အရင်လို လှနေဆဲပဲဆိုတာ ပြသလိုက်တဲ့ ထက်ထက်ရဲ့ ဓာတ်ပုံများ








PannPwint
Photo-Pyimyanmar

၉၀ ခုနှစ်ဝန်းကျင် နှစ်အတော်များများ အနုပညာ တော့ပ်စတား ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးပါ။ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပြီး ကြော်ငြာဆိုရင် ခုချိန်ထိ သူမကို မှီသူ မရှိသေးဘူးလို့ ပရိတ်သတ်တွေကရော အနုပညာလောကကပါ ပြောဆိုနေကြပါတယ်။ တကယ်လည်းဟုတ်တယ်လို့ဆိုရမှာပါ။ ဒါပေမယ့် သူမဟာ နောက်ပိုင်း အနုပညာလောကမှ ဝေးခွာခဲ့ပြီး အိမ်ထောင်ရေးကိစ္စများ သမီးလေးတစ်ယောက် မွေးဖွားတဲ့ကိစ္စများဖြင့် ပရိတ်သတ်နဲ့ အချိန်တစ်ခုထိ စိမ်းခဲ့ပါတယ်။

ဒါပေမယ့်လည်း ခုတော့ အချို့သောကြော်ငြာများ ဓာတ်ပုံရိုက်ကွင်းများဖြင့် အနုပညာလောကကို ပြန်လည် မျက်နှာပြလာပါပြီ။ ဇာတ်ကားလည်း အနည်းငယ် ပြန်ရိုက်နေပြီး။ သူမအတွက် ဒီလောကက အသစ်လို ဖြစ်နေကြောင်း။ စိတ်အနည်းငယ်လှုပ်ရှားမိကြောင်းလေည်း ပြောဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ပရိတ်သတ်ကတော့ ခုချိန်ထိ အခိုင်အမာရှနေဆဲပါပဲ။ ခုတလော ဝိတ်ချထားလို့ ပြန်လည်လှပပြီး ဟိုတချိန်ကလို ခန္ဓာကိုယ်အလှ ပြန်ရနေတဲ့ မင်းသမီးလေးရဲ့ ဓာတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။
PannPwint
Photo-Pyimyanmar





Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...