ပညာတတ်ဖို့ထက် အလိုက်သိဖို့က ပိုအရေးကြီးဆိုတာ အလကားမဟုတ်..။

၂၆-၁၁-၂၀၁၆ စနေနေ့ည MRTV တွင် ထုတ်လွှင့်သော ရှင်ကိုးရှင်ဘုရားဖူးခရီး အစီအစဉ်တင်ဆက်သူ presenter
၂၆-၁၁-၂၀၁၆ စနေနေ့ည MRTV တွင် ထုတ်လွှင့်သော ရှင်ကိုးရှင်ဘုရားဖူးခရီး အစီအစဉ် MRTV မှာ ပြနေလို့ မိမိမရောက်ဖူး မဖူးဖူးတဲ့ ဘုရားစေတီတော်ကို ဖူးမြော်ကြည်ညိုဖို့ ကြည့်နေမိပါတယ်။ တင်ဆက်သူ presenter က ဘုရားဖူးတဲ့အခါ ဘောင်းဘီပုံစံမျိုးစုံနဲ့ သွားရောက်တာ မြင်တွေ့ရလို့ စိတ်ထဲ ဘဝင်မကျလှပါ။ 

ခရီးသွားတဲ့အခါ casual wear ဝတ်တာကို အပြစ်မပြောလိုပေမယ့် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတယောက်အနေနဲ့ ဘုရားသွားကျောင်းသွားရင် မြန်မာလုံချည်ကို ယဉ်ကျေးသိမ်မွေ့စွာ ဝတ်ဆင်တဲ့ မြန်မာ့ယဉ်ကျေးမှုကို မထိမ်းသိမ်းတာကို နိုင်ငံပိုင် မီဒီယာဖြစ်တဲ့ MRTV က program တစ်ခုအနေနဲ့ ထုတ်လွှင့်တာ မသင့်တော်ပါဘူး။ 
 ခရီးသွားတဲ့အခါ လွတ်လပ်ပေါ့ပါးတဲ့ အဝတ်အစား ဝတ်ချင်ဝတ်နိုင်ပေမယ့် ဘုရားတက်ခါနီး မြန်မာလုံချည်ကို အလွယ်တကူ လဲလှယ်ဝတ်သင့်ပါတယ်။ အခုခေတ်မှာ လုံချည်ကွင်းမဟုတ်ဘဲ အပြားလိုက် အလွယ်တကူ ပတ်ချည်လိုက်လို့ရတဲ့ လုံချည်မျိုးတွေ ရှိနေပါလျှက်နဲ့ ဒီလိုဖြစ်ရတာ ၂၆-၁၁-၂၀၁၆ စနေနေ့ည MRTV တွင် ထုတ်လွှင့်သော ရှင်ကိုးရှင်ဘုရားဖူးခရီး အစီအစဉ် ရှိုးထုတ်လွန်သွားတယ် ပြောရမလား။ etiquette မရှိဘူးလို့လည်း ဆိုရပါမယ်
ခေတ်မီစွာ ဝတ်စားနိုင်ပေမယ့် သူ့နေရာနဲ့သူ လိုက်ဖက်အောင် ဝတ်ဆင်တတ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ ပုံမှာပြထာတဲ့အတိုင်း presenter အမျိုးသမီး အသားရောင်ဘောင်းဘီအကျပ်နဲ့ ဘုရားထိုင်ရှိခိုးဖို့ ပြင်ဆင်နေတာကို ကြည့်ကြပါတော့။ တာဝန်ရှိသူများ ပြင်ဆင်နိုင်ပါစေ။

ဘုရားကျောင်းကန်သွားတဲ့အခါ ဝတ်သင့်တဲ့ အဝတ်အစားက ဘယ်လိုဆိုတာ နားလည်နိုင်ကြပါစေ။ဘုရားစေတီများ ဘာသာရေးသာသနာရေးကိစ္စများနဲ့ ပက်သတ်တဲ့ တင်ဆက်မှုမျိုးမှာ ဆံပင်အပြင်အဆင်ထုံးဖွဲ့မှု သေသပ်မှု ရှိသင့်သလို ဘုရားနဲ့ပတ်သက်ပြီး ရှင်းပြတဲ့အခါ ဟော့ရမ်းတဲ့အမူအရာများ မပါဖို့လည်း အရေးကြီးပါတယ်။ ။ 

presenter များ ရုပ်သံမီဒီယာများလည်း မိမိတို့တင်ဆက်တဲ့ အစီအစဉ်မှာ အဝတ်အစား အပြင်အဆင် အမူအရာ ဆီလျော်မှုရှိမရှိ ဆင်ခြင်နိုင်ကြပါစေ။ မိဘဆရာသမားတွေလည်း ဗုဒ္ဓယဉ်ကျေးမှုများ မြန်မာ့ယဉ်ကျေးမှု များ သွန်သင်ဆုံးမနိုင်ကြပါစေ။

(၂၆-၁၁-၂၀၁၆ စနေနေ့ည MRTV တွင် ထုတ်လွှင့်သော အစီအစဉ်နှင့်ပတ်သက်၍ ဗုဒ္ဓဘာသာမြန်မာတစ်ဦးအနေဖြင့် ဝေဖန်အကြံပြု ခြင်း ဖြစ်ပါသည်။ ဗုဒ္ဓယဉ်ကျေးမှုများ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းရန် ရေးလိုရင်း ဖြစ်ပါသဖြင့် မယဉ်ကျေးသောအသုံးအနှုံးများဖြင့် comment ရေးခြင်း သည်းခံပါရန် မေတ္တာရပ်ခံပါသည်)

Credit - ဦးတေဇိန္ဒ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...