*အရေးကြီးသတင်း* ကယ်ဆယ်ရေးသွားနေတဲ့ ပရဟိတသမားများသတိရှိကြပါ ဘုရား

 ဘုန်းကြီးယောင် / ပရဟိတသမားယောင် ဆောင်လာတဲ့ မြောက်ပိုင်းသူပုန်အဖွဲ့
 30.11.2016
မြောက်ပိုင်း မဟာမိတ်သောင်းကျန်းသူအဖွဲ့ဟာ  တပ်မတော်စစ်ကြောင်းတွေ
ကို အမျိုးမျိုး နှောင့်ယှက် ပစ်ခတ်နေသလို ...

တစ်ဖက်မှာလည်း  အပြစ်မဲ့ပြည်သူတွေရဲ့  လက်နက်အားကိုးနဲ့ အနိုင်ကျင့်
ခြိမ်းခြောက်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်လာပါတယ်....

နိုဝင်ဘာ ၂၉ ရက်နေ့က တပ်မတော်စစ်ကြောင်းတွေဟာ ဝေဟင်ပစ်ကူနဲ့အတူ
ကွတ်ခိုင် - သိန္နီကြား  နမ့်ပါချီးရွာအနီးက  သူပုန်ယာယီစခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်...

 သူပုန်အဖွဲ့ဟာ အခြေအနေမကောင်းတာကြောင့် ထွက်ပြေးသွားခဲ့ပါတယ်...

ယာယီစခန်းကုန်းနေရာကို ၀င်ရောက်ရှင်းလင်းရာမှာ လုံးဝထင်မှတ်မထားတဲ့
အရာကို တွေ့ရှိလိုက်ပါတယ်...

သံဃာ အသုံးအဆောင် ပစ္စည်းနဲ့အတူ ပရဟိတအဖွဲ့ အမည်ပါ အကျီ င်္များ
ပဲ ဖြစ်ပါတယ်...
 မြောက်ပိုင်းမဟာမိတ် သူပုန်တွေ  ဘယ်လို ဂွင်ဆင်ပြန်ပြီလဲဆိုတာ
ဒီပစ္စည်း သက်သေတွေက ပြောပြနေပါတယ်...

မကြံစည်အပ်၊ မလုပ်အပ်တဲ့ ကိစ္စတွေကို မြောက်ပိုင်း သူပုန်အဖွဲ့က
လုပ်ဆောင်ခဲ့ပါတယ်...

ဘုန်းကြီးယောင် ဆောင်ပြီး တပ်မတော်စစ်ကြောင်းတွေရဲ့ သတင်းကို
ရယူမယ် ...  ပရဟိတသမားယောင် ဆောင်ပြီး  တပ်မတော်စစ်ကြောင်း
တွေရဲ့ အခြေအနေကို သတင်းယူပြီး  မြောက်ပိုင်းအဖွဲ့ဆီ သတင်းပို့မယ်
ဆိုတဲ့ စိတ်ကူးနဲ့ အခုလို ဖန်တီးခဲ့သလို
တပ်မတော်စစ်ကြောင်းက သိရှိလို့  သေနတ်နဲ့ ပစ်သတ်ခဲ့မယ်ဆိုရင်လည်း
ဘုန်းကြီးကို စစ်တပ်က သတ်တယ်...  ပရဟိတသမားကို စစ်တပ်က
သေနတ်နဲ့ ပစ်သတ်တယ်...ဆိုတဲ့  မဟုတ်မမှန် လိမ်ညာ ၀ါဒဖြန့်ဖို့ကိုလည်း
တစ်ဖက်ကလည်း စီစဉ်ထားတာကို တွေ့လိုက်ရပါတယ်...

Credit တပ်ကြပ်ကြီး ဖိုးစီ
ဓာတ်ပုံ နေ၀မ်းထွန်း
Sithu Soe >> Zin Moe

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...