ရွှေမှုံရတီနဲ့ ကိစ္စကို ပြန်ဖြေရှင်းလိုက်တဲ့ ဘန်နီဖြိုး


ဘန်နီဖြိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရွှေမှုံရတီကို tag ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းလိုက်ပါတယ်။
ဘန်နီဖြိုးရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ "ငါဟာမင်းအတွက် လိုသုံး တစ်ယောက်ပါပဲ *B*"ဆိုပြီး ရေးသားကာ ရွှေမှုံရတီကို tag ထားခြင်းဟာ ပရိသတ်တွေကို ဆေးထိုးလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
play

ဘန်နီက မကြာခင်မှာ ကျရောက်မယ့် သူ့ရဲ့ မွေးနေ့မှာ "လိုသုံး" ဆိုတဲ့ music video ကို ပရိသတ်တွေအတွက် လက်ဆောင်ပေးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီ လိုသုံး သီချင်းမှာ သရုပ်ဆောင်မယ့် သူကတော့ ရွှေမှုံရတီဖြစ် ပါတယ်။
ပရိသတ်တွေကို ဆေးထိုးလိုက်တာနဲ့ ပတ်သက်ပြီး ယခုလို ပြောပြထားပါတယ်။
play

"ဘာရှာလဲ အစ်ကိုလေး ... ဝင်ကြည့်လေ ... ဂျင်းတွေရမယ် အကွက်တွေရမယ်။ မနေ့က ယောက်မကြီးကြီးနဲ့ မွှေလိုက်တာ သတင်းတွေ ဘာတွေဖြစ်လို့  အကယ်၍များ အဲဒါကြောင့် တစ်စုံတစ်ယောက်များ တစ်ခုခု ထိခိုက်နစ်နာမှု ရှိခဲ့မယ်ဆိုရင် ကျွန်တော်ကပဲ တောင်းပန်ပါတယ်ဗျ။ ကျွန်တော်တို့ တစ်ဖွဲ့လုံး တက်ညီလက်ညီဆေးထိုးလိုက်ကြတာပါ။ ဒီနှစ် ကျွန်တော့် မွေးနေ့အတွက် ဒီ "လိုသုံး" music video နဲ့ သီချင်းက ပထမ လက်ဆောင်ဖြစ်ပါတယ် ။ ၉ ရက်နေ့ ည ၉ နာရီ တင်ပါမယ် !ကျေးဇူးစကြဝဠာပါဗျာ " ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
play

လိုသုံးဆိုတဲ့ music video ကို (၉)ရက်နေ့ ည(၉)နာရီမှာ ပရိသတ်တွေအတွက် တင်ပေးမယ်လို့လည်း ဘန်နီက ပြောထားပါသေးတယ်။ ဘန်နီရဲ့ ဆေးထိုးချက်ကတော့ ပရိသတ်တွေကို အံ့သြသွားစေပါတယ်။
Photo : ဘန်နီဖြိုး ဖေ့စ်ဘွတ်
duwun.com.mm

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...