့ သူ့ လက်ကို အတင်းဆွဲပြီး အတူ ကစားခိုင်းပါလေရော.. သူ့ခမြာ စုဖုရားကို ကြောက်လို့ ကစားသာ နေရတယ်.. မျက်နှာက ငိုမဲ့မဲ့နဲ့...
အဲဒီ အချိန်ကတည်းက စိတ်အားငယ်တတ်တဲ့ သူ့ကို (မင်းသမီး ဖြစ်ပါလျှက် ယောင်္ကျားလေးလိုု ခပ်ကြမ်းကြမ်း နေလာခဲ့တဲ့ ) စုဖုရားက.. သနားစိတ်နဲ့ ချစ်မိသွားသလားတော့ မပြောတတ်ပါဘူး...
အမယ်.. တစ်နေ့တော့ ကိုယ်တော်ချောက ဘာစိတ်ကူး ပေါက်လာလည်း မသိဘူး။ ကစားရင်းနဲ့ လူရှင်းသွားတော့ သူ့ ခါးကြားထဲက စာလွှာတစ်စောင် ထုတ်ပေးပါရော...
ဘာစာတုန်းလို့ မသိချင်ယောင် ဆောင်ပြီး မေးလိုက်တော့ ထုံးစံအတိုင်း မျက်နှာကြီး နီလို့.. ခေါင်းကြီး ငုံ့ပြီး တေမိမင်းသား လုပ်နေပြန်ပေါ့...
ဒီလောက် ပျော့စိစိ နိူင်တဲ့ သူ့ကို စုဖုရားလတ် စိတ်ပေါက်ပေါက်နဲ့ ခေါင်းကို ဒေါက်ကနဲ ခေါက်ထားခဲ့ပြီး ပြေးထွက်လာခဲ့တယ်...(တကယ်ဆို သူက စုဖုရားထက် ၂ နှစ်တောင် ကြီးတာ။ တတ်နိူင်ဘူး.. ငရဲ့ကြီးလည်း ကြီးပစေပေါ့။ နေရာတကာ မြုံစိစိ နိူင်လွန်းတဲ့ ရေခဲတုံးကို တစ်ခါတစ်လေ အမြင်ကို ကတ်ရော.. ဟွန်း..)
ခစ်ခစ်.. စာလွှာလား... ဘယ်ကျန်ခဲ့မှာတုန်း။ သူ့လက်ထဲက ဆတ်ကနဲ ဆွဲယူလာပြီး အဆောင်တော်ကို အပြေးတပိုင်း ပြန်လာတာပေါ့။
ပြေးရလို့လား.. သူ့ မေတ္တာစာကြောင့်လား မသိ.. စုဖုရား ရင်ထဲမှာ တလှပ်လှပ် တဖိုဖိုနဲ့ အဲဒီနေ့ တစ်နေ့လုံး ထိုင်ရမလို၊ ထရမလို ဖြစ်နေခဲ့တာ.. သူကတော့ သိမှာ မဟုတ်ပါဘူးလေ...
ပြောပြီးုပြီပဲ.. စုဖုရားက မဆွတ်မှီ ကတည်းက ညွှတ်ချင်နေတဲ့ သူပါ.. မချွေခင် ကတည်းက ကြွေချင်နေတဲ့ သူပါ..ဒါပေမယ့် ထုံးစံအတိုင်း မိန်းကလေး ပီပီ နည်းနည်းတော့ အိုက်တင် ခံရသေးတာပေါ့နော့...
အင်း... ပြောရရင်တော့ အဲဒီရက်တွေဟာ စုဖုရားရဲ့ ဘဝမှာ ပျားရည်မြစ်တွေ စီးဆင်းခဲ့တာပါ။ မြင်မြင်သမျှ လောကကြီးဟာ.. စုဖုရားအတွက်တော့ အလှပဆုံး ကမ္ဘာ၊ အလှပဆုံး အချိန်တွေပဲပေါ့။ ဖြစ်နိူင်ရင်.. စုဖုရားလေ.. အဲဒီအချိန်တွေကို ပြန်လိုချင်လိုက်တာ...
ကိုရင်ဝတ်ခဲ့တဲ့ မောင်တော် .. ပထမကြီး၊ ပထမလတ်၊ ပထမကျော် စာမေးပွဲတွေ အောင်တော့ ခမည်းတော် မင်းတုန်းမင်းက" ဒါမှ ငါ့သား" ဆိုပြီး လက်ခမောင်း ခတ်သလို စုဖုရားမှာလည်း မောင်တော့်အတွက် ဂုဏ်ယူလိုက်ရတာ.. တစ်သက်လုံး ယောင်္ကျားလေးလို နေလာတဲ့ စိတ်ကြမ်း၊ ကိုယ်ကြမ်း စုဖုရားက ချစ်ရသူအတွက် ကြည်နူးမျက်ရည်တွေ ကျခဲ့ရတယ် ဆိုရင် ဘယ်သူ ယုံမှာတဲ့လည်း...
တစ်နေ့..
မယ်တော်ဘုရားရဲ့ အဆောင်တော်မှာ ခမည်းတော်ဘုရားက " ငါ့ သားတော်ကြီးတွေထဲမှာ ထက်မြက်တဲ့ သူတွေ ရှိသလို၊ အပျော်ကြူးနေသူတွေလည်း ရှိရဲ့။ အိမ်း.. ဒါပေမယ့် ပထမကျော်တော့ ဘယ်သူမှ မဖြစ်ခဲ့ဘူး။ အဲဒီတော့..မင်းသားငယ် ဆိုပြီး အားတော့ မငယ်နဲ့။ ကြိုးစားရင် ဘုရင် ဖြစ်နိူင်တာမို့ ကြိူးစားဗျ".. လို့ မိန့်တော်မူတာကို မောင်ဘုရားက ထုံးစံအတိုင်း ငူငူကြီး လုပ်နေပြန်ရော...
စုဖုရားမှာ သူ့ကိုကြည့်ပြီး အားမရလိုက်တာလေ.. ဒါနဲ့ တော်၏၊ မတော်၏ မစဉ်းစားတော့ဘူး... ခမည်းတော်တို့ ရှေ့မှာတင် သူ့ကို တွန်းပစ်လိုက်ပြီး "အဲလိုဆိုလည်း ဘုန်းကြီးပဲ တစ်သက်လုံး ဝတ်နေတော့"..လို့ စိတ်ပေါက်ပေါက်နဲ့ ပြောပစ်လိုက်မိတယ်...ဟုတ်တယ်လေ.. အဲဒါသာကြည့်။ စုဖုရား စိတ်တိုတာ လွန်သလားလို့...
ခမည်းတော်နဲ့ မယ်တော် ဆင်ဖြူမရှင်ကတော့ " အိမ်း.. သီပေါမင်းသားကတော့ ရိုးယုံတင်မကဘူး။ အ တာကွဲ့.. အတာ "..လို့ မိန့်ပြီး ပြုံးနေလေရဲ့...
တိုတိုပဲ ပြောကြပါစို့ရဲ့။ နောက်တော့ မယ်တော် ဆင်ဖြူမရှင်နဲ့ ကင်းဝန် ဘိုးဘိုးတို့ရဲ့ ထောက်ခံမှုနဲ့ မောင်တော် အိမ်ရှေ့မင်းသားဖြစ်၊ ခမည်းတော် နန်ရွာစံတော့ ဘုရင်ဖြစ်လာပါလေရော...
အင်း.. မောင်တော်ကတော့ "မရွယ်ပဲနဲ့ စော်ကဲ မင်းဖြစ်" ပြီ... ဒါဆို.. သူ့ကို ရွှေရင် သိမ်းသစ်စ အရွယ်ကတည်းက သနားစိတ်နဲ့ ချစ်အားပိုခဲ့ရသူ နှမတော်လေး စုဖုရားကကော.. ဘာဖြစ်လာမှာတုန်း...
အို.. စုဖုရား တစ်ကိုယ်လုံး ရင်တွေ ဖိုလိုက်တာ မောင်တော်ရယ်...
နန်းရင်ပြင်ပေါ်မှာ မိဖုရားအဖြစ်စံမြန်းရတော့ တိုင်းရေးပြည်ရေးရာမှာ ထင်သလောက် နားမလည်ပင်သောငြားလည်း တိုင်းပြည်ကို ချစ်လို့ စစ်ကြေငြာခဲ့ချင်တာအမှန်ပါ ။ အဲဒီနေရာမှာ စုဖုလတ်မပာုတ်ပဲ တစ်ခြားမင်းသားကြီးတွေဆိုရင်လည်း စုဖုရားလတ်လိုပဲ စစ်တိုက်ချင်ကြမှာပါပဲ ဒါ့ကြောင့် စိတ်ထက်တဲ့ တစ်ခြားမင်းသားတွေကို နန်းမတင်ပဲ မောင်တော်သီပေါမင်းသားကို နန်းတင်ခဲ့တာပဲကြည့်ပေါ့ …
ကံအကြောင်းမလှတော့ ကုန်းဘောင်းမင်းဇာတ်ရဲ့ မိုက်မဲမှု့တွေအားလုံးက စုဖုရားလတ် ခေါင်းပေါ်မှာပဲ စုပုံကျလာသလို ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် စုဖုရားလတ်က ပါတော်မူသည့်တိုင်အောင် မာန်မကျသေးပဲ တည်ရှိနေတာကတော့ မျိုးချစ်စိတ်လား မာန်မာနလားဆိုတာတော့ စုဖုရားလတ်ကိုယ်တိုင်လည်း မဝေကွဲတတ်တော့ပါ ။
ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှတဲ့ စုဖုရာလတ်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ စုဖုရားလတ်...
သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ စုဖုရားလတ် ...
သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ စုဖုရားလတ် ...
ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိ စုဖုရားလတ်...
အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ စုဖုရားလတ်...
ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen Su Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ စုဖုရားလတ် ...
သီပေါဘုရင်ရဲ့ အလောင်းကို ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၃ နှစ်နဲ့ ၂ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ စုဖုရားလတ် ...
အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ စုဖုရားလတ် ...
သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား စုဖုရားလတ် ...
၁၅.၁၂.၁၉၁၆ နေ့မှာ နတ်ရွာစံခဲ့တဲ့ သီပေါမင်းရဲ့ အလောင်းတော်ကို အင်္ဂလိပ်က မြန်မာပြည်ကို ပြန်သယ်ဆောင်ခွင့်မပေး၊ ယုတ်စွအဆုံး မြန်မာပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ပင့်ဆောင်ပြီး သရဏဂုံလေးတောင် တင်ခွင့်မပေးတဲ့အတွက် စုဖုရားလတ်က အသည်းနာစွာနဲ့ အလောင်းတော်ကို ထုတ်မပေးပဲ ၃ နှစ်နဲ့ ၂ လခန့် သူနဲ့အတူထားပြီး တင်းခံ နေတဲ့အချိန်...
အဲဒီအချိန်မှာ အင်္ဂလိပ်က ဂျာမဏီနဲ့ ပထမ ကမ္ဘာစစ် ဖြစ်နေတော့ ဒီ အလောင်းတော် ကိစ္စကို ခေါင်းထဲ သိတ်ထည့် မထားဘူး။ ၁၉၁၈ ခုနှစ်၊ နိူဝင်ဘာလမှာ ဂျာမဏီ စစ်ရှုံးလို့ ပထမ ကမ္ဘာစစ်ကြီး ပြီးသွားတော့ မှ မုဆိုးမ စုဖုရားလတ်တို့ သားအမိ တတွေကို မြန်မာပြည် ပြန်ပို့ဘို့ စဉ်းစားပြီ။
ထွက်လာပါပြီ... အင်္ဂလိပ်ရဲ့ ရာဇသံ။ "၂၃.၂.၁၉၁၉ နေ့ နောက်ဆုံးထားပြီး စုဖုရားလတ်နဲ့ သမီးတော်တွေ ရတနာဂီရိက ထွက်။ သီပေါမင်း အလောင်းကို ဒီအတိုင်း ထားခဲ့။ ရတနာဂီရိမှာပဲ ဂူသွင်း သင်္ဂြိုလ်ပေးမယ် "...တဲ့။
မာနခဲ စုဖုရားလတ်ကလည်း ခပ်ပြတ်ပြတ်ပဲ အကြောင်းပြန်တယ်။ " ငါ့ယောင်္ကျား အလောင်းမပါပဲ ပြည်တော် မပြန်ဘူး။ နင်တို့ ကြိုက်သလိုလုပ် "
အလောင်းတော် တိုက်ပွဲက နှစ်ဖက်စလုံး တင်းခံနေတော့ အင်္ဂလိပ်က ဘီလူးဆိုင်း စတီးပါပြီ။ ရတနာဂီရိ စံအိမ်တော်ကို အင်္ဂလိပ် စစ်တပ်နဲ့ဝိုင်း။ အလောင်းတော်ကို အသာတကြည် ထုတ်မပေးရင် အင်အားသုံးပြီး လုစေ...
ကြံရာမရဖြစ်သွားရှာတဲ့ စုဖုရားလတ်ခမြာ အေးအတူ ပူအမျှ နေလာခဲ့တဲ့ ချစ် လင်ဖြစ်သူရဲ့ အလောင်း ပါသွားမှာ စိုးရိမ်တာနဲ့ စံအိမ်မှာ မွေးထားတဲ့ ခွေးတွေကို ရိုက်နှက်ပြီး လက်နက် အပြည့်အစုံပါတဲ့ အင်္ဂလိပ် စစ်တပ်ကို ရှူးတိုက််ပြီး ကိုက်ခိုင်း။ ချစ်လင်ရဲ့ အလောင်းပေါ် အလျားလိုက် မှောက်ပြီး " ငါ သေမှ ငါ့လင် အလောင်းကို ရမယ်။ သတ္တိရှိရင် ပစ်ကြ "... လို့ စိန်ခေါ်... စံအိမ်တော်ပေါ်မှာ ကမ္ဘာပျက်သလို အော်ဟစ် ငိုယို နေကြရရှာလေတော့သည် ။
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား... ဒါမှမပာုတ် တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ???စုဘုရားလတ် နှင့်ပတ်သက်၍ လူတွေ မသိသေးတဲ့ အကြောင်း
စုဘုရားလတ် နှင့်ပတ်သက်၍ လူတွေ မသိသေးတဲ့ အကြောင်း
သီပေါ မင်း နှင့် မိဖုရား ဖြစ်သူ စုဖုရားလတ်
စုဖုရားလတ်နဲ့ ပတ်သက်လာရင် လူတွေ အများစုသိတာက...ဘိသိက်ခံတဲ့အချိန် အစ်မကို တွန်းဖယ်ပြီး အတင်း နေရာဝင်လုတဲ့ မိဖုရား.လင်ကို အရမ်းနိူင်တဲ့ မိဖုရား... ပြင်ပဗဟုသုတ အားနည်းတဲ့ မိဖုရား...ကင်းဝန်မင်းကြီးကို သနပ်ခါး ကျောက်ပျဉ်တွေ ပို့ခိုင်းတဲ့ ခပ်ရင့်ရင့် မိဖုရား... စသည်..စသည်ဖြင့် မကောင်းတာတွေချည်းပဲ ခပ်များများ ဖတ်ခဲ့ရတော့ဘယ်လိုမိဖုရားပါလိမ့်လို့ တွေးမယ်ဆို တွေးချင်စရာချည်း ပါပဲ။
♦ ဒါပေမယ့်.. ဒါပေမယ့်လည်းဗျာ... ပါတော်မူတဲ့အချိန်မှာ ဗီရိုလှည်းနဲ့ နှိမ့်ချ သယ်ဆောင် ခံရတော့ လှည်းဘေးက အင်္ဂလိပ်စစ်သားဆီ မီးခြစ်တောင်းပြီး (ဆေးလိပ် သိတ်မကြိုက်လှပေမယ့်) "နင်တို့လောက်တော့ ငါက ဆေးလိပ်သောက်တောင် မပျက်ဘူး " ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူကို ထီမထင် လုပ်ပြခဲ့တဲ့ မိဖုရား...
♦သူရိယသင်္ဘောပေါ်က အခန်းထဲမှာ ခေတ္တ လဲလျောင်း နေတဲ့အချိန် တံခါးမခေါက်၊ ခွင့်မတောင်းပဲ ဗြုန်းဆို အခန်းထဲ ဝင်လာတဲ့ အင်္ဂလိပ် ဗိုလ်မှူးကို ထွေးခံနဲ့ ကောက်ပေါက်လိုက်တဲ့ ဆတ်ဆတ်ကြဲ မိဖုရား...
♦ သင်္ဘောကပ္ပတိန်ရဲ့ ဇနီးက သူထိုင်နေတဲ့ ဆိုဖာပေါ် ခွင့်မတောင်းပဲ ဝင်ထိုင်လို့ သစ်သီးထည့်တဲ့ ပန်းကန်ပြားနဲ့ မျက်နှာကို ပေါက်ထည့်လိုက်တဲ့ အထိမခံ မိဖုရား...
♦ ထမင်းပွဲ ပြင်ပေးတဲ့ ကုလားစားပွဲထိုးက အောက်ကျသွားတဲ့ ခက်ရင်းကို မဆေးပဲ စားပွဲပေါ် ဒီအတိုင်း တင်ပေးလိုက်လို့ အဲဒီခက်ရင်းနဲ့ပဲ ကုလားလက်ကို ထိုးစိုက်ပစ်ခဲ့တဲ့ အာဂမိဖုရား...
♦ အရှင်နှစ်ပါး ရှေ့တော်ဝင်ရင် ဘာလက်နက်မှ ကိုင်ဆောင်ခွင့်မရှိတဲ့ မြန်မာ့ထီးနန်း ဓလေ့ထုံးစံ ရှိနေတာ သိသိကြီးနဲ့ ခြောက်လုံးပြူး ခါးချိတ်ပြီး ခပ်တည်တည် ဝင်လာတဲ့ မျက်နှာဖြူအရာရှိကို ( လင်တော်မောင် ဆွဲထားတဲ့ကြားက ) အလှစိုက် ပန်းအိုးနဲ့ ပေါက်ပစ်ခဲ့တဲ့ သတ္တိခဲ မိဖုရား...
♦ ရတနာဂီရိမှာ သီပေါမင်း နတ်ရွာစံတော့ မသာစရိတ် မစို့မပို့ လာဆက်တဲ့ အင်္ဂလိပ် အရာရှိက အရင်တုန်းကလို Your Majesty လို့ မခေါ်တော့ပဲ ( သီပေါမင်း မရှိတော့လို့ နှိမ့်ချတဲ့ သဘောနဲ့ ) Queen S..u Phaya Latt လို့ တမင် ခေါ်ခဲ့တဲ့အတွက် အဲဒီငွေထုပ်နဲ့ မျက်နှာကို ပစ်ပေါက်ခဲ့တဲ့ မာနခဲ မိဖုရား...
♦ အင်္ဂလိပ်က သီပေါမင်း အလောင်းတော်ကို မြန်မာပြည် ပြန်သယ်ခွင့် မပေးပဲ ရေခြား မြေခြား တိုင်းတစ်ပါးက ရတနာဂီရိ မှာအတင်း သင်္ဂြိုလ်ခိုင်း။ ယုတ်စွအဆုံး ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သေသူအတွက် သရဏဂုံလေးတောင် တင်ခွင့်မပေးခဲ့လို့ လင်ဖြစ်သူရဲ့ အလောင်းကို လုံးဝ ထုတ်မပေးပဲ သူ့အနားမှာ ၂ နှစ်နဲ့ ၃ လကြာအောင် ထားခဲ့တဲ့ အချစ်ကြီးသူ မိဖုရား...
♦ အလောင်းတော်ကို ထုတ်မပေးရင် အိမ်ပေါ်က အတင်းဆွဲချမယ် ဆိုပြီး လာဝိုင်းတဲ့ အင်္ဂလိပ်စစ်တပ်ကို မုဆိုးမ ပူပူနွေးနွေးပေမယ့် အံကို တင်းတင်းကြိတ်ပြီး အိမ်မှာ မွေးထားတဲ့ ခွေးတွေနဲ့ ရှူးတိုက်ကာ အတင်း ကိုက်ခိုင်းတဲ့ မကြောက်မရွံ့ မိဖုရား...
♦ သီပေါမင်း မရှိတော့လို့ သူတို့ မိသားစုတွေ ရန်ကုန် ပြန်ပို့ခံရတဲ့အချိန် မကျန်းမမာ ဖြစ်နေတာတောင် အင်္ဂလိပ်ဘုရင်ခံက လွှတ်လိုက်တဲ့ ဖာရစီဆရာဝန်ရဲ့ ဆေးကုသမှုကို လုံးဝ လက်မခံပဲ အသက်သာ အသေခံသွားတဲ့ ကုန်းဘောင် မင်းဆက်ရဲ့ နောက်ဆုံး နန်းကျ မိဖုရား...
ဒါတွေဟာ အားမတန်ပေမယ့် မာန်ကို မလျှော့ခဲ့တဲ့.. ဒူးလည်းမထောက် လက်လည်း မမြှောက်ခဲ့တဲ့ စုဖုရားလတ်ရဲ့ မာနတွေလား...
တစ်တိုင်းပြည်လုံး သူ့ကျွန်ဘဝမှာ ပြားပြားဝပ် နေတာတောင် ရတဲ့နည်းနဲ့ နယ်ချဲ့ကို ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ နန်းကျ မိဖုရား တစ်ဦးရဲ့ တော်လှန်ရေး စိတ်ဓာတ်တွေလား ဆိုတာကတော့ သူပဲ အသိဆုံး ဖြစ်မှာပါဗျာ.....။
#စုဖုရားလတ်နဲ့ဒိုင်းခင်ခင်
"စုဖုရားလတ်သည် သီပေါမင်းကို မင်းသားဘဝထဲကတွေ့ဖူးသဖြင့် အရိုအသေမရှိချေ ။
ဒိုင်းခင်ခင်သည် သီပေါမင်းကို ဘုရင်ဖြစ်မှတွေ့ရခြင်းကြောင့် လေးစား ကြောက်ရွံ့မှု့ရှိသည် ။
ထို ၂ ချက်သည် မိုးနှင့်မြေလို အကွာကြီးကွာ၏ ။
စုဖုရားလတ်ထံတွင် မတွေ့ရသော မိန်းမတယောက်၏ အရေးပေး လေးစားခြင်းကို ဒိုင်းခင်ခင် ဆီမှ ရ၏ ။ဒိုင်းခင်ခင်နှင့် တွေ့ရသည့်အခါ သိမ်ငယ်စိတ်များ လျော့ပါးစေသည်။ မိန်းမတယောက် ၏ အလေးမြတ် ပြုခြင်း ကြောင့် ယောက်ကျားတယောက်အတွက် လိုအပ်သော မိမိကိုယ်မိမိ ယုံကြည်စိတ်ချ ခြင်းကို ခံစား ရ၏ ထို့ကြောင့် အလွန် မြတ်နိုး လေသည်။
စုဖုရားလတ်သိချိန်တွင် ဒိုင်းခင်ခင်သည် ကိုယ်ဝန်လွယ် ထားရလေပြီ ။
မခန့်မှန်းနိုင်သောစုဖုရားလတ်ဒေါသကို မည်သူမျှ မတားဆည်း နိုင်ပေ ။ထိုကာလသည် မိန်းမတယောက် အချစ်ဆိပ် ငယ်ထိပ်မှာ တက်နေသော အချိန် ပင်။ "
စာရေးကောင်းတဲ့ Sis Ellen Grace ရေးထားတဲ့ စာလေးတပုဒ်ထဲက ဒါလေးဖတ်မိတော့ ယောကျာင်္းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် တန်ဖိုးထားမှု့ နဲ့ လေးစားမှု့ကို အနဲ နဲ့ အများတော့ အားလုံးလိုချင်ကြသူချည်းလို့ တွေးမိတယ် ။
ဖောက်ပြန်တယ်လို့ နာမည်ဆိုးတွေ တပ်ကြတဲ့ နှလုံးသားအလိုလိုက်မှု့တွေဟာ အဲဒီတန်ဖိုးထားမှု့နဲ့ လေးစားမှု့မရှိခြင်းကလာတယ် ။
တချို့က အချစ်ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးတယ် ။
ပြီးတော့ သူတို့ က မချစ်တတ်ကြဘူး ။
ငါ့ လက်ခုပ်ထဲကရေ ဆိုပြီး တန်ဖိုးထားမှု့လျှော့လာရင် ကြာရင် အိမ်ထောင်ရေးကို စိတ်ကုန်လာတတ်တာပါပဲ ။
သိပ်ချစ်လို့ လက်ထပ်ခဲ့ကြတဲ့ လင်မယား ၂ ယောက်ရှိတယ် ။ အသက်လည်း မတိမ်းမယိမ်း ။ ဇနီးဖြစ်သူကလည်း သိပ်ချော သိပ်ကျက်သရေ ရှိတယ် ။ သူတို့ က မရှိအတူ ရှိအတူ ရုန်းကန်လာကြတယ် ။ ဇနီးဖြစ်သူက ပိုထက်မြက် စီးပွားရှာတာ ပို တော်တယ် ။ ယောကျာင်္းက သိပ်မထက်ဘူး ။ ဇနီးရှာလို့ ချမ်းသာလာတယ် ယောကျာင်္းက အလုပ်တခု လုပ်လိုက် ရှုံးလိုက် နဲ့ မအောင်မြင်ဘူး ။ ကြာတော့ မိန်းမက ယောကျာင်္းကို အထင်သေးလာတယ် ။ အထင်မကြီးတော့ တဲ့ အခါ အရိုအသေ တန်လာတယ် ။ နှစ်တွေကြာတော့ ချူစားချင်လို့ ယောကျာင်္းကို အစ်ကို ရဲ့ အစ်ကိုက သိပ်တော်တာပဲ ဆိုပြီး မြှောက်တဲ့ မိန်းမနဲ့ တွေ့တော့ အဲဒီယောကျာင်္းပါသွားရော ။ အဲဒီ မြှောက်ပင့်ချူ စားတဲ့ မိန်းမ ရဲ့ ရုပ်ရည် အသွင်အပြင်ဟာ မယားကြီး ခြေဖျားတောင် မမှီဘူး ။ ဒါပေမယ့် ယောကျာင်္းရဲ့ အတ္တ နဲ့ မာန ကို အရောင်တင်ပေးနိုင်တော့ အဲဒီ မိန်းမကိုသာ ပေါင်းသငး်ဖို့ ယောကျာင်္းက ရွေးချယ်ခဲ့တယ် ။
ပုံပြင်လေးကတော့ ဒါပါပဲ ။ လင်နဲ့ မယား အတူနေတာကြာပြီး တယောက်အကြောင်း တယောက် သိပ်သိသွားရင် လေးစားအထင်ကြီးတာတွေမကျန်တော့တဲ့ အခါ အချစ်ဆိုတာလည်း မကျန်တော့ဘူး ..
အချစ်နဲ့ လေးစားခြင်းဟာလည်း တိုက်ရိုက် အချိုးကျပါတယ် ..လေးစားနိုင်မှလည်း ချစ်နိုင်မှာ ..
လေးစားဖို့ တန်ဖိုးထားဖို့ ဆိုတာကလည်း အလကားမရနိုင်ပါ ..
လေးစားအောင် တန်ဖိုးရှိအောင် နေပါမှ ပဲ ရနိုင်မယ် မဟုတ်ဘူး.
.

မန္တလေးစာကြည့်တိုက် ဇော်ဇော်  ၀၉၂၅၆၁၁၆၇၂၇

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...