ထောင်ကလွတ်လွတ်ချင်း ဖောက်ပြန်နေတဲ့ ရည်းစား ကိုဆုံးမပြီး ထောင်ထဲပြန်ဝင်တဲ့အမျိုးသား

ထောင်ကလွတ်လွတ်ချင်း ဖောက်ပြန်နေတဲ့ ရည်းစား ကိုဆုံးမပြီး ထောင်ထဲပြန်ဝင်တဲ့ အမျိုးသား အသက် 23 နှစ်အရွယ် Kevin Yates ဆိုတဲ့ အမျိုးသားဟာ ခိုးမှု၊ ဖောက်ထွင်းမှုတွေနဲ့ ထောင်ဒဏ် 3 နှစ် ချမှတ်ခံခဲ့ရပါ
တယ်။ ပြီးခဲ့တဲ့ အောက်တိုဘာမှာ ထောင်ကနေ ပြန်ထွက်လာတဲ့နေ့မှာ လူမှုကွန်ယက်မှာ သူ့ချစ်သူ Jade Watson 24
နှစ်ရဲ့ ဓာတ်ပုံတွေကို ၀င်ရောက်ကြည့်ရှုတဲ့အခါ အခြားအမျိုးသားတစ်ယောက်နဲ့ တွဲပြီးရိုက်ထားတဲ့ ပုံတွေကို တွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ Kevin ဟာ ဒေါသတွေ ထိန်းမရတော့ဘဲ ချစ်သူ Jade ဆီကို ခြိမ်းခြောက်မက်ဆေ့တွေ ပို့ခဲ့ပါတယ်။ အဆိုပါ မက်ဆေ့ထဲမှာ ” မင်းကို ငါ လာရိုက်မယ် … မင်း ဘယ်လောက် အော်အော် ငါ ဂရုမစိုက်ဘူး … ဒီမြို့မှာ ငါ အ
ကြမ်းဖက်မှုကို မင်း ခံစားရစေမယ် … ငါ ရူးသွားပြီ “ဆိုပြီး ပို့ပေးခဲ့ပါတယ်။
 နောက်ထပ် နှစ်ရက်အကြာမှာ (ထောင်ကလွတ်လို့နှစ်ရက်သာ ရှိသေးချိန်) Jade အလုပ်လုပ်တဲ့ Taxi ရုံးကို သွားပါတယ်။ Jade ဟာ အဲဒီရုံးမှာ Taxi ထိန်းချုပ်ကွပ်ကဲရေး ၀န်ထမ်းတစ်ယောက် ဖြစ်ပါတယ်။ Kevin က အဲဒီကို ရောက်ရောက်ချင်းမှာပဲ Jade ရဲ့ မျက်နှာကို လက်သီးနဲ့ တစ်ချက်ထိုးပြီး၊ ၀မ်းဗိုက်ကို ဆင့်ကာဆင့်ကာ လက်သီးနဲ့ ဆင့်ကာဆင့်ကာ ထိုးပါတယ်။

အဲဒီနောက် လဲကျသွားတဲ့ Jade ရဲ့ ခန္ဓာကိုယ်ဆီက ဖုန်းကိုယူကာ ဖုန်းနံပတ်တွေ၊ မက်ဆေ့တွေ စစ်ပါတယ်။ အ၀တ်တွေကို လူရှေ့သူရှေ့မှာ ဆွဲဖြဲပြီး စိတ်ကြိုက်ပြုမူကာ ပြန်ထွက်သွားခဲ့ပါတယ်။ နောက်တစ်ပတ်ကြာတဲ့အခါမှာလည်း အဲဒီ Taxi ရုံးကို ထပ်သွားခဲ့ပြီး Jade ကို ရိုက်နှက် ကန်ကျောက်ခဲ့ပြီး၊ ကြမ်းပြင်ပေါ် တွန်းလှဲခဲ့ပါတယ်။ နောက် ပြူတင်း
ပေါက်ကို ခဲနဲ့ပေါက်ခွဲပြီး သတ်ပစ်မယ်စသည်ဖြင့် ခြိမ်းခြောက်ခဲ့ပါတယ်။
ဒီပြစ်မှုတွေကြောင့် Kevin ကို ရဲတပ်ဖွဲ့က ထပ်မံထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် 12 ပတ် ချမှတ်ခဲ့ပါတယ်။ဒါဟာ သာမန်ချုပ်ရက်လောက်သာဖြစ်ပြီး Jade အနီးအနားဝန်းကျင်ကို နှစ်နှစ်အတွင်း ချဉ်းကပ်ခြင်း မပြုဖို့ ခံဝန်ကတိရေးထိုးစေထားပါတယ်။ 2015 ခုနှစ် နိုဝင်ဘာလမှာ Kevin ဟာ ပထမဆုံးခိုးမှုကျူးလွန်ခဲ့ရာကနေ အပြင်ကို ခဏပြန်လည်လွတ်မြောက်ခဲ့ပေမယ့် ခံဝန်ချက်ကို ချိုးဖောက်လို့ ထောင်ထဲမှာ ပြန်ထည့်ထားခြင်း ခံရတယ်လို့ သိရပါတယ်။
ယခုနှစ် အောက်တိုဘာလ ရောက်မှ Kevin ဟာ ပြစ်ဒဏ်အားလုံး ကြေလို့ ထောင်ကနေ လွတ်ရက်ရခဲ့တာပါ။ လွတ်လို့ မကြာမီမှာပဲ ချစ်သူကို အကြမ်းဖက်ရိုက်နှက်ခဲ့လို့ ထောင်ဒဏ် 12 ပတ် ကျခံရမှာ ဖြစ်ပါတယ်။ တကယ်လို့ ထောင်က လွှတ်လာရင်လည်း ခံဝန်ချုပ်ပါ အချက်အလတ်တွေ ကျူးလွန်ကြောင်း သံသရရှိရင်တော့ ပိုမိုပြင်းထန်တဲ့ ထောင်ဒဏ် ထပ်မံကျခံရဖို့ ရှိနေပါတယ်။
source : thesun.co.uk
Credit - lwinpyin

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...